" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, September 3, 2023

မြန်မာကို ICJ မှာ တရားစွဲထားတဲ့ ဂမ်ဘီယာ ရှေ့နေအဖွဲ့ ခေါင်းဆောင်နဲ့ မေးမြန်းခန်း

BBC
၂ စက်တင်ဘာ ၂၀၂၃ 

ရိုဟင်ဂျာတွေ အပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ဂျီနိုဆိုက် စွဲချက်နဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ မြန်မာအပေါ် တရားစွဲထားတဲ့ ဂမ်ဘီယာ နိုင်ငံရဲ့ ICJ အမှု ရှေ့နေအဖွဲ့ကို ဦးဆောင်သူ အမ် အာ ဆလန် ဆူလေမန် M. Arsalan Suleman နဲ့ ဘီဘီစီ သီးသန့် မေးမြန်းထားတာကို အထူးအစီအစဥ် အဖြစ် တင်ဆက် ပေးမှာ ဖြစ်ပါတယ်။

ဂမ်ဘီယာဟာ ICJ အမှု အတွက် ဝါရှင်တန်ဒီစီမြို့တော် အခြေစိုက် ဖိုလီဟို့ဂ်ဆိုတဲ့ နိုင်ငံတကာ အ ငြင်း ပွားမှု အမှုခင်းတွေကို အထူးပြု ကိုင်တွယ်တဲ့ ရှေ့နေ အဖွဲ့ကို ငှားရမ်းထားတာ ဖြစ်ပြီး မစ္စတာ ဆူလေမန်ဟာ ဖိုလီဟို့ဂ်က အတွေ့အကြုံရင့် ရှေ့နေတစ်ဦး ဖြစ်ပါတယ်။ မစ္စတာ ဆူလေမန် ဟာ အချုပ်အခြာ အာဏာပိုင်နိုင်ငံတွေကြား ပေါ်ပေါက်တဲ့ နိုင်ငံတကာ အငြင်းပွားမှုတွေမှာ အထူးကျွမ်း ကျင်ပြီး၊ ICJ တရားရုံး အပါအဝင် တခြား နိုင်ငံတကာ ရုံးတော်တွေမှာ အမှုလိုက်ထားသူ တစ်ဦး ဖြစ် ပါတယ်။

အခု ကာလ အပိုင်းအခြားဟာ ရိုဟင်ဂျာတွေ အစုလိုက် အပြုံလိုက် ထွက်ပြေးခဲ့ရတဲ့ ၂၀၁၇ ဖြစ်ရပ် ရဲ့ ၆ နှစ်ပြည့်မြောက်တဲ့ ကာလ ဖြစ်သလို မြန်မာစစ်ကောင်စီ အနေနဲ့ ICJ ရုံးတော်ထံ counter-memorial လို့ ခေါ်တဲ့ ချေပလွှာ တင်သွင်းဖို့ ရက်ချိန်းပြည့်တဲ့ ကာလ အပိုင်းအခြားလည်းပဲ ဖြစ်ပါ တယ်။

ဒီတော့ .... မြန်မာ စစ်ကောင်စီ ဘက်က ချေလွှာက ဘယ်လို ပုံစံမျိုးလဲ .... ဘယ် အကြောင်းအရာ မျိုးတွေ ပါဝင်ပြီး ... ဘယ်လို ငြင်းခုံမှုတွေ ပြုလုပ်ထားပါလဲ ... ဒီ အချက်တွေကို အခု အစီအစဥ်ထဲ မှာ ကြားကြရဖို့ ရှိသလို ... ဂမ်ဘီယာရဲ့ ရှေ့နေအဖွဲ့ အနေနဲ့ အမှုအတွက် ဘာတွေ ပြင်ဆင်နေလဲ ... ဒီသီတင်းပတ်တွေ အတွင်း ICJ မှာ ဘာတွေ မြင်တွေ့ လာဖွယ် ရှိလဲ ဆိုတာတွေကိုလည်း ဂမ်ဘီယာ ရှေ့နေ အဖွဲ့ကို ဦးဆောင်နေသူ ကိုယ်တိုင်ရဲ့ ပြောဆိုချက်တွေကို ကြားကြရမှာ ဖြစ်ပါတယ်။

ဂမ်ဘီယာ ရှေ့နေအဖွဲ့ ခေါင်းဆောင် အာဆလန် ဆူလေမန်ကို ဘီဘီစီသတင်းထောက် ကိုဝေဖြိုး ဆက်သွယ် မေးမြန်းထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */