စက်တင်ဘာ ၂၀၊၂၀၁၇
ရန်ကုန်-စစ်တွေကားလမ်း မင်းပြားမြို့နယ် ဆပ်ကျာကျေးရွာအုပ်စု တန်းဆိပ် ကျေးရွာနှင့် ဆပ်ကျာ ကျေးရွာအကြား ဝင်းဇားကျေးရွာဘက်သို့ သွားသည့်လမ်းဆုံ မိုင်တိုင်အမှတ် ၉၆/၄ နှင့် ၉၆/၅ အကြား ကား လမ်းပေါ်တွင် ပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၁၉ ရက် ည ၇ နာရီ ၁၅ မိနစ်က အမ်းမြို့နယ် ဂယ်လောင်းကျေးရွာနေ ယာဉ်မောင်း ညီညီဝင်း မောင်းနှင်လာသော ကယ်ဆယ်ရေးပစ္စည်းတင်ဆောင်လာသည့် FUSO ခြောက်ဘီးယာဉ်နှင့် စစ်တွေ မှရန်ကုန်သို့ မောင်းနှင်လာသည့် ကစ္ဆပနဒီခရီးသည်တင်ယာဉ် (ယာဉ်မောင်းစိစစ်ဆဲ) တို့မှာ ယာဉ် တစ်စီးနှင့်တစ်စီး တိမ်းရှောင်သည့်နေရာ မလေးရှား ပိတောက်ပင်ခြေရင်း၌ ပေါက်ကွဲမှု(၃)ကြိမ်ဖြစ်ပွားခဲ့ ကြောင်းသိရသည်။

ဖြစ်စဉ်ကြောင့် ကစ္ဆပနဒီခရီးသည်တင် မော်တော်ယာဉ်မှာ ဝဲဘက်မှန် ၄ ချပ် ကွဲ သွားကြောင်း နှင့် အခင်းဖြစ် ပွားရာနေရာသို့ သက်ဆိုင်ရာက မိုင်းရှာဖွေ ရှင်းလင်းလျှက်ရှိကြောင်း သိရှိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ မင်းပြားမြို့မရဲစခန်း၌ အမှုဖွင့်၍ တရားခံအားဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေး လျက်ရှိကြောင်းသိရသည်။
(သတင်းထုတ်ပြန်ရေးကော်မတီ)

သတင္း
No comments:
Post a Comment