" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ICJ. Show all posts
Showing posts with label ICJ. Show all posts

Tuesday, September 12, 2023

ICJ အမှု ပြင်သစ်ကြားဝင်မယ့်အပေါ် ရိုဟင်ဂျာတွေ ကြိုဆို

RFA
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.09.12

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) နှင့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ (Sheikh Hasina) တို့ ၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တွင် တွေ့ဆုံစဉ်။  Reuters
 
 
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ ဂမ်ဘီယာနိုင်ငံက မြန်မာကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စတင်တရားစွဲဆိုထားတဲ့ ရိုဟင်ဂျာ အ မှု အတွက် ကုလသမဂ္ဂရဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ပြင်သစ်နိုင်ငံအနေနဲ့ ကြားဝင် ဆောင်ရွက်သွားမယ်လို့ ပြင် သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) က ပြောလိုက်ပါတယ်။

ICJ ရောက် ရိုဟင်ဂျာအမှု ဂမ်ဘီယာနဲ့အတူ ပြင်သစ်ပါဝင် မည်

VOA
ဗွီအိုအေ (မြန်မာဌာန)
၁၂ စက်တင်ဘာ၊ ၂၀၂၃

BANGLADESH-FRANCE-POLITICS-DIPLOMACY

နိုင်ငံတကာတရားရုံးကိုရောက်နေတဲ့ ရိုဟင်ဂျာလူမျိုးသုဥ်းသတ်ဖြတ်မှုမှာ ပြင်သစ် က ဝင်ရောက်ဆောင်ရွက် မယ် လို့ ပြင်သစ်သမ္မတ အီမင်န်နျူရယ် မက်ခရွန်နဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ် ဟာစီနာတို့ရဲ့ ပူးတွဲကြေညာချက်မှာ ပြောလိုက်ပါတယ်။

Monday, September 11, 2023

ရိုဟင်ဂျာအရေး ပါဝင်ဆောင်ရွက်မယ်လို့ ပြင်သစ်သမ္မတ ပြော

RFA
RFA Burmese
2023.09.11

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) နှင့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ (Sheikh Hasina) တို့ ၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တွင် တွေ့ဆုံစဉ်။ AFP

ရိုဟင်ဂျာအရေး နိုင်ငံတကာတရားရုံး ICJ မှာ တရားစွဲထားတဲ့ကိစ္စကို ပြင်သစ်နိုင်ငံကလည်း ပါဝင် ဆောင်ရွက်သွားမယ်လို့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) က တနင်္လာ နေ့က ပြောလိုက်ပါတယ်။

Wednesday, September 6, 2023

မြန်မာကို ICJ မှာ တရားစွဲထားတဲ့ ဂမ်ဘီယာ ရှေ့နေအဖွဲ့ ခေါင်းဆောင်နဲ့ မေးမြန်းခန်း

BBC
၅ စက်တင်ဘာ ၂၀၂၃

၂၀၁၇ မှာ ထွက်ပြေးရသူ ၇ သိန်း ဝန်းကျင် ရှိတယ်လို့ ကုလစာရင်းဇယားတွေက ပြသ
 

ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် လူမျိုးတုန်း သတ်ဖြတ်မှု ဂျီနိုဆိုက် စွဲချက်နဲ့ မြန်မာနိုင်ငံ အပေါ် ဂမ် ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ စွဲဆိုထားမှု အတွက် မြန်မာဘက်က ချေပလွှာ counter-memorial ကို စစ်ကောင်စီဘက်က တင်သွင်းခဲ့ကြောင်း အတည်ပြုထားနိုင်ပါတယ်။

Sunday, September 3, 2023

မြန်မာကို ICJ မှာ တရားစွဲထားတဲ့ ဂမ်ဘီယာ ရှေ့နေအဖွဲ့ ခေါင်းဆောင်နဲ့ မေးမြန်းခန်း

BBC
၂ စက်တင်ဘာ ၂၀၂၃ 

ရိုဟင်ဂျာတွေ အပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ဂျီနိုဆိုက် စွဲချက်နဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ မြန်မာအပေါ် တရားစွဲထားတဲ့ ဂမ်ဘီယာ နိုင်ငံရဲ့ ICJ အမှု ရှေ့နေအဖွဲ့ကို ဦးဆောင်သူ အမ် အာ ဆလန် ဆူလေမန် M. Arsalan Suleman နဲ့ ဘီဘီစီ သီးသန့် မေးမြန်းထားတာကို အထူးအစီအစဥ် အဖြစ် တင်ဆက် ပေးမှာ ဖြစ်ပါတယ်။

ဂမ်ဘီယာဟာ ICJ အမှု အတွက် ဝါရှင်တန်ဒီစီမြို့တော် အခြေစိုက် ဖိုလီဟို့ဂ်ဆိုတဲ့ နိုင်ငံတကာ အ ငြင်း ပွားမှု အမှုခင်းတွေကို အထူးပြု ကိုင်တွယ်တဲ့ ရှေ့နေ အဖွဲ့ကို ငှားရမ်းထားတာ ဖြစ်ပြီး မစ္စတာ ဆူလေမန်ဟာ ဖိုလီဟို့ဂ်က အတွေ့အကြုံရင့် ရှေ့နေတစ်ဦး ဖြစ်ပါတယ်။ မစ္စတာ ဆူလေမန် ဟာ အချုပ်အခြာ အာဏာပိုင်နိုင်ငံတွေကြား ပေါ်ပေါက်တဲ့ နိုင်ငံတကာ အငြင်းပွားမှုတွေမှာ အထူးကျွမ်း ကျင်ပြီး၊ ICJ တရားရုံး အပါအဝင် တခြား နိုင်ငံတကာ ရုံးတော်တွေမှာ အမှုလိုက်ထားသူ တစ်ဦး ဖြစ် ပါတယ်။

Wednesday, August 16, 2023

ဒေါက်တာဝင်းမြတ်အေး ICJမှာ သက်သေထွက်ဖို့ ရိုဟင်ဂျာ တွေ တောင်းဆို

VOA
အင်ကြင်းနိုင်
၁၅ ဩဂုတ်၊ ၂၀၂၃ 

Handout picture released by the Colombian Foreign Ministry showing representatives of Colombia (L) and judges of the International Court of Justice (ICJ) standing before the UN's top court gives its verdict in the latest legal battle between Colombia and 

ရိုဟင်ဂျာတွေအပေါ် စစ်တပ်က အပြင်းအထန်ဖိနှိပ်ခဲ့တာကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ NUG ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအနေနဲ့ ICJ မှာ သက်သေအဖြစ်ထွက်ဆိုပေးဖို့ ရိုဟင်ဂျာ ခေါင်းဆောင်တ ချို့က တောင်းဆိုလိုက်ပါတယ်။

Tuesday, August 15, 2023

ဒေါက်တာဝင်းမြတ်အေး ICJ မှာသက်သေထွက်ဖို့ ရိုဟင်ဂျာ တွေ တောင်းဆို

VOA
အင်ကြင်းနိုင်

၁၅ ဩဂုတ်၊ ၂၀၂၃ 

ရိုဟင်ဂျာတွေအပေါ် စစ်တပ်က အပြင်းအထန်ဖိနှိပ်ခဲ့တာကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ NUG ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအနေနဲ့ ICJ မှာ သက်သေအဖြစ်ထွက်ဆိုပေးဖို့ ရိုဟင်ဂျာ ခေါင်းဆောင်တ ချို့ က တောင်းဆိုလိုက်ပါတယ်။ မအင်ကြင်းနိုင်က စုစည်းတင်ပြမှာပါ။

 

Link : Here

Monday, August 14, 2023

Dhaka seeks third-country resettlement of Rohingyas

Dhaka Tribune
Tribune Report
Publish : 11 Aug 2023,
File photo of Rohingyas. Photo: Dhaka Tribune
 
Foreign Secretary Masud Bin Momen has urged an OIC-UNHCR joint delegation to mobilize robust international support for a sustainable solution to the Rohingya crisis, emphasizing ensuring accountability for atrocities committed against Rohingyas, repatriation to Myanmar or third-country resettlement.

Wednesday, July 5, 2023

“စစ်အာဏာသိမ်း ၂နှစ်အတွင်း ဘာသာရေး အဆောက် အဦး၂၀၀နီးပါး တိုက်ခိုက်ခံရ” ICJ အစီရင်ခံ

VOA
နန်းလောင်ဝ်
၀၅ ဇူလိုင်၊ ၂၀၂၃ 

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လယ်ပြင်ကျေးရွာရှိ ဝတ်ပြုသည့် အဆောက်အဦးကို မီးရှို့ ဖျက်ဆီးခံရပြီးနော်ကပိုင်း လုံခြုံရေး ယူထားသည့် အခြေအနေကို တွေ့ရစဉ်။ ဓါတ်ပုံ - (MOI Web Portal)

စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ၂ နှစ်တာ ကာလအတွင်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းတွေ အပါအဝင် ခရစ်ယာန်နဲ့ မွတ်ဆလင် ဘာသာရေး အဆောက်အအုံ ၂၀၀ နီးပါး တိုက်ခိုက် ဖျက်ဆီး ခံခဲ့ရတယ်လို့ အပြည်ပြည် ဆိုင်ရာ ဥပဒေပညာရှင်များ ကော်မရှင် (ICJ) က ပြောပါတယ်။ ဘာသာရေး လူနည်းစုဝင်တွေနဲ့ အသိုင်းအဝိုင်း တွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေဟာ အာဏာသိမ်းမှုနောက်ပိုင်းမှာ ပို ဆိုးလာတယ်လို့လည်း ဇွန်လထဲ ထုတ်ပြန်တဲ့ ICJ ရဲ့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ ဒီအကြောင်း စုံစမ်းမေးမြန်းသတင်းပေးပို့ချက်ကို နန်းလောဝ်ပြောပြမှာပါ။

Thursday, June 22, 2023

Will a Legal Case in Argentina Bring Justice for the Rohingya?

THE DIPLOMAT
By Istiaque Ahamed
June 21, 2023

 

A case in Argentina, under the principle of universal jurisdiction, seeks to hold Myanmar’s leaders accountable for the atrocities committed against the Rohingya people. 

On June 7, Rohingya witnesses testified before an Argentine court about the atrocities committed by the Tatmadaw, the Myanmar Armed Forces, against civilians during the so-called clearance operation in 2017. This is a small but significant step in the process of ensuring justice for the long-persecuted Rohingya people.

The Rohingya were arbitrarily deprived of their citizenship by the Myanmar government in 1982, and currently, they are the world’s largest group of stateless people. They have been described by the United Nations as one of the most persecuted and most discriminated against minority groups in the world. The Rohingya have been subjected to repeated bouts of ethnic cleansing by the Myanmar government – in 1978, 1991–1992, 2012, and 2015. Hundreds of thousands of Rohingya were forced to flee to Bangladesh in each of these instances.

Saturday, June 17, 2023

နိုင်ငံတကာခုံရုံးတွေမှာ တရားစွဲခံနေရတဲ့ စစ်ကောင်စီ

RFA
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.06.15

၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့ ICJ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ရိုဟင်ဂျာအရေး ကြားနာနေချိန် တရားရုံးအပြင်ဘက်က ဆန္ဒပြနေကြသူများအားတွေ့ရစဉ်။Reuters

အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC၊ ကုလသမဂ္ဂရဲ့ နိုင်ငံတကာတရားရုံး ICJ သာမက အာဂျင်တီးနားနိုင်ငံ တရားရုံးတွေမှာပါ တရားစွဲခံနေရတဲ့ စစ်ကောင်စီဟာ ကမ္ဘာ့မျက်နှာစာမှာ ဘယ်လို ပြဿနာတွေ ရင်ဆိုင်ရဖွယ် ရှိပါသလဲ။

ဦးထွန်းခင် "အကြမ်းဖက်စစ်တပ်ကို များမကြာတဲ့ကာလ အတွင်းမှာ အရေးယူနိုင်မယ်လို့ ကျွန်တော်တို့ ပြောလို့ရ တယ်။"
စစ်ကောင်စီဟာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် နိုင်ငံတကာတရားရုံး ICJမှာ ထုချေလွှာတင်သွင်း ဖို့ ပြင်ဆင်နေရတဲ့တချိန်တည်းမှာပဲ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဂျင်တီး နားနိုင်ငံမှာ တိုင်ကြားထားတဲ့အမှုအတွက် ရိုဟင်ဂျာတွေကို တရားရုံးက ခေါ်ယူစစ်ဆေးခဲ့တာပါ။

Thursday, June 8, 2023

A Bleak Future Awaits, But There’s Still Hope!

BORDER CRIMINOLOGIES
UNIVERSITY OF OXFORD
Author(s) Arafat Reza,
Manzoor Hasan OBE
Posted :7 June 2023


Guest post by Manzoor Hasan OBE and Arafat Reza. Manzoor Hasan OBE is currently serving as the Executive Director of the Centre for Peace and Justice, BRAC University. He can be reached at manzoor.h@bracu.ac.bd. Arafat Reza is working as a Research Associate at the Centre for Peace and Justice, BRAC University. He can be reached at arafat.reza@bracu.ac.bd.

Credit: CPJ Volunteer.


We want to take you back to 2017. Ayesha Begum was twenty years old and the mother of a one-year-old boy at the time. She was having dinner with her sisters-in-law when Myanmar army forces stormed into their home and pushed the women into a room. For the next few hours, Ayesha and her sisters were raped in turns by twelve soldiers. Later when the opportunity arose, they walked for eight days and fled to neighbouring Bangladesh. Two of Ayesha’s sisters-in-law did not survive the tempestuous journey.

Tuesday, May 30, 2023

Amid repatriation attempts, OIC chief visits Rohingya in Bangladeshi camps

AA
Md Kamruzzaman and SM Najmus Sakib
DHAKA, Bangladesh
29.05.2023
 
Hissein Brahim Taha says organization working for safe, dignified repatriation of Rohingya to their home country

The chief of the Organization of Islamic Cooperation (OIC) on Monday visited the Rohingya refugee camps in Bangladesh's southern border district of Cox's Bazar to assess the living conditions of the persecuted community, according to official and local sources.

The secretary general of the world's biggest Islamic platform, Hissein Brahim Taha, exchanged views with the Rohingya refugees at Ukhia camp in Cox's Bazar, saying the organization is always active in protecting the interests of the persecuted Rohingya.

ဘောင်မဝင် တန်းမဝင် အကြမ်းဖက် စစ်အုပ်စု အဖြစ်သာ ကမ္ဘာ့နိုင်ငံများက လက်ခံထားမှု အပေါ် ICJ ကို အသုံးချပြီး တုန့်ပြန်နိုင်ဖို့ စစ်ကောင်စီ ကြံစည်

ရန်ကုန်ခေတ်သစ်မီဒီယာ
Yangon Khit Thit News Agency
လမ်းသစ်
May 30, 2023

အကြမ်းဖက် စစ်ကောင်စီဟာ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းခဲ့အပြီး ပြည်သူ လူထုရဲ့ ဘက်ပေါင်းစုံကနေ ခုခံ တုန့်ပြန်မှုတွေကြောင့် ယိုင်နဲ့နဲ့ အခြေအနေမှာ ရှိနေစဥ်မှာပဲ နိုင်ငံတကာမှာလည်း တရားစွဲခံထားရတဲ့ အမှုတွေအ တွက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်တွေအတွက် လူသတ်ကောင် မင်းအောင်လှိုင်တို့ စစ်အုပ်စု အနေနဲ့ တန်ပြန်ထုချေလွှာတင်ရဖို့ ရှိနေတာပါ။

Wednesday, May 24, 2023

လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်အတွက် စစ်ကောင်စီကို အချိန် ပေးနေမှု ဝေဖန်ခံနေရ

RFA
RFA Burmese
2023.05.24

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့က ကြားနာစစ်ဆေးစဉ်။ ICJ

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်အတွက် စစ်ကောင်စီဘက်က ထုချေလွှာ တင်သွင်းရမယ့် ရက်ကို နိုင်ငံတကာတရားရုံး (ICJ) က နောက်ထပ် သုံးလ ရွှေ့ဆိုင်းလိုက် တဲ့အပေါ် စိတ်ပျက်မိတယ်လို့ ရိုဟင် ဂျာ ဒုက္ခသည်တွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ က ပြောပါတယ်။

အမှန်တကယ် ထုချေလွှာ တင်ရမယ့်ရက်ဟာ ၂၀၂၃ ခုနှစ်၊ ဧပြီ ၂၄ ရက်ဖြစ်ပြီး စစ်ကောင်စီဘက်က အဆင်သင့် မဖြစ်သေးတာကြောင့် ၂၀၂၄ ခုနှစ်ထဲအထိ ရွှေ့ဆိုင်းပေးဖို့ အရင်ဆုံး တောင်းဆိုခဲ့တာပါ။ ဒါကြောင့် တရားရုံးက တစ်လနောက်ဆုတ်ပြီး မေလ ၂၄ ရက် ဒီနေ့မှာ ထုချေလွှာတင်သွင်းဖို့ ဆုံးဖြတ်ထားပြီးသား ဖြစ်ပါတယ်။

Tuesday, May 23, 2023

‘Feeling like prisoners’: The plight of Rohingya refugees today

Aljazeera
By Joseph Stepansky
Published On 25 Aug 2022

Five years ago, a violent campaign by security forces in Myanmar sparked a mass exodus of about 730,000 Rohingya, who – carrying their belongings on their backs and sometimes crowding onto makeshift bamboo and jerry-can rafts – fled in search of safety. Most headed to neighbouring Bangladesh.

Monday, May 8, 2023

စခန်းတွေထဲမှာ ပိတ်လှောင်ခံထားရမယ်ဆိုရင် မြန်မာနိုင်ငံ မပြန်ချင်ဘူးလို့ ရိုဟင်ဂျာတွေပြော

လူထုနွေဦး
၈ မေ ၂၀၂၃


စစ်​ကောင်စီဟာ ICJ မှာတရားရင်ဆိုင်​နေတာမှာ ​ဖြေရင်းဖို့ အချိန်တစ်နှစ်တိုး​ပေးဖို့​တောင်းဆိုထားတာကို တရား ရုံးက ဧပြီ လမှာ အချိန် တစ်လတိုး​ပေးထားတာဖြစ်ပါတယ်။

(ရိုဟင်ဂျာ ၂၀ ​လောက်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကအစိုးရအရာရှိ​တွေ ​မေ ၅ ရက်က ​မောင်း​တောကိုလာ​ရောက်ကြည့်ရှု့စဥ်။ဓါတ်ပုံ-AFP ၊Arab News)


▪︎ ရိုဟင်ဂျာ ၂၀ခန့်နဲ့ ဘင်္ဂလားဒေ့ရှ် အရာရှိ ၇ ဦးတို့ဟာ​မေ ၅ ရက်က မောင်တောမြို့နယ်နဲ့ အနီး တဝိုက် ကျေးရွာတွေမှာ ဖွင့်လှစ်ထားတဲ့ ပြန်လည် နေရာချထားရေး စခန်းတွေကို ပထမဆုံး အကြိမ်သွားရောက် ကြည့်ရှု့

 ပြန်လည် နေရာချထားရေး စခန်းတွေထဲမှာ ပိတ်လှောင် ခံနေရဦးမယ်ဆိုရင် မြန်မာနိုင်ငံ ပြန်သွားမှာ မဟုတ် ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် ရိုဟင်ဂျာတွေက ပြောကြားခဲ့ပါတယ်။ 

Tuesday, April 25, 2023

ICJ မှာ တန်ပြန် လျှောက်လဲချက် မြန်မာစစ်ကောင်စီ အချိန် မီမတင်နိုင်

VOA
ဗွီအိုအေမြန်မာပိုင်း
၂၅ ဧပြီလ ၂၀၂၃

 ရိုဟင်ဂျာအရေး ICJ မှာ အပြန်အလှန်လျှောက်လဲချက်ထက် မြန်မာစစ်တပ်ဟာ လူမျိုးတုံးသတ်ဖြတ်မှုရှိမရှိဆိုတဲ့ အဆင့်ကို ICJ ကတိုက်ရိုက်လုပ်ဆောင်ဖို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးက တောင်းဆိုလိုက်ပါတယ်။

Link : Here

Thursday, April 20, 2023

ရိုဟင်ဂျာအရေး မြန်မာဘက်က ချေပချက်တင်ဖို့ ICJ အချိန် ၁ လထပ်ပေး

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၂၀ ဧပြီ၊ ၂၀၂၃ 

ICJ နိုင်ငံတကာတရားရုံးမှာ အမှုရင်ဆိုင်ဖို့ရောက်ရှိနေတဲ့ မြန်မာနှင့် ဂမ်ဘီယာရှေ့နေများကိုတွေ့ရစဉ် (ဖေဖော်ဝါရီ ၂၁-၂၈၊ ၂၀၂၂)

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ICJ နိုင်ငံတကာ တရားရုံးကို အထောက် အထားတွေတင်ပြ လျှောက်လဲ ချက်ပေးရမယ့်ရက်ကို တရားရုံးက ၁ လပဲ အချိန်တိုးပေးလိုက်ပါတယ်။ မြန်မာ ဘက်က ပြန်လည်ချေပဖို့ ပြင်ဆင်စရာတွေရှိသေးတာကြောင့် အချိန်တိုးတောင်းခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

Wednesday, April 19, 2023

ရိုဟင်ဂျာကိစ္စဖြေရှင်းရန် စစ်ကောင်စီ အချိန်တိုးတောင်းမှု ICJ ပယ်ချ

Myanmar Now
ထူးအောင်
April 19, 2023

ဂမ်ဘီယာနိုင်ငံ၏ စွဲဆိုချက်များကို အင်္ဂလိပ်မှ မြန်မာဘာသာသို့ ဘာသာပြန်ဆိုရန် အချိန်မလုံလောက်ဟု အကြောင်းပြကာ စစ်ကောင်စီက အချိန် ၁၀ လ တိုးတောင်းသော်လည်း ပယ်ချခံရသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းက စစ်ကောင်စီကိုယ်စား စစ်တပ်အရာရှိဟောင်း ဦးကိုကိုလှိုင်ဦးဆောင်၍ ICJ တရားရုံး၌ သွားရောက်ဖြေရှင်းခဲ့စဉ်။ 


ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် အမှုရင်ဆိုင်နေရသည့် စစ်ကောင်စီက စွပ်စွဲချက်များ ဖြေရှင်းရေး အချိန် ၁၀ လ တိုးတောင်းခဲ့သော်လည်း ပယ်ချခံလိုက်ရသည်။

ရိုဟင်ဂျာကိစ္စနှင့် ပတ်သက်၍ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုခြင်းခံရကာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ICJ တရားရုံး၌ သွား ရောက်ဖြေရှင်းခဲ့သည်။ အာဏာသိမ်း စစ်ကောင်စီလက်ထက်တွင် စစ်တပ်အရာရှိဟောင်း ဦးကိုကိုလှိုင်ဦးဆောင် ၍ ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလအတွင်း တစ်ကြိမ်ဖြေရှင်းပြီး ဖြစ်သည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */