အကုန်သိ
ကိုလင်း ( အကုန်သိ သတင်းဌာန )
19 November 2019
မြန်မာအစိုးရ အနေနဲ့ နိုင်ငံတကာ တရားရုံး ICJ၊ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံး ICC တို့ရဲ့ တရားစီရင် မှုကနေ လွတ်မြောက်စရာမရှိကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ နိုင်ငံရေး ရာဝန်ကြီး အမ် ရှာရီယာအလမ် က ပြောဆိုခဲ့ပါတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာအပေါ် ဖိအားဝိုင်းပေးနေပါကြောင်း၊ မိမိအနေနဲ့ အာမခံပြောကြားလို တာ ကတော့ မြန်မာနိုင်ငံဟာ ICJ ICC တို့ရဲ့ တရားစီရင်မှုကနေ ကင်းလွတ်ဖို့မရှိဘူးဆိုတာဖြစ်ကြောင်း တနင်္လာနေ့မှာ အလမ် က ပြောဆိုခဲ့တာဖြစ်ပါတယ်။ Institute of Conflict၊ Law & Development Studies (ICLDS) နဲ့ “ Bhorer Kagoj” သတင်းစာတို့ပူးပေါင်း စီစဉ်ပြီး ဒါကာမြို့ရှိ အမျိုးသားသတင်းမီဒီယာကလပ် မှာ ပြုလုပ်တဲ့ ဘင်္ဂါလီ (မူရင်းအသုံး ရိုဟင်ဂျာ) နေရပ်ပြန်ပို့ရေးဆိုင်ရာ ကွန်ဖရင့်တစ်ခုမှာ ဧည့်သည်တော် အကြီးအကဲ အဖြစ် ဝန်ကြီး အလမ် က စကားပြောဆိုခဲ့တာဖြစ်ပါတယ်။
သို့ပေမယ့် ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ဘင်္ဂါလီအကျပ်အတည်းကို နှစ်ဖက်သဘောတူ ဖြေရှင်းချက်တစ်ခု ရရှိ ဖို့ဆုံးဖြတ်ထားကြောင်း၊ ရေရှည်တည်မြဲပြီး လုံခြုံဘေးကင်းတဲ့ ဘင်္ဂါလီ ဒုက္ခသည် နေရပ်ပြန်ပို့ရေးဖြစ်စဉ် အတွက် မြန် မာအစိုးရအပေါ် ကြီးမားတဲ့ဖိအားဖြစ်လာစေနိုင်တဲ့ နိုင်ငံတကာ တရားရုံးတွေမှာ တရားစွဲတင်မှုတွေ လုပ်ပြီးနောက်ပိုင်းမှာ ဒီဖြေရှင်းချက် ရရှိ လာလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း သတင်းမှာ ဖော် ပြပါတယ်။
ရခိုင်ပြည်နယ်မှာ လူမှုအသိုင်းအဝိုင်းတွေကို ဖျက်စီးခြင်း၊ လူအစုလိုက် သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်းတွေ ပြုလုပ်ခဲ့တယ်ဆိုကာ ဂမ်ဘီယာက ICJ မှာ တင်ခဲ့တဲ့ စာမျက်နှာ ၄၆ မျက်နှာပါ လျှောက်ထားချက်တစ်ခု အ ပါအဝင် မကြာခင်က ICC ထံ တင်သွင်းခဲ့တဲ့ အမှုလျှောက်ထားချက် သုံးခုရှိခဲ့ပါတယ်။
Ref : Dhaka Tribune
Link : Here

No comments:
Post a Comment