" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label Video. Show all posts
Showing posts with label Video. Show all posts

Sunday, April 17, 2022

ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ အမေရိကန် အစိုးရ သဘောထား

VOA
ဗွီအိုအေမြန်မာပိုင်း
အေမရိကန္အစိုးရမူဝါဒ
April 11, 2022


ရခိုင်ပြည်နယ်တွင်း မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ် ညှင်းပမ်း သတ်ဖြတ်မှုတွေဟာ လူမျိုးတုံးသတ် ဖြတ်မှု ကျူးလွန်ရာ ရောက်တယ်ဆိုပြီး အမေရိကန် အစိုးရက သတ်မှတ်ထားပါတယ်။ ဒီအကြောင်း အမေရိ ကန် အစိုးရရဲ့ သဘောထားအမြင် အာဘော်ကို တင်ပြပေးပါမယ်။

Link : Here

Friday, March 25, 2022

Secretary Antony J. Blinken on the Genocide and Crimes Against Humanity in Burma


Antony J. Blinken, Secretary of State

Holocaust Memorial Museum
Washington, D.C.
March 21, 2022

SECRETARY BLINKEN:  Thank you very much, and good morning, everyone.  Stu, thank you for those very kind words, but also thank you for so many decades of extraordinary service to this country and to its ideals.

This is something of a sacred place for me.  Every time I walk through these doors, it has the same impact.  And so I’m grateful to Sara and her leadership of this institution; Naomi, who walked us through the extraordinary exhibit on the story, the plight of the Rohingya that we’ll be talking about today.  I urge everyone:  Come, see this.  Experience this.  It will speak incredibly powerful to you.

Tuesday, March 22, 2022

လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း ကြေညာချက် ပြည်သူတွေ ကြိုဆို

RFA
2022.03.22

မြန်မာနိုင်ငံကနေ နတ်မြစ်ကို ဖြတ်ကူးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးနေသည့် ရိုဟင်ဂျာ ဒုက္ခသည်များကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် တွေ့ရစဉ်
 
မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုတွေကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် အမေရိကန်အစိုးရက တရားဝင် ကြေညာလိုက်တဲ့အပေါ် ထောက်ခံကြိုဆိုတယ်လို့ RFA က ဒီကနေ့ ဆက်သွယ်မေးမြန်းခဲ့တဲ့ ပြည်သူ တွေက ပြောပါတယ်။

မြန်မာ-ရိုဟင်ဂျာအသင်းဥက္ကဋ္ဌ ဦးထွန်းခင်နဲ့ RFA တွေ့ဆုံ မေးမြန်းခန်

RFA
လွတ်လပ်တဲ့အာရှအသံ
2022.03.21

အမေရိကန်အစိုးရက မြန်မာစစ်တပ်ကို ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု Genocide ကျူးလွန် တယ် လို့ တရားဝင်ကြေညာလိုက်တဲ့အတွက် “အမေရိကန်ရဲ့ ပေါ်လစီတွေဟာ ဒီထက်မက ပြင်းထန်ပြီးတော့ အရေး ယူ မှု တွေ ရှိလာနိုင်တယ်” လို့ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့က မြန်မာ-ရိုဟင်ဂျာအသင်းဥက္ကဋ္ဌ ဦးထွန်းခင်က သုံး သပ်ပါတယ်။

RFA ဝိုင်းတော်သား ဦးခင်မောင်စိုး တွေ့ဆုံမေးမြန်းထားပါတယ်။ Link : Here

Thursday, March 3, 2022

"အာဏာသိမ်းစစ်တပ်က ရိုဟင်ဂျာတွေအတွက်ပဲ ဆိုးသွမ်း နေတာမဟုတ်ဘူး" - DVB Interview

DVB TV News

03-03-2022

"အာဏာသိမ်းစစ်တပ်က ကျွန်တော်တို့ ရိုဟင်ဂျာတွေအတွက်ပဲ ဆိုးသွမ်းနေတာမဟုတ်ဘူး။ တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ဘယ်လောက် ရက်ရက်စက်စက်လုပ်နေသလဲဆိုတာအားလုံးအသိပဲ။ တရားရုံးမှာ လူမျိုးတုံးသတ်ဖြတ် မှု ကျူးလွန်တယ်ဆိုတာကို ဂမ်ဘီယာနိုင်ငံ ဘက်ကလျှောက်လဲချက်တွေကအားရ ဖို့ ကောင်းတယ်။နောက်တစ်လ ခွဲ့ နှစ်လဝန်းကျင်မှာတော့ အိုင်စီဂျေတရားရုံးက ဒီအမှုကို ဆက်လက်စီစစ်ဖို့ အ မိန့် ချလာလိမ့်မယ်လို့မျှော်လင့် ပါ တယ်"
- ကိုနေဆန်းလွင်
ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့

Wednesday, March 2, 2022

ICJ မှာ မြန်မာနိုင်ငံ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီ မြန်မာ ရိုဟင်ဂျာအစည်းအရုံး( လန်ဒန်)ဥက္ကဌဦးထွန်းခင်နှင့် မဇ္ဈိမ ဆက်သွယ်မေမြန်းချက်

MizzimaTV
2 Mar 2022 

နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ကအပြည်ပြည်ဆိုင်ရာတရားရုံး ( ICJ) မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် စွဲဆိုထားတဲ့အမှု့တွက်ဒုတိယအကြိမ်မြောက်ကြားနာစစ်ဆေးပီးသွားပီဖြစ်ပါတယ်။ ICJ တရားရုံးအနေနဲ့နစ်နာ သူရိုဟင်ဂျာတွေဖက်ကအပြည့်အဝထည့်သွင်းစဉ်းစားဆောင်ရွ က်မယ်လို့ယုံကြည်မိသလို လူမျိုးတုန်းသတ်ဖြတ် မှု့တွေကျုးလွန်ခဲ့တဲ့ စစ်တပ်အာဏာရှင်တွေကို အာဂျင်တီးနားတရားရုံးမှာလည်း မကြာခင်လပိုင်းတွေတွင်း အရေး ယူနိုင်ဖို့တွေရှိလာတော့မှာ ဖြစ်တယ်လို့ ရိုဟင်ဂျာအရေးကိုနိုင်ငံတကာမှာဦးဆောင်လှုပ်ရှားနေတဲ့ မြန်မာရိုဟင်ဂျာ အစည် းအရုံး( လန်ဒန်)ဥက္ကဌဦးထွန်းခင်ကပြောပါတယ်. မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်။
Link : Here

Tuesday, March 1, 2022

လူမျိုးတုံးသတ်ဖြတ်မှုကြောင့် ရိုဟင်ဂျာအမှု ICJ ရောက်ခဲ့ တာလို့ ဂမ်ဘီယာ ချေပ

RFA
လွတ်လပ်တဲ့အာရှအသံ
ရဲခေါင်မြင့်မောင်(ဝါရှင်တန်ဒီစီ)
2022.02.28

၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့က နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ ICJ အပြည်ပြည်ဆိုင်ရာ တရားရုံး မြန်မာအရေး ကြားနာပွဲတွင် ဂမ်ဘီယာနိုင်ငံဘက်က ချေပလျှောက်လဲစဉ်။ Photo - ICJ


၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလက ပြုလုပ်ခဲ့တဲ့ ပထမဆုံးအကြိမ် အိုင်စီဂျေ တရားရုံး ကြားနာ စစ်ဆေးမှုအတွင်းမှာ နိုင် ငံ တော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က တင်သွင်းခဲ့တဲ့ ကနဦး ကန့် ကွက်ချက်တွေအတွက် အသေးစိတ် လျှောက်လဲချက်တွေတင်သွင်းဖို့ လေးရက်ကြာ ကြားနာ စစ် ဆေးပွဲကို နယ် သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ ICJ တရားရုံးမှာ ပြုလုပ်နေတာ မနေ့က ပြီးဆုံးခဲ့ပါပြီ။

“ဂမ်ဘီယာနိုင်ငံကနေ ICJ မှာ တရားစွဲဆိုဖို့ တွန်းပို့လိုက်တာ OIC မဟုတ်ပါဘူး။ ဆိုးဝါးလှတဲ့ လူမျိုးတုံး သတ် ဖြတ်မှုသာ ဖြစ်ပါတယ်။ ”

လူမျိုးတုံးသတ်ဖြတ်မှု ICJ ကနေ အရေးယူနိုင်ဖို့ နစ်နာ သူတွေ မျှော်လင့်

RFA
လွတ်လပ်တဲ့အာရှအသံ
2022-03-01 
ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ၂၀၁၇၊ အောက်တိုဘာ ၁၆ ရက်နေ့က တွေ့ရစဉ်
  Photo: MUNIR UZ ZAMAN / AFP

ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်စလင်တွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုံး သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ် ဆိုပြီး ဂမ်ဘီယာက မြန်မာကို အပြည်အပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ တရားစွဲထားတဲ့ကိစ္စ ဒုတိယမြောက် ကြားနာစစ်ဆေးမှုတွေဟာ ဖေဖော်ဝါရီလ ၂၈ ရက် မနေ့က ပြီးဆုံးသွားခဲ့ပါပြီ။

နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့က ICJ တရားရုံးမှာ ဖေဖော်ဝါရီလ ၂၁ ရက်၊ ၂၃ ရက်၊ ၂၅ ရက်နဲ့ ၂၈ရက်နေ့တွေ မှာ နှစ်ဖက် အပြန်အလှန် လျှောက်လဲခဲ့ကြပြီးတဲ့နောက် လူမျိုးတုံး သတ်ဖြတ်မှုနဲ့ စွဲချက်တင်၊ မတင် တရားရုံးက မကြာခင်မှာ ဆုံးဖြတ်တော့မှာပါ။

Thursday, February 24, 2022

တန်းတူအခွင့်အရေးရမှသာ နေရပ်ပြန်လာချင်ကြောင်း ရိုဟင်ဂျာတွေပြောဆို

RFA
လွတ်လပ်တဲ့အာရှအသံ
2022.02.24
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင်ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေကို ၂၀၂၁ အောက်တိုဘာ ၆ ရက်နေ့က တွေ့ရစဥ် AFP Photo
 
နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့က နိုင်ငံတကာတရားရုံး ICJ မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့အမှု ကြားနာဖို့ တစ် ရက်အလို ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာနက ရခိုင်ပြည်နယ်က နေရပ်စွန့် ခွာ သူတွေ ပြန်လက်ခံရေးကိစ္စကို ပြင်ဆင်နေ ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ အရင်က ခါးခါးသီးသီး ငြင်းဆန်ခဲ့တဲ့ 'ရိုဟင်ဂျာ' ဆိုတဲ့ စကားလုံးနဲ့၊ တောက်လျှောက်သုံး စွဲခဲ့တဲ့ 'ဘင်္ဂါလီ' ဆိုတဲ့ စကားလုံးနှစ်ခုစလုံးကို ရှောင်ရှားပြီး၊ 'ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူများ' လို့ သုံးနှုန်း ထားပါတယ်။ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူတွေ ပြန်လက်ခံရေးကိစ္စ အာဆီယံအတွင်းရေးမှူးချုပ်ရဲ့ ကနဦး အကြံပြုချက်တွေကို အတည်ပြုနိုင်ဖို့နဲ့ ဒီကိစ္စ လက်တွေ့အကောင်အထည်ဖော်ရေးမှာ အကူအညီတွေ လိုအပ် တာကြောင့် အာဆီယံအတွင်းရေးမှူးချုပ်နဲ့ အစည်းအဝေးတွေ ထပ်လုပ်လိုကြောင်းလည်း ဖော်ပြထားပါတယ်။

Tuesday, February 22, 2022

ICJ မှာ စစ်ကောင်စီ ဖြေရှင်းခွင့်ရ၊ NUG နဲ့ လူ့အခွင့်အရေး အဖွဲ့တွေ ကန့်ကွက်

RFA
လွတ်လပ်တဲ့အာရှအသံ
မြန်မာဌာန၊သတင်းများ
2022.02.21

 [ Unicode ]
 
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံ ကို ဂမ်ဘီယာ နိုင်ငံ က အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ တရားစွဲဆိုထားတဲ့ အမှုနဲ့ ပက်သက်ပြီး၊ လေးရက်ကြာ ကြားနာ စစ် ဆေးမှုတွေကို မနေ့က နယ်သာလန် နိုင်ငံ သည်ဟိဂ်မြို့ ICJ တရားရုံးမှာ ပြန်လည်စတင်ခဲ့တာ ဖြစ်ပါတယ်။

ဒီကြားနာပွဲကိုတက်ရောက်ရဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ စစ်ကောင်စီတို့ အပြိုင်အဆိုင်ကြိုး စားခဲ့ ကြပေမယ့် စစ်ကောင်စီဘက်က အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ ရှေ့နေချုပ် ဒေါ်သီတာဦးတို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခွင့်ရနေပါတယ်။

ICJ စီရင်ပိုင်ခွင့် မြန်မာကန့်ကွက်မှုအပေါ် ပညာရှင်တဦး အမြင်

VOA
ဗွီအိုအေမြန်မာပိုင်း
မအင်ကြင်းနိုင်
22 ဖေဖော်ဝါရီ၊ 2022

ICJ နိုင်ငံတကာ တရားရုံးမှာ မြန်မာစစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ရဲ့ခုခံချေပချက်တွေဟာ အရင် ICJ တရား သူ ကြီးတွေ ပယ်ချခဲ့တဲ့ အချက်တွေနဲ့ ကွာခြားမှုမရှိတဲ့အတွက် ဒီတကြိမ်မှာလည်း မြန်မာဘက်က အားသာဖို့မရှိဘူး လို့ နိုင်ငံတကာ ဥပဒေပညာရှင် Michael Becker ကသုံးသပ်ပါတယ်။

Link : Here

Sunday, February 20, 2022

"အာဏာလုထားတဲ့ စစ်တပ်က မြန်မာနိုင်ငံရဲ့ အစိုးရမဟုတ် ဘူး" - DVB ICJ Talkshow

DVB TV
၂၀ ရက် ဖေဖေါ်ဝါရီလ ၂၂ ရက်။


"စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာသံရုံးကနေ ICJ တရားရုံးက ဆက်သွယ်ဆောင်ရွက်ခဲ့လို့ စစ်ကောင် စီ ကိုယ် စားလှယ်အဖွဲ့က လာရောက်ဖြေရှင်းခွင့်ရခဲ့တာ။ တရားရုံးအနေနဲ့အခုလိုဆောင်ရွက်လိုက်တာဟာ မှန်ကန်တဲ့ ဆောင် ရွက်ချက်မဟုတ်ဘူး။ ICJ တရားရုံးက နိုင်ငံကိုယ်စားပြုအစိုးရဆိုပြီး ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။UN ရဲ့တာဝန် မဲ့မှုတွေကြောင့် အခုလိုတွေဖြစ်လာတာ။သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် NUG အစိုးရရဲ့ သံအမတ်ဖြစ်တည် လို့ တိတိကျကျ ဆုံးဖြတ်ခဲ့ရင် ဒီပြဿနာဖြစ်လာမှာ
မဟုတ်ဘူး။ UN မှာ ရှိနေတဲ့ ဝန်ထမ်း တွေသည် ကမ္ဘာနိုင် ငံ  တွေက ပြည်သူတွေဆီက အခွန်အခတွေနဲ့ လစာတွေယူပြီး တာဝန်တွေေ ကြအောင် မလုပ်ဘူး။ သမ္မတကိုဖမ်းပြီး နိုင်ငံအာဏာလုထားတဲ့ စစ်တပ်က မြန်မာနိုင်ငံရဲ့ အစိုးရမဟုတ်ဘူး။ပြည်သူလူ ထုကရွေးချယ်ထားတဲ့ NUG ကပဲ မြန်မာနိုင်ငံအစိုးရဖြစ်တယ်"

အောင်သူ (ဒီမိုကရတစ်မြန်မာ့အသံ)
ကိုနေဆန်းလွင် (ရိုဟင်ဂျာ လွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ပူးပေါင်းတည်ထောင်သူ)
မခင်ဥမ္မာ (ရှေ့ပြေးအသံအဖွဲ့တည်ထောင်သူ)
#DVBTV #Rohingya #ICJ #Talkshow #WhatsHappeningInMyanmar

ICJ တရားရုံးမှာ အမှုရင်ဆိုင်နေရသည့် ရိုဟင်ဂျာအရေး ဒုတိယအကြိမ် ကြားနာစစ်ဆေးမည့် အခြေအနေ သုံးသပ် ချက် (အင်တာဗျူး)

Mizimma Media
၂၀ ရက် ဖေဖေါ်ဝါရီ ၂၀၂၂

"အမှုကို ခုခံဖို့ ဆိုတာထက် အဲ့မှာ (ICJ) ကိုယ်စားပြုခွင့် ရတယ်ဆိုရင် နိုင်ငံတကာမှာ တရားဝင် အစိုးရ တစ် ဖွဲ့ အနေနဲ့ ရပ်တည်ခွင့် ရတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ သွားတယ်လို့ ထင်တယ်။ တရားရုံးမှာ ကိုယ်စားပြုခွင့် ရတာက အစိုး ရ တစ်ရပ် အနေနဲ့ တရားဝင်ဖြစ်မှာ မဟုတ်ဘူး၊ ဒါကို သူတို့ (စစ်ကောင်စီ) နားလည်ဖို့လို တယ်" ရို ဟင်ဂျာများ ကို လူမျိုးတုံး သတ်ဖြတ်မှုဖြင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား စွဲဆိုထားသည့် အမှုကို ဒုတိယ အကြိမ် အဖြစ် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၌ လာမည့် ဖေဖော်ဝါရီလ ၂၁ ၊ ၂၃ ၊ ၂၅ နှင့် ၂၈ ရက်နေ့များတွင် လေး ရက်ကြာ ကြားနာ စစ်ဆေးမည် ဖြစ်သည်။

ICJ တရားရုံးမှာ အမှုရင်ဆိုင်နေရသည့် ရိုဟင်ဂျာအရေး ဒုတိယအကြိမ် ကြားနာ စစ်ဆေးမည့် အခြေအနေ များ နှင့် ပတ်သက်၍ ရိုဟင်ဂျာ လွတ်မြောက်ရေး ညွန့်ပေါင်း အဖွဲ့၏ တွဲဖက် တည်ထောင်သူ ရိုနေဆန်း လွင်၏ သေ ဘာထား အမြင်များကို မဇ္ဈိမက ဆက်သွယ် မေးမြန်းထားသည်။

Friday, February 18, 2022

ဖိနှိပ်ခံရသူအားလုံး တရားမျှတမှုရဖို့ ရိုဟင်ဂျာတွေ တောင်း ဆို

RFA
လွတ်လပ်တဲ့အာရှအသံ
နေရိန်ကျော် (ဝါရှင်တန်ဒီစီ)
2022.02.17 

ဖိနှိပ်ခံရသူအားလုံး တရားမျှတမှုရဖို့ ရိုဟင်ဂျာတွေ တောင်းဆို ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့က နယ်သာလန်နိုင်ငံ သဟိတ်မြို့ ICJ တရားရုံးအတွင်း မြန်မာအရေး ကြားနာနေစဉ် ရုံးရှေ့တွင် ဆန္ဒပြနေကြသူတချို့အား တွေ့ရစဉ်။
Photo: Reuters  

ရိုဟင်ဂျာတွေ နှိပ်စက်သတ်ဖြတ်ခံရမှုအတွက် ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ၂၀၁၉ ခုနှစ်က စလို့ မြန်မာအာဏာပိုင်တွေကို တရားစွဲထားတဲ့ ကိစ္စ ဒုတိယအကြိမ် ကြားနာပွဲကို လာမယ့် တနင်္လာနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေက ကြားနာပွဲ မတိုင်ခင်မှာ အွန်လိုင်း ကနေ သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို မနေ့က ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

Wednesday, February 2, 2022

ICJ မှာ ထွက်ဆိုချက်တွေ NUG ပြန်ရုပ်သိမ်းတာကို ရိုဟင် ဂျာအဖွဲ့ကြိုဆို

RFA
လွတ်လပ်တဲ့အာရှအသံ
တင်အောင်ခိုင် (ဝါရှင်တန်ဒီစီ)
2022.02.02

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁ဝ ရက်နေ့က ICJ တရားရုံး ကြားနာပွဲတက်ရောက်လာသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာကိုယ်စားလှယ်များ။
Photo: Reuters 

အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲထားတဲ့အပေါ် ကနဦးကန့် ကွက် ချက်အားလုံးကို ပြန်လည်ရုပ်သိမ်းတယ်လို့ က ဖေဖော်ဝါရီ ၁ ရက်နေ့ နေ့စွဲနဲ့ အမျိုးသားညီ ညွတ်ရေး အစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ထုတ်ပြန်လိုက်ပါတယ်။ တရားမဝင်အာဏာသိမ်းစစ်ကောင်စီက တရားရုံးကို အဆက်အသွယ် ပြုလုပ်နေတာကြောင့် စစ်တပ်ကို မြန်မာကိုယ်စားလှယ်အနေနဲ့ လက်မခံဖို့ လည်း ဖော်ပြထားပါတယ်။

လာမယ့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ICJ ကြားနာပွဲလုပ်ဖို့ စီစဉ်ထားပြီး ဘရပ်ဆဲလ်မှာရှိတဲ့ စစ်ကောင်စီရဲ့ တရားမဝင်သံရုံးကနေ တရားရုံးကို ဆက်သွယ်ဆောင်ရွက်နေတာကြောင့် NUG က ဒီစာကို ထုတ်ပြန်ရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ICJ တရားရုံးနဲ့ပတ်သက်ပြီး တရားဝင်ဆက်သွယ်ဆောင်ရွက်ရမယ့်သူဟာ NUG အစိုးရရဲ့သံအမတ်ကြီး ဦးကျော်မိုးထွန်းသာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

Thursday, January 20, 2022

Orchid ဟိုတယ်ပိုင်ရှင် ဦးဌေးအောင်နှင့် အဖွဲ့ကို စစ် ကောင် စီက OIC နိုင်ငံများသို့ စေလွှတ်လိုက်ခြင်းနှင့် ပတ် သက်ပြီး ရိုနေဆန်းလွင်နှင့် ဆက်သွယ်မေးမြန်းချက် (အင်တာဗျူး)

MIZZIMA
20th January 2022

Orchid ဟိုတယ်ပိုင်ရှင် ဦးဌေးအောင်နှင့် အဖွဲ့ကို ရန်ကုန်မှ OIC နိုင်ငံတစ်ခုဖြစ်သည့် ဆော်ဒီအာရေဗျ နိုင်ငံ သို့  သွားရောက်ရန် စစ်ကောင်စီမှ ဇန်နဝါရီလ ၂ ရက်နေ့တွင် စေလွှတ်ခဲ့ပြီး ယနေ့တွင် မလေးရှားနိုင်ငံ တွင် ရောက် ရှိနေကြောင်း သိရသည်။

၎င်းခရီးစဉ်နှင့် ပတ်သက်၍ ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့၏ တွဲဖက်တည်ထောင်သူ ရိုနေဆန်း လွင် ၏ သဘောထားအမြင်များကို မဇ္စ◌ျိမက ဆက်သွယ်မေးမြန်းထားသည်။ 

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် လူမျိုးတုန်း သတ်ဖြတ်မှုနှင့် တရားစွဲဆိုထားမှုကို လာမည့် ဖေဖော် ဝါရီ လ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ အမှု ကြားနာစစ်ဆေးမည်ဖြစ်ကြောင်း ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ တရားရုံး ICJ က သတင်းထုတ်ပြန်ထားသည်။

Link : Here

Tuesday, January 11, 2022

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး မရေရာသေး

RFA
လွတ်လပ်တဲ့အာရှအသံ
2022-01-11

နတ်မြစ်ကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ၂၀၁၇၊ အောက်တိုဘာ ၁၆ ရက်‌နေ့က တွေ့ရစဉ် Photo: MUNIR UZ ZAMAN / AFP

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေကနေ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် စစ်တပ်က နယ်မြေ ရှင်းလင်းရေး လုပ်ခဲ့တုန်းက တစ်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ရခိုင်ပြည်နယ်အတွင်း နီးစပ်ရာ ဒုက္ခသည်စခန်း တွေကို ထွက်ပြေးခဲ့ရတဲ့ မွတ်စလင်ဒုက္ခသည်တွေ နေရပ်ပြန်လာနိုင်ဖို့ အဆင်သင့်ပြင်ဆင်ထားတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက RFA ကိုပြောပါတယ်။

Wednesday, December 29, 2021

Indonesia rejects Rohingya refugees, sends boat to Malaysia

Aljazeera
28 Dec 2021

At least 100 people, mostly women and children, on board a wooden vessel said to be taking on water denied refuge.

A boat carries Rohingya people stranded at sea off Indonesia [Aditya Setiawan via Reuters]


Dozens of Rohingya refugees who were intercepted after their boat ran into trouble off the coast of Indonesia’s Aceh province were being sent into Malaysian waters, authorities said.

At least 100 people, mostly women and children, on board a wooden vessel said to be taking on water were denied refuge in Indonesia and instead pushed into the neighbouring Southeast Asian country.

Tuesday, December 28, 2021

UN Calls for Investigation After Dozens Massacred in Myanmar

TRT World
27 Dec 2021

The United Nations is calling for a thorough and transparent investigation into the massacre of at least 35 people, including women and children, in Myanmar's eastern Kayah state. The incident, that's reported to have taken place on December 24, came to the world's attention after photos taken by the Karen Human Rights Group showed bodies on the backs of trucks, burnt beyond recognition. While Myanmar's military stands accused of another mass killing, the country's state media is reporting that the army had shot and killed terrorists. International condemnations are in order, but are these enough to change the reality on the ground? 
 
Guests: 
 
Maung Zarni
 Adviser to Genocide Watch 
 
Nay San Lwin 
Co-founder of the Free Rohingya Coalition 
 
Htwe Htwe Thein 
Associate Professor at Curtin University 
 
 
Link: Here

Saturday, December 18, 2021

စစ်ခေါင်းဆောင် ခြောက်ဦးကို လူမျိုးတုံးသတ်ဖြတ်မှု ကျူး လွန် သူတွေအဖြစ် အာဂျင်တီးနားတရားရုံးမှာ တင်သွင်း

RFA
လွတ်လပ်တဲ့အာရှအသံ
2021-12-17

၂ဝ၁၇ ခုနှစ် စက်တင်ဘာလက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာကြသော ရိုဟင်ဂျာဒုက္ခသည်များကို တွေ့ရစဉ်။Photo: Reuters


နိုင်ငံတကာဥပဒေတွေအရ အလွန် ဆိုးဝါးရက်စက်ကြမ်းကြုတ်ပြီး ပြင်းထန်တဲ့ ရာဇဝတ်မှုတွေအတွက် ဘယ် နိုင်ငံတရားရုံးကမဆို တရားစွဲဆိုပြီး စီရင်ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ Universal jurisdiction သဘောတရားအရ ရို ဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်မှုအတွက် တာဝန်ရှိတဲ့ မြန်မာတပ်မတော်ခေါင်းဆောင် အ တွက် အာဂျင်တီးနားနိုင်ငံ ဘွေနိုအေးရီးစ်မြို့ ဖက်ဒရယ်တရားရုံးမှာ စွဲဆိုထားတာဖြစ်ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */