" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, August 16, 2023

ဒေါက်တာဝင်းမြတ်အေး ICJမှာ သက်သေထွက်ဖို့ ရိုဟင်ဂျာ တွေ တောင်းဆို

VOA
အင်ကြင်းနိုင်
၁၅ ဩဂုတ်၊ ၂၀၂၃ 

Handout picture released by the Colombian Foreign Ministry showing representatives of Colombia (L) and judges of the International Court of Justice (ICJ) standing before the UN's top court gives its verdict in the latest legal battle between Colombia and 

ရိုဟင်ဂျာတွေအပေါ် စစ်တပ်က အပြင်းအထန်ဖိနှိပ်ခဲ့တာကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ NUG ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအနေနဲ့ ICJ မှာ သက်သေအဖြစ်ထွက်ဆိုပေးဖို့ ရိုဟင်ဂျာ ခေါင်းဆောင်တ ချို့က တောင်းဆိုလိုက်ပါတယ်။

ဒီကနေ့ (၂၁)ရာစုခေတ်မှာ လူမျိုးုတုံးသတ်ဖြတ်မှုထိကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ မြန်မာစစ် တပ်ရဲ့ ဖိနှိပ်မှုကို အပြင်းအထန်ခံခဲ့ရတဲ့ ရိုဟင်ဂျာတွေအတွက်တရားမျှတမှု ဖေါ်ဆောင်ခွင့် မရခဲ့တဲ့ အ ပေါ် NUG ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အများပြည်သူသိအောင် တောင်းပန်ခဲ့တဲ့အပေါ် ရိုဟာဂျာအသိုင်းအဝိုင်း ဦးဆောင်လှုပ်ရှားနေသူတချို့ရဲ့ တုံ့ပြန်ချက်တွေကို မအင်ကြင်းနိုင်က စုစည်း တင်ပြမှာပါ။

"အဓိကက ဝန်ကြီးပြောသွားတာက ရခိုင်ပြည်နယ်ကိစ္စနဲ့ ပတ်သက်လို့ အဲဒီကို သူကိုယ်တိုင် ၉၆ ကြိမ် လောက်သွားတယ်။ အဲဒီမှာ သူကအများကြီးကြုံခဲ့ရတယ်။ အဲဒီအချိန်က စစ်တပ်အောက်မှာရှိတဲ့ ပြည်ထဲရေးနဲ့ ကာကွယ်ရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာနတွေက လွှမ်းမိုးချုပ်ကိုင်ထားတာဆိုတော့ သတင်းကိုလည်း သူတို့က အမှောင်ချထားတာ၊ သူ့အနေနဲ့ သတင်းမီဒီယာတွေကို လွတ်လပ်သလို ပြောခွင့်မရတာတို့၊ ပိုဆိုးတာက ဝန်ကြီးပြောပုံအရဆိုရင် သူတို့ဝန်ကြီးဌာနက သက်ဆိုင်ရာ နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သတင်း တင်ပြတာကိုလည်း သူတို့က အကုန်လုံး သိနေတယ်။ အဲဒါကြောင့် ဖိအားတွေပေးတယ်။ သိနေတဲ့ သတင်းအချက်အလက်တွေကို တရားဝင် ပြော လို့မရဘူး။ မြေပြင်မှာရှိတဲ့ ထွေအုပ်လို့ခေါ်တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တင်ပြတဲ့အ ပေါ် မှာ သူတို့က လုပ်ကိုင်ရတဲ့ အနေအထားဖြစ်တယ်။ ဒါကြောင့်သူတို့အနေနဲ့လုပ်သင့်သလောက်မ လုပ်နိုင်ခဲ့ဘူး။ အဲဒီအတွက် ရိုဟင်ဂျာလူထုကို တောင်းပန်တယ်လို့ ဒေါက်တာဝင်းမြတ်အေးက ပြော သွားပါတယ်။"

ဒါကတော့ ရိုဟင်ဂျာ ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးရွှေမောင်က ဗွီအိုအေကို zoomကနေပြော သွားတာပါ။ ဇူလိုင်လက အမေရိကန်ပြည်ထောင်စုကို ရောက်ရှိခဲ့တဲ့ ဒေါက်တာဝင်းမြတ်အေးရဲ့ ခရီး စဉ်အတွင်း တက္ကဆက်ပြည်နယ် ဟူစတန်မြို့မှာ ရိုဟင်ဂျာအသိုင်းအဝိုင်းနဲ့ နှစ်နာရီကြာတွေ့ဆုံခဲ့ တာ နဲ့ ပတ်သက်လို့ ပြောပြခဲ့တာပါ။

"အာဏာရှိတုန်းက မလုပ်နိုင်ခဲ့တာကို အခုချိန်မှာအတိုးချလုပ် မယ် လို့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။ အထူးသဖြင့် ICC၊ ICJ စတဲ့ နိုင်ငံတကာတရားရုံးတွေကို ရောက်နေတဲ့ အမှုတွေမှာ အကောင်းဆုံးဖြစ်အောင် တာဝန်ရှိခဲ့တဲ့ ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက် သူတို့မှာ အထောက်အထားတွေ အများကြီးရှိတယ်။ အဓိက ဒီအ ချိန်မှာ ဘုံရန်သူဖြစ်တဲ့ စစ်ကောင်စီ စစ်အုပ်စုကို တိုက်ရမှာ ဖြစ်တဲ့ အ တွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ဖို့ သူတို့ ကတိုက် တွန်း ပြောကြားသွားတာရှိပါတယ်။"

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ် သြဂုတ်လက အာဆာရိုဟင်ဂျာလက်နက် ကိုင်အဖွဲ့ကိုနှိမ် နင်း ဖို့ ဆိုပြီး စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးမှာ အင်အားအဆမတန်သုံးဖိနှိပ်ခဲ့တဲ့အတွက် ရိုဟင်ဂျာ တွေ သိန်းနဲ့ချီပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခိုလှုံခဲ့ကြပါတယ်။ အဲဒီအချိန်က နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရအဖွဲ့ဝင် လူကယ်ပြန် ဝန်ကြီး အခု NUG အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ လူသားစာနာဝန်ကြီးအဖြစ် တာဝန်ယူထားတဲ့ ဒေါက်တာဝင်းမြတ်အေးအနေနဲ့ သူ့ဘက်က ပျက်ကွက်ခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်လို့လည်း ရိုဟင် ဂျာအသိုင်းအဝိုင်းကိုတရားဝင် တောင်းပန်ခဲ့ကြောင်း ဦးရွှေမောင်က ပြောပါတယ်။

ဗြိတိန် အခြေစိုက် မြန်မာရိုဟင်ဂျာ အဖွဲ့အစည်း (BROU) ဥက္ကဌ ဦးထွန်းခင်ရဲ့တုံ့ပြန်ချက်ကတော့-

"ဒေါက်တာဝင်းမြတ်အေးပြောတဲ့အပေါ်မှာ ကျနော့်အနေနဲ့ ကြိုဆိုပါတယ်။ ဒါက မြန်မာနိုင်ငံမှာ တာ ဝန်ခံမှု၊ တာဝန်ယူမှုဆိုတာရှိသလို အခုချိန်မှာ နွေဦးတော်လှန်ရေး နဲ့ အနာဂတ်မှာ လူမျိုးစုအား လုံး ပါဝင်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီစနစ်ကိုသွားနေချိန်မှာ ကျနော်တို့ အားလုံးအတွက် ကောင်းတဲ့ လက္ခ ဏာတခုပါ။"

ဦးထွန်းခင်ကိုယ်တိုင်လည်း မြန်မာစစ်ခေါင်းဆောင်တွေကို ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ် ဖြတ် မှု၊ စစ်ရာဇဝတ်မှု စတာတွေနဲ့ အာဂျင်တီးနားနိုင်ငံ တရားရုံးမှာ အမှုစွဲတင်ထားတာဖြစ်ပါတယ်။ လက် ရှိ နယ်သာလန်နိုင်ငံ the Hague မှာရှိတဲ့ ICJ နိုင်ငံတကာတရားရုံးမှာ စစ်ကောင်စီရင်ဆိုင်နေရတဲ့ ဂမ်ဘီယာနိုင်ငံက စွဲဆိုထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်မှာ ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ ဒေါက်တာ ဝင်းမြတ်အေးအနေနဲ့ သက်သေအဖြစ်ထွက်ဆိုပေးဖို့လည်း ဦးထွန်းခင်က အခုလိုတောင်းဆိုသွား ပါတယ်။

အထူးသဖြင့် ဒေါက်တာဝင်းမြတ်အေးကို ကျနော်တို့ ပြောချင်တာက ICJ နိုင်ငံတကာတရားရုံးမှာ ကျ နော်တို့ ဂျီနိုဆိုက် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲခံထားရတာရှိတယ်။ ဂမ်ဘီယာက စွဲထားတာ ဖြစ် တယ်။ ဒါက ကျနော်တို့နိုင်ငံမှာ စစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှုအထိ ဘယ်လောက်လုပ်ခဲ့သလဲ၊နှစ်ပေါင်း များစွာ ဘယ်လိုပါဝင်ပတ်သက်ခဲ့လဲဆိုတာ တာဝန်ရှိခဲ့တဲ့ ဒေါက်တာဝင်းမြတ်အေးအနေနဲ့ ဘယ်လို မြင် တွေ့ခဲ့သလဲ၊ ရှေ့ဆက်ပြီး ဒီအမှုအတွက် တရားမျှတမှုရအောင်တဖက်တလမ်းကနေ တရားမျှ တ မှု ရအောင် ထွက်ဆိုပေးဖို့ တောင်းဆိုချင်တယ်။ ကျနော်တို့ နိုင်ငံ အနာဂတ် ကောင်းဖို့ အတွက် အ ထောက်အကူဖြစ်မယ်လို့ ပြောချင်ပါတယ်။"

ဒါအပြင် မြန်မာစစ်တပ်က ရိုဟင်ဂျာတွေနဲ့ ပတ်သက်လို့ တချိန်လုံးဝါဒဖြန့်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က ခိုးဝင်ဘင်္ဂါလီတွေဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ သမိုင်းအမှန်ကို ဖေါ်ထုတ်နိုင်ရေး NUG အနေနဲ့ ရိုဟင်ဂျာအသိုင်းအဝိုင်းနဲ့ပူးပေါင်းကြိုးပမ်းသင့်တယ်လို့ ဦးထွန်းခင်က မြင်ပါတယ်။ လက်ရှိ NUG ကြားကာလ အစိုးရရဲ့လူ့အခွင့်အရေးဆိုင်ရာ ဒုတိယဝန်ကြီးအဖြစ် ရိုဟင်ဂျာ ခေါင်း ဆောင် တဦးကို ခန့်အပ်ခဲ့တဲ့အတွက် ရိုဟင်ဂျာအသိုင်းအဝိုင်းက ကြိုဆိုပေမယ့် အနာဂတ်မြန်မာ နိုင် ငံ မှာ ရိုဟင်ဂျာတွေ အခွင့်အရေးအာမခံနိုင်ဖို့ဟာ ဥပဒေပြဌာန်းပေးမှသာဖြစ်တယ်လို့ ဦးရွှေမောင်က ဗွီအိုအေကို ပြောသွားပါတယ်။


"ကျနော်တို့လည်း အမြဲတမ်းပြောပါတယ်။ အရင်အစိုးရ တာဝန်ရှိ တဲ့ ပုဂ္ဂိုလ်တဦးအနေနဲ့ တောင်းပန် လိုက်လို့ ဒီကိစ္စတွေပြီး သွားပြီ လို့ NUG ကလည်း မယူဆသလို၊ ကျနော်တို့ဘက်ကလည်း အဲဒီ လိုမျိုး မယူဆပါဘူး။ ပေါ့ပေါ့တန်တန်လည်း မတွေးပါဘူးကျနော် ဆိုရင် NUG အစိုးရဖွဲ့ကတည်းက ပြောခဲ့ တာရှိတယ်။ ရိုဟင်ဂျာ ကိစ္စက ပေါ်လစီထုတ်ထားရှိတာမှန်တယ်။ ဒါပေမယ့် ဒီလောက်နဲ့ မပြီးသေးဘူး။ အရင်တုန်းကလည်း မြန်မာနိုင်ငံလွတ်လပ်ရေးရတုန်းက ကျနော်တို့ ရိုဟင်ဂျာလူမျိုးကို တရားဝင် သုံးနှုန်းပြောဆိုခဲ့တာရှိတယ်။ ပေါ်လစီ မူဝါဒရှိခဲ့တယ်။ ဒါပေမဲ့ ခေတ်အဆက်ဆက်မှာ ဥပဒေနဲ့ အညီ မပြ နိုင်ခဲ့တဲ့အတွက် အားနည်းချက်တွေအများကြီးရှိခဲ့တယ်။ နောက်ဆုံး ၂၀၁၂ခုနှစ် မှာ စပြီး တရားမ ဝင်ခိုးဝင်တွေဆိုပြီး စွပ်စွဲခဲ့တာဖြစ်ပါတယ်။ နောင်မှာ အဲဒါမျိုးအလားတူ လုပ်လို့ မရ အောင် ရိုဟင်ဂျာ တွေရဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်လို့ ဥပဒေအရ ပြဌာန်းပေးပါလို့ ကျနော်တို့ ဆီ လာသွားတဲ့ ပြည် ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ CRPH လွှတ်တော်ကိုယ်စားပြု ကော်မ တီ ဥက္ကဌတို့ အခြား သော တာဝန်ရှိပုဂ္ဂိုလ်တွေကို ကျနော်တို့က ဆွေးနွေးညှိုနှိုင်းတာတွေရှိပါတယ်။"

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */