" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, October 2, 2017

ရခိုင်အရေးနှင့် မြန်မာ့စီးပွား

The Voice Weekly Journal
 The Voice Journal Oct 2, 2017

ရခိုင်အရေးသည် မြန်မာနိုင်ငံအပေါ် လွှမ်းမိုးကြီးစိုးနေသည့် အရေးကြီးဖြစ်ရာ မြန်မာ့စီးပွားအပေါ် မည်သို့ သက်ရောက်မည်ကို သိချင်သူများစွာ ရှိနေသည်။ ထိုမေးခွန်းသည် အရေးလည်းကြီးသည်။

 
(၁) နိုင်ငံရေး စီးပွားရေး အဆက်အစပ်

ရခိုင်အရေးသည် နိုင်ငံရေးအရ သက်ရောက်မှုများကြီးမားစွာ ဖြစ်ပေါ်နေသည်မှာ အထင်အရှားဖြစ်သည်။ နိုင်ငံ ရေးနှင့် စီးပွားရေးသည် ခွဲမရအောင် ဆက်စပ်နေသည့်အတွက် ယခုမရိုက်ခတ်သေးလျှင်လည်း နောင် ရိုက်ခတ်မည်သာဖြစ်သည်။ နိုင်ငံတကာသတင်းမီဒီယာများတွင် ဖော်ပြချက်များမှတစ်ဆင့် နိုင်ငံတကာ အမြင်သည် မြန် မာအပေါ်ပြောင်းသွားသည်။ လောလောဆယ်ဖြစ်ရပ်ကို ကန့်ကွက်ဒဏ်ခတ်ချက်များ ရှိနိုင်သည်။ ဥပမာ – European Parliament Committee on International Trade ဥရောပသမဂ္ဂလွှတ်တော် နိုင်ငံတကာကုန်သွယ်ရေးကော်မတီသည် လူ့အခွင့်အရေးအကြောင်းပြုပြီး မြန်မာနိုင်ငံခရီးကို ရွှေ့ဆိုင်း လိုက်သည်။ သို့သော် ရခိုင်အရေး ယခုထက်ကြီးမားကျယ်ပြန့်မလာအောင် ထိန်းနိုင်လျှင် ထိခိုက်နိုင်ခြေ နည်းသည်။

(၂) ပြည်ပအဆက်အစပ်

ပြည်ပနှင့် တိုက်ရိုက်ဆက်စပ်နေသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့် ကုန်သွယ် ရေး တို့သည် ထိခိုက်နိုင်ခြေရှိသော လုပ်ငန်းများဖြစ်သည်။ ယခုလက်ငင်း ထိခိုက်နိုင်ခြေနည်းပါသည်။ ရခိုင် အရေးတိုးတက်အောင် ဆောင်ရွက်နိုင်ပြီး နိုင်ငံတကာအမြင်ကို ပြင်ဆင်နိုင်လျှင် ရေရှည်ထိခိုက်မည့်အရေး ကို ရှောင်လွှဲနိုင်မည်။

ရခိုင်အရေးနှင့် ပတ်သက်ပြီး မြန်မာနှင့် ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းရမည့် ဘင်္ဂလားဒေ့ရှ်က မြန်မာ့ဆန်တန် ချိန် သုံးသိန်းဝယ်ယူမည်ဟု အစိုးရချင်း စက်တင်ဘာ ၇ရက်နေ့က သဘောတူလိုက်သည်။ ဩဂုတ် ၂၅ ရက်နေ့ တိုက်ပွဲများဖြစ်ပွားပြီးနောက်ပိုင်းတွင်မှ ထိုသို့ သဘောတူခဲ့ခြင်းဖြစ်ရာ ရခိုင်အရေးနှင့် ကုန်သွယ် ရေးမဆိုင်လှကြောင်း ဥပမာ ကောင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိရင်းနှီးမြှုပ်နှံထားသည့် သို့မဟုတ် ရင်းနှီးမြှုပ်နှံရန် စဉ်းစားလျက်ရှိသည့်ကုမ္ပဏီများ သည် ရခိုင်အရေးကြောင့်မူ ဆုတ်ခွာရန် ယခုချိန်ထိ မစဉ်းစားကြသေးဟု ကမ္ဘာကျော်စီးပွားရေးသတင်းမီဒီ ယာ CNBC သို့ Frontier Strategy Group မှ Prtima Singh က ပြောကြားသည်။

Frontier Strategy Group သည် ဖွံ့ဖြိုးဆဲဈေးကွက်များသို့ ဝင်ရောက်လိုသည့် ကုမ္ပဏီခေါင်းဆောင်များကို အကြံဉာဏ်များပေးနေ သည့် အကြံပေးနှင့် သတင်းအချက်အလက်ကုမ္ပဏီဖြစ်သည်။ ဆိုလို သည်က ရခိုင် အရေးကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လောလောဆယ် မထိခိုက်နိုင်သေး။

(၃) ဂုဏ်သတင်း အန္တရာယ်

မြန်မာနိုင်ငံသည် အာဏာရှင်စနစ်မှ ရုန်းထွက်လာသောနိုင်ငံ၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများ ဆောင် ရွက်နေသောနိုင်ငံအဖြစ် မျက်နှာပွင့်ခဲ့သည်။ ထိုဂုဏ်သတင်းသည် ရခိုင်အရေးကြောင့် ထိခိုက်ခဲ့ရပြီဖြစ် သည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရာ၊ မိမိကုန်ပစ္စည်းများကို ပြည်ပတွင် အ ရောင်းမြှင့်တင်ရာတွင် ထိုဂုဏ်သတင်းကို လွန်ခဲ့သော တစ်နှစ်ကလောက် ရယူနိုင်မည်မဟုတ်ပါ။

နိုင်ငံတကာကုမ္ပဏီများသည် ကမ္ဘာအနှံ့တွင် လုပ်ငန်းအများအပြား ဆောင်ရွက်ကြ၊ ထုတ်ကုန်များကိုရောင်း ချကြသဖြင့် ယင်းတို့အတွက် ဂုဏ်သတင်းသည် အသက်ပင်ဖြစ်သည်။ ဂုဏ်သတင်းကောင်း ထွက် ရေး ဒေါ် လာသန်းနှင့်ချီ သုံးကြသလို ဂုဏ်ပျက်မည်ကိုလည်း အလွန်ကြောက်ကြသည်။ ဂုဏ်ပျက် မည့်အန္တ ရာယ် ကို အင်္ဂလိပ်ဘာသာဖြင့် Reputational Risk ဟုခေါ်ပြီး နိုင်ငံတစ်နိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်မည်ဆိုလျှင် ထို Risk ကို ထည့်တွက်တတ်ကြသည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရာတွင် ရခိုင်အရေးကြောင့် မိမိကုမ္ပဏီ နာမည်ထိခိုက်မည့်အန္တရာယ် Reputational Risk ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ထည့်တွက်လာ ဖွယ်ရှိ သည်။ နိုင်ငံတကာကုမ္ပဏီများ အထူးသဖြင့် အနောက်အခြေစိုက် ကုမ္ပဏီများသည် ထို Risk ကို ထည့် တွက်တတ်ကြသည့်အတွက် ရခိုင်အရေးသည် သူတို့အတွက် ထည့်တွက်စရာကိစ္စဖြစ်လာနိုင်သည်။

မြန်မာနိုင်ငံမှ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးသံအဖွဲ့များသည် ရခိုင်အရေးနှင့်ပတ်သက်ပြီး လောလောဆယ်တွင် မေးခွန်းထုတ်ခံနေရသည်။ အနောက်ကုမ္ပဏီများ၏ ရှယ်ယာဝင်အချို့က မြန်မာနိုင် ငံတွင်း လုပ်ငန်းတိုးချဲ့မှု စသည်တို့ကို ပြန်စဉ်းစားရန် တောင်းဆိုချက်များ ရှိနိုင်သည်။

(၄) အကြမ်းဖက်အန္တရာယ် Terrorism Risk

ARSA ၏ ဩဂုတ်၂၅ ရက်နေ့က တိုက်ခိုက်မှုများကြောင့် လူ ၁၆၃ ဦးသေဆုံးပြီး ၉၁ ဦး ပျောက်ဆုံးနေ ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။ ယင်းအဖွဲ့သည် နိုင်ငံတကာအကြမ်းဖက် အဖွဲ့အစည်း များနှင့် အဆက်အစပ်ရှိသည်ဟု နိုင်ငံတကာသတင်းများက ဆိုသည်။ ဟိန္ဒူဘာသာဝင် ဒေသခံအများ အပြားကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မြေမြှုပ်ထားသည်များ ရှာဖွေတွေ့ရှိသည်ဟု အစိုးရက ကြေညာ သည်။ ကမ္ဘာကျော် အကြမ်းဖက်အဖွဲ့အစည်းများက မြန်မာနိုင်ငံကို ပစ်မှတ်ထားသည့် ကြေညာချက်များ လည်းပေါ်ထွက်ခဲ့သည်။

ခြုံလိုက်လျှင် မြန်မာနိုင်ငံသည် ‘အကြမ်းဖက်တိုက်ခိုက်ခံရနိုင်ခြေ Terrorism Risk’ မြင့်လာသည်။ International Crisis Group ICG မှ မြန်မာအခြေစိုက် အကြံပေး Richard Horsey က “ပြည်ပ တိုက်ခိုက်ရေး သမားတွေ အီရတ်၊ ဆီးရီးယားနဲ့ ဖိလစ်ပိုင်တောင်ပိုင်းကနေ ပြန်ထွက်လာတဲ့ အချိန်ဖြစ်တာကြောင့် မြန်မာနို င်ငံအတွက် အလွန်အန္တရာယ်များပါတယ်” ဟု ဗဃြ သတင်းဌာနကို မကြာသေးမီက ပြောကြားသွားခဲ့သည်။


ထို့ကြောင့် ခရီးသွားလာမည့် လူတစ်ဦးချင်း၏ ဆုံးဖြတ်ချက်အပေါ်တည်မှီနေသော ကမ္ဘာလှည့်ခရီး သွား လုပ် ငန်းသည် ရခိုင်အရေးကြောင့် ထိခိုက်နိုင်သည်မှာ အထူးပြောရန်မလို။ ဗုံးခွဲခံရနိုင်သည့် Shopping Center သို့ မည်သူသွားမည်နည်း။ စီးပွားရေးလုပ်ငန်းများ မြန်မာသို့မလာမီ တွက်ချက်လေ့ရှိသည့် Risk များတွင် Terrorism Risk သည် ပိုအရေးပါလာဖွယ်ရှိသည်။

မြန်မာနိုင်ငံတွင် အခွင့်အလမ်းများစွာ ရှိနေသေးသော်လည်း စီးပွားရေးလုပ်ငန်းများအတွက် အကြမ်းဖက် ဝါဒ သည် အကြီးမားဆုံး အန္တရာယ်ဖြစ်လာကြောင်း၊ ရခိုင်အရေးသည် ရေတိုနှင့် ရေလတ်ကို မျှော်မှန်းသည့် စီးပွားရေးလုပ်ငန်းများကို အဟန့်အတားဖြစ်စေကြောင်း အရှေ့တောင်အာရှဒေသဆိုင်ရာ ထိပ်တန်း အကြံ ပေးကုမ္ပဏီဖြစ်သည့် Asia Group Advisors မှ ညွှန်ကြားရေးမှူး Romain Caillaud က နာမည်ကျော် စီးပွားရေးသတင်းဌာန CNBC သို့ စက်တင် ဘာ ၁၉ ရက် နေ့က ပြောကြားသွားသည်။

(၅) ရခိုင်ဒေသ

ရခိုင်ဒေသသည် လက်ရှိတွင် မြန်မာနိုင်ငံတွင် ဒုတိယအဆင်းရဲဆုံးပြည်နယ်ဖြစ်ရာ အခြေအနေဆက်လက် ဆိုးရွားနေလျှင် ဆက်လက်ဆင်းရဲနေမည်သာဖြစ်သည်။ ရခိုင်ဒေသ၏အားကိုမရလျှင် မြန်မာနိုင်ငံသည် စက်အား လုံး မလည်ပတ်နိုင်သည့် စက်ရုံကဲ့သို့ စီးပွားရေးမှန်းသလောက် ပေါက်မည်မဟုတ်ပါ။ အမှန်စင်စစ် ရခိုင်ပြည် နယ်ဖွံ့ဖြိုးလာလျှင် လက်ရှိပြဿနာအများအပြား ပြေလည်သွားမည်ဖြစ်ရာ ရခိုင်ဒေသစီးပွားရေး တိုးတက်ရန် အရေးတကြီး လိုအပ်နေပါသည်။ အိန္ဒိယပါဝင်ရင်းနှီးမြှုပ်နှံမည့် စစ်တွေရေနက်ဆိပ်ကမ်း အပါအဝင် ကုလားတန်စီမံကိန်း၊ တရုတ်ပါဝင်ရင်းနှီးမြှုပ်နှံမည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် အပါအဝင် စီမံ ကိန်းများတို့သည် အမျိုး သားအကျိုးစီးပွားအတွက် စနစ်တကျ အကောင်အထည်ဖော်နိုင်လျှင် ရခိုင်ပြည် နယ် အသွင်ပြောင်းသွားစေမည့် အလားအလာကောင်းသော စီမံကိန်းများ ဖြစ်သည်။

(၆) ဘယ်လိုရှင်းမလဲ

မြန်မာနိုင်ငံတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ထင်သလောက် မလာခြင်း၊ မြန်မာ့ထွက်ကုန်များ ပြည်ဈေးကွက် ထိုးဖောက်တင်ပို့ရာတွင် အခက်အခဲများရင်ဆိုင်ရခြင်းတို့သည် ရခိုင်အရေးမတိုင်မီကတည်းက ပေါ်ပေါက်နေခဲ့သော မြန်မာ့စီးပွားရေး ပြဿနာများဖြစ်သည်။ ထို့ကြောင့် ဖြေရှင်းရာတွင်လည်း

(၁) ရခိုင်အရေးနှင့် ဆက်စပ်ပြဿနာများကို ဦးတည်ဖြေရှင်းခြင်း၊
(၂) စီးပွားရေးရေခံမြေခံကောင်းအောင် ကြိုးစားခြင်း၊
(၃) အကြမ်းဖက်မှု အန္တရာယ်ကာကွယ်ခြင်းဟု သုံးပိုင်းရှိပါသည်။

ရခိုင်အရေးအခြေအနေတိုးတက်စေခြင်းနှင့် ရခိုင်အရေးကြောင့် ရင်းနှီးမြှုပ်နှံသူများ ကုန်သွယ်မည့်သူများ လန်မသွားစေအောင် အစီအမံ များဆောင်ရွက်ခြင်းသည် နံပါတ် (၁) အစီအစဉ်တွင် အကျုံးဝင်သည်။ ရခိုင်အရေးကြောင့် ရင်းနှီးမြှုပ်နှံသူအချို့ လန်သွားနိုင်သော်လည်း သူတို့ ၏ ရင်းနှီးမြှုပ်နှံမှုများသည် ရခိုင်အရေး ဆေးတစ်ခွက်ဖြစ်နိုင်သည်ဟု ရှင်းပြနိုင်လျှင် ဂုဏ်သတင်းကောင်းရလိုသော ရင်းနှီးမြှုပ်နှံသူများကို ဆွဲ ဆောင်နိုင်မည်။ ဒေါ်အောင်ဆန်းစုကြည်က Nikkei Asin Review နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ရခိုင် အ ရေးကြောင့် နိုင်ငံခြား ရင်းနှီးမှုများ ထိခိုက်နိုင်သလားဟူသော မေးခွန်းကို အောက်ပါအတိုင်းဖြေကြား သွား ချက်မှာ ရခိုင်အရေးနှင့် ရင်းနှီးမြှုပ်နှံမှု မေးခွန်းကို ဖြေဆိုကြမည့် မြန်မာအရာရှိများအတွက် နည်းပေးလမ်းပြ ပင်ဖြစ်သည်။

“သူတို့ပူတာ သဘာဝကျပါတယ်။ ဒါပေမဲ့ အေးအေးဆေးဆေး စဉ်းစားသင့်တယ်။ ဒီလိုပြဿနာတွေ ပေါ်လာရခြင်းအကြောင်းရင်းတွေထဲက တစ်ခုက ဖွံ့ဖြိုးမှုနိမ့်လို့၊ ရင်းနှီးမြှုပ်နှံမှုနိမ့်လို့ဆိုတာ သူတို့ မြင်နိုင်ပါ လိမ့် မယ်။ ဒီတော့ ရင်းနှီးမြှုပ်နှံမှုတွေက အခြေအနေကို ပိုကောင်းလာအောင် ကူညီပါလိမ့်မယ်။”

(၂) မြန်မာနိုင်ငံတွင်း ဝင်ရောက်သင့်မသင့်ကို ရခိုင်အရေးကြောင့် ပြန်စဉ်းစားနေသူများကို ဆွဲဆောင်ရန်အ ကောင်:ဆုံးနည်းမှာ စီးပွားရေး ရေခံမြေခံကောင်းအောင် အားထုတ်မှုများကို နှစ်ဆ သုံးဆတိုးရန်သာ ဖြစ်သည်။ တစ်ဖက်တွင် မိမိပျော့ကွက်ပေါ်လာသည့်အတွက် အခြားနေရာများတွင် အားကုန်ထုတ်ရန် သာဖြစ်သည်။

(၃) အကြမ်းဖက်မှု အန္တရာယ်ကာကွယ်ခြင်း

အကြမ်းဖက်တိုက်ခိုက်ခံရနိုင်ခြေကို လျှော့ချရေးအကောင်းဆုံးနည်းလမ်းမှာ ပေါ့ပေါ့ဆဆမနေဘဲ အကြမ်း ဖက်မှု အန္တရာယ်ကာကွယ်ခြင်းအစီအမံများ စနစ်တကျ ဆောင်ရွက်ခြင်းသာဖြစ်သည်။ သာမန်ရာဇဝတ် မှုများနှင့် အကြမ်းဖက်မှုမတူပါ။ သမားရိုးကျစစ်ဗျူဟာများနှင့်လည်း အကြမ်းဖက်မှုကို ရင်ဆိုင်နိုင် မည် မဟုတ်ပါ။

မြန်မာနိုင်ငံသည် အစ္စလာမ်အစွန်းရောက် အကြမ်းဖက်တိုက်ခိုက်ရေးသမားတို့နှင့် ရင်ဆိုင်ရသည့် အတွေ့ အကြုံမရှိပါ။ အကြမ်းဖက်ဝါဒအန္တရာယ်ကို တောက်လျှောက်ရင်ဆိုင်ဖြေရှင်းနေရသည့် မိတ်ဆွေနိုင်ငံ အစ ္စရေး၊ အိန္ဒိယတို့ထံမှ အကူအညီရယူသင့်ပါသည်။

ရခိုင်အရေးသည် မြန်မာ့စီးပွားအတွက် ‘အခက်’ ဟု ဆိုနိုင်သော်လည်း အခက်အခဲကြုံချိန်တွင် အစွမ်းကုန်ကြိုး စားလိုက်လျှင် နိုင်ငံ၏ ကိုယ်ခံစွမ်းအားတက်လာကာ ‘အချက်’ ဖြစ်သွားနိုင်သည်။

ဇေယျသူ



No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */