" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, June 7, 2021

NUG အစိုးရရဲ့ ရိုဟင်ဂျာ မူဝါဒသဘောထားအပေါ် ALP ပါတီ ကန့်ကွက်

ဇွန် ၇

အမျိုးသားညီညွတ်ရေး (NUG) အစိုးရရဲ့ ဇွန်လ (၃) ရက်နေ့က ထုတ်ပြန်တဲ့ ရိုဟင်ဂျာ မူဝါဒသဘောထားအပေါ် ကန့်ကွက်တယ်လို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က မနေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ရခိုပြည်မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်မှာ ဖြစ်ပွားခဲ့တဲ့ အရေးကိစ္စနဲ့ ပတ်သက်ပြီး သက်တမ်းနုနယ် သေးတဲ့ NUG အစိုးရအနေနဲ့ အလျင်စလို မလုပ်ဆောင်သင့်တဲ့ အကြောင်းအရာဖြစ်တယ်လို့လည်း ALP ရဲ့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

NUG ရဲ့ မူဝါဒသဘောထားမှာ ဖော်ပြထားတဲ့ ထိလွယ်ရှလွယ် အကြောင်းအရာကို ကိုယ်တွယ်ဖြေရှင်းရာမှာ ဒေသခံ ပါတီ၊ အသင်းအဖွဲ့၊ လူမူအဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ တိုင်ပင်လုပ်ဆောင်ဖို့လိုအပ်ပြီး ရခိုင်တွေရဲ့ ထားမပါဘဲ ဆုံးဖြတ်လုပ်ဆောင်တဲ့ ဘယ်အဖွဲ့စည်း လုပ်ရပ်ကိုမှ လက်မှာမဟုတ်ဘူးလို့လည်း ALP ရဲ့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်ရှိ ထိလွယ်ရှလွယ် ပြဿနာကို ကိုယ်တွယ်ဖြေရှင်းမယ့် NUG ရဲ့ မူဝါဒသဘောထားဟာ အလွန်စဉ်းစားစရာဖြစ်နေပြီး တည်ငြိမ်စပြုနေတဲ့ ပြဿနာကို ပိုရှုပ်ထွေးအောင် လုပ်ဆောင်နေတာလို့လည်း စွပ်စွဲထားပါတယ်။

NUG အစိုးရဟာ ရိုဟင်ဂျာတွေအပေါ် အသိအမှတ်ပြုကြောင်း ထုတ်ဖော်ပြောထားပြီး ရိုဟင်ဂျာတွေနဲ့ အခြားလူမျိုးတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်ပွားစေတဲ့ နိုင်ငံသားစီစစ်ရေးကတ် ပြဌာန်းလုပ် ဆောင်တဲ့ လုပ်ငန်းစဉ်ကို ပယ်ဖျက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ၁၉၈၂ နိုင်ငံသား ဥပဒေကို ဖျက်သိမ်းပြီး ပြန်လည်ပြင်ဆင်တာနဲ့ အသစ်ပြဌာန်းမယ့် ဥပဒေတစ်ရပ်ကို ရေးဆွဲပြီး မြန်မာနိုင်ငံအတွင်း မွေးဖွားတဲ့သူ ဒါမှမဟုတ် မြန်မာနိုင်ငံသား မိဘတွေက မွေးဖွားတဲ့သူဟာ မြန်မာနိုင်ငံသား ဖြစ်ခွင့်ရှိတယ်လို့ NUG အစိုးရက ထုတ်ဖော်ပြောကြားထားတာ ဖြစ်ပါတယ်။

NUG အစိုးရရဲ့ မူဝါဒသဘောထား ထုတ်ပြန်ထားတဲ့ ရခိုင်ပြည်နယ်မှာ အမြစ်တွယ်နေတဲ့ အကြောင်းအရာဟာ အသင်းအဖွဲ့၊ ပါတီ၊ အစိုးရတစ်ရပ်ရပ်ရဲ့ လိုအင်ဆန္ဒအတွက် အသုံးချစရာ မဖြစ်သင့်ဘူးလို့လည်း ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP) ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */