" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, February 22, 2022

ICJ မှာ စစ်ကောင်စီ ဖြေရှင်းခွင့်ရ၊ NUG နဲ့ လူ့အခွင့်အရေး အဖွဲ့တွေ ကန့်ကွက်

RFA
လွတ်လပ်တဲ့အာရှအသံ
မြန်မာဌာန၊သတင်းများ
2022.02.21

 [ Unicode ]
 
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံ ကို ဂမ်ဘီယာ နိုင်ငံ က အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ တရားစွဲဆိုထားတဲ့ အမှုနဲ့ ပက်သက်ပြီး၊ လေးရက်ကြာ ကြားနာ စစ် ဆေးမှုတွေကို မနေ့က နယ်သာလန် နိုင်ငံ သည်ဟိဂ်မြို့ ICJ တရားရုံးမှာ ပြန်လည်စတင်ခဲ့တာ ဖြစ်ပါတယ်။

ဒီကြားနာပွဲကိုတက်ရောက်ရဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ စစ်ကောင်စီတို့ အပြိုင်အဆိုင်ကြိုး စားခဲ့ ကြပေမယ့် စစ်ကောင်စီဘက်က အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ ရှေ့နေချုပ် ဒေါ်သီတာဦးတို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခွင့်ရနေပါတယ်။

ICJ တရားသူကြီးဥက္ကဋ္ဌ Joan E donoghue ကတော့ စစ်ကောင်စီကို တက်ရောက်ခွင့် ပေးတာဟာ ICJ အနေနဲ့ အစိုးရအဖြစ် အသိအမှတ် ပြုပေးလိုက်တာမဟုတ်ဘဲ နိုင်ငံကိုယ်စားပြု တက်ရောက်ခွင့်ပြုတာလို့ ကြားနာ ပွဲ မစခင်မှာ ပြောဆိုခဲ့ပါတယ်။

ICJ မှာ စစ်ကောင်စီ တက်ရောက်ခွင့်ရတာဟာ စိတ်ပျက်စရာကောင်းပြီး အမှုအတွက် မလိုလားအပ်တဲ့ ကြန့် ကြာ မှုတွေဖြစ်နိုင်တယ်လို့ ကုလသမဂ္ဂ ကိုယ်စားလှယ်‌ဟောင်းတွေနဲ့ ဖွဲ့ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအ ကြံပေးကောင်စီ (SAC-M) က ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

တချိန်တည်းမှာ NUG အစိုးရတာဝန်ရှိသူတွေနဲ့ ရိုဟင်ဂျာ လူ့အခွင့်အရေး အဖွဲ့တွေက တရားရုံး ပြင်ပမှာ သ တင်း စာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး၊ ICJ တရားရုံးကနေ စစ်ကောင်စီကို မြန်မာနိုင်ငံ ကိုယ်စားပြု လျှောက်လဲဖို့ ခွင့်ပြုပေးလိုက်တာကို ဝေဖန်ပြောကြားခဲ့ကြပါတယ်။

ဥရောပ ရိုဟင်ဂျာများ ကောင်စီက Ambia Perveen ကတော့ ICJ တရားရုံးကနေ စစ်ကောင်စီကို မြန်မာနိုင်ငံ ကိုယ်စားပြု လျှောက်လဲဖို့ ခွင်ပြုလိုက်တာဟာ စိတ်ပျက်စရာ ပဲလို့ ပြောပါတယ်။

“ICJ တရားရုံးဟာ လူမျိုးတုံး သတ်ဖြတ်မှုကို ကျူးလွန်ခဲ့တဲ့ အာဏာသိမ်း စစ်ကောင်စီကို မြန်မာနိုင်ငံ ကိုယ် စားပြုပြီး လျှောက်လဲချက်ပေးဖို့ ခွင့်ပြုပေးလိုက် တာဟာ တကယ်ပဲ စိတ်မကောင်းစရာ၊ စိတ်ပျက်စရာ ဖြစ်ပါ တယ်။ စစ်ကောင်စီဟာ မြန်မာနိုင်ငံ နဲ့ မြန်မာပြည်သူတွေရဲ့ အသံကို ကိုယ်စားမပြုဘဲ၊ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကသာ ကိုယ်စားပြုတာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့အနေနဲ့ ကတော့ ဒီအမှုကို နှောင့်နှေး ကြန့်ကြာတာ မရှိပဲ ဆက်ပြီး ကြားနာစစ်ဆေး စေချင်ပါတယ်။”


စစ်ကောင်စီကို လက်ခံကြားနာခွင့်ပြုတဲ့ ICJ တရားရုံးကို ကန့်ကွက်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

“ICJ ကိုကျနော်တို့ စာတွေပေးပို့ထားပါတယ်။ ဒီကိစ္စမှာ စစ်ကောင်စီက အစိုးရ မဟုတ်ဘူး၊ အာဏာသိမ်းဖို့ ကြိုးစားနေတဲ့ အကြမ်းဖက်အဖွဲ့ပဲဖြစ်တယ်၊ ဒါ့ကြောင့် ဒီလိုမျိုးတွေကို လက်မခံဖို့၊ NUG ကသာ တရားဝင်အစိုး ရဖြစ်တာကြောင့် ပြန်အသိ အမှတ်ပြုဖို့ စာတွေထပ်ပို့ထားတာရှိပါတယ်။ ICJ ရဲ့ ဆုံးဖြတ်ချက်ကို ကျနော်တို့ ဆက်စောင့်ကြည့်နေပါတယ်"

မနေ့က ပြုလုပ်တဲ့ ကြားနာ စစ်ဆေးမှုအတွင်း အာဏာသိမ်း စစ်ကောင်စီရဲ့ နိုင်ငံတကာ ပူးပေါင်းဆောင် ရွက် ရေး ဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ငှားရမ်းထားတဲ့ ဗြိတိန် အခြေစိုက် ဥပဒေပညာရှင် အဖွဲ့က ရှေ့နေတွေ တက်ရောက် ခဲ့ပါတယ်။ 
စစ်ကောင်စီခန့် ရှေ့နေ Christopher Staker က မြန်မာနိုင်ငံကို ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ တရားစွဲတဲ့ ဂမ်ဘီယာနိုင်ငံရဲ့ နောက်ကွယ်မှာ အစ္စလာမ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့OIC က ကြိုးကိုင် ဆောင် ရွက်နေတာ ဖြစ်တဲ့ အတွက်၊ ဒီအမှုကို လက်မခံသင့်ကြောင်း ပြောသွားပါတယ်။

“ဥပဒေအရဆိုရင် နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုကနေ သူတို့ ကြိုးဆွဲရာကမယ့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို အ သုံးချပြီး၊ ဒီအမှုကို တရားရုံးမှာတင်သွင်း လာတာမျိုးက မဖြစ်သင့်ပါဘူး။ ဒီပြောကြားချက်နဲ့ ပက်သက်လို့၊ ဂမ် ဘီယာနိုင်ငံဘက်က ခိုင်လုံတဲ့ အကြောင်းပြချက်ပေးတာ မရှိသေးပါဘူး။”

စစ်ကောင်စီဌားရမ်းထားတဲ့ ရှေ့နေ နောက်တစ်ဦးဖြစ်တဲ့ Stefan Talmon ကလည်း ဂမ်ဘီယာနိုင်ငံဟာ ဒီ အမှုကို တစ်စုံတစ်ဦးရဲ့ အကျိုးစီးပွားအတွက် စွဲဆိုတာ မဟုတ်တဲ့ အကြောင်း သက်သေမပြနိုင်ဘူးလို့ ပြော သွားပါတယ်။

“ဂမ်ဘီယာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှု ကွန်ဗင်းရှင်း သဘောတူညီချက်ရဲ့ ပုဒ်မ ၉ အရ၊ ဒီအမှုကို ICJ တ ရားရုံးကနေ စီရင် ပိုင်ခွင့်ရှိတယ်ဆိုတာ သက်သေပြနိုင်ဖို့ တော်တော်လေး ကြိုးစားထားတာတွေ့ရပါတယ်။ ဒါပေမယ့် ဒီအမှုဟာ နိုင်ငံတစ်နိုင်ငံ၊ အသင်းအဖွဲ့ တစ်ခုတည်းရဲ့ အကျိုးစီးပွားအတွက် စွဲဆိုတာ မဟုတ်တဲ့ အကြောင်းတော့ သက်သေပြထားတာတော့ မရှိသေးပါဘူး”

ဒါ့အပြင် မြန်မာနိုင်ငံဟာ လူမျိုးတုံး သတ်ဖြတ်မှု တားဆီးရေး ကွန်ဗင်းရှင်း သဘောတူ စာချုပ်ကို လက်မှတ်ရေး ထိုးထားပေမယ့်၊ ဒီစာချုပ်ထဲမှာပဲ သက်ဆိုင်ရာ နိုင်ငံအစိုးရရဲ့ သဘောတူ ခွင့်ပြုချက်မရှိပဲ၊ အရေးယူ ဆောင် ရွက်ခွင့်မရှိစေဖို့ ပြဌာန်းထားတာကိုလည်း မြန်မာ ရှေ့နေ့တွေက ထောက်ပြခဲ့ပါတယ်။ 

အာဏာသိမ်း စစ်ကောင်စီရဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကိုကိုလှိုင်က “ICJ တရားရုံးအ နေနဲ့ ဒီအမှုကို စစ်ဆေးစီရင်ခွင့်မရှိဘူးလို့ မြန်မာနိုင်ငံဘက်က လျှောက်လဲနေတာဟာ၊ ဂမ်ဘီယာနိုင်ငံဘက်က တင်သွင်းတဲ့ ဒီအမှုအတွက် အဖြေမရှိတဲ့ သဘောမဟုတ်ပါဘူး။ မြန်မာနိုင်ငံ အစိုးရအနေနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ကာလရှည်ကြာရှိနေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ သံန္နိဋ္ဌာန် ချမှတ်ပြီး ဆောင်ရွက်နေပါတယ်”

ICJ တရားရုံးထဲမှာ ကြားနာပွဲလုပ်နေချိန် နယ်သာလန်ရောက် မြန်မာတချို့ကလည်း စစ်ကောင်စီတက်ရောက် ဖြေရှင်းတာကို မလိုလားကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

ကြားနာပွဲကို လေးရက် လုပ်မှာဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီလ ၂၅ရက်နေ့မှာ မြန်မာဘက်က ဒုတိယ အကြိမ်ကြားနာ လျောက်လဲမှာဖြစ်ပြီး၊ ဖေဖော်ဝါရီလ ၂၃ ရက်နဲ့ ၂၈ ရက်နေ့တွေမှာ ဂမ်ဘီယာနိုင်ငံဘက်က လျှောက်လဲချက်ပေးမှာ ဖြစ်ပါတယ်။

***********************************************************************************************

[ Zawgyi ]

ရိုဟင္ဂ်ာေတြအေပၚ လူမ်ိဳးတုံး သတ္ျဖတ္မႈ က်ဴးလြန္ခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ျမန္မာနိုင္ငံ ကို ဂမ္ဘီယာ နိုင္ငံက အျပည္ျပည္ဆိုင္ရာ တရား႐ုံး ICJ မွာ တရားစြဲဆိုထားတဲ့ အမႈနဲ႔ ပက္သက္ၿပီး၊ ေလးရက္ၾကာ ၾကားနာ စစ္ေဆးမႈေတြကို မေန႔က နယ္သာလန္ နိုင္ငံ သည္ဟိဂ္ၿမိဳ႕ ICJ တရား႐ုံးမွာ ျပန္လည္စတင္ခဲ့တာ ျဖစ္ပါတယ္။

ဒီၾကားနာပြဲကိုတက္ေရာက္ရဖို႔ အမ်ိဳးသားညီညြတ္ေရးအစိုးရ NUG နဲ႔ စစ္ေကာင္စီတို႔ အၿပိဳင္အဆိုင္ႀကိဳး စားခဲ့ ၾကေပမယ့္ စစ္ေကာင္စီဘက္က အျပည္ျပည္ဆိုင္ရာ ပူးေပါင္း ေဆာင္ရြက္ေရးဝန္ႀကီး ဦးကိုကိုလွိုင္၊ ေရွ႕ေနခ်ဳပ္ ေဒၚသီတာဦးတို႔ ဦးေဆာင္တဲ့ ကိုယ္စားလွယ္အဖြဲ႕ တက္ေရာက္ခြင့္ရေနပါတယ္။

ICJ တရားသူႀကီးဥကၠ႒ Joan E donoghue ကေတာ့ စစ္ေကာင္စီကို တက္ေရာက္ခြင့္ ေပးတာဟာ ICJ အေနနဲ႔ အစိုးရအျဖစ္ အသိအမွတ္ ျပဳေပးလိုက္တာမဟုတ္ဘဲ နိုင္ငံကိုယ္စားျပဳ တက္ေရာက္ခြင့္ျပဳတာလို႔ ၾကားနာ ပြဲ မစခင္မွာ ေျပာဆိုခဲ့ပါတယ္။

ICJ မွာ စစ္ေကာင္စီ တက္ေရာက္ခြင့္ရတာဟာ စိတ္ပ်က္စရာေကာင္းၿပီး အမႈအတြက္ မလိုလားအပ္တဲ့ ၾကန႔္ ၾကာ မႈေတြျဖစ္နိုင္တယ္လို႔ ကုလသမဂၢ ကိုယ္စားလွယ္‌ေဟာင္းေတြနဲ႔ ဖြဲ႕ထားတဲ့ ျမန္မာနိုင္ငံဆိုင္ရာ အထူးအ ႀကံေပးေကာင္စီ (SAC-M) က ေၾကညာခ်က္ ထုတ္ျပန္ ေျပာဆိုလိုက္ပါတယ္။

တခ်ိန္တည္းမွာ NUG အစိုးရတာဝန္ရွိသူေတြနဲ႔ ရိုဟင္ဂ်ာ လူ႔အခြင့္အေရး အဖြဲ႕ေတြက တရား႐ုံး ျပင္ပမွာ သ တင္း စာရွင္းလင္းပြဲျပဳလုပ္ခဲ့ၿပီး၊ ICJ တရား႐ုံးကေန စစ္ေကာင္စီကို ျမန္မာနိုင္ငံ ကိုယ္စားျပဳ ေလၽွာက္လဲဖို႔ ခြင့္ျပဳေပးလိုက္တာကို ေဝဖန္ေျပာၾကားခဲ့ၾကပါတယ္။
--------------------------
 Image
-------------------------
ဥေရာပ ရိုဟင္ဂ်ာမ်ား ေကာင္စီက Ambia Perveen ကေတာ့ ICJ တရား႐ုံးကေန စစ္ေကာင္စီကို ျမန္မာနိုင္ငံ ကိုယ္စားျပဳ ေလၽွာက္လဲဖို႔ ခြင္ျပဳလိုက္တာဟာ စိတ္ပ်က္စရာ ပဲလို႔ ေျပာပါတယ္။

“ICJ တရား႐ုံးဟာ လူမ်ိဳးတုံး သတ္ျဖတ္မႈကို က်ဴးလြန္ခဲ့တဲ့ အာဏာသိမ္း စစ္ေကာင္စီကို ျမန္မာနိုင္ငံ ကိုယ္ စားျပဳၿပီး ေလၽွာက္လဲခ်က္ေပးဖို႔ ခြင့္ျပဳေပးလိုက္ တာဟာ တကယ္ပဲ စိတ္မေကာင္းစရာ၊ စိတ္ပ်က္စရာ ျဖစ္ပါ တယ္။ စစ္ေကာင္စီဟာ ျမန္မာနိုင္ငံ နဲ႔ ျမန္မာျပည္သူေတြရဲ့ အသံကို ကိုယ္စားမျပဳဘဲ၊ အမ်ိဳးသား ညီညြတ္ေရး အစိုးရ NUG ကသာ ကိုယ္စားျပဳတာ ျဖစ္ပါတယ္။ ဘာပဲျဖစ္ျဖစ္ ကၽြန္မတို႔အေနနဲ႔ ကေတာ့ ဒီအမႈကို ေႏွာင့္ေႏွး ၾကန႔္ၾကာတာ မရွိပဲ ဆက္ၿပီး ၾကားနာစစ္ေဆး ေစခ်င္ပါတယ္။”

စစ္ေကာင္စီကို လက္ခံၾကားနာခြင့္ျပဳတဲ့ ICJ တရား႐ုံးကို ကန႔္ကြက္တယ္လို႔ အမ်ိဳးသား ညီညြတ္ေရးအစိုးရ NUG လူ႔အခြင့္အေရးဝန္ႀကီး ဦးေအာင္မ်ိဳးမင္းက သတင္းစာ ရွင္းလင္းပြဲမွာ ေျပာဆိုပါတယ္။

“ICJ ကိုက်ေနာ္တို႔ စာေတြေပးပို႔ထားပါတယ္။ ဒီကိစၥမွာ စစ္ေကာင္စီက အစိုးရ မဟုတ္ဘူး၊ အာဏာသိမ္းဖို႔ ႀကိဳးစားေနတဲ့ အၾကမ္းဖက္အဖြဲ႕ပဲျဖစ္တယ္၊ ဒါ့ေၾကာင့္ ဒီလိုမ်ိဳးေတြကို လက္မခံဖို႔၊ NUG ကသာ တရားဝင္အစိုး ရျဖစ္တာေၾကာင့္ ျပန္အသိ အမွတ္ျပဳဖို႔ စာေတြထပ္ပို႔ထားတာရွိပါတယ္။ ICJ ရဲ့ ဆုံးျဖတ္ခ်က္ကို က်ေနာ္တို႔ ဆက္ေစာင့္ၾကည့္ေနပါတယ္"

မေန႔က ျပဳလုပ္တဲ့ ၾကားနာ စစ္ေဆးမႈအတြင္း အာဏာသိမ္း စစ္ေကာင္စီရဲ့ နိုင္ငံတကာ ပူးေပါင္းေဆာင္ ရြက္ ေရး ဝန္ႀကီး ဦးကိုကိုလွိုင္နဲ႔ ငွားရမ္းထားတဲ့ ၿဗိတိန္ အေျခစိုက္ ဥပေဒပညာရွင္ အဖြဲ႕က ေရွ႕ေနေတြ တက္ေရာက္ ခဲ့ပါတယ္။
---------------------------

Image
---------------------------
စစ္ေကာင္စီခန႔္ ေရွ႕ေန Christopher Staker က ျမန္မာနိုင္ငံကို ရိုဟင္ဂ်ာ လူမ်ိဳးတုံး သတ္ျဖတ္မႈနဲ႔ တရားစြဲတဲ့ ဂမ္ဘီယာနိုင္ငံရဲ့ ေနာက္ကြယ္မွာ အစၥလာမ္ နိုင္ငံမ်ား ပူးေပါင္းေဆာင္ရြက္ေရး အဖြဲ႕OIC က ႀကိဳးကိုင္ ေဆာင္ ရြက္ေနတာ ျဖစ္တဲ့ အတြက္၊ ဒီအမႈကို လက္မခံသင့္ေၾကာင္း ေျပာသြားပါတယ္။

“ဥပေဒအရဆိုရင္ နိုင္ငံတကာ အဖြဲ႕အစည္း တစ္ခုကေန သူတို႔ ႀကိဳးဆြဲရာကမယ့္ အဖြဲ႕ဝင္နိုင္ငံတစ္နိုင္ငံကို အ သုံးခ်ၿပီး၊ ဒီအမႈကို တရား႐ုံးမွာတင္သြင္း လာတာမ်ိဳးက မျဖစ္သင့္ပါဘူး။ ဒီေျပာၾကားခ်က္နဲ႔ ပက္သက္လို႔၊ ဂမ္ ဘီယာနိုင္ငံဘက္က ခိုင္လုံတဲ့ အေၾကာင္းျပခ်က္ေပးတာ မရွိေသးပါဘူး။”

စစ္ေကာင္စီဌားရမ္းထားတဲ့ ေရွ႕ေန ေနာက္တစ္ဦးျဖစ္တဲ့ Stefan Talmon ကလည္း ဂမ္ဘီယာနိုင္ငံဟာ ဒီ အမႈကို တစ္စုံတစ္ဦးရဲ့ အက်ိဳးစီးပြားအတြက္ စြဲဆိုတာ မဟုတ္တဲ့ အေၾကာင္း သက္ေသမျပနိုင္ဘူးလို႔ ေျပာ သြားပါတယ္။

“ဂမ္ဘီယာနိုင္ငံဟာ လူမ်ိဳးတုံးသတ္ျဖတ္မႈ ကြန္ဗင္းရွင္း သေဘာတူညီခ်က္ရဲ့ ပုဒ္မ ၉ အရ၊ ဒီအမႈကို ICJ တ ရား႐ုံးကေန စီရင္ ပိုင္ခြင့္ရွိတယ္ဆိုတာ သက္ေသျပနိုင္ဖို႔ ေတာ္ေတာ္ေလး ႀကိဳးစားထားတာေတြ႕ရပါတယ္။ ဒါေပမယ့္ ဒီအမႈဟာ နိုင္ငံတစ္နိုင္ငံ၊ အသင္းအဖြဲ႕ တစ္ခုတည္းရဲ့ အက်ိဳးစီးပြားအတြက္ စြဲဆိုတာ မဟုတ္တဲ့ အေၾကာင္းေတာ့ သက္ေသျပထားတာေတာ့ မရွိေသးပါဘူး”

ဒါ့အျပင္ ျမန္မာနိုင္ငံဟာ လူမ်ိဳးတုံး သတ္ျဖတ္မႈ တားဆီးေရး ကြန္ဗင္းရွင္း သေဘာတူ စာခ်ဳပ္ကို လက္မွတ္ေရး ထိုးထားေပမယ့္၊ ဒီစာခ်ဳပ္ထဲမွာပဲ သက္ဆိုင္ရာ နိုင္ငံအစိုးရရဲ့ သေဘာတူ ခြင့္ျပဳခ်က္မရွိပဲ၊ အေရးယူ ေဆာင္ ရြက္ခြင့္မရွိေစဖို႔ ျပဌာန္းထားတာကိုလည္း ျမန္မာ ေရွ႕ေန႔ေတြက ေထာက္ျပခဲ့ပါတယ္။
---------------------
Image
--------------------

အာဏာသိမ္း စစ္ေကာင္စီရဲ့ နိုင္ငံတကာ ပူးေပါင္းေဆာင္ရြက္ေရး ဝန္ႀကီး ဦးကိုကိုလွိုင္က “ICJ တရား႐ုံးအ ေနနဲ႔ ဒီအမႈကို စစ္ေဆးစီရင္ခြင့္မရွိဘူးလို႔ ျမန္မာနိုင္ငံဘက္က ေလၽွာက္လဲေနတာဟာ၊ ဂမ္ဘီယာနိုင္ငံဘက္က တင္သြင္းတဲ့ ဒီအမႈအတြက္ အေျဖမရွိတဲ့ သေဘာမဟုတ္ပါဘူး။ ျမန္မာနိုင္ငံ အစိုးရအေနနဲ႔ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ ကာလရွည္ၾကာရွိေနတဲ့ ျပႆနာေတြကို ေျဖရွင္းဖို႔ သံႏၷိ႒ာန္ ခ်မွတ္ၿပီး ေဆာင္ရြက္ေနပါတယ္”

ICJ တရား႐ုံးထဲမွာ ၾကားနာပြဲလုပ္ေနခ်ိန္ နယ္သာလန္ေရာက္ ျမန္မာတခ်ိဳ႕ကလည္း စစ္ေကာင္စီတက္ေရာက္ ေျဖရွင္းတာကို မလိုလားေၾကာင္း ဆႏၵျပခဲ့ၾကပါတယ္။

ၾကားနာပြဲကို ေလးရက္ လုပ္မွာျဖစ္ၿပီး လာမယ့္ ေဖေဖာ္ဝါရီလ ၂၅ရက္ေန႔မွာ ျမန္မာဘက္က ဒုတိယ အႀကိမ္ၾကားနာ ေလ်ာက္လဲမွာျဖစ္ၿပီး၊ ေဖေဖာ္ဝါရီလ ၂၃ ရက္နဲ႔ ၂၈ ရက္ေန႔ေတြမွာ ဂမ္ဘီယာနိုင္ငံဘက္က ေလၽွာက္လဲခ်က္ေပးမွာ ျဖစ္ပါတယ္။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */