" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ICC. Show all posts
Showing posts with label ICC. Show all posts

Saturday, December 21, 2019

What next for the troubled International Criminal Court?

THE CONVERSATION
December 20, 2019
Evert Elzinga/EPA

Lecturer in Law, Edinburgh Napier University 


The International Criminal Court (ICC) was set up by international agreement in 2002 to prosecute individuals accused of war crimes and crimes against humanity. It was intended to complement, not replace, national criminal systems, prosecuting only when states are unwilling or unable to do so.

At the time, some lauded it as the cornerstone of the emerging system of international justice, but not all countries were keen on the idea of an international war crimes court.

Tuesday, December 17, 2019

မြန်မာစစ်အရာရှိတွေ ရာဇဝတ်မှုကျူးလွန်တယ်လို့ ပြောဖို့ စောသေးကြောင်း ICC ရှေ့နေပြော

VOA
ဗွီအိုအေ (မြန်မာပိုင်း)
17 ဒီဇင်ဘာ၊ 2019
ICC ရဲ့ ရှေ့နေချုပ် Fatou Bensouda 
 
မြန်မာအာဏာပိုင်တွေက ရိုဟင်ဂျာတွေ အပေါ် ဆန့်ကျင်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ICC နိုင်ငံ တကာ ရာဇဝတ်ပြစ်မှုဆိုင်ရာ ခုံရုံး ICC တရားသူကြီးတွေက မကြာခင်က စုံစမ်းခွင့် ပြုထားပြီး ဖြစ်ပေ မယ် လို့လည်း ဒီအရေးမှာ မြန်မာ စစ်တပ် အကြီးအကဲတွေ ပါဝင် ပတ်သက်သလားဆိုတာကတော့ ပြောဖို့ စောလွန်းနေသေးတယ်လို့ ICC ရဲ့ ရှေ့နေချုပ် Fatou Bensouda က France 24 နဲ့ သီးသန့် တွေ့ဆုံ မေးမြန်း မှု အတွင်း ပြော ဆိုသွားပါတယ်။

Sunday, December 8, 2019

ICJ/ICC တရားစွဲ စုံစမ်းစစ်ဆေးမှု ထောက်ခံကြောင်း ဝါရှင် တန် မြန်မာသံရုံးရှေ့ ဆန္ဒထုတ်ဖော်

VOA
ဗွီအိုအေ (မြန်မာဌာန)
08 ဒီဇင်ဘာ၊ 2019
ကိုဉာဏ်ဝင်းအောင်
ဝါရှင်တန်ဒီစီ မြန်မာသံရုံးရှေ့ စုဝေး ဆန္ဒပြသူများ။ (ဓာတ်ပုံ - Karen Organization America, ဒီဇင်ဘာ ၇၊ ၂၀၁၉)

မြန်မာစစ်တပ်နဲ့ အစိုးရဟာ ရိုဟင်ဂျာ မွတ်စလင်တွေ အပါအဝင် လူနည်းစု တိုင်းရင်းသားတွေအပေါ် ကျူး လွန် ထားတဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိတာကြောင့် တရားမျှတမှု ရှိလာအောင် ICJ နဲ့ ICC တရားရုံး တွေ က လုပ်ဆောင်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း အမေရိကန်ရောက် တိုင်းရင်းသားတွေက ပြောဆို လိုက်ကြပါတယ်။ စနေနေ့က ဝါရှင်တန် မြန်မာသံရုံးရှေ့ ဆန္ဒပြပွဲမှာ အဲဒီလို ပြောဆိုလိုက်တာပါ။ အပြည့် အစုံကို ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

Tuesday, December 3, 2019

ICJ အမူနှင့် ICC စုံစမ်းဖော်ထုတ်မှု ကိစ္စရပ်အပေါ် ကရင် အဖွဲ့အစည်း ၄၀ ကျော်က ထောက်ခံ ကြိုဆို

KIC
December 4, 2019

ဒီဇင်ဘာ ၃ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူး

အပြည်ပြည်ဆိုင်ရာ တရားရုံး-ICJ တွင် မြန်မာနိုင်ငံရင်ဆိုင်သွားရမည့်အမှုနှင့် နိုင်ငံတကာ ရာဇဝတ်ခုံရုံး-ICC ၏ စုံစမ်းဖော်ထုတ်မှုအပေါ် ကမ္ဘာအနှံ့ရှိ ကရင်အဖွဲ့အစည်းပေါ်း ၄ဝကျော်မှ ကြိုဆိုထောက်ခံကြောင်း ဒီဇင်ဘာ ၂ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။

Monday, December 2, 2019

Rohingyas: Hope At Last

INDIA LEGAL
By Prakash Bhandari in Dhaka
December 1, 2019



For the Rohingyas, the largely Muslim community living as stateless people in Myanmar for centuries and who have been facing rights abuses in their country of birth, there is hope yet. With the International Court of Justice (ICJ), the highest UN court and the International Criminal Court (ICC) approving a full investigation into Myanmar’s alleged crimes committed by the Myanmar military, the persecuted community now feels justice may not be long in coming.

Sunday, December 1, 2019

ICJ အတွက် အစိုးရ ဘာတွေပြင်ဆင်ထားလဲ

ELEVEN 
1 DECEMBER 2019
ဆန်းမိုးထွန်း
နိုဝင်ဘာ ၂၃ ရက်က သမ္မတအိမ်တော်တွင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ မြန်မာနိုင်ငံကို တရားစွဲဆိုခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ပြန်လည်တုံ့ပြန်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေကို ရှင်းလင်းတင်ပြစဉ်

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသမှာ ARSA အဖွဲ့ အကြမ်းဖက်တိုက်ခိုက်မှုပြီးနောက်ပိုင်းဘင်္ဂါလီ တွေ အပေါ် မြန်မာနိုင်ငံက လူမျိုးသုဉ်းသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင် ရာတရားရုံး (International Court of Justice - ICJ) မှာ နိုဝင်ဘာ ၁၁ ရက်က မြန်မာနိုင်ငံကို တရားစွဲခဲ့ပါတယ်။

Thursday, November 28, 2019

ICJ ၊ICC တရားရုံးများမှာ မြန်မာ တရားစွဲခံရမှုကို ထောက်ခံ ကြောင်း မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့ ထုတ်ပြန်


B B C
ဘီဘီစီ မြန်မာပိုင်း
28 နိုဝင်ဘာ2019

ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ နဲ့ ဘင်္ဂလားဒေရှ့် နိုင်ငံက နိုင်ငံတကာရာဇဝတ်မှု တရား ရုံး ICC အပါအဝင် နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်မူအရ အာဂျင်တီးနား တရားရုံးမှာ အမှုဖွင့်ပြီး မြန်မာတပ်မ တော်ကို အရေးယူနိုင်ရေး ကြိုးပမ်းနေတာကို မြောက်ပိုင်း မဟာမိတ် ၃ဖွဲ့က ထောက်ခံတယ်လို့ နိုဝင်ဘာလ ၂၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ် ။

မြောက်ပိုင်း မဟာမိတ် အဖွဲ့တွေ ဖြစ်တဲ့ MNDAA /TNLA/AA တို့က ဒီပြဿနာတွေဟာ မြန်မာတပ်မ တော် ရဲ့ လူမျိုးတုံး သတ်ဖြတ်မှု စစ်ရာဇဝတ်မှုတွေလို့ ရည်ညွှန်းထားတာ တွေ့ရပါတယ်။

Monday, November 25, 2019

ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာတွေကိုတိုက်ခိုက်ဖို့ မြန်မာ နိုင်ငံမှာ နိုင်ငံတော်မူဝါဒရှိနိုင်တယ်လို့ ICC မှ တရားသူကြီး များ စိုးရိမ်နေ

Myanmar Online News
2019/11/25


ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာ တွေကို နိုင်ငံတော်အဆင့်မူဝါဒထားပြီး တိုက်ခိုက်ကောင်းတိုက်ခိုက်နိုင် တယ်လို့ နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာတရားရုံး (ICC) တရားသူကြီးတွေက စိုးရိမ်နေတယ်ဆိုပြီး ICCရှေ့ နေဖာတူ ဘန်ဆူဒါက သောကြာနေ့မှာပြောပါတယ်။

“ရိုဟင်ဂျာတွေကိုတိုက်ခိုက်ဖို့ မြန်မာနိုင်ငံမှာ နိုင်ငံတော်အဆင့်မူဝါဒရှိတယ်လို့ယူဆနိုင်တဲ့ ခိုင်လုံတဲ့ အခြေ ခံ တွေရှိနေတယ်လို့ တရားသူကြီးတွေက လက်ခံကြတယ်။” ဆိုပြီး သူကပြောတာပါ။ ရိုဟင်ဂျာတွေကို ကျူး လွန်ခဲ့တဲ့မှုခင်းတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု စတင်ဖို့ ICC ကခွင့်ပြုခဲ့တဲ့နောက် အခုလိုပြောလိုက် တာ ပါ။

Saturday, November 23, 2019

မြန်မာနိုင်ငံ၌ ရိုဟင်ဂျာမွတ်စလင်များကို တိုက်ခိုက်ရန် နိုင်ငံတော် မူဝါဒရှိနေမည်ကို ICC စိုးရိမ်

ELEVEN
23 NOVEMBER 2019
REF: THE DAILY STAR

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ၏ တရားစွဲဆိုရေးအကြီးအကဲ ဖာတူးဘင်ဆူဒါက မြန်မာနိုင်င အနေဖြင့် ရခိုင် ပြည် နယ်ရှိ လူနည်းစုအုပ်စုဖြစ်သော ရိုဟင်ဂျာဟု မွတ်စလင်များအား တိုက်ခိုက်ရန် နိုင်ငံ တော် မူဝါဒရှိနေ မည် ကို ICC တရားသူကြီးများက စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

“ ရိုဟင်ဂျာအုပ်စုကို တိုက်ခိုက်ဖို့ မြန်မာနိုင်ငံမှာ နိုင်ငံတော်မူဝါဒတစ်ရပ် ရှိထားနိုင်တယ်လို့ ယုံကြည်ရ လောက်တဲ့ အခြေ ခံ အကြောင်းတရားတစ်ရပ် ရှိနေတာကို တရားသူကြီးတွေက လက်ခံကြပါတယ်” ဟု ဘင်ဆူဒါက နိုဝင်ဘာ ၂၂ ရက် တွင် ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်၌ ပြောကြားထားသည်။

ICC အမှု မြန်မာငြင်းပယ်နေရင် ပြဿနာပိုကြီးထွားနိုင်

လွတ်လပ်တဲ့အာရှအသံ ( RFA )
မိုးမြင့်
2019-11-22

 နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) နဲ့ ပူးပေါင်းဖို့ မြန်မာဘက်ကငြင်းပယ်ရင် နောက်ဆက်တွဲက ပိုရှုပ် ထွေးလာနိုင်ကြောင်းနဲ့ ICC ဟာ အစွယ်မရှိတဲ့ကျားကြီး paper tiger မဟုတ်ကြောင်း ဥပဒေပါရဂူဘွဲ့ရ ဒေါက်တာ အင်ဒရူး ငွန်ကျုံးလျန်က RFA နဲ့ သီးသန့်အင်တာဗျူးမှာ သုံးသပ်ပြထားပါတယ်။

လင့်၊https://www.rfa.org/burmese/interview/andrew-ngun-cung-lian-interview-11222019081435.html

မြန်မာပြည် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် နိုင်ငံတကာ ၏ အရေးယူဆောင်ရွက်ချက်များ

ဧရာဝတီ
ရှောင်ဘိန်း
23 November 2019
၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်း နယ်ခြားကို ကျော်ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာသူ အမျိုးသမီးတဦး / Reuters

မြန်မာနိုင်ငံရှိဆိုးဝါးသော လူ့အခွင့်အရေးချိုးဖောက်မှုများတွင် နိုင်ငံတကာဥပဒေအရ အလွန်လေးနက်သော ရာ ဇဝတ်မှုများပါဝင်နိုင်ပြီး နိုင်ငံတကာအသိုင်းအဝန်းမှ အလေးထားရမည့် ကိစ္စတရပ်ဖြစ်ပေသည်။ သို့ရာတွင်လက် ရှိ အစိုးရ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးရေးပြုလုပ်ခြင်းနှင့် တရားစွဲအရေးယူခြင်းဖြင့် နိုင်ငံတ ကာဥပဒေနှင့် စံနှုန်းများနှင့်အညီ တာဝန်ယူ တာဝန်ခံမှုရှိစေရန်နှင့် ဥပဒေအရ ပြန်လည်ကုစားမှု ပေးနိုင်ရန် ဖော်ပြပါရာဇဝတ်မှုများကို အရေးယူဆောင်ရွက်ရမည့် အစိုးရတရပ်၏ တာဝန်များကို ပျက်ကွက်လျက် ရှိပါ သည်။ ထိုအခြေအနေကို တုံ့ပြန်သည်အနေဖြင့် နိုင်ငံတကာမှ မြန်မာနိုင်ငံအား တရားရေးရာဆောင် ရွက်မှု အချို့သည် အရှိန်တခုရ လာနေပြီ ဖြစ်သည်။

စုံစမ်းစစ်ဆေးမှုတွေ စတင်ပြီလို့ ICC ရှေ့နေချုပ် ကြေညာ

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
ခက်မာ
2019-11-22
ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးရဲ့ စွဲချက်တင်ရှေ့နေချုပ် Fatou Bensouda ကို တွေ့ရစဉ်
Photo: PETER DEJONG / POOL / AFP
                                      

သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စတင်စုံစမ်းဖို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) က ခွင့်ပြုလိုက်တဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေ စတင်တော့ မှာဖြစ်ကြောင်း ICC ရှေ့နေ ဖာတူး ဘင်ဆိုဒါ (Fatou Bensouda) က ပြောလိုက်ပါတယ်။

အမှန်တရားကို ဖော်ထုတ်ဖို့ လွတ်လပ်ပြီး ဘက်လိုက်မှုကင်းတဲ့ စုံစမ်းစစ်ဆေးမှုတွေဖြစ်အောင် ကြိုးပမ်း သွာ မယ် လို့လည်း မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောဆိုခဲ့တာပါ။

ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် အစုလိုက် အပြုံလိုက် ထွက်ပြေးအောင် လုပ်ခဲ့ တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ အမှုကို စုံစမ်းခွင့်ပြုဖို့ ရှေ့နေ Bensouda က ဇူလိုင်လ ၄ ရက်နေ့မှာ လျှောက်ထားခဲ့ တာကို ICC က ဒီတစ်ပတ်ထဲမှာပဲ ခွင့်ပြုလိုက်ပြီးနောက် စုံစမ်းမှုတွေစတင်ဖို့ ကြေညာလိုက်တာလည်း ဖြစ် ပါတယ်။

ICC ရှေ့နေ စုံစမ်းစစ်ဆေးမှုဆိုင်ရာ ထုတ်ပြန်ကြေညာ

VOA
ဗွီအိုအေ (မြန်မာဌာန)
ရဲမင်းထွန်း
23 နိုဝင်ဘာ၊ 2019  
ICC ရှေ့နေ Fatou Bensouda

ICC ခေါ် နိုင်ငံတကာ ရာဇ၀တ်မှုခင်းဆိုင်ရာ တရားရုံး ရှေ့နေ Fatou Bensouda က မြန်မာနိုင်ငံနဲ့ ပတ်သက် ပြီး ICC က စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်ဖို့ ပြီးခဲ့တဲ့ အပတ်က ICC တရားသူကြီးတွေက သူ့ကို အ ခွင့်အာဏာပေးအပ်ခဲ့ပြီဖြစ်ကြောင်း နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါ တယ်။ ရှေ့နေ Fatou Bensouda က သူ့ရဲ့ ကြေညာချက်မှာ ဘယ် ရာဇ၀တ်မှုခင်း တွေအပေါ်မှာ ဘယ်လို စုံစမ်း စစ် ဆေးမလဲဆိုတာနဲ့ ပတ်သက်ပြီး အပြည့်အစုံကို ကိုရဲမင်းထွန်းက ဆက်လက် ပြောပြမှာပါ။

ICC တရားရုံး ရှေ့နေ Fatou Bensouda က၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့မှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်အခြေ အနေကို ICC က စတင် စစ်ဆေးနိုင်ဖို့အတွက် ICC တရားသူကြီးတွေဆီက ဥပဒေ အခွင့်အာဏာ တောင်း ခံထားခဲ့တာဖြစ်ပါတယ်။

Thursday, November 21, 2019

အိုင်စီဂျေ၊ အိုင်စီစီ နိုင်ငံတကာ တရားရုံးကိစ္စ မြန်မာနိုင်ငံ ဘယ်လိုတုံ့ပြန်ဖြေရှင်းသင့်သလဲ

လွတ်လပ်တဲ့အာရှအသံ ( RFA )
အေးအေးမွန်
2019-11-21

ဒီတပတ် “ယနေ့ နိုင်ငံရေး” အစီအစဉ်မှာ "အိုင်စီဂျေ၊ အိုင်စီစီ နိုင်ငံတကာ တရားရုံးကိစ္စတွေကို မြန်မာနိုင်ငံ ဘယ်လိုတုံ့ပြန်ဖြေရှင်းသင့်သလဲ" ဆိုတာကို ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။

ရခိုင်အမျိုးသားပါတီ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောနဲ့ ပြည်သူ့လွှတ်
‌တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီဝင်တစ်ဦးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော် တို့နဲ့အတူ RFA- ဝိုင်းတော်သူ မအေးအေးမွန်က ဆွေးနွေးတင်ပြထားပါတယ်။


လင့်၊https://www.rfa.org/burmese/politics/politics-today-11212019020611.html

Wednesday, November 20, 2019

New fronts in the fight for justice

Frontier
MYANMAR 
By THOMAS KEAN | FRONTIER
November 20,2019

The filing of cases against Myanmar and its leaders in The Hague and Argentina for their role in the Rohingya crisis will increase the pressure on Nay Pyi Taw. In the first of a two-part series, we explain how these cases emerged, what challenges they face and how Myanmar is likely to respond.
THE international push for accountability over alleged crimes committed against the Rohingya in Rakhine State – which potentially include genocide – has taken some important steps forward.

Tuesday, November 19, 2019

ICC ၊ ICJ တရားစီရင်မှုတွေကနေ မြန်မာအစိုးရ လွတ် မြောက် စရာမရှိဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး တစ်ဦး ပြောဆို

အကုန်သိ
ကိုလင်း ( အကုန်သိ သတင်းဌာန ) 
19 November 2019

မြန်မာအစိုးရ အနေနဲ့ နိုင်ငံတကာ တရားရုံး ICJ၊ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံး ICC တို့ရဲ့ တရားစီရင် မှုကနေ လွတ်မြောက်စရာမရှိကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ နိုင်ငံရေး ရာဝန်ကြီး အမ် ရှာရီယာအလမ် က ပြောဆိုခဲ့ပါတယ်။ 

နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာအပေါ် ဖိအားဝိုင်းပေးနေပါကြောင်း၊ မိမိအနေနဲ့ အာမခံပြောကြားလို တာ ကတော့ မြန်မာနိုင်ငံဟာ ICJ ICC တို့ရဲ့ တရားစီရင်မှုကနေ ကင်းလွတ်ဖို့မရှိဘူးဆိုတာဖြစ်ကြောင်း တနင်္လာနေ့မှာ အလမ် က ပြောဆိုခဲ့တာဖြစ်ပါတယ်။ Institute of Conflict၊ Law & Development Studies (ICLDS) နဲ့ “ Bhorer Kagoj” သတင်းစာတို့ပူးပေါင်း စီစဉ်ပြီး ဒါကာမြို့ရှိ အမျိုးသားသတင်းမီဒီယာကလပ် မှာ ပြုလုပ်တဲ့ ဘင်္ဂါလီ (မူရင်းအသုံး ရိုဟင်ဂျာ) နေရပ်ပြန်ပို့ရေးဆိုင်ရာ ကွန်ဖရင့်တစ်ခုမှာ ဧည့်သည်တော် အကြီးအကဲ အဖြစ် ဝန်ကြီး အလမ် က စကားပြောဆိုခဲ့တာဖြစ်ပါတယ်။ 

Monday, November 18, 2019

ICC authorizes investigation into Myanmar crimes against humanity

ExpertLegal
18 November 2019

The International Criminal Court (ICC) on Thursday authorized an investigation into allegations that Myanmar has committed crimes against humanity in its treatment of the Rohingya Muslim minority.

Myanmar is outside of the ICC’s jurisdiction, which is limited to those states that are a party to the Rome Statute treaty. However, its neighbor Bangladesh is a party to the Rome Statute. At least one charge is believed to have occurred in Bangladesh, and therefore, the ICC is extending its jurisdiction to investigate other related allegations in Myanmar itself. Specifically, the ICC will investigate crimes that have occurred “within the context of two waves of violence in Rakhine State on the territory of the Republic of the Union of Myanmar, as well as any other crimes which are sufficiently linked to these events.”

The authorization of this investigation arises from a request made in July by ICC Prosecutor Faou Bensouda to formally open the investigation. Following her request, the ICC conducted an initial survey as to the potential validity and necessity of such an investigation.
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */