" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, September 12, 2023

ICJ အမှု ပြင်သစ်ကြားဝင်မယ့်အပေါ် ရိုဟင်ဂျာတွေ ကြိုဆို

RFA
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.09.12

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) နှင့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ (Sheikh Hasina) တို့ ၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တွင် တွေ့ဆုံစဉ်။  Reuters
 
 
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ ဂမ်ဘီယာနိုင်ငံက မြန်မာကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စတင်တရားစွဲဆိုထားတဲ့ ရိုဟင်ဂျာ အ မှု အတွက် ကုလသမဂ္ဂရဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ပြင်သစ်နိုင်ငံအနေနဲ့ ကြားဝင် ဆောင်ရွက်သွားမယ်လို့ ပြင် သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) က ပြောလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ကို အလည်အပတ်ရောက်ရှိနေတဲ့ ပြင်သစ်သမ္မတဟာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရှိတ် ဟာဆီနာနဲ့ စက်တင်ဘာလ ၁၁ ရက်နေ့က တွေ့ဆုံရာမှာ အခုလို ပြောခဲ့တာလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီး ဌာနက ထုတ်ပြန်တဲ့ နှစ်နိုင်ငံပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေကလည်း ပြစ်သစ်သမ္မတရဲ့ ပြောကြားချက်ကို ကြိုဆိုလိုက်ပါတယ်။ ပြင်သစ် နိုင်ငံက ကြားဝင်ဆောင်ရွက်မယ်လို့ ကြေညာလိုက်တဲ့အတွက် ICJ မှာ တရားစွဲထားတဲ့အမှုမှာ ရိုဟင်ဂျာတွေဘက် က ပိုအားကောင်းလာပြီလို့ ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင် ကပြောပါတယ်။

“ ဒီအမှုကို ICJ ကိုတင်သွင်းပြီးတဲ့နောက်မှာ မော်လဒိုက်က ကြားဝင်မယ်လို့ ပထမဆုံးကြေညာခဲ့တယ်။ နောက် တစ်ခါ နယ်သာလန်နဲ့ ကနေဒါ နှစ်နိုင်ငံက ကြေညာခဲ့တယ်။ မနှစ်က UK နဲ့ ဂျာမဏီလည်း ကြေညာခဲ့တယ်။ အ ခုနောက်ဆုံးကျတော့ ပြင်သစ်။ အခုခြောက်နိုင်ငံရှိပြီ။ ဒီဟာတွေက ဥပဒေကြောင်းအရ သူတို့လုပ်ငန်းစဉ်က ဘယ်လိုရှိလဲဆိုတာမပြောတက်ဘူး။ ကျွန်တော်တို့ မြင်တာကတော့ ဒီအမှုက တော်တော်လေးကို ပိုအင်အား ကောင်းလာတယ်။ အာဖရိက က ဂမ်ဘီယာနိုင်ငံတစ်နိုင်ငံတည်းမဟုတ်ဘဲနဲ့ဒီဘက်ကအနောက်နိုင်ငံကငါးနိုင်ငံ ။ ဒီငါးနိုင်ငံမှာတောင် အခု ပြင်သစ်ပါ ပါလာပြီဆိုတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက နှစ်နိုင်ငံပါလာပြီဆို တော့ ဒီအမှုက ပိုအားကောင်းလာပြီ။”

ဗြိတိန်အခြေစိုက် မြန်မာ-ရိုဟင်ဂျာအသင်း (ယူကေ)ရဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်ကလည်း ပြင်သစ်နိုင်ငံ ပါဝင်ဆောင်ရွက် မယ်ဆိုတာဟာ သတင်းကောင်း ဖြစ်တယ်လို့ သူ့ရဲ့တွစ်တာအကောင့်မှာ ပြောထားပါတယ်။

ကြားဝင်ဆောင်ရွက်တဲ့ နိုင်ငံတွေက စစ်အုပ်စုကို အရေးယူဆောင်ရွက်တာတွေ လုပ်ဆောင်လာဖို့ မျှော်လင့်တယ် လို့ လည်း လေ့လာသူတွေက ဆိုပါတယ်။

ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေကတော့ အခုလိုဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုထားတဲ့ ဒီအမှုမှာ လူ မျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံပေါင်း ၁၅၀ ကျော်လုံး ကြား ဝင်ဆောင်ရွက်ပေးဖို့ တောင်းဆိုမှုတွေရှိနေပါတယ်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒုက္ခသည်စခန်းတွေကနေ ဘာဆန်ချာကျွန်းကို ပြောင်းရွှေ့မည့် ရိုဟင်ဂျာများကို တွေ့ရစဉ်။ (Photo:Reuters)
 

ပြင်သစ်သမ္မတရဲ့ ပြောကြားချက်အပေါ် ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေက ကျေးဇူးတင်စကား ဆိုကြပါတယ်။

“ ပြင်သစ်သမ္မတ က အဲ့လိုပြောတဲ့အတွက် ကျွန်တော်တို့က ဝမ်းသာပါတယ်။ ယုံကြည်တယ်။ ကျေးလည်းကျေး ဇူးတင်တယ်။ ကျွန်တော်တို့အနေနဲ့ကတော့ စစ်ကောင်စီတွေကို နိုင်ငံတကာက ICJ ကိစ္စမှာ ဝိုင်းဝန်းပြောဆို တဲ့ အတွက် သူတို့ကို အရေးယူနိုင်မယ်လို့ ယုံကြည်ပါတယ်။ ပြစ်မှုကျူးလွန်တဲ့ ရာဇဝတ်ကောင်တွေကို အပြစ်ပေးဖို့ ကျွန်တော်တို့တောင်းဆိုချင်ပါတယ်။”

ဒါကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားဒုက္ခသည်စခန်းအမှတ် ၁၁ မှာ နေထိုင်တဲ့ ကျောင်းဆရာ ဦးကိုင်ရို ပြောသွားတာပါ။

ရိုဟင်ဂျာဒုက္ခသည်တွေကို ကူညီပံ့ပိုးနေတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကို ပြင်သစ်နိုင်ငံက အမေရိကန်ဒေါ်လာ ၁.၇ သန်းနဲ့ညီမျှတဲ့ ယူရို တစ်သန်း ထပ်မံလှူဒါန်းတယ်လို့လည်း ပြင်သစ်သမ္မတ ကပြောပါတယ်။

ခြောက်နှစ်ကျော်တဲ့အထိ လုံခြုံစိတ်ချစွာနေရပ်မပြန်နိုင်သေးတဲ့ ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည်တွေအတွက် အခု လို ပါဝင်ပေးတဲ့အတွက် ဝမ်းသာမိတယ်လို့ ဘာလုခါလီဒုက္ခသည်စခန်းမှာနေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည် ဦးကျော် မြင့် ကပြောပါတယ်။

“ ကျွန်တော်တို့ ရိုဟင်ဂျာတွေဟာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခံရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မောင်းထုတ်ခံ ရတာ ခြောက်နှစ်ကျော်၊ ခုနစ်နှစ် ထဲဝင်လာပြီ။ ဒီနေ့အထိကတော့ စစ်ကောင်စီဘက်က ကျွန်တော်တို့ကို နိုင်ငံ တကာ လူ့အခွင့်အရေးစံချိန်စံညွန်းနဲ့အညီ ခေါ်ယူဖို့ဆိုတာ ဘာတစ်ခုမျှ လုပ်ဆောင်လာတာ မတွေ့ခဲ့ရပါဘူး။ ဒီနေ့ဒီလို အခက်ကြုံနေရတဲ့ အချိန်ကာလမှာ ပြင်သစ်နိုင်ငံက ပါဝင်ဆောင်ရွက်လာတဲ့အပေါ်မှာ ကျွန်တော်တို့ က အင်မတန်ဝမ်းသာမိပါတယ်။” 

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကုတုပါလောင်ဒုက္ခသည်စခန်းတွင် ရိုဟင်ဂျာဒုက္ခသည်များ အစုအပြုံလိုက် ထွက်ခွာမှု ဒုတိယနှစ်ပတ်လည်နေ့ အထိမ်းအမှတ် ပြုလုပ်ခဲ့စဉ်။ (Photo:Reuters)

စစ်ကောင်စီက လက်ရှိမှာဆက်လက်ကျူးလွန်နေတဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကို ရှုတ်ချဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ မိတ်ဖက်နိုင်ငံတွေနဲ့အတူ ပြင်သစ်က လက်တွဲဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကုတုပါလောင်ဒုက္ခသည်စခန်းမှာနေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည် ကိုအောင်မြိုင်က ပြင်သစ် နိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ ရိုဟင်ဂျာဒုက္ခသည်တွေအတွက်သာမက လက်ရှိမြန်မာပြည်တွင်းမှာကြုံနေရတဲ့ အကြမ်းဖက်မှုတွေအတွက်ပါ အထောက်အကူရနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

“ တရားမျှတမှုရရှိဖို့ ဒါအခွင့်အလမ်းကောင်းတစ်ရပ်လို့ ကျွန်တော်တို့ ယူဆပါတယ်။ ပြင်သစ်ဆိုတာလည်း ဗီတို အာဏာရှိတဲ့ နိုင်ငံတစ်နိုင်ဖြစ်နေပါတယ်။ ကျွန်တော်တို့ ရိုဟင်ဂျာအတွက်သာမက လက်ရှိမြန်မာနိုင်ငံမှာလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ ဆက်တိုက်ဖြစ်နေတယ်။ ဒါကရိုဟင်ဂျာ အတွက်သာမက မြန်မာနိုင်ငံအတွက်ပါ အများကြီး အထောက်အကူဖြစ်ပါလိမ့်မယ်လို့ ကျွန်တော်တို့မျှော်လင့်ပါ တယ်။”

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံး ICJ မှာတရားစွဲဆို ထားတာပြီး ကြားနာစစ်ဆေးနေပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ICJတရားရုံး မှာ သွားရောက်ဖြေရှင်းခဲ့သလို အာဏာသိမ်းပြီးတော့လည်း ဦးကိုကိုလှိုင် ဦးဆောင်တဲ့ စစ်ကောင်စီကိုယ်စား လှယ် အဖွဲ့က ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာတစ်ကြိမ် ဖြေရှင်းခဲ့ပါတယ်။

ဒီအမှုအတွက် ၂၀၂၃ ခုနှစ်၊ မေလ ၂၄ ရက်နေ့ ထုချေလွှာအဆိုတင်သွင်းဖို့ တရားရုံးကဆင့်ခေါ်ခဲ့ပါတယ်။ ထုချေ လွှာတင်သွင်းမှုကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့အထိ ၁၀ လ ရွှေ့ဆိုင်းပေးဖို့ စစ်ကောင်စီက တောင်းဆို ခဲ့ပေမဲ့ တရားရုံးကတော့ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့မှာ တင်သွင်းရမယ်လို့ ဆုံးဖြတ်ထားပါတယ်။ စစ် ကောင်စီဘက်ကတော့ လက်ရှိအချိန်ထိ အမှုနဲ့ပတ်သက်ပြီး ထုချေလွှာမတင်သွင်းနိုင်သေးပါဘူး။

မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးကြောင့် ရိုဟင်ဂျာတွေဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးခဲ့ရပါတယ်။ လက်ရှိအချိန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည် တစ်သန်း ကျော် ရှိနေပြီး သူတို့တွေ နေရပ်မပြန်နိုင်ကြသေးပါဘူး။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */