Sunday, July 4, 2021
Myanmar: Roads to a Federal Army Are Twisted
Sunday, June 27, 2021
Myanmar’s Democratic Vision Depends on Including Rohingya, Other Ethnic Minorities “We will never be free until all of us are free.”
June 25, 2021
Wednesday, June 16, 2021
NUG ရဲ့ ရိုဟင်ဂျာဆိုင်ရာမူဝါဒအပေါ် ရခိုင်ဒေသခံတွေ သဘောမတူ
စမ်းစမ်းတင် (ဝါရှင်တန် ဒီစီ)
2021-06-10
အဲဒီမူဝါဒထုတ်ပြန်ချက်မှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင်လက်ခံဖော်ပြထားပြီး ၁၉၈၂ နိုင်ငံသား ဥပဒေအပါအဝင် တခြားဖိနှိပ်တဲ့ဥပဒေတွေကို ဖျက်သိမ်းတာ၊ ပြင်ဆင်တာ၊ အသစ်ပြဌာန်းတာတွေနဲ့ နိုင်ငံသားစိစစ်ရေးကတ်တွေ ပြဌာန်းလုပ်ဆောင်တဲ့ လုပ်ငန်းစဉ်တွေကို ပယ်ဖျက်တာတွေ လုပ်ဆောင်သွား မယ်လို့ ဖော်ပြထားပါတယ်။
ရခိုင်အမျိုးသားပါတီ ANP ရဲ့ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် တစ်ဦးဖြစ်တဲ့ ဦးဖေသန်းက NUG ရဲ့ အကျိုးစီး ပွားအတွက် ထုတ်ပြန်တဲ့မူဝါဒဖြစ်လို့ ဒါကိုလက်မခံနိုင်ဘူးလို့ ပြောပါတယ်။
ANP ဦးဖေသန်း
ရခိုင်တိုင်းရင်းသားတွေက မွတ်စလင်တွေဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးမရခင် နယ်ချဲ့အင်္ဂလိပ်တွေ အုပ်ချုပ်ချိန် ရခိုင်ဒေသမှာ လယ်ယာလုပ်ငန်းတွေလုပ်ဖို့ အရင်က အရှေ့ပါကစ္စတန်ဖြစ်တဲ့ လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ ရောက်လာခဲ့ကြတဲ့ ဘင်္ဂါလီတွေဖြစ်တယ်လို့ ပြောဆိုကြပါတယ်။
မွတ်စလင်တွေဘက်ကလည်း သူတို့ဟာ ရှေးပဝေသဏီကတည်းက ရခိုင်တွေထက်စောပြီး ရခိုင်ဒေသမှာ အခြေ ချနေထိုင်လာခဲ့တဲ့ ရိုဟင်ဂျာတွေဖြစ်တယ်လို့ ဆိုကြပါတယ်။
"ရခိုင်လူမျိုးတွေရဲ့ သဘောထားမပါဘူးလို့ပဲ ကျွန်တော်တို့ ပြောရမှာပဲ"
လူမျိုး၊ ဘာသာနဲ့ ယဉ်ကျေးမှုအရပါ မတူညီကြတဲ့ ဒီလူ့အသိုင်းအဝန်းနှစ်ခုကြားမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ဝန်း ကျင်လောက်ကနေ ဒီနေ့အထိ ပဋိပက္ခတွေရှိနေခဲ့ကြပါတယ်။
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်း မဲအနိုင်ရရှိရေးအတွက် မွတ်စလင်တွေကို အသုံးချခဲ့ကြသလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေးနဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ မဲအနိုင် ရရှိရေးအတွက် White Card လို့ ခေါ်တဲ့ ယာယီသက်သေခံလက်မှတ်တွေ ထုတ်ပေးပြီး ဆောင်ရွက်တာတွေ ရှိခဲ့တယ်လို့ ရခိုင်ဒေသခံတွေ ဘက်က မကြာခဏ ထောက်ပြပြောဆိုနေကြတာပါ။
ခေတ်အဆက်ဆက် အစိုးရတွေက မွတ်စလင်တွေကို သူတို့ရဲ့ အကျိုးအတွက် အသုံးချခဲ့ကြတာကြောင့် အခု NUG အစိုးရဟာလည်း အရင်အစိုးရတွေရဲ့ လုပ်ရပ်တွေနဲ့ တူနေတယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလှမြင့်က ဝေဖန်ပါတယ်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ကလည်း ရခိုင်ပြဿနာကို ဖြေရှင်းရာမှာ ရခိုင်ပြည်သူတွေသာ အဓိက ကျတဲ့အတွက် ရခိုင်တွေရဲ့ ဆန္ဒသဘောထားမပါတဲ့ ဘယ်ဆုံးဖြတ်ချက်ကိုမှ လက်ခံမှာ မဟုတ်ဘူးလို့ ဇွန်လ ၅ ရက်နေ့က NUG ရဲ့ ထုတ်ပြန်ချက်ကို တုံ့ပြန်ပြီး ထုတ်ပြန်ခဲ့ပါတယ်။
နိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ စုဖွဲ့ထားတဲ့ ရခိုင်တစ်မျိုးသားလုံး ညီညွတ်ရေးကော်မတီကလည်း ရခိုင်ဒေသက ရှိရင်းစွဲပြဿနာကို အသုံးချပြီး နိုင်ငံရေးကစားကွက် ဖော်နေတာဟာ ပြဿနာကို ပိုမိုကြီး မားလာအောင် ဖန်တီးနေတဲ့ လုပ်ရပ်ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ ရခိုင်ပြည်သူတွေကို ကိုယ်စားမပြု၊ မသက်ဆိုင်တာကြောင့် သူတို့ ထုတ်ပြန်ထားတဲ့ မူဝါဒကိုလည်း အသိအမှတ်မပြုဘူးလို့ ဇွန်လ ၆ ရက် နေ့က ထုတ်ပြန်ခဲ့ပါတယ်။
၂၀၁၆ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က ဖွဲ့စည်းဆောင်ရွက်ခဲ့တဲ့ မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည် နယ်ဆိုင်ရာ အကြံပေးကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါ်စောခင်တင့် ကတော့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေဟာ အလွယ်တကူပယ်ဖျက်သင့်တဲ့ဥပဒေမဟုတ်ဘူးလို့ ဇွန်လ ၈ ရက်နေ့က NUG ကို အိတ်ဖွင့်ပေးစာ ပေးပို့ပြောဆိုထားပါတယ်။
ရခိုင်ဒေသအရေးနဲ့ ပတ်သက်လို့ ပြောဆိုဆုံးဖြတ်မယ်ဆိုရင် ရခိုင်ဒေသရဲ့ ထိလွယ်ရှလွယ် အခြေအနေတွေကို သေသေချာချာလေ့လာပြီးမှ ဆောင်ရွက်သင့်တယ်လို့ ပြောပါတယ်။
ဒေါ်စောခင်တင့်
“အဓိကတော့ နှစ်ချက်ပါပဲ။ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို လွယ်လွယ်ကူကူ ဖျက်သိမ်းလို့မရဘူး။ နောက် တစ်ခု ရခိုင်ပြည်ရဲ့အရေးကိစ္စကို စိတ်ပါဝင်စား ပြီးတော့ ပြောချင်တဲ့လူရှိတယ်ဆိုလို့ရှိရင် ကိုဖီအာနန် ကော်မရှင်ရဲ့ အစီရင် ခံစာမှာ ပါတဲ့အတိုင်းပေါ့နော် ဘယ်အဖွဲ့အစည်းကပဲဖြစ်ဖြစ်၊ အစိုးရအဖွဲ့ ကပဲဖြစ်ဖြစ်၊ လူပုဂ္ဂိုလ်ထဲကပဲ ဖြစ်ဖြစ်၊ NGO အဖွဲ့ကပဲဖြစ်ဖြစ် ဘယ်သူ မဆိုပေါ့နော် ရခိုင်နဲ့ပတ်သက်ပြီးတော့ ပြော မယ်၊ ဆိုမယ်၊ စိတ်ဝင်စားမယ် ဆိုလို့ရှိရင်တော့ ရခိုင်ပြည် နယ်ရဲ့ ထိလွယ်ရှလွယ်တဲ့ သဘောအခြေအနေ တွေ၊ ရခိုင်မှာကန့်သတ်ထားတဲ့ အခြေအနေအကုန်လုံးကို အရင်ဆုံး နားလည်အောင်ကြိုးစားပြီးတော့မှ ပြောရင်ပိုအဆင်ပြေမယ်လို့ ဒါကို သတင်းစကားပေးချင်တာပါ”
ရိုဟင်ဂျာအချို့ကတော့ အမျိုးသားညီညတ်ရေးအစိုးရ NUG ရဲ့ ရိုဟင်ဂျာဆိုင်ရာ မူဝါဒအပေါ် အပြုသဘောနဲ့ ထောက်ခံကြိုဆိုကြပါတယ်။
ဒါပေမဲ့ အဲဒီမူဝါဒကလည်း ပြတ်သားမှုမရှိတဲ့အတွက် စောင့်ကြည့်ဖို့လိုဦးမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သန်ခါလီဒုက္ခသည်စခန်း အမှတ်(၁၃)မှာနေထိုင်တဲ့ ရိုဟင်ဂျာလူငယ်အစည်းအရုံး Rohingya Youth Association တည်ဆောင်သူ ကိုခင်မောင်က ပြောပါတယ်။
“သူတို့ဟာကို ကျွန်တော်တို့ ကြိုဆိုပါတယ်။ ဒါပေမဲ့ ပြတ်သားမှုမရှိတာကြောင့် ကျွန်တော်တို့မှာလည်း ခြင့်ချိန်ရတာ အင်မတန်မှခက်ပါတယ်။ ပြတ်သားမှုမရှိတာကို အရင်ဆုံးဖြေရှင်းဖို့ လိုပါတယ်။ အရင်အစိုးရ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရတောင်မှ ရိုဟင်ဂျာဆိုတဲ့ နာမည်ကို သုံးခဲ့တာမရှိဘူး။ အခု ဒီ NUG က ရိုဟင်ဂျာလို့ သုံးစွဲတာဟာ ဒါတိုးတက်မှုလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ပြတ်သားမှုမရှိလို့ ကျွန်တော်တို့မှာလည်း ချက်ချင်းဆိုသလို လက်ခံဖို့၊ တုံ့ပြန်ဖို့၊ ပူးပေါင်းဖို့အတွက် နည်းနည်းစောင့်ဆိုင်းဖို့ လိုမယ်လို့ ပြောချင်ပါတယ်”
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ ရိုဟင်ဂျာဆိုင်ရာ မူဝါဒဟာ ရခိုင်ပြည်နယ်က သက်ဆိုင်သူအချို့နဲ့ ဆွေးနွေးပြီးမှ ထုတ်ပြန်ခဲ့တာလို့ ပြောပါတယ်။
NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်
ပါဝင်ပတ်သက်သူတွေနဲ့ ဆွေးနွေးတယ်ဆိုတဲ့ အချက်နဲ့ပတ်သက်လို့ ဘယ်သူတွေနဲ့ ဆွေးနွေးခဲ့တယ်ဆိုတာကို NUG ဝန်ကြီး ဒေါ်ဇင်မာအောင်က အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
ပြည်တွင်းက နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်ကတော့ NUG ရဲ့ ရိုဟင်ဂျာဆိုင်ရာမူဝါဒဟာ မူအားဖြင့် ကောင်းမွန်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လက်တွေ့အားဖြင့် အကောင်အထည်မဖော်နိုင်သေးခင်က အခုလိုထုတ်ပြန်လိုက်တာဟာ နိုင်ငံရေးရှုပ်ထွေးမှုတွေအပြင် NUG အပေါ်မှာ ရခိုင်တွေရဲ့ အမြင်မကြည် လင်တာတွေ ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။
“ကြိုက်ကြိုက် မကြိုက်ကြိုက် NUG အစိုးရဟာ ဒီနေ့ လေလှိုင်းပေါ်က အစိုးရလို့ စစ်ကောင်စီက ပြောတာဟာ တစ်စိတ်တစ်ပိုင်းတော့ မှန်ကန် ပါတယ်။ လက်တွေ့လုပ်ငန်းတွေကို ဘာမှမလုပ်ဆောင်နိုင်ပါဘူး။ လက်တွေ့ လုပ်ငန်းတွေကို မဆောင် ရွက်နိုင်သေးဘဲနဲ့ အခုကြိုတင်ပြီးတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ သဘောထားထုတ်ပြန် ကြေညာလိုက်တာဟာ နိုင်ငံရေးအရ ရှုပ်ထွေးမှုနဲ့ ဒီ NUG အပေါ်မှာ ရခိုင်တိုင်းရင်း သား တချို့ကနေပြီးတော့ အမြင်မကြည်လင်တာတွေ ဖြစ်လာနိုင်တဲ့ အကျိုးဆက်ပဲရှိပါတယ်။ ဒါကြောင့် ဒီအချိန်ဒီအခါမှာ မလုပ်သင့်သေးဘူး၊ မထုတ်ဖော်သင့်သေးဘူးလို့ ကျွန်တော်ထင်ပါတယ်။ လက်တွေ့မှာ ဘာမှဆောင်ရွက်နိုင်တဲ့ အခြေအနေ ရှိမှမရှိသေးပဲ။ အလကား နိုင်ငံရေးအရ ရှုပ်ထွေး မှုဖြစ်စေတာ သက်သက်ပဲလို့ ကျွန်တော် ယူဆတဲ့အတွက် ဒီအချိန်မှာ ဒါကိုထုတ်ပြန်ကြေညာနေတာ ကတော့ သိပ်မလိုအပ်ဘူးလို့ ကျွန်တော့်အနေနဲ့ ထင်ပါတယ်ခင်ဗျ”
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ ကျောက်ဖြူ၊ သံတွဲပြီးအစရှိတဲ့ မြို့နယ် ၁၂ ခုမှာ ရခိုင်တွေနဲ့ မွတ်စလင်တွေအကြားဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် လူ နှစ်သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။
အဲဒီအထဲက တစ်သိန်းကျော်ဟာ အခု အချိန် ၉ နှစ်လောက်ကြာလာတဲ့အတွက် ပြန်လည်နေရာ ချထားခြင်းမလုပ်နိုင်သေးဘဲ ကျဉ်းကျပ်တဲ့ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရဆဲဖြစ်ပါတယ်။
Saturday, June 12, 2021
Are formal interactions with China helping legitimise Myanmar’s junta in the eyes of the world?
10 Jun, 2021
- A recent Chinese embassy statement referring to coup architect Min Aung Hlaing as the ‘leader of Myanmar’ is among the exchanges decried by the shadow National Unity Government
- But analysts say while there are concerns over Beijing’s actions, they should not be over-interpreted – and Asean’s next moves could play a significant role in how the regime is perceived
Recent formal interactions between Myanmar’s junta and officials from China have raised questions about whether the generals who staged February’s coup are garnering international recognition as the Southeast Asian nation’s legitimate executive authority.
Friday, June 11, 2021
Why the National Unity Government’s Statement on Myanmar’s Rohingya Is Important
Thursday, June 10, 2021
New friends, old enemies: Politics of Ethnic Armed Organisations after the Myanmar Coup
10 JUN, 2021
The Arakan Army, Myanmar Military Coup and Politics of Arakan
Authors: Kyaw Lynn
Programmes:Myanmar in Focus
Myanmar people’s army aims wishfully at Tatmadaw
JUNE 8, 2021
Wednesday, June 9, 2021
US Welcomes Pledge by Myanmar Shadow Government to Help Rohingya
Tuesday, June 8, 2021
Rohingyas urge anti-coup gov't to repeal controversial citizenship law
BY ANADOLU AGENCY
DHAKA ASIA PACIFIC
JUN 06, 2021
Monday, June 7, 2021
ASEAN ကို အယုံအကြည် မရှိကြောင်း မြန်မာ စစ်အာဏာ သိမ်း ဆန့်ကျင်သူများပြော
ဧရာဝတီ
7 June 2021
အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အထူးသံတမန်နှစ်ဦးနှင့် စစ်ကောင်စီအကြီးအကဲ မင်းအောင် လှိုင်တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး တရုတ်နိုင်ငံ ချုံချင့်မြို့တွင် ASEAN-တရုတ် နိုင်ငံခြားရေး ဝန်ကြီးများ မြန်မာ့အရေး ဆွေးနွေးနေစဉ် ဒေသတွင်းသံတမန်ရေးအားထုတ်မှုကို အယုံအကြည် မရှိကြောင်း မြန်မာစစ် အာဏာသိမ်းမှု ဆန့်ကျင်သူများက ပြောသည်။
ASEAN သည် မြန်မာနိုင်ငံအကျပ်အတည်းမှ ထွက်ပေါက်ရှာရန် အဓိကကျသည့် နိုင်ငံတကာ သံတမန်ရေး အားထုတ်မှုကို ဦးဆောင်နေသည်။ တရုတ်နိုင်ငံကလည်း ASEAN ၏ သံတမန်ရေး ကြိုးပမ်းချက်ကို ထောက် ခံကြောင်းပြောသည်။
NUG ၏ မူဆလင်အရေးဆောင်ရွက်ရန် စီစဉ်နေမှု ALP လက်မခံ
Monday, June 07, 2021
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ မူဆလင်အရေးဆောင်ရွက်ရန် စီစဉ်နေမှုအား ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP) က လက်မခံကြောင်း ယမန်နေ့ ဇွန်လ ၆ ရက်နေ့က ကြေညာချက်ထုတ်လိုက်သည်။
NUG အနေဖြင့် လက်ရှိ မြန်မာနိုင်ငံအတွင်း အာဏာသိမ်းကိစ္စရပ်များအား မဆောင်ရွက်ဘဲ မူဆလင်အရေး ကိစ္စအား အဘယ့်ကြောင့် အလျင်စလို ဆောင်ရွက်နေရသလဲဟုလည်း ALP မှ ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော် လှိုင်က မေးခွန်းထုတ်ပြောဆိုသည်။
“NUG ပေါ်လာတာ ရှင်းရှင်းပြောရရင် နှစ်လလောက်ပဲရှိသေးတယ်။ သူတို့သုံးသွားတဲ့စကားလုံးသည် ရိုဟင် ဂျာပြည်သူများ၊ ရိုဟင်ဂျာလူမျိုးအဖြစ် အသိအမှတ်ပြုတယ်ဆိုပြီး သူတို့သုံးသွားတယ်။ အဲဒါကြောင့် သူတို့ NLD အစိုးရလက်ထက်မှာလည်း ဒီ ရိုဟင်ဂျာဆိုတာကို မသုံးခဲ့ဘူး။ အစိုးရအထက်ထက်ကလည်း မသုံးခဲ့ ဘူးဖြစ်တယ်။
NUG အစိုးရရဲ့ ရိုဟင်ဂျာ မူဝါဒသဘောထားအပေါ် ALP ပါတီ ကန့်ကွက်
ဇွန် ၇
အမျိုးသားညီညွတ်ရေး (NUG) အစိုးရရဲ့ ဇွန်လ (၃) ရက်နေ့က ထုတ်ပြန်တဲ့ ရိုဟင်ဂျာ မူဝါဒသဘောထားအပေါ် ကန့်ကွက်တယ်လို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က မနေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။ရခိုပြည်မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်မှာ ဖြစ်ပွားခဲ့တဲ့ အရေးကိစ္စနဲ့ ပတ်သက်ပြီး သက်တမ်းနုနယ် သေးတဲ့ NUG အစိုးရအနေနဲ့ အလျင်စလို မလုပ်ဆောင်သင့်တဲ့ အကြောင်းအရာဖြစ်တယ်လို့လည်း ALP ရဲ့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
NUG ရဲ့ ရိုဟင်ဂျာမူဝါဒသဘောထားကို အမေရိကန် ကြိုဆို
7 June 2021 ရိုဟင်ဂျာတွေအပေါ် ခွဲခြားဆက်ဆံမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖြေရှင်းဖို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ ကတိကဝတ်တွေကို ကြိုဆိုတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Ned Price က သူ့ရဲ့တွယ်တာမှာ ဒီကနေ့ ရေးသားထားပါတယ်။
“NUG ရဲ့ ရိုဟင်ဂျာတွေအပေါ် ခွဲခြားဆက်ဆံမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုအား ဖြေရှင်းဖို့ ကတိကဝတ် ထုတ်ပြန်ချက်ကို အမေရိကန်က ကြိုဆိုပါတယ်။ ကျွန်ုပ်တို့ဟ မြန်မာလူထုအားလုံးအတွက် ဆက်လက် ထောက်ခံအားပေးလျှက် ရှိပါတယ်” လို့ ပြောခွင့်ရသူ Ned Price က ပြောပါတယ်။
ရိုဟင်ဂျာအရေး ရခိုင်တိုင်းရင်းသားများ မစိုးရိမ်ရန် NUG ပြော
Published on Jun 5, 2021
ခေတ်အဆက်အဆက် ဖြေရှင်းမရသည့် ပြဿနာကို အလျင်စလိုလုပ်လျှင်၊ ဒေသအတွင်းအတူနေထိုင်ရမည့် သူများနှင့် ဆွေးနွေးခြင်းမရှိဘဲ ဆုံးဖြတ်လျှင် ဆိုးကျိုးသာဖြစ်စေမည်ဟု ရခိုင်အမျိုးသားပါတီက သတိပေး သည်။
ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားရသူများကို ရိုဟင်ဂျာဟု အသိအမှတ်ပြုခေါ်ဆိုခြင်း၊ နိုင်ငံသားဖြစ်မှုဥပဒေကို ပြင်ဆင်ရန် ကြိုးပမ်းခြင်းများအပေါ် ရခိုင်တိုင်းရင်းသားများ မစိုးရိမ်ကြရန် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ဆိုသည်။
“ရိုဟင်ဂျာများကို အသိအမှတ်ပြုခြင်းက ရခိုင်ပြည်နယ်မှာရှိတဲ့ ပြည်သူများကို စော်ကားနှိမ့်ချဖို့မဟုတ်ပါဘူး” ဟု NUG အစိုးရအဖွဲ့၏ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက Myanmar Now ကို ပြောသည်။
NUG အစိုးရအဖွဲ့၏ ပထမဆုံးအကြိမ်သတင်းစာရှင်းလင်းပွဲကို ယမန်နေ့ (ဇွန် ၅) ညနေပိုင်းက အွန်လိုင်းမှ တစ်ဆင့် ပြုလုပ်ခဲ့ရာတွင် ရိုဟင်ဂျာအရေးရပ်တည်ချက်နှင့် စပ်လျဉ်း၍လည်း NUG တာဝန်ရှိသူများက ထည့် သွင်းဖြေကြားခဲ့သည်။
Myanmar: ASEAN’s Empty Diplomacy Is Costing Lives
Monday, 7 June 2021
ASIA/MYANMAR - The Burmese Government of National Unity recognizes the rights of the Rohingya
Saturday, 5 June 2021
Sunday, June 6, 2021
NUG အစိုးရရဲ့ ရိုဟင်ဂျာမူဝါဒကို ALP ကန့်ကွက်
လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2021-06-06
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဇွန်လ ၃ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ရိုဟင်ဂျာမူဝါဒတွေကို ကန့်ကွက် ကြောင်း တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးထားတဲ့၊ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က ဒီကနေ့ သဘောထားထုတ် ပြန်လိုက်ပါတယ်။
ပြည်ထောင်စုအတွင်းက ပဋိပက္ခတွေနဲ့ အရင်းခံပြဿနာတွေကို အပြီးသတ်ချုပ်ငြိမ်းစေဖို့ ဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်မယ်ဆိုတဲ့ NUG ရဲ့ ရည်ရွယ်ချက်ကို ကြိုဆိုပေမယ့် ရခိုင်ပြည်နယ်မြောက်ပိုင်းက အေ ရးကိစ္စတွေကိုတော့ အလျှင်စလို မကိုင်တွယ်သင့်ဘူးလို့ ALP က ဆိုပါတယ်။
Myanmar Shadow Government Pledges Citizenship for Rohingya
June 04, 2021