B B C
ဘီဘီစီ မြန်မာပိုင်း28 နိုဝင်ဘာ2019
ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ နဲ့ ဘင်္ဂလားဒေရှ့် နိုင်ငံက နိုင်ငံတကာရာဇဝတ်မှု တရား ရုံး ICC အပါအဝင် နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်မူအရ အာဂျင်တီးနား တရားရုံးမှာ အမှုဖွင့်ပြီး မြန်မာတပ်မ တော်ကို အရေးယူနိုင်ရေး ကြိုးပမ်းနေတာကို မြောက်ပိုင်း မဟာမိတ် ၃ဖွဲ့က ထောက်ခံတယ်လို့ နိုဝင်ဘာလ ၂၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ် ။
မြောက်ပိုင်း မဟာမိတ် အဖွဲ့တွေ ဖြစ်တဲ့ MNDAA /TNLA/AA တို့က ဒီပြဿနာတွေဟာ မြန်မာတပ်မ တော် ရဲ့ လူမျိုးတုံး သတ်ဖြတ်မှု စစ်ရာဇဝတ်မှုတွေလို့ ရည်ညွှန်းထားတာ တွေ့ရပါတယ်။
ကိုးကန့်၊ တအာင်း၊ ရခိုင်ဒေသတွေမှာ မြန်မာစစ်တပ်ရဲ့ ရာဇဝတ်မှုတွေကိုအပြစ်ပေး အရေးယူဖို့အတွက် သူတို့ အဖွဲ့တွေ ရရှိထားတဲ့ သက်သေ အချက်အလက်တွေ အတူ ပူးပေါင်းဖို့ အသင့်ရှိတယ်လို့ အဲဒီသ ဘောထား ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဲဒီမတိုင်ခင် တစ်ရက် နိုဝင်ဘာလ ၂၇ ရက်နေ့ ကတော့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက ကုလသမဂ္ဂ နိုင်ငံတ ကာ ခုံရုံး ICJ မှာ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး ဂမ်ဘီယာက မြန်မာကို တရားစွဲထားတာကို တ နိုင်ငံလုံးနဲ့ဆိုင်တဲ့ အရေးကိစ္စ ဖြစ်တဲ့ အတွက် ပြည်သူလူထု တစ်ရပ်လုံး သွေးစည်း ညီညွတ်ကြပါ ဆိုပြီး ထုတ်ပြန်ချက်ထုတ် တိုက် တွန်းထားပါတယ်။
ဒါ့အ ပင် မြန်မာတပ်မတော် ဟာ နှစ်ပေါင်း ၇၀ ကျော် ပြည်တွင်းစစ်ပွဲတွေအတွင်း စစ်ရာဇဝတ်မှု အမျိုးမျိုးကို ကျုးလွန်နေပြီး ဂျီနီဗာကွန်ဗန်းရှင်းကိုလည်း ဆန့်ကျင်နေတယ်လို့ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေက ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ဒီမြောက်ပိုင်းအဖွဲ့တွေထဲမှာ တအောင်းနဲ့ အေအေ အဖွဲ့တွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာတပ်မတော်နဲ့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့တဲ့ အဖွဲ့တွေဖြစ်ပါတယ်။
မြန်မာအစိုးရနဲ့ အပစ်ရပ်လက်မှတ် ထိုးထားတဲ့ အဖွဲ့တွေကတော့ မြန်မာနိုင်ငံကို ကုလသမဂ္ဂရဲ့ အပြည်ပြည် ဆိုင်ရာတရားရုံး ICJ မှာ တရားစွဲထားတာကို ဒေါ်အောင် ဆန်းစုကြည် ကိုယ်တိုင် သွားရောက် ရင်ဆိုင်မှာနဲ့ ပတ်သက်လို့ ကူညီဖို့ ဆန္ဒ ရှိနေကြောင်း ငြိမ်းချမ်းရေးလုပ်ငန်း ဆောင်ရွက်နေသူတွေဆီက သိရပါတယ်။
ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားမှုနဲ့ ပတ်သက်လို့ တပ်မတော်အနေနဲ့ အစိုးရရဲ့ ဦးဆောင်မှုအောက် လိုက်နာ ဆောင်ရွက်မယ်လို့ စစ်ဥပဒေချုပ်ရုံးက ဗိုလ်ချုပ် သောင်းနိုင်က နိုဝင်ဘာ ၂၄ ရက် တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
နိုဝင်ဘာ ၂၆ ရက်နေ့တုန်းကတော့ နိုင်ငံတကာခုံရုံး ICJ မှာ တရားရင်ဆိုင်တဲ့အခါ ဥပဒေကြောင်းအရ အ ထောက်အကူ ပြုနိုင်မယ့် နိုင်ငံတကာ ရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီး အဲ ဒီ အဖွဲ့မှာ စစ်ဥပဒေချုပ်ရုံးက နိုင်ငံတကာ ဥပဒေရေးရာ ကျွမ်းကျင်သူ အရာရှိကြီး ၂ ဦး ပါတယ်လို့ တပ်မ တော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာ တရားရုံးတွေဟာ အတိဒုက္ခ ရောက်နေတဲ့ မြန်မာပြည်သူတွေအတွက် သမာသမတ်ရှိ စွာနဲ့ ပြစ်မှု ကျုးလွန်သူတွေကို အပြစ်ပေး အရေးယူနိုင်မယ်လို့ မျှော်လင့်ကြောင်း မြောက်ပိုင်းအဖွဲ့က နိုဝင် ဘာလ ၂၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
Link : Here
No comments:
Post a Comment