" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, February 3, 2024

ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ဘီဘီစီ သီးသန့်မေးမြန်းခန်း ပထမပိုင်း-နှင့် ဒုတိယပိုင်း -BBC News မြန်မာ

BBC
03.02.2024

 လက်ရှိ အချိန်ဟာ မြန်မာတစ်ပြည်လုံးက ပြည်သူတွေ စစ်အာဏာရှင်အောက်က လွတ်မြောက်ရေး တိုက်ပွဲဝင်ဖို့ အကောင်းဆုံး အချိန် ဖြစ်တယ် ဆိုပြီး ရက္ခိုင့်တပ်တော် အေအေရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဘီဘီစီနဲ့ သီးသန့် မေးမြန်းခန်းမှာ ပြောပါတယ်။ အခု မေးမြန်းခန်း ပထမပိုင်း အနေနဲ့ ရက္ခိတ အိပ်မက် ဒီတချီ ပြီးမြောက်မယ်လို့ ယုံကြည်နေပြီလား ... ရက္ခိတ အိပ်မက် ပြည့်မြောက်တယ် ဆိုတာ ရခိုင်ရဲ့ သီးသန့် အချုပ်အခြာ အာဏာကို ကြေညာလာတဲ့ အထိ အဓိပ္ပာယ် သက်ရောက်လား ... ရက္ခိုင့်တပ်တော် အနေနဲ့ NUG အပေါ် ဘယ်လို သဘော ထားလဲ .... တရုတ်က ကြားဝင်လာရင် ရခိုင်ထဲမှာရော တိုက်ပွဲတွေ ရပ်သွားနိုင်လား ... စတဲ့ အကြောင်းအရာတွေ အပေါ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို မေးမြန်းခန်း ပထမပိုင်း အနေနဲ့ ဘီဘီစီ သတင်းထောက် ကိုဝေဖြိုး မေးမြန်း တင်ဆက်ထားပါတယ်။

 

 

Link : Here

ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ဘီဘီစီ သီးသန့်မေးမြန်းခန်း ဒုတိယပိုင်းကို ကြည့်ရှုနိုင်ပါပြီ။ ဒီအပိုင်းမှာတော့ တရုတ်နဲ့ အိန္ဒိယတို့လို အိမ်နီးချင်း နိုင်ငံကြီးတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေလည်းရှိ၊ ကမ်းလွန် ရေနံနဲ့ သဘာဝ ဓာတ်ငွေ့က အစ ပင်လယ်ကူးသန်းရောင်းဝယ်ရေး လမ်းကြောင်းတွေ၊ ငါးဖမ်းလုပ်ငန်း ခရီးသွားလုပ်ငန်းတွေ စသဖြင့် အင်မတန် အလားအလာကောင်းတဲ့ ရခိုင်ကို စီမံခန့်ခွဲဖို့ရာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA၊ ရခိုင့်တပ်တော် အေအေ က ဘယ်လို စွမ်းရည်မျိုးတွေ ဖြည့်ဆည်းထားလဲ၊ နိုင်ငံတကာရဲ့ မြန်မာ့အရေး အဓိက စိုးရိမ်မှု တစ်ရပ် ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ အရေးအပါအဝင် ရိုဟင်ဂျာအကျပ်အတည်း နဲ့ ပတ်သက်လို့ ဘယ်လို မူဝါဒ ရှိလဲ ... ၊ မူးယစ်ဆေးဝါးကအစ တရားမဝင် စီးပွားရေးတွေနဲ့ မပတ်သက်ပဲ သန့်ရှင်းတဲ့ တော်လှန်ရေး ဆင်နွှဲနေကြောင်း ဘယ်လောက် အာမခံနိုင်လဲ၊ စစ်ဒဏ်ခံနေရတဲ့ ရခိုင်ပြည်သူတွေ အပါ အဝင် မြန်မာပြည်သူတစ်ရပ်လုံးကို တော်လှန်ရေး လောကဓံ ကြောင်း ဘယ်လို အမှာပါးချင်လဲ ... အနာဂတ်ရခိုင်ကို ဘယ်လို ဘယ်ပုံ ထုဆစ်ပုံဖော်မယ်ဆိုတဲ့ ရှေ့ရေး အမြော်အမြင်က ဘာလဲ စတာတွေ အပေါ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကျယ်ကျယ်ပြန့်ပြန့် ဖြေဆိုထားပါတယ်။ ဘီဘီစီသတင်းထောက် ကိုဝေဖြိုး မေးမြန်း တင်ဆက်ထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */