" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, December 17, 2019

မြန်မာစစ်အရာရှိတွေ ရာဇဝတ်မှုကျူးလွန်တယ်လို့ ပြောဖို့ စောသေးကြောင်း ICC ရှေ့နေပြော

VOA
ဗွီအိုအေ (မြန်မာပိုင်း)
17 ဒီဇင်ဘာ၊ 2019
ICC ရဲ့ ရှေ့နေချုပ် Fatou Bensouda 
 
မြန်မာအာဏာပိုင်တွေက ရိုဟင်ဂျာတွေ အပေါ် ဆန့်ကျင်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ICC နိုင်ငံ တကာ ရာဇဝတ်ပြစ်မှုဆိုင်ရာ ခုံရုံး ICC တရားသူကြီးတွေက မကြာခင်က စုံစမ်းခွင့် ပြုထားပြီး ဖြစ်ပေ မယ် လို့လည်း ဒီအရေးမှာ မြန်မာ စစ်တပ် အကြီးအကဲတွေ ပါဝင် ပတ်သက်သလားဆိုတာကတော့ ပြောဖို့ စောလွန်းနေသေးတယ်လို့ ICC ရဲ့ ရှေ့နေချုပ် Fatou Bensouda က France 24 နဲ့ သီးသန့် တွေ့ဆုံ မေးမြန်း မှု အတွင်း ပြော ဆိုသွားပါတယ်။

စုံစမ်းခွင့် ရခဲ့တာ မကြာသေးတဲ့အကြောင်း၊ အခြေအနေကို စုံစမ်းမှု စတင်နေပြီ ဖြစ်ကြောင်း၊ ဒါပေမယ့် လည်း စုံစမ်းမှုရဲ့ ကနဦး အစပိုင်း အခြေအနေမှာဘဲ ရှိနေသေးပြီး ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သူ့ကို ဖမ်း၀ ရမ်း ထုတ်မလဲ ဆိုတာ ဆုံးဖြတ်ဖို့က သိပ်ပြီး စောလွန်းနေသေးတယ် လို့ ICC ရှေ့နေချုပ် Fatou Bensouda က ဖြေကြားသွားပါတယ်။

ICC မှာ ရိုဟင်ဂျာ အရေးကိစ္စ စုံစမ်းမှုတွေနဲ့ ပတ်သက်လို့တော့ မြန်မာဟာ ICC အဖွဲ့ဝင် မဟုတ်တာကြောင့်စုံစမ်း ခွင့် မရှိဘူးလို့ မြန်မာ အစိုးရဘက်က ပယ်ချထားတာ ဖြစ်ပါတယ်။ ရိုဟင်ဂျာ အသုံးအနှုန်းကိုလည်း မြန်မာဘက်က အခုအချိန်ထိ လက်မခံပါဘူး။

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေကနေ ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးရတဲ့ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေကို ပြန်လည် စိစစ် လက်ခံမယ်လို့ ပြောဆိုထားပေမယ့်လည်း အခုအချိန်ထိတော့ ဒုက္ခသည်တွေ နေရပ်ပြန် ရေး က အကောင်အထည် မပေါ်သေးပါဘူး။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */