Monday, October 9, 2017
ရခိုင်အရေးနှင့် ကိုယ်စားပြုအတွေးများ
The Voice Journal
Oct 9, 2017 ယခုတစ်လော အသံအကျယ်လောင်ဆုံးကိစ္စမှာ ရခိုင်ပြည်နယ်အရေးပင်ဖြစ်သည်။ ဤအရေးကိစ္စနှင့် ပတ် သက်ပြီး ပြည်တွင်းမှရော ပြည်ပမှပါ အဖွဲ့အစည်းအသီးသီး ၊ လူပုဂ္ဂိုလ်အသီးသီးတို့မှ ကိုယ်ပိုင် ထင် မြင် ချက်များ၊ သဘောထားမှတ်ချက်များကိုလည်း ပြောဆိုရေးသား ထုတ်ဖော်နေကြတာတွေ့ရသည်။ သို့သော် ကျယ်ပြန့်သော အကြောင်းအကျိုးအချက်အလက်နှင့် နယ်ပယ်အားလုံးအတွက် ကိုယ်စားပြုစဉ်း စား ထား သော သဘောထားမှတ်ချက်များကို တော့ မတွေ့ရပေ။ ထို့ကြောင့် စဉ်းစားတွေးခေါ်မှု၊ ယုံကြည်ရပ်ခံမှု၊ ကိုယ်စားပြုရသည့်နယ်ပယ်နှင့် သက်ရောက်မှု အတိုင်းအတာအပေါ် ချိန်ဆလုပ်ဆောင်ရမှုများကို စာရေးသူ ဉာဏ်မီသလောက် တင်ပြလိုပါသည်။
Monday, October 2, 2017
ရခိုင်အရေးနှင့် မြန်မာ့စီးပွား
The Voice Journal Oct 2, 2017
ရခိုင်အရေးသည် မြန်မာနိုင်ငံအပေါ် လွှမ်းမိုးကြီးစိုးနေသည့် အရေးကြီးဖြစ်ရာ မြန်မာ့စီးပွားအပေါ် မည်သို့ သက်ရောက်မည်ကို သိချင်သူများစွာ ရှိနေသည်။ ထိုမေးခွန်းသည် အရေးလည်းကြီးသည်။
(၁) နိုင်ငံရေး စီးပွားရေး အဆက်အစပ်
ရခိုင်အရေးသည် နိုင်ငံရေးအရ သက်ရောက်မှုများကြီးမားစွာ ဖြစ်ပေါ်နေသည်မှာ အထင်အရှားဖြစ်သည်။ နိုင်ငံ ရေးနှင့် စီးပွားရေးသည် ခွဲမရအောင် ဆက်စပ်နေသည့်အတွက် ယခုမရိုက်ခတ်သေးလျှင်လည်း နောင် ရိုက်ခတ်မည်သာဖြစ်သည်။ နိုင်ငံတကာသတင်းမီဒီယာများတွင် ဖော်ပြချက်များမှတစ်ဆင့် နိုင်ငံတကာ အမြင်သည် မြန် မာအပေါ်ပြောင်းသွားသည်။ လောလောဆယ်ဖြစ်ရပ်ကို ကန့်ကွက်ဒဏ်ခတ်ချက်များ ရှိနိုင်သည်။ ဥပမာ – European Parliament Committee on International Trade ဥရောပသမဂ္ဂလွှတ်တော် နိုင်ငံတကာကုန်သွယ်ရေးကော်မတီသည် လူ့အခွင့်အရေးအကြောင်းပြုပြီး မြန်မာနိုင်ငံခရီးကို ရွှေ့ဆိုင်း လိုက်သည်။ သို့သော် ရခိုင်အရေး ယခုထက်ကြီးမားကျယ်ပြန့်မလာအောင် ထိန်းနိုင်လျှင် ထိခိုက်နိုင်ခြေ နည်းသည်။
Saturday, September 30, 2017
'The Frictions in the Rakhine State Are Less About Islamophobia Than Rohingya-Phobia'
Sangeeta Barooah Pisharoty
30/Sep/2017
New Delhi: Photographs of terrified Muslim men, women and children fleeing the Rakhine state of Myanmar to neighbouring Bangladesh in the last few weeks have made the global community take note of the Rohingya issue like never before.
A brutal crackdown by the Myanmar army on the Rohingya Muslim inhabited areas of Rakhine (formerly Arakan), in response to a reported attack in mid-August on the security posts by the Arakan Rohingya Salvation Army (ARSA), an armed group fighting for the rights of the Rohingyas, led to the exodus of more than 400,000 Rohingyas to refugee camps in Bangladesh.
Thursday, September 28, 2017
( 28.09.2017 ) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချ ထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် တွေ့ဆုံမေးမြန်းခြင်း (ဒီမိုက ရေစီ တူဒေး သတင်းစာ၊ ၂၈-၉-၂၀၁၇)
(ဒီမိုကရေစီတူဒေးသတင်းစာ၊ ၂၈-၉-၂၀၁၇)
မေး။ ပြည်ထောင်စုဝန်ကြီးခင်ဗျ။ မောင်တောမှာ ယခုရက်ပိုင်းက တွေ့ရှိခဲ့တဲ့ ဟိန္ဒူဘာသာဝင်တွေကို စုပုံ မြေမြှုပ်ထားတာတွေနဲ့ ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီးတို့အနေနဲ့ နိုင်ငံတကာက သိရှိအောင် ဘယ်လို ဆောင်ရွက်သွားဖို့ စီစဉ်နေပါသလဲ။
ဖြေ။ ဟိန္ဒူဘာသာဝင်တွေ အစုလိုက် အပြုံလိုက် အသတ်ခံရတာနဲ့ ပတ်သက်လို့ အခုတကယ်ကို ဖော် ထုတ် တွေ့ရှိနေရပါပြီ။ ပထမ ၂၈ လောင်း။ ကျွန်တော်တို့ သွားတဲ့နေ့က ကျွန်တော်တို့ ရှေ့မှာပဲ တွေ့တာက ၁၇ လောင်း။ စုစုပေါင်း ၄၅ လောင်းကို တွေ့နေပါပြီ။ ဆက်လက်ပြီးတော့လည်း ရှာဖွေနေပါတယ်။ ဒီထက် လည်း ပေါ်ပေါက်လာမယ်လို့ ကျွန်တော်တို့ ယူဆတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့လည်း ဟိန္ဒူဘာသာ ဝင်တွေက သူတို့ရဲ့ ဆန္ဒအရကတော့ မီးသင်္ဂြိုလ်ချင်တယ်။ ဒါပေမယ့် သူတို့ရဲ့ ဆွေမျိုးသားချင်းတွေလည်း အစုံအလင် မဟုတ်သေးဘူး။ ကျန်ဦးမယ်ဆိုတာ သူတို့ သိတယ်။ အဲ့ဒါကြောင့် ချက်ချင်း တစ်လောင်းရ တစ်လောင်း မသင်္ဂြိုလ်ဘဲနဲ့ စုထားပေးပါ။ ပြီးတော့မှ ဒါကို မီးသင်္ဂြိုလ်မယ်လို့ ပြောပါတယ်။ ဒီနေ့တော့ ထပ် မတွေ့သေးပါဘူး။ ပထမ ၂၈ လောင်း၊ အခု ၁၇ လောင်း စုစုပေါင်း ၄၅ လောင်းပဲ ရှိသေးတော့ ဒါနဲ့ ပတ် သက်လို့ ကျွန်တော်တို့က နေရာတကျ ထားရှိထားတယ်။
Wednesday, September 27, 2017
( 27.09.2017 ) ရခိုင်ပြည်နယ် ဆိုင်ရာအကြံ ပုချက်များအပေါ် အကောင်အထည်ဖော်ဆောင် ရွက်ရေးကော်မတီ၏ တတိယ အကြိမ် အစည်း အဝေးကျင်းပ
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ တတိယ အကြိမ်အစည်းအဝေးကျင်းပ
နေပြည်တော် စက်တင်ဘာ ၂၇
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ တတိယ အကြိမ်အစည်းအဝေး ကို ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထား ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် ကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မိမိတို့ ကော်မတီအနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြု ချက်များ အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြေပြင်ကွင်းဆင်းစိစစ်ခဲ့ရာ တွေ့ရှိရ သည့် အခြေအနေများ အပေါ်မူတည်၍ ရေတို ရေရှည်အကောင်အထည်ဖော်ရမည့် ကိစ္စများ၊ ချက် ချင်း ဆောင် ရွက်ပေးရမည့်ကိစ္စများကို သတ်မှတ် ဆောင်ရွက်သွားရန်လိုကြောင်း၊ ဆောင်ရွက်ရမည့် လုပ် ငန်း များ ဖော်ထုတ်ပြီး ဦးစားပေးလုပ်ငန်းများ ရွေးချယ်ကာ ထိုဦးစားပေး လုပ်ငန်းများထဲမှ ချက်ချင်းဆောင် ရွက် ပေးရမည့်လုပ်ငန်းများ ကို စတင်အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း၊ မိမိတို့ ဆောင်ရွက်မည့် လုပ် ငန်း များသည် ရေရှည်အကျိုးရှိမည့် လုပ်ငန်းများဖြစ်ရန်နှင့် လုံခြုံရေး၊ တည်ငြိမ်ရေး၊ တရားဥပဒေ စိုး မိုးရေး တို့ကို ဦးတည်ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြား သည်။
ဆက်လက်၍ ကော်မတီ၏ ပူးတွဲဥက္ကဋ္ဌ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက စိုက်ပျိုးသီးနှံများ ရိတ်သိမ်းရေး၊ ပိုင်ရှင်မဲ့တိရ္ဆာန်များ ထိန်းသိမ်းရေး၊ မီးလောင်ပျက်စီးသည့် နေရာများကို ပြန်လည်ရှင်းလင်းဆောင်ရွက် ရ မည့် အခြေအနေ များကိုလည်း ပြည်နယ်တွင် ဆွေးနွေးထားကြောင်း၊ မိမိတို့ အကောင်အထည်ဖော် ဆောင် ရွက် မှုများသည် ဥပဒေနှင့် ညီညွတ်ရန်လိုကြောင်း၊ ဥပဒေနှင့်အညီ ပြည်နယ်တွင် အကောင် အထည်ဖော် ဆောင် ရွက်မည့် ကော်မတီတစ်ရပ်ဖွဲ့စည်းရန် ဆောင်ရွက်ထားကြောင်း၊ လတ်တလောဆောင်ရွက်ရမည့် လုပ်ငန်း များအရေးကြီးသကဲ့သို့ ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများသည် အနာဂတ်အတွက် အရေးကြီး လုပ်ငန်း များ ဖြစ်သဖြင့် နက်နက်နဲနဲစဉ်းစား ဆုံးဖြတ်ဆောင်ရွက်ရန် လိုကြောင်း၊ ဒေသဖွံ့ ဖြိုးတိုးတက်ရေး ကို ဦး တည်ဆောင်ရွက်ရန် လိုကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ကော်မတီအတွင်းရေးမှူး နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က မိမိ တို့ ဆောင်ရွက်သည့် လုပ်ငန်းစီမံချက်များကို အကောင်အထည် ဖော်ရာတွင် မူဝါဒတစ်ရပ် လိုအပ် မည်ဖြစ် ကြောင်းနှင့် တိုင်းရင်းသား ကျေးရွာများ ပြန်လည်ထူထောင်ပေးရေး၊ နယ်စပ် လမ်းများ ကွန်ကရစ် လမ်း ခင်းနိုင်ရေး ဆောင်ရွက်မှုအခြေအနေ ကို ဆွေးနွေးသည်။ ထို့နောက် ကော်မတီအဖွဲ့ဝင် များဖြစ်ကြ သည့် အမြဲတမ်း အတွင်းဝန်များနှင့် ဌာနဆိုင်ရာအကြီးအကဲများက သက်ဆိုင်ရာ ကဏ္ဍအလိုက်လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေး စီမံထားရှိမှု၊ တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်သွားသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည် နေရာ ချထားရေး၊ ပြန်လည်လက်ခံရေးအဖွဲ့ ဖွဲ့စည်းရေး၊ ဠြ ဃမေိ ထုတ်ပေးရေး ဆောင်ရွက် ထားရှိမှု၊ သတင်း ထုတ်ပြန်မှု လျင်မြန်သွက်လက်စေရေး၊ မြေယာပိုင်ဆိုင်မှုများ စိစစ်ရေး၊ တယ်လီဖုန်း လိုင်းများ ကောင်းမွန်ရေး၊ စုရပ်များရှိ ကျောင်းသား ကျောင်းသူများ ပညာဆက်လက်သင်ကြားနိုင်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုပေးရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး စသည့် ကဏ္ဍအလိုက် ဆောင်ရွက်နေမှု အခြေအနေ များနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးတင်ပြ ခဲ့ကြသည်။
Saturday, September 23, 2017
တော်လှန်ရေးတပ်ဦးမှ ရခိုင်ပြဿနာ ဖခင်အောင်ဆန်းမှ သမီးအောင်ဆန်း
The Voice Weekly Journal
by The Voice Journal Sep 23, 2017
တော်လှန်ရေးတပ်ဦး
ဖခင်အောင်ဆန်း၏ ခေါင်းဆောင်မှု
အမှန်စင်စစ် ဖက်ဆစ်တော်လှန်ရေး မတိုင်မီကပင် ‘ဖတပလ’ ၏ မူလလမ်းစဉ်မှာ ‘တော်လှန်ရေးတပ် ဦးစာချုပ်’ (ပြည်သူ့အရေးတော် ပုံပါတီနှင့် ကွန်မြူနစ်ပါတီတို့ သဘောတူချမှတ်ထားသော လမ်းစဉ်) ပင်ဖြစ်သည်။ ဤလမ်းစဉ်မှာ ယခုလို …။
Friday, September 22, 2017
( 22.09.2017 ) "BBC Burmese မှတင်ဆက်တဲ့ လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်
====================================================
Aye Chan
ဤဆွေးနွေးပွဲတွင် စီစဉ်တင်ဆက်သူမှာ ဦးမောင်မောင်သန်း ဖြစ်ပြီး ဒေါက်တာအေးချမ်း၊ဦးမြအေးနှင့် ဦးဟန်ညောင်ဝေတို့က ပါဝင်ဆွေးနွေးထားပါတယ်။
Thursday, September 21, 2017
The history of the persecution of Myanmar’s Rohingya
Academic rigour, journalistic flair
Engy Abdelkader
The United Nations has called the Rohingya the world’s most persecuted minority group and described the atrocities by Myanmar’s authorities as “ethnic cleansing,” whereby one group removes another ethnic or religious community through violence.
The history of the persecution of Myanmar’s Rohingya
Will de Freitas
Environment + Energy Editor
September 21, 2017
The United Nations has called the Rohingya the world’s most persecuted minority group and described the atrocities by Myanmar’s authorities as “ethnic cleansing,” whereby one group removes another ethnic or religious community through violence.
Wednesday, September 20, 2017
( 20.09.2017 ) မင်းပြားမြို့နယ် တန်းဆိပ်ရွာနှင့် ဆပ်ကျာရွာ အကြား ပေါက်ကွဲမှု သုံးကြိမ်ဖြစ်ပွား
စက်တင်ဘာ ၂၀၊၂၀၁၇
ရန်ကုန်-စစ်တွေကားလမ်း မင်းပြားမြို့နယ် ဆပ်ကျာကျေးရွာအုပ်စု တန်းဆိပ် ကျေးရွာနှင့် ဆပ်ကျာ ကျေးရွာ အကြား ၀င်းဇားကျေးရွာဘက်သို့ သွားသည့်လမ်းဆုံ မိုင်တိုင်အမှတ် ၉၆/၄ နှင့် ၉၆/၅ အကြား ကား လမ်းပေါ်တွင် ပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၁၉ ရက် ည ၇ နာရီ ၁၅ မိနစ်က အမ်းမြို့နယ် ဂယ်လောင်းကျေးရွာနေ ယာဉ်မောင်း ညီညီဝင်း မောင်းနှင်လာသော ကယ်ဆယ်ရေးပစ္စည်းတင်ဆောင်လာသည့် FUSO ခြောက်ဘီးယာဉ်နှင့် စစ်တွေ မှရန်ကုန်သို့ မောင်းနှင်လာသည့် ကစ္ဆပနဒီခရီးသည်တင်ယာဉ် (ယာဉ်မောင်းစိစစ်ဆဲ) တို့မှာ ယာဉ် တစ်စီးနှင့်တစ်စီး တိမ်းရှောင်သည့်နေရာ မလေးရှား ပိတောက်ပင်ခြေရင်း၌ ပေါက်ကွဲမှု(၃)ကြိမ်ဖြစ်ပွားခဲ့ ကြောင်းသိရသည်။
ဖြစ်စဉ်ကြောင့် ကစ္ဆပနဒီခရီးသည်တင် မော်တော်ယာဉ်မှာ ၀ဲဘက်မှန် ၄ ချပ် ကွဲ သွားကြောင်း နှင့် အခင်းဖြစ် ပွားရာနေရာသို့ သက်ဆိုင်ရာက မိုင်းရှာဖွေ ရှင်းလင်းလျှက်ရှိကြောင်း သိရှိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ မင်းပြားမြို့မရဲစခန်း၌ အမှုဖွင့်၍ တရားခံအားဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေး လျက်ရှိကြောင်းသိရသည်။
(သတင်းထုတ်ပြန်ရေးကော်မတီ)
သတင်း
Friday, September 15, 2017
The 17 Rohingya, including a woman, in the Burmese parliament
Tribune Desk
September 15th, 2017
During a session of the Jatiya Sangsad, Chandpur-3 Representative Dr Dipu Moni told the attending session about the Rohingya who were elected into the Myanmar parliament.
Dr Dipu Moni was raising a motion at the parliament about the Rohingya refugee crisis when she detailed the political imbroglio the Rohingya have been a part of since the mid-20th century. She said there have been 17 Rohingya members of the Myanmar parliament till now, and two of them were women and one had been a minister.
Will Aung San Suu Kyi step up to halt Rohingya crisis? Aljazeera
15th September 2017
Inside Story
ပညာရှင်ဆိုတာ ပညာရှင်ပါပဲ။
UN urges Myanmar's military and its leader to stop the 'catastrophic' violence in Rakhine state.
Global pressure is mounting on Myanmar's army and the country's leader Aung San Suu Kyi to end the killing and displacement of the Rohingya.
He says the Myanmar military should suspend its operation in the western Rakhine state and allow the Rohingya to return to their villages.
At least 400,000 people have fled to Bangladesh since the violence escalated late last month.
As more Rohingya flee to Bangladesh, what will it take to stop this violence?
Presenter: Jane Dutton
Guests:
Phil Robertson - deputy Asia director, Human Rights Watch
Maung Zarni - visiting fellow on Myanmar at the London School of Economics and founder of the Free Burma Coalition
Abdul Rasheed - founder and chairman of the Rohingya Foundation Community.
Ro Nay San Lwin
ဒေါက်တာဇာနည် ပြောတာတွေကို တစ်ချက်ချင်းစီ သေချာနားထောင်ကြည့်ပါ။ ပညာရှင်ဆိုတာ ပညာရှင်ပါပဲ။
Monday, September 11, 2017
Rohingya crisis: Seeing through the official story in Myanmar
By Jonathan Head
Southeast Asia correspondent
11 September 2017
Who is burning down Rohingya villages?
Saturday, September 9, 2017
“ရခိုင်ပြည်နယ် အရေးနှင့် လုံခြုံရေးအမြင်” ခေါင်းစဉ်ဖြင့် နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်တွင် ဆွေး နွေးပွဲ ပြုလုပ်ခဲ့ပြီး ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီး ချုပ် တက်ရောက်
ELEVEN
9 SEPTEMBER 2017
“ရခိုင်ပြည်နယ် အရေးနှင့် လုံခြုံရေး” ခေါင်းစဉ်ဖြင့် နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်၌ ဆွေးနွေးပွဲ ပြုလုပ်စဥ“ရခိုင်ပြည်နယ် အရေးနှင့် လုံခြုံရေး” ခေါင်းစဉ်ဖြင့် နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်၌ ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲ စကားဝိုင်းသို့ တပ်မတော်သား အများစု တက်ရောက်ခဲ့ပြီး တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးအဆင့် အရာရှိများ အပါအဝင် တပ်မတော်မှ အရာရှိများ၊ အရပ်ဘက်မှ ပုဂ္ဂိုလ်အချို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးသူများအဖြစ် နိုင်ငံတကာရေးရာ သုတေသီ ဦးကိုကိုလှိုင်၊ ပြင်သစ်နိုင်ငံ အရှေ့ တိုင်း ပညာရပ်များ သုတေသန (EFEO) ဒေါက်တာ ဂျော့က်ပီလိုက်ဒါတို့က ဦးဆောင်ဆွေးနွေးခဲ့ပြီး Moderator အဖြစ် စာရေးဆရာ ဦးသန်းအေးက ဆောင်ရွက်ခဲ့သည်။
စာရေးဆရာ ဦးသန်းအေးက ရခိုင်အရေးသည် မနေ့တစ်နေ့ကမှ ဖြစ်လာသည့် ပြဿနာ မဟုတ်ကြောင်း၊ ၁၉၄၂ ခုနှစ် ကတည်းက စတင်ခဲ့ကြောင်း၊ လက်ရှိတွင် ဥရောပနိုင်ငံများတွင်ပင် အစ္စလာမ်ကို ကြောက်နေရသည်ဆိုသည့် ရောဂါ ဖြစ်ပွားနေကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် နောက်ဆုံး ခံနေရခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံခံနေရသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ကြောင်း၊ အခြား နိုင်ငံများတွင်လည်း ယင်းကဲ့သို့ ဖြစ်ပွားနေကြောင်း၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် နာမည်များသည် ရခိုင်တိုင်းရင်းသား နာမည်များဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
ထို့ပြင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်များတွင် ဘင်္ဂါလီဦးရေသည် ရခိုင်တိုင်းရင်းသား လူဦးရေထက် များစွာ သာလွန်နေကြောင်း၊ တစ်နိုင်ငံလုံံးနှင့် နှိုင်းယှဉ်ပါက ဘင်္ဂါလီဦးရေသည် လူနည်းစုဟု ဆိုနိုင်သော်လည်း အကြမ်းဖက်မှု ဖြစ်ပွားနေသည့် ဘူးသီးတောင်၊ မောင်တောတွင် အကြမ်းဖက်ခံ၊ အနှိပ်စက်ခံများသည် ဘင်္ဂါလီများ မဟုတ်ဘဲ ရခိုင်တိုင်းရင်းသားများ ဖြစ်နေကြောင်း ၎င်းက ဆက်လက်ဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲ တက်ရောက်လာသူ ဦးစစ်အေးက “အခု အချိန်မှာ နိုင်ငံတကာနဲ့ ပတ်ဝန်းကျင် ဘယ်လောက်အထိ ဘယ်လိုဖိအား ရှိနေတယ်။ ဒီပြဿနာကို နိုင်ငံရေးအရ ကြီးထွားလာအောင် လုပ်နေတဲ့ အနေအထားမျိုး။နောက် တစ်ခါ အစ္စလာမ္မစ် ကွန်မြူနတီက ဒီဟာကို အမြတ်ထုတ်ပြီးတော့ ပြဿနာ ပိုကြီးထွားလာအောင် ဒီလိုပုံစံမျိုးတွေ လှုံ့ဆော်ပြီးတော့ ရပ်တည်နေတယ်ဆိုတာ လေ့လာတွေ့ရှိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ နိုင်ငံ တကာက အဖြစ်မှန်သိအောင် နိုင်ငံတကာ မီဒီယာကို ထိုးဖောက်ဖို့ အဖြစ်မှန်တွေကို သေသေချာချာပြောပြဖို့ လိုပါမယ်။ သံတမန်နည်းအရလည်း ဆက်သွယ် ဆောင်ရွက်ဖို့လိုမယ်။ ဒေသတွင်းရော၊ တစ်ကမ္ဘာလုံးရော အဖြစ်မှန်ကိုသိအောင် ပူးပေါင်းဆောင်ရွက်ကြဖို့ လိုမယ်” ဟု သတင်းထောက်များအား ပြောကြားသည်
စစ်တွေတွင် လုပ်ကိုင်နေသူ ဦးကျော်ဇေယျက “ကျွန်တော့်လုပ်ငန်းက စစ်တွေမှာ ရှိပါတယ်။ ကျွန်တော်လည်း ရခိုင်အရေးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားတဲ့အတွက် ဒီပွဲကို လာတက်တာပါ။ ဆွေးနွေးနေတဲ့ အပေါ်မှာတော့ ကျေ နပ်အားရမှု ရှိပါတယ်။ မြဝတီ မီဒီယာကနေ ဦးဆောင်ပြီးကျင်းပတဲ့ ပွဲဖြစ်လို့ လုံခြုံရေးအမြင်နဲ့ ပိုပြီးဆွေးနွေးသွားတာ တွေ့ရပါတယ်။ ကျွန်တော့်အမြင်ကတော့ လုံခြုံရေးအမြင်ရော၊ နိုင်ငံရေးအမြင်ရော ဆွေးနွေးစေချင်တာပေါ့။ ရခိုင်ပြည်နယ်မှာ လက်ရှိ ဖြစ်နေတာနဲ့ ဆွေးနွေးတာနဲ့ဆိုရင် လိုအပ်ချက်လေးတွေ ရှိနေပါတယ်။ တ ကယ် ဒုက္ခရောက်နေတဲ့ ဒုက္ခသည်တွေ အများကြီးပဲ ရှိပါတယ်။ အဲဒီ အနေအထားတွေ ထည့်သွင်းဆွေးနွေးမယ်ဆိုရင် ပိုပြီးတော့ကောင်းမယ်လို့ ထင်ပါတယ်။ လုံခြုံရေးနဲ့ပတ်သက်လို့ ဘူးသီးတောင်၊ မောင်တောအနေနဲ့ မဟုတ်ဘဲ ရခိုင်ပြည်နယ် တစ်ခုလုံး အနေနဲ့ ကြည့်သင့်ပါတယ်။ လုံခြုံရေးအတွက် ဆိုရင်တော့ တပ်မတော်ရဲ့ အင်အားကို တိုးချဲ့ရမယ်။ ခေတ်မီစစ်လက်နက် ကိရိယာတွေ သုံးသင့်တယ်လို့ မြင်ပါတယ်။ နောက်ပြီးတော့ ရဲတပ်ဖွဲ့ကသုံးနေတဲ့ လက်နက်တွေကို ပံ့ပိုးပေးသင့်တယ်လို့ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ ပြည်သူ့ရဲတွေ သုံးနေတဲ့ လက်နက်တွေက လိုအပ်ချက်တွေ ရှိနေလို့ပါ။ အဆင့်မြှင့်ပေးသင့်တယ်လို့ မြင်ပါတယ်” ဟု သတင်း ထောက်များအား ပြောကြားသည်။
ရန်ကုန်မြို့တွင် စက်တင်ဘာ ၇ ရက်က “ရခိုင်ပြည်နယ်အရေး ဆွေးနွေးမှုမှ အဖြေရှာ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲစကားဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
Link : Here
Friday, September 8, 2017
ရခိုင်ပဋိပက္ခ နောက်ကွယ်က သမိုင်း
ရခိုင်သမိုင်းပညာရှင် ဒေါက်တာ
Jacques P. Leider / ဇေယျာလှိုင်
( 08.09.2017 ) Talk on Rakhine Issue: Discussion on Finding Solutions ရခိုင်ပြည်နယ်အရေးဆွေးနွေးမှုမှအဖြေရှာ- ကောက်နှုတ်ထုတ်လွှင့်ခြင်း
ရခိုင်ပြည်နယ်အရေးဆွေးနွေးမှုမှအဖြေရှာ- ကောက်နှုတ်ထုတ်လွှင့်ခြင်း
Aye Chan
Thursday, September 7, 2017
‘‘အချိန်မရွေး ချိန်ကိုက်ဗုံးလို ပေါက်ကွဲနိုင်တယ်’’
သမိုင်းပညာရှင် ဒေါက်တာ အေးချမ်း
မင်းအောင်ခိုင် / ဧရာဝတီ
7 September 2017
အိုးပစ်၊ အိမ်ပစ် ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်မှာလည်း တကြိမ် မဟုတ်၊ နှစ်ကြိမ်မဟုတ် မကြာခဏဆိုသ လို အသက်လု ထွက်ပြေးနေကြရသည်။