" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, March 1, 2022

လူမျိုးတုံးသတ်ဖြတ်မှု ICJ ကနေ အရေးယူနိုင်ဖို့ နစ်နာ သူတွေ မျှော်လင့်

RFA
လွတ်လပ်တဲ့အာရှအသံ
2022-03-01 
ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ၂၀၁၇၊ အောက်တိုဘာ ၁၆ ရက်နေ့က တွေ့ရစဉ်
  Photo: MUNIR UZ ZAMAN / AFP

ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်စလင်တွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုံး သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ် ဆိုပြီး ဂမ်ဘီယာက မြန်မာကို အပြည်အပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ တရားစွဲထားတဲ့ကိစ္စ ဒုတိယမြောက် ကြားနာစစ်ဆေးမှုတွေဟာ ဖေဖော်ဝါရီလ ၂၈ ရက် မနေ့က ပြီးဆုံးသွားခဲ့ပါပြီ။

နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့က ICJ တရားရုံးမှာ ဖေဖော်ဝါရီလ ၂၁ ရက်၊ ၂၃ ရက်၊ ၂၅ ရက်နဲ့ ၂၈ရက်နေ့တွေ မှာ နှစ်ဖက် အပြန်အလှန် လျှောက်လဲခဲ့ကြပြီးတဲ့နောက် လူမျိုးတုံး သတ်ဖြတ်မှုနဲ့ စွဲချက်တင်၊ မတင် တရားရုံးက မကြာခင်မှာ ဆုံးဖြတ်တော့မှာပါ။

ICJ တရားရုံးအနေနဲ့ အမှန်တရားအပေါ်မှာပဲ ရပ်တည်ပြီး ဆုံးဖြတ်ချက်ချမယ်လို့ အားလုံးမျှော်လင့်နေကြောင်း ကော့ဘဇားခရိုင် ဘာလူဟာလီ ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည် အာလီဂျိန်နာက RFA ကိုပြော ပါတယ်။

မြန်မာစစ်ကောင်စီက အဲဒီမှာသွားပြီး လိမ်လည်မှုလုပ်နေတာကို ကမ္ဘာလည်း သိတယ်။ မြန်မာပြည်မှာရှိနေတဲ့ ပြည်သူပြည်သားတွေလည်း သိတယ်။ ပြီးရင် ကျွန်တော်တို့ ရိုဟင်ဂျာလူမျိုးတွေလည်း အားလုံးသိပါတယ်။ ICJ မှာရှိနေတဲ့ ရှေ့နေချုပ်တွေကလည်း သူတို့လည်းမြင်နေတယ်။ အမှန်တရားက ဘယ်ဘက်မှာလည်းအမှား က ဘယ်ဘက်မှာ လဲ သူတို့မြင်နေတယ်။ သူတို့ကတော့ အမှန်တရားကို ရွေးချယ်မယ်လို့ ကျွန်တော်တို့ ယူဆပါ တယ်။ အမှန်တရားအပေါ်မှာပဲ ရပ်တည်ပြီးတော့ သူတို့ ဆုံးဖြတ်ချက်ချမယ်လို့ ကျွန်တော်တို့အားလုံးမျှော်လင့် နေပါတယ်”

မြန်မာနိုင်ငံအပေါ် လူမျိုးတုံး သတ်ဖြတ်မှုစွဲချက်အတွက် စစ်ဆေးစီရင်ခွင့်ရှိတယ်ဆိုတဲ့ အမိန့်မျိုးကို မကြာခင်မှာ ICJ တရားရုံးက ဆုံးဖြတ်လိမ့်မယ်ဆိုတာကို ယုံကြည်ကြောင်း နစ်နာသူ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ရိုဟင်ဂျာအ ရေး လှုပ်ရှားသူတွေက ပြောကြပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ခဲ့တဲ့ သက်သေတွေအားလုံး ဂမ်ဘီယာဘက် မှာရော နိုင်ငံတကာ အဖွဲ့ အစည်းတွေမှာရော အကုန်ရှိနေတာကြောင့် လက်ရှိ မြန်မာဘက်က ICJ မှာသွားရောက်ချပြခဲ့တာတွေဟာ အား လုံးလိမ်လည်နေတာသာ ဖြစ်တယ်လို့လည်း အာလီဂျိန်နာက ဆိုပါတယ်။ 


ရိုဟင်ဂျာအရေး ဆောင်ရွက်သူတစ်ဦးဖြစ်တဲ့ ရိုနေဆန်းလွင်ကလည်း ICJ အနေနဲ့ ဒီအမှုပေါ် တရားစီရင်ခွင့် ရှိ တယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကို အမြန်ဆုံးချမှတ်လိမ့်မယ်လို့ RFA ကို ပြောပါတယ်။

“ပထမတစ်ခေါက် အတွေ့အကြုံနဲ့ပြောရမယ်ဆိုရင် ၂၀၁၉ ဒီဇင်ဘာ ဒုတိယအပတ်မှာ တရားရုံးစတယ်။ ၂၀၂၀ ဇန်နဝါရီ တတိယအပတ်မှာ Provincial Measure Order ထုတ်ပေးမယ်။ ဆိုတော့ ကြားထဲမှာ တစ်လခွဲလောက် တော့ Gap ရှိတာပေါ့။ အခုလည်း ကျွန်တော် ထင်ပါတယ်၊ တစ်လခွဲ၊ နှစ်လအတွင်းလောက်မှာ တရားရုံးက ဆုံး ဖြတ်ချက် ချလိမ့်မယ်လို့ ထင်ပါတယ်။ ဆုံးဖြတ်ချက်ကလည်း တရားစီရင်ခွင့် ရှိတယ်ဆိုတဲ့ ဆုံးဖြတ်ချက်ပဲ ကျလာ မယ်လို့ ကျွန်တော်တို့က မျှော်လင့်ပါတယ်”

၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ ပထမအကြိမ် တရားရုံးကြားနာစစ်ဆေးမှုအပြီး နောက်ပိုင်း ကမ္ဘာ့ကပ်ရောဂါကြောင့် နောက်ထပ်ကြားနာမှုတွေ ကြာမြင့်ခဲ့တာဖြစ်ပြီး အခု ၂၀၂၂ ခုနှစ်မှာမှ ပြန်လည်စတင်နိုင်ခဲ့တာပါ။

ICJ က ဒီအမှုကို လက်ခံစစ်ဆေးမယ်လို့ ယူဆပြီး နိုင်ငံတကာ ရဲတပ်ဖွဲ့ကလည်း လုပ်စရာရှိတာ ဆက်လက် လုပ် ဆောင်နိုင်ပေမယ့် လက်တွေ့မှာတော့ အခက်အခဲ ရှိနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က RFA ကို ပြောပါတယ်။

“ICJ ကတော့ ဒီအမှုကို လက်ခံစစ်ဆေးခွင့်ရှိတယ်ဆိုတာတော့ အတည်ပြုလိမ့်မယ့်လို့ ကျွန်တော်တို့က ယူဆပါ တယ်။ ဗမာပြည်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့ သူတွေကို ဆင့်ခေါ်တာတွေ၊ စစ်ဆေးတာတွေ ICJ ရုံးက ဆက်ပြီး လုပ်သွားလိမ့်မယ့်လို့ ကျွန်တော်တို့က မျှော်လင့်ပါတယ်။ ICJ က ဆုံးဖြတ်ချက်ချရင်တော့ အင် တာပို (နိုင် ငံတကာရဲတပ်ဖွဲ့) ကလည်း အဲဒါတွေကို အကောင်အထည် ဖော်ရမှာပဲလေ။ သို့သော်ငြားလည်း စစ် ကောင်စီက ICJ အဖွဲ့ဝင်နိုင်ငံတွေဆီ ခရီးမသွားလို့ရှိရင်တော့ သိပ်ပြီးတော့ သူတို့ကို အရေးယူဖို့ အခက် အ ခဲ ရှိပါလိမ့်မယ်။ သူ တို့ကလည်း သွားမှာမဟုတ်ပါဘူး။ အဲတော့ အဲဒါတွေကို အင်တာပိုအနေနဲ့ အကောင်အထည် ဖော်ဖို့အတွက် တော့ လက်တွေ့မှာ အခက်အခဲရှိပါတယ်”


ဒီကိစ္စနဲ့ပတ်သက်ပြီး ရိုဟင်ဂျာတွေ ပြန်လည်လက်ခံရေး လုပ်နေတယ်ဆိုပေမယ့် တကယ့်လက်တွေ့မှာ ဘာမှမရှိ တာကြောင့် ဒီအတိုင်း ဇာတ်မျောကြီး ဖြစ်နေမှာကို ICJ က လက်ခံမယ်လို့ မထင်ဘဲ စစ်ကောင်စီအနေနဲ့ ဘာလုပ် ရမယ်၊ ဘာလုပ်ပေးပါဆိုတဲ့ ဆုံးဖြတ်ချက်မျိုးတွေကို ICJ ကနေ ချမှတ်တာမျိုး မကြာခင် ကြားရလိမ့်မယ်လို့လည်း ဦးသန်းစိုးနိုင်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လက ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော ဒေသမှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် ရိုဟင်ဂျာ မွတ်စလင် ရှစ်သိန်းကျော် နယ်စပ်ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက် ပြေး သွားတာ အခုဆိုရင် လေးနှစ် ကျော်လာပါပြီ။

ဒီလှုပ်ရှားမှုအတွင်း ရိုဟင်ဂျာရွာတွေ မီးရှို့ဖျက်ဆီးခံရသလို အစုအပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်ခဲ့တာကြောင့် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေ ဖြစ်တယ်ဆိုပြီး ရိုဟင်ဂျာ မွတ်စ လင်တွေရဲ့ကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ အပြည်ပြည်ဆိုင်ရာ တရား ရုံး ICJ မှာ တရားစွဲထားတာပါ။

၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလက ပထမဆုံးအကြိမ် ကြားနာစစ်ဆေးမှုကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က သွားရောက်ခုခံခဲ့ပြီး နှစ်နှစ်အကြာ ဒုတိယအကြိမ်မှာမှ စစ်ကောင်စီရဲ့ ကိုယ်စားလှယ် အဖွဲ့က နှစ်ဖက်လျှောက်လဲချက် သွားရောက်ပေးတာ ဖြစ်ပါတယ်။

တရားဥပဒေလမ်းကြောင်းအရ သွားရောက် ဆောင်ရွက်နေတာဖြစ်ပြီး လုပ်ကြံဖန်တီး ထားတာ တစ်ခုမှမရှိဘူးလို့ စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့အနေနဲ့ကတော့ တရားဥပဒေလမ်းကြောင်းအရပဲ သွားရောက် ဆောင်ရွက်လျက် ရှိတယ်။ ဒီဟာ နဲ့ ပတ်သက်ပြီးတော့ တရားရုံးအနေနဲ့ စီရင်ပိုင်ခွင့် မရှိဘူးဆိုတာကို အဓိကထားပြီး ဆောင်ရွက်တာပဲ ဖြစ်ပါ တယ်။ ဒီတရားရုံးက ဆုံးဖြတ်ချက် မချသေးခင်မှာလည်း ကျွန်တော့်အနေနဲ့က ဘာမှ ဒီအပေါ်မှာ ပြောစရာ အ ကြောင်း မရှိပါဘူး။ ကျွန်တော်တို့ လျှောက်လဲခဲ့တဲ့ဟာတွေက လက်ရှိမှာ ရှိနေတဲ့ ဖြစ်ပေါ်နေတဲ့ တည်ဆဲဥပဒေ တွေ အတိုင်း ပဲ တရားဥပဒေဘောင်ထဲကနေပြီးပဲ ကျွန်တော်တို့ လျှောက်လဲခဲ့တာ ဖြစ်ပါတယ်။ လုပ်ကြံဖန် တီး ထားတဲ့ဟာတွေ တစ်ခုမှ မပါဘူးလို့ပဲ ကျွန်တော် ပြောချင်ပါတယ်”

လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူစာချုပ် (Genocide Covention) မှာ လက်မှတ် ထိုးထားတဲ့ နိုင်ငံတွေ အ နေနဲ့ အဖွဲ့ဝင်နိုင်ငံတစ်ခုရဲ့ ချိုးဖောက်မှုကို အခြားအဖွဲ့ဝင်နိုင်ငံက တရားစွဲနိုင်တယ်လို့ ပြဋ္ဌာန်းထားပေမယ့် လက်မှတ်မထိုးထားတဲ့ နိုင်ငံ၊ အစိုးရ ဒါမှမဟုတ် နိုင်ငံတကာအဖွဲ့အစည်း အနေနဲ့တော့ ICJ မှာ တရားစွဲလို့မရ ဘူးလို့ ပြဋ္ဌာန်းထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ Genocide Convention ကို ၁၉၄၈ ခုနှစ် လက်မှတ်ထိုးချိန်က အပိုဒ် ၈ မှာပါဝင်တဲ့ နိုင်ငံအ ချင်းချင်း တရားစွဲတာနဲ့ပတ်သက်လို့ သဘောမတူဘဲ ခြွင်းချက်အနေနဲ့ အတိအကျထားပြီး လက်မှတ်ထိုးခဲ့ တာဖြစ် တယ်လို့ မြန်မာရဲ့ ဥပဒေအကျိုးဆောင်တွေက တရားရုံးမှာလျှောက်လဲခဲ့တာပါ။


"ICJ မှာ ဂမ်ဘီယာစွဲထားတဲ့အမှုနဲ့ ပတ်သက်ပြီးတော့ ဂမ်ဘီယာဘက်ကပဲ ဆက်နိုင် သွားနိုင်ခြေရှိတယ်လို့ သုံး သပ်ပါတယ်"


လက်ရှိ ICJ က ဆက်စစ်မလားဆိုတဲ့အပေါ်မှာတော့ ဂမ်ဘီယာ နိုင်သွားနိုင်ပေမယ့် အမှုရဲ့ အရည်အသွေး၊ အနှစ် သာရ ဆက်စစ်ရင်​တော့ မြန်မာဘက်က နိုင်သွားနိုင်တယ်လို့ ဆွီဒင်နိုင်ငံအခြေစိုက် ဥပဒေပညာရှင် ဦးအောင်ထူး က သုံးသပ်ပါတယ်။

“ ICJ မှာ ဂမ်ဘီယာစွဲထားတဲ့အမှုနဲ့ ပတ်သက်ပြီးတော့ ဂမ်ဘီယာဘက်ကပဲ ဆက်နိုင် သွားနိုင်ခြေရှိတယ်လို့သုံး သပ်ပါတယ်။ အမှုရဲ့အရည်အသွေး အနှစ်သာရကို စစ်တဲ့ အခါမှာတော့ဖြင့် ဂမ်ဘီယာဘက်က ရှုံးသွားနိုင် တယ်။ မြန်မာနိုင်ငံဘက်က နိုင်သွားနိုင် ပါတယ်။ ဘာကြောင့်လဲဆိုတော့ Genocide လို့ခေါ်တဲ့ အမှုအခင်းကြီး တွေကို စီရင်တဲ့ အခါမှာ Genocidel intend လို့ခေါ်တဲ့ ရည်ရွယ်ချက်က သိပ်အရေးကြီးတယ်။ ရည်ရွယ် ချက် ကို သက်သေပြတာ သိပ်ခက်တယ်။ UNFFM လို့ခေါ်တဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး မစ်ရှင်နော် အဲ မှာ လူမျိုးတုံးသတ်ဖြတ်မှုကို ရည်ရွယ်ချက် ရှိရှိနဲ့ ကျူးလွန်ပါတယ်ဆိုတဲ့ဟာကို ကော်မရှင်ကနေပြီးတော့ အ ချက် ခြောက်ချက်နဲ့ ထောက်ပြတယ်။ မြန်မာရှေ့နေဘက်က တစ်ချက်ပဲထောက်ပြတယ်။ ဒါတွေ ကျူးလွန် တာ က ရိုဟင်ဂျာဆိုတဲ့ လူမျိုးကို လူမျိုးတုံးစေလိုတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျူးလွန်တယ်ဆိုတာ အထောက်အ ထားဘယ်မှာလဲ ပြပါ။ သိပ်ခက်တယ် အဲဒါ။ အဲဒါကြောင့် တကယ်တမ်း အမှုကို ရှေ့ဆက်ရင်ဆိုင်သွားရင် မြန် မာ ဘက်က နိုင်နိုင်ခြေ ပိုများသွားတယ်။ ဥပဒေအရ ကျွန်တော် ပြောတာနော်။ စစ်ကောင်စီဘက်က နိုင်သွား ရင် အရူးလက်ထဲကို ၀ရဇိန်လက်နက် အပ်လိုက်တာပဲ”

တရားရုံးကိုယ်တိုင်က အရင်ခုခံချေပခဲ့တာ ဒေါ်အောင်ဆန်းစုကြည် မှန်းသိရဲ့သားနဲ့ လက်ရှိမှာလည်း အဖမ်းခံနေ ရ မှန်းသိရဲ့သားနဲ့ စစ်ကောင်စီဘက်ကို လက်ခံတယ် ဆိုတာဟာ မျှတတဲ့ တရားစီရင်မှုအဖြစ်မသွားဘဲ နိုင်ငံတ ကာ ဥပဒေ Articel 14 နဲ့ ဆန့်ကျင်နေတယ်လို့လည်း ဦးအောင်ထူးက ထောက်ပြပါတယ်။

ဒါကြောင့် ICJ က အမှုလက်ခံသည်ဖြစ်စေ၊ မလက်ခံသည်ဖြစ်စေ NUG ဘက်ကလည်း ရက္ခိုင့်တပ်တော် AA နဲ့ ပူးပေါင်းပြီး အမှန်တရားဖော်ထုတ်ဖို့ ကြိုးစားရမှာဖြစ်သလို ICJ က ချမှတ်ထားတဲ့ ကြားကာလ လိုက်နာရမယ့် အချက် လေးချက်ထဲက ကျန်နေတဲ့ ရိုဟင်ဂျာ ခြောက်သိန်းကို နောက်ထပ်ဒါမျိုးမဖြစ်အောင် ဘာတွေလုပ် သွား မယ်၊ အစုလိုက် အပြုံလိုက် သတ်ထားတဲ့ သက်သေခံနေရာတွေကို ဖော်ထုတ်ပေးမယ် စတဲ့ စစ်ကောင်စီ လုံး၀မ လုပ်တဲ့ ဟာတွေကို လုပ်ပေးနိုင်တယ်ဆိုတာမျိုး ဖန်တီးဖို့လိုတယ်လို့လည်း ဦးအောင်ထူးက အကြံပေးပါတယ်။

ဘင်္ဂလားဒေ့ရှ်၊ ကုတုပလောင်ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ကလေးတွေကို ၂၀၂၀၊ သြဂုတ် ၂၆ ရက်နေ့က တွေ့ရစဉ် (Photo: MUNIR UZ ZAMAN / AFP)

တစ်ဘက်မှာလည်း ICJ မှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို လျှောက်လဲနေချိန်မှာပဲ ယူကရိန်း နဲ့ ရုရှားအကြား စစ်ရေးတိုက်ခိုက်မှုတွေ ဖြစ်ပေါ် လာတာကြောင့် နိုင်ငံတကာ အသိုက်အဝန်းအလယ်မှာ မြန်မာ့ အရေး မှေးမှိန်သွားမလား ဆိုပြီး စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။

စိုးရိမ်စရာရှိပေမယ့် နိုင်ငံတကာအရေး တာဝန်ရှိသူတွေနဲ့ ပြည်သူတွေ ပါးပါးနပ်နပ်နဲ့ ဆက်လက် လုပ်ဆောင်နေ မယ်ဆိုရင် နိုင်ငံတကာမှာ မြန်မာ့အရေး ပျောက်မသွားနိုင်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံ ခြား ရေးဝန်ကြီး ဒေါ်ဇင်မာအောင်က RFA ကို ပြောပါတယ်။

“အာဖဂန်နစ္စတန်ကိစ္စဖြစ်တုန်းကလည်း မြန်မာ့အရေး မှေးမှိန်သွားမလားဆိုပြီးတော့ ကျွန်မတို့ စိုးရိမ်ခဲ့တယ်။ ပိုပြီးတော့ ကြိုးစားခဲ့ကြတယ်။ ဆိုတော့ ဒီအနေအထား မှာလည်း စိုးရိမ်စရာတော့ ရှိတယ်။ သို့သော်လည်းပဲ အများကြီးတော့ စိုးရိမ်စရာ မလိုဘူးလို့ ကျွန်မတို့မြင်တယ်။ ဒီအခြေအနေပေါ်မှာပဲ ကျွန်မတို့က ပါးပါးနပ်နပ် နဲ့ အရှိန်အဟုန်မပျက် ဆက်သွားနေဖို့ လိုပါတယ်။ ဒီလိုသာဆိုရင် ကျွန်မတို့ Agenda က နိုင်ငံတကာမှာလည်း ပျောက်သွားမှာ မဟုတ်သလို ကျွန်မတို့ ဟန်ချက်ညီညီနဲ့ ဆောင်ရွက်နိုင်လိမ့်မယ့်လို့ ကျွန်မအနေနဲ့ ယုံကြည်ပါ တယ်”

နိုင်ငံတကာအရေးမှာ တာဝန်ရှိတဲ့သူတွေကလည်း နိုင်ငံတကာ Agenda ရှိနေအောင် လုပ်ရမှာဖြစ်သလို ပြည် တွင်းမှာ အရေးကြီးတဲ့ အလုပ်တာဝန် ယူထားတဲ့သူတွေနဲ့ ပြည်သူလူထုတွေကလည်း ကိုယ့်ပြည်တွင်းမှာ ရှိနေတဲ့ အနေအထား၊ အင်အားတွေကို စနစ်တကျသုံးစွဲရမယ်လို့လည်း ဒေါ်ဇင်မာအောင်က ဆိုပါတယ်။

ICJ တရားရုံး လေးရက်ကြာ ကြားနာမှုအတွင်း မြန်မာဘက်က စစ်ကောင်စီခန့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆက် ဆံရေးဝန်ကြီး ဦးကိုလှိုင်နဲ့ ရှေ့နေချုပ် ဒေါ်သီတာဦး ခေါင်းဆောင်တဲ့ အဖွဲ့နဲ့အတူ နိုင်ငံတကာ ဥပဒေအ ကျိုး ဆောင် လေးဦးက သွားရောက် လျှောက်လဲခဲ့တာ ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးအောင် လုပ်ခဲ့ တာမ ရှိ သလို ဂမ်ဘီယာအနေနဲ့ အစ္စလာမ်မစ်နိုင်ငံများအဖွဲ့(OIC) ကိုယ်စား တရားစွဲတာဖြစ်ပြီး နစ်နာတဲ့နိုင်ငံ မဟုတ်တာ ကြောင့် ဒီအမှုကို ICJ တရားရုံးက လက်မခံသင့်ကြောင်း မြန်မာဘက်က ကန့်ကွက်တင်ပြခဲ့ပါတယ်။

ဂမ်ဘီယာဘက်ကတော့ ဂမ်ဘီယာဟာ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုဖြစ်ပြီး အဖွဲ့အစည်းတစ်ခုခုရဲ့ လက် အောက်ခံ မဟုတ်တာကြောင့် မြန်မာဘက်က ကန့်ကွက်မှုတွေ ဟာ မမှန်ကြောင်း၊ ဂမ်ဘီယာဟာ လူမျိုးတုံးသတ် ဖြတ်မှုဆိုင်ရာ သဘောတူစာချုပ် (Genocide covention ) ကို လက်မှတ်ထိုးထားတဲ့ နိုင်ငံတစ်ခုအနေနဲ့ ဒီလို တ ရား စွဲဖို့ ကိုယ်တိုင်ဆုံးဖြတ် တိုင်ကြားခဲ့တာဖြစ်ကြောင်း လျှောက်လဲသွားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */