" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, January 11, 2024

မီးလောင်ပြင်ထဲမှာ ရိုဟင်ဂျာတွေ ဘယ်လိုနေထိုင်နေကြရသလဲ

Myanmar Now
စထွန်းအောင်
January 11, 2024 

မီးလောင်မှု တစ်ပတ်နီးပါး ရှိလာချိန်အထိ ပြန်လည်ထူထောင်ရေးတွေ စတင်နိုင်တာ မရှိသေးဘဲ နေအိမ်ဆုံးရှုံးခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ မီးလောင်ပြင်ထဲမှာပဲ ဖြစ်သလို တဲထိုးပြီး နေထိုင်နေကြရတာကို တွေ့ရပါတယ်။ ဒီလိုအခြေအနေမှာ ဆောင်းတွင်းအအေးဒဏ်ကို ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အဓိက ခံစားနေကြရတယ်။ 

ဇန်နဝါရီ ၇ရက် တနင်္ဂနွေနေ့မနက်ပိုင်းက အကြီးအကျယ် မီးလောင်မှုကြောင့် ကူတူပါလောင် ဒုက္ခသည်စခန်းအမှတ် ၅ က နေအိမ်ပေါင်း ၈၀၀ ကျော် မီးလောင်ပျက်စီးပြီး လူဦးရေ ၇၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတာပါ။ မီးလောင်ပျက်စီးသွားတဲ့အထဲမှာ နေအိမ်တွေအပြင် ဗလီတွေ၊ စာသင်ကျောင်းတွေ၊ ဆေးပေးခန်းတွေအပါအဝင် အိမ်သာ၊ ရေချိုးဆောင်နဲ့ ဆိုလာပြားတွေလည်း မီးလောင်သွားတယ်လို့ သိရပါတယ်။ နေအိမ်ဆုံးရှုံးခဲ့သူတစ်ဦးဖြစ်တဲ့ ဦးဖော်ယာဇုလ်အီစ္စလာမ်ကတော့ ရေချိုးခန်းနဲ့ အိမ်သာ မရှိတာကြောင့် သူ့ရဲ့ ဇနီးနဲ့ သမီးတွေရဲ့ အရှက်သိက္ခာအတွက် စိုးရိမ်ကြောင်း ပြောပါတယ်။ ရိုက်ကူး – Mohammed Zonaid & Omar Farooq 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */