Star Digital Report
Mon Aug 9, 2021
ခေတ်သစ်မီဒီယာ
ရန်ကုန်၊သြဂုတ် ၂၅
ရိုဟင်ဂျာများအတွက် တရားမျှတမှုရရှိရေး ကြိုးပမ်းမည်ဖြစ်ကြောင်း မြန်မာအရပ်ဘက်အဖွဲ့ ၄၃ခုက ရိုဟင် ဂျာ များအပေါ် စစ်တပ်က လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်သည့် ၄နှစ်မြောက် ယနေ့တွင် လက်မှတ်ထိုး က တိပြုခဲ့သည်။
၎င်းတို့အပေါ် ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှုများ အဆုံးသတ်ကာ တရားမျှတမှု၊ ၎င်းတို့အခွင့်အရေး ရရှိရေးအပြင် ကျူး လွန်သော အကြမ်းဖက် စစ်တပ်ကို ပြစ်ဒဏ်ပေး အရေးယူခံရခြင်းမှ ကင်းလွတ်နေခြင်းကို အဆုံးသတ် ရန် ယင်းအရပ်ဘက်အဖွဲ့များက တောင်းဆိုသည်။
မြန်မာနိုင်ငံမှာ လွတ်လပ်ခြင်း၊ တရားမျှတခြင်းနဲ့ တန်းတူညီမျှခြင်းကို အခြေခံပြီး စုံလင်ကွဲပြားတဲ့ လူမျိုးဘာ သာတွေကြား ခွဲခြားဆက်ဆံမှု မရှိဘဲ လွတ်လပ်ပြီး တရားမျှတတဲ့ အနာဂတ် ဖက်ဒရယ်နိုင်ငံတော်သစ်ကို အ တူတည်ဆောက်ဖို့ သန္ဓိဌာန်ချမှတ်ထားကြောင်း နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံ ကွန်ရက်က သြဂုတ် ၂၅ ရက် မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ရိုဟင်ဂျာတွေအပေါ် ၂၀၁၇ ခုနှစ်တုန်းက အကြမ်းဖက်ခဲ့ကြတဲ့ ခြေမြန်တပ်ဖွဲ့တွေကပဲ အာဏာသိမ်းပြီးချိန် ကစလို့ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေကို ရက်ရက်စက်စက် အကြမ်းဖက် ဒုက္ခပေးနေကြတယ်လို့ နိုင် ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ပရိုက်စ်က ပြောကြားလိုက်ပါတယ်။
ရိုဟင်ဂျာတွေကို လူမျိုးတုံးအောင် စတင်စစ်ဆင်ပြီး လေးနှစ်အကြာမှာ မြန်မာနိုင်ငံဟာ ပိုလို့တောင် အန္တ ရာယ် ကြီးမားတဲ့ အကာအကွယ်အမဲ့ဆုံး မတည်ငြိမ်တဲ့ ကာလသစ် တစ်ရပ်ကို ရောက်လာတယ်လို့ USCIRF အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာလကော်မရှင်ကလည်း မနေ့က ပြောကြားလိုက်ပါတယ်။
၂၀၁၇ ခုနှစ်က မြန်မာ့တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုတွေကြောင့် ရိုဟင်ဂျာ အရပ်သား ပြည်သူအမြောက်အများ သေဆုံးပြီး၊ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရတာ အခုဆိုရင် လေးနှစ် ပြည့်ခဲ့ပြီ ဖြစ်ပေမယ့်၊ ဒုက္ခသည်စခန်းတွေမှာ ရောက်နေတဲ့ ရိုဟင်ဂျာ တွေ နေရပ်ပြန်နိုင်ရေးက အလှမ်းဝေးနေဆဲဖြစ်ပါတယ်။
ရခိုင်ပြည်နယ် အတွင်းရှိ စစ်တွေမြို့နယ်နှင့် ဘူးသီးတောင် မြို့နယ်များရှိ မွတ်ဆလင် ကျေးရွာများနှင့် ဒုက္ခသည်စခန်းများ တွင် ရိက္ခာပြတ်လပ်နေသည်မှာ ၃ လကျော်ရှိပြီ ဖြစ်ကြောင်း သိရသည်။
စစ်တွေမြို့ အနောက်ဘက်ရှိ မွတ်ဆလင် ဒုက္ခသည်စခန်းများမှ သိန်းနှင့်ချီသော ဒုက္ခသည်များမှာ ပြီးခဲ့သည့် ဇွန်လ ကတည်းက ထောက်ပံ့မှု ရိက္ခာမရသည့်အတွက် အခက်အခဲ များစွာနှင့် ရင်ဆိုင်နေရသည်ဟုလည်း ခေါင်းဒုက္ကာ မွတ် ဆလင် ဒုက္ခသည်စခန်း တာဝန်ခံ ဦးမောင်မောင်တင်က ဧရာဝတီကို ပြောသည်။
၂ဝ၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာကြသော ရိုဟင်ဂျာဒုက္ခသည်များကို တွေ့ရစဉ်။
၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို
လူမျိုးတုံးသတ်ဖြတ်ရာရောက်တဲ့ တိုက် ခိုက်မှုတွေ ကျူးလွန်ခဲ့တာကြောင့်
ရိုဟင်ဂျာ ရှစ်သိန်းလောက်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့
အဖြစ်အပျက်ဟာ လာမယ့် သြဂုတ်လ ၂၅ ရက်နေ့မှာ လေးနှစ်ပြည့်မှာဖြစ်ပေမယ့်
အမေရိကန်နိုင်ငံက ဒီ တိုက်ခိုက်မှုကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ်
တရားဝင်သတ်မှတ်တာ မရှိသေးဘူးလို့ Refugee International အဖွဲ့က ကြေညာချက်
ထုတ်ပြန်လိုက်ပါတယ်။
ဒီတိုက်ခိုက်မှုတွေကို လူမျိုးတုံးသတ်ဖြတ်မှု
Genocide အဖြစ် တရားဝင်သတ်မှတ်ခေါ်ဝေါ်ဖို့ Refugee International အဖွဲ့က
အမေရိကန်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာနဟာ
မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ အထောက်အထားတွေ အမြောက်အမြား ရထားတဲ့အတွက်
နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်အနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှု
Genocide အဖြစ် တရားဝင် သတ်မှတ်ပေးဖို့ မနှောင့်နှေးသင့်တော့ဘူးလို့
Refugee International က ဒန်နီယယ် ဆော်လ ဗန် က မနေ့က ထုတ်ပြန်တဲ့
ကြေညာချက်ထဲမှာ ပြောထားပါတယ်။
Refugee International အဖွဲ့က
ဦးဆောင်ပြီး ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုအဖြစ်တရားဝင်သတ်မှတ်ပေး ဖို့
အဖွဲ့အစည်း ၉၅ ခု စုပေါင်းလက်မှတ်ရေးထိုး တောင်းဆိုထားတဲ့ ပေးစာတစ်စောင်ကို
အမေရိကန်နိုင်ငံခြား aရးဝန်ကြီးဆီကို ပေးပို့ပြီး တောင်းဆိုထားတယ်လို့လည်း
ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Lnk : Here
ဧရာဝတီ
20 August 2021
ရခိုင်အမျိုးသားပါတီ(ANP)၏ ထိပ်ပိုင်းခေါင်းဆောင် မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဟောင်း ဦးဖေသန်းမှာ ပါတီမှ နုတ်ထွက်စာ တင်ထားကြောင်း သိရသည်။
ဇွန်လ နောက်ဆုံးပတ်က နုတ်ထွက်စာ တင်ထားခြင်းဖြစ်ပြီး လက်ရှိ အချိန်တွင် ပါတီ တာဝန်မရှိတော့ ကြောင်း ဦးဖေသန်းက ဧရာဝတီသို့ ပြောသည်။