Thursday, September 28, 2017

( 28.09.2017 ) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချ ထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် တွေ့ဆုံမေးမြန်းခြင်း (ဒီမိုက ရေစီ တူဒေး သတင်းစာ၊ ၂၈-၉-၂၀၁၇)




လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် တွေ့ဆုံမေးမြန်းခြင်း

(ဒီမိုကရေစီတူဒေးသတင်းစာ၊ ၂၈-၉-၂၀၁၇)

မေး။ ပြည်ထောင်စုဝန်ကြီးခင်ဗျ။ မောင်တောမှာ ယခုရက်ပိုင်းက တွေ့ရှိခဲ့တဲ့ ဟိန္ဒူဘာသာဝင်တွေကို စုပုံ မြေမြှုပ်ထားတာတွေနဲ့ ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီးတို့အနေနဲ့ နိုင်ငံတကာက သိရှိအောင် ဘယ်လို ဆောင် ရွက်သွားဖို့ စီစဉ်နေပါသလဲ။

ဖြေ။ ဟိန္ဒူဘာသာဝင်တွေ အစုလိုက် အပြုံလိုက် အသတ်ခံရတာနဲ့ ပတ်သက်လို့ အခုတကယ်ကို ဖော် ထုတ် တွေ့ရှိနေရပါပြီ။ ပထမ ၂၈ လောင်း။ ကျွန်တော်တို့ သွားတဲ့နေ့က ကျွန်တော်တို့ ရှေ့မှာပဲ တွေ့တာက ၁၇ လောင်း။ စုစုပေါင်း ၄၅ လောင်းကို တွေ့နေပါပြီ။ ဆက်လက်ပြီးတော့လည်း ရှာဖွေနေပါတယ်။ ဒီထက် လည်း ပေါ်ပေါက်လာမယ်လို့ ကျွန်တော်တို့ ယူဆတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့လည်း ဟိန္ဒူဘာသာ ဝင်တွေက သူတို့ရဲ့ ဆန္ဒအရက တော့ မီးသင်္ဂြိုလ်ချင်တယ်။ ဒါပေမယ့် သူတို့ရဲ့ ဆွေမျိုးသားချင်းတွေလည်း အစုံအလင် မဟုတ်သေးဘူး။ ကျန်ဦးမယ်ဆိုတာ သူတို့ သိတယ်။ အဲ့ဒါကြောင့် ချက်ချင်း တစ်လောင်းရ တစ်လောင်း မသင်္ဂြိုလ်ဘဲနဲ့ စုထားပေးပါ။ ပြီးတော့မှ ဒါကို မီးသင်္ဂြိုလ်မယ်လို့ ပြောပါတယ်။ ဒီနေ့တော့ ထပ် မတွေ့သေးပါဘူး။ ပထမ ၂၈ လောင်း၊ အခု ၁၇ လောင်း စုစုပေါင်း ၄၅ လောင်းပဲ ရှိသေးတော့ ဒါနဲ့ ပတ် သက်လို့ ကျွန်တော်တို့က နေရာတကျ ထားရှိထားတယ်။ ဒီကြားထဲမှာ ဒီအလောင်းတွေကို ထိန်းသိမ်းထား တဲ့ သဘောမျိုးတော့ လုပ်ရတာတော့ ရှိပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ သူတို့ရဲ့ ဆန္ဒအတိုင်း မီးသ င်္ဂြိုလ်ပေးရမှာ ဖြစ်ပါတယ်။ အခုဆိုရင် နိုင်ငံတကာ သံတမန်များအဖွဲ့ကလည်း ဒီဒေသမှာ သွားရောက်လေ့ လာချင်တယ် ဆိုတဲ့ကိစ္စ ရှိနေတာပေါ့။ ဒါနဲ့ ပတ်သက်လို့လည်း တိုက်ဆိုင်တာပေါ့။ အဲ့ဒီအချိန်မှာ မီးသ င်္ဂြိုလ်မှု မပြုရသေးဘူး။ ဒါကတော့ ကာယကံရှင်ရဲ့ ဆန္ဒနဲ့ ကျွန်တော်တို့က လုပ်ရတာပါ။ သင်္ဂြိုလ်မယ်၊ မသင်္ဂြိုလ်ဘူးဆိုတာကတော့ ကျွန်တော်တို့ သဘောမဟုတ်ပါဘူး။ အခုကတော့ တိုက်ဆိုင်မှု ရှိမလား။ မှန်းဆရပါတယ်။ နိုင်ငံတကာ သံတမန်များဆိုရင်တော့ မီဒီယာလည်း ပါလာပြီ။ နိုင်ငံတကာ သံတမန်တွေ သွားကြည့်မှာက စက်တင်ဘာ ၂၈ ရက် သဘက်ခါလောက် ဖြစ်မယ်လို့ ကျွန်တော်တို့ မှန်းထားပါတယ်။

မေး။ ဟုတ်ကဲ့ပါ၊ ပြည်ထောင်စုဝန်ကြီး ခင်ဗျာ။ ဒါဆိုရင် ဒီနေရာကို နိုင်ငံတကာ သံတမန်နဲ့ မီဒီယာတွေက စက်တင်ဘာ ၂၈ ရက်မှာ လာရောက်ကြမယ်ပေါ့

ဖြေ။ ဟုတ်ပါတယ်။ ဒါကလည်း နိုင်ငံတကာ သံတမန်များအနေနဲ့ ကြုံကြိုက်နိုင်တဲ့အတွက် ဒါက အခွင့်အ လမ်း ဖြစ်တယ်။ ဒီဖြစ်စဉ်တွေကိုလည်း နိုင်ငံတကာ မီဒီယာတွေက ကျယ်ကျယ်ပြန့်ပြန့် သိနိုင်အောင် ဆောင်ရွက် နေပါတယ်။

မေး။ လက်ရှိ ဒီ ရုပ်အလောင်း ၄၅ လောင်းကို ဘယ်လိုများ ဆောင်ရွက်ထားပါသလဲ။

ဖြေ။ ကြာရှည်ခံနိုင်အောင် ဆိုတာနဲ့ ပတ်သက်ပြီး အခု တွေ့ရှိထားတဲ့ ရုပ်အလောင်းတွေက တစ်လပြည့် သွားပြီ ဖြစ်တဲ့အတွက်ကြောင့် ဒီအတိုင်း ရှိနေပါတယ်။ အထူးဘာမှ ထပ်လုပ်စရာ မလိုပါဘူး။ ဒီအတိုင်းကို ထားလို့ ရပါတယ်။ အခုလည်း ဒီ ရုပ်အလောင်းတွေကို တွေ့ရှိတဲ့ နေရာမှာပဲ ထားရှိထားပါတယ်။

မေး။ မောင်တောမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးနောက်ပိုင်းမှာ ယခုလို အစုလိုက် အပြုံလိုက်ကို သတ်ပြီး မြေမြှုပ်ထားခဲ့တာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာက တာဝန်ရှိသူတွေ မီဒီယာတွေကိုရော ပြည်ထောင်စု ဝန်ကြီး အနေနဲ့ ဘာများ ပြောချင်ပါသလဲ။

ဖြေ။ ဒါကတော့ တကယ်ကို လက်တွေ့ တွေ့နေရပြီ။ တွေ့ရှိထားတဲ့ ရုပ်အလောင်းတွေမှာ ဆိုရင် လက်တွေကို ကြိုးတုပ်ထားတယ်။ မျက်နှာတွေ စည်းထားတယ်။ ရုပ်အလောင်းတိုင်းမှာ လည်ပင်းတွေကို လှီးဖြတ်ထားတာကို တွေ့ရပါတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် ဒါဟာ အကြမ်းဖက် လုပ်ရပ်ပဲ။ အစုလိုက် အပြုံလိုက် အကြမ်းဖက် လုပ်ရပ်ပဲ ဆိုတာကို နိုင်ငံတကာကလည်း သိသာနေပြီ။ ဒါကို ကျွန်တော်တို့ ပြနိုင် တာပေါ့။

မေး။ ပြည်ထောင်စုဝန်ကြီးခင်ဗျား။ အကြမ်းဖက် ခံခဲ့ရတဲ့ ဒီမောင်တောဒေသတွေမှာ ဒီဖြစ်စဉ်အပြင် အလား တူမျိုး ဖြစ်စဉ်တွေ ထပ်ပြီး ရှိလာနိုင်သေးတယ်လို့ သူတို့ မိသားစုဝင်တွေက ပြောတယ်လို့ သိရပါတယ်။ အဲ့ဒါနဲ့ ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီး အနေနဲ့ ထပ်ပြီး ဒီလိုမျိုး ရှိလာနိုင်တယ်လို့ ထင်ပါသလား။

ဖြေ။ ရှိပါတယ် ခင်ဗျ။ သူတို့ ပထမ ပြောတာက ၉၆ ဦးလို့ ပြောပါတယ်။ ပထမ ၁၀၀ ကျော် ပျောက်သွား တယ်လို့ ပြောပါတယ်။ ဒီမိသားစုဝင်တွေရဲ့ ပြောကြားချက်အရ ဆိုရင် ဒီပတ်ဝန်းကျင်မှာ ထပ်တွေ့နိုင်သေး တဲ့အတွက် ယခုဆိုရင်လည်း ကျွန်တော်တို့ ရှာဖွေနေပါတယ်။ လုံခြုံရေး အဖွဲ့ဝင်တွေကလည်း သူတို့နည်း သူတို့ဟန်နဲ့ ရှာဖွေပေးနေကြပါတယ်။ သက်ဆိုင်ရာ လုံခြုံရေး တာဝန်ရှိသူတွေက သူတို့နည်း သူတို့ဟန်နဲ့ ရှာနေကြပါတယ်။ အဲ့ဒီလို ရှာနေကြတဲ့အတွက် ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ။

မေး။ ဒီဖြစ်စဉ်ကို သိသိခြင်း ပြည်ထောင်စုဝန်ကြီးက ချင်ချင်း မောင်တောကို ဆင်းသွားတယ်လို့ သိရတယ်။ နောက်ပြီး ဒီဖြစ်စဉ်မပေါ်ခင်မှာလည်း ဟိန္ဒူဘာသာဝင်တွေရဲ့ ပြောကြားချက်အချို့ ရှိခဲ့တယ်လို့ သိရပါ တယ်။ ဒါနဲ့ ပတ်သက်ပြီး အနည်းငယ် ပြောပြလို့ ရပါသလား။ နောက်ပြီး ကျန်ခဲ့တဲ့ မိသားစုတွေကိုရော ပြည်ထောင်စုဝန်ကြီးတို့ အနေနဲ့ ဘာတွေများ လုပ်ဆောင်ပေးသွားဖို့ ရှိပါသလဲ။

ဖြေ။ ဒါနဲ့ ပတ်သက်ပြီး ပြောရရင် ပထမတော့ ပျောက်သွားတယ်ဆိုတာ ကျွန်တော်တို့ သိလိုက်ရတယ်။ သေသည်၊ ရှင်သည်ဆိုတာကိုတော့ မသိပါဘူး။ ဆိုတော့ ဒီကြားထဲမှာ စောင့်ဆိုင်းခဲ့ရတဲ့ ကာလတစ်ခု ရှိခဲ့ပါတယ်။ အဲ့ဒီလိုနဲ့ တစ်ဖက် ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်သွားတဲ့သူတွေဘက်ကနေ သတင်းရတဲ့ အတွက် ရတဲ့နေရာတွေ ကို ပြန်လည် ဖော်ထုတ်နိုင်ခဲ့တယ်။ တိုင်းရင်းသားငယ်လေးတွေ ဒိုင်းနက်တို့၊ မြိုတို့၊ အသတ်ခံရတဲ့ကိစ္စလည်း ရှိခဲ့တယ်။ ဒါက အထင်အရှားပေါ့။ နောက်ပြီး ဒီဖြစ်စဉ်ကို ခံစားခဲ့ရတဲ့ ပြည်သူတွေ ကိုလည်း ကျွန်တော်တို့ နိုင်ငံတော်အနေနဲ့ ပံ့ပိုးကူညီထောက်ပံ့မှုတွေ နှစ်သိမ့်အားပေးမှုတွေ ပြုလုပ်ခဲ့ပါ တယ်။ အဲ့ဒီလိုမျိုးပဲ ဟိန္ဒူဘာသာ ကိုးကွယ်သူများကိုလည်း ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်အနေနဲ့ ကျန်ရစ် တဲ့ မိသားစုဝင်တွေကို ထပ်မံ ထောက်ပံ့ပေးသွားမှာပါ ခင်ဗျာ။ အခုလည်း ထောက်ပံ့ပေး နေတာတွေ ရှိပါတယ်။

မေး။ ပြည်ထောင်စုဝန်ကြီးက ကိုဖီအာနန်ရဲ့ အစီရင်ခံစာ အကြံပြုချက်တွေကို အကောင် အထည်ဖော် ဆောင်ရေးကော်မတီမှာ ဥက္ကဋ္ဌ တစ်ဦးအနေနဲ့ ပါဝင်ထားတာဆိုတော့ ဒီဖြစ်စဉ်အပါအဝင် မကြာခင်က ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုတွေ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားဖို့ ရှိပါသလဲ။

ဖြေ။ ရခိုင်ဒေသရဲ့ဖြစ်စဉ်ဟာ နှစ်ရှည်လများ ဖြစ်ခဲ့တဲ့ ကိစ္စဖြစ်ပါတယ်။ ရခိုင်ဒေသမှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေ ကို အကြမ်းဖက်မှု၊ ဒါမှမဟုတ် မလိုလားအပ်တဲ့ဖြစ်စဉ်တွေ ထပ်မဖြစ်ဖို့ဆိုတာ ကျွန်တော်တို့ အနေနဲ့ အခြေခံအကြောင်းအရင်းတွေကို ဖော်ထုတ်ရပါမယ်။ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရပါမယ်။ လိုအပ်တဲ့ ဆောင် ရွက်မှုတွေ ဆောင်ရွက်ရပါမယ်။ အကြံဉာဏ်တွေ လိုလာပါတယ်။ အဲ့ဒါကြောင့်လည်း နိုင်ငံတကာ အတွေ့အကြုံရှိတဲ့ အကြံပေးနိုင်မယ့် ရခိုင်ဒေသနဲ့ ပတ်သက်လို့ အကြံပေး ကော်မရှင် ဖွဲ့စည်းခဲ့တယ်။ ဒေါက်တာကိုဖီအာနန် ဦး ဆောင်တဲ့ အကြံပေးကော်မရှင်ကို ဖွဲ့စည်း ဆောင်ရွက်ခဲ့တာပါ။ ပြီးခဲ့တဲ့ သြဂုတ်လ ဖြစ်စဉ်မတိုင်မီ ၂၄ ရက်ကပဲ ဒီအကြံပြုချက်တွေက ထွက်ပေါ် လာခဲ့တာ ဖြစ်ပါတယ်။ အောက်တိုဘာ ၉ ရက် ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဒီဒေသမှာအငြင်းပွားမှုတွေ ဖြစ်လာတယ်။ အငြင်းပွားမှုတွေနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးရေးကော်မရှင်ဆိုပြီးတော့ ဒုတိယသမ္မတ ၁ ဦးဆောင်ပြီး လုပ်ထားတာ ရှိပါတယ်။ သူကလည်း အကြံဉာဏ်တွေ ထွက်ပေါ်လာတာ ရှိပါတယ်။ အဲ့ဒီ အကြံပြုချက်တွေကို ကျွန်တော်တို့ အကောင် အထည် ဖော်ရေးကော်မတီကို ဖွဲ့လိုက်တဲ့အတွက်ကြောင့်မို့ ကျွန်တော့်အနေနဲ့ ဥက္ကဋ္ဌ အနေနဲ့ တာဝန်ရှိတဲ့အတွက် ကြောင့် အဲ့ဒါနဲ့ ပတ်သက်လို့ ဦးစားပေး အစီအစဉ် တွေ ဖော်ထုတ်ဖို့ ဆောင်ရွက်နေပါတယ်။ ဒီရက်ပိုင်းမှာ ဆိုရင်လည်း ဝန်ကြီးဌာန အသီးသီးရဲ့ ဦးစားပေး အကြံပြုချက်တွေကို လက်ခံရရှိမှာ ဖြစ်ပါတယ်။ အဲ့ဒါတွေ ရလာပြီးတာနဲ့ အကောင်အထည်ဖော်မယ့် လုပ်ငန်းတွေကို ဆက်ပြီးတော့ ဖော်သွားမှာ ဖြစ်ပါတယ်။

မေး။ ပြည်ထောင်စုဝန်ကြီးခင်ဗျာ။ မောင်တောနယ်စပ်မှာ ဆောင်ရွက်နေတဲ့ ခြံစည်းရိုးခတ်ခြင်းနဲ့ ပတ်သက် ပြီး ဆောင်ရွက်နေတဲ့ အခြေအနေတွေကိုလည်း သိချင်ပါတယ်။
 
ဖြေ။ ခြံစည်းရိုးခတ်ခြင်းက အင်မတန် အရေးကြီးတယ်။ ခေတ်အဆက်ဆက်က ခြံစည်းရိုးအတွက် ဆောင် ရွက်ခဲ့သော်လည်း လုံခြုံမှုမရှိဘူး။ လိုအပ်နေတဲ့အပိုင်းတွေ ၄၂ မိုင်ဆိုရင် လုံးဝမရှိသေးဘူး။ ကျန်တဲ့ အပိုင်းတွေကလည်း ပျက်စီးနေတာဆိုတော့ ဒါတွေကို အမြန်ဆုံးပြန်လုပ်ဖို့ဆိုတာကို နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဦးဆောင်ပြီးတော့ ဒါကိုဆောင်ရွက်နေပါတယ်။ အစိုးရဘတ်ဂျက်တွေလည်း ချပေးတယ်။ အလှူ ရှင်တွေလည်း ပေါ်ပေါက်နေတယ်ဆိုတော့ ဒါကိုအဖွဲ့ဖွဲ့ပြီး ဆောင်ရွက်နေတာ၊ တာဝန်ယူပြီး ဆောင်ရွက် နေပါတယ်။

မေး။ မောင်တောမှာဖြစ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြည်သူတွေကို ပြည်ထောင်စုဝန်ကြီးအနေနဲ့ ဘာများ ပြော ချင်ပါသေးလဲခင်ဗျ။

ဖြေ။ ရခိုင်ဒေသနဲ့ ပတ်သက်ရင် နှစ်ရှည်လများဖြစ်နေတဲ့ ပဋိပက္ခဖြစ်နေတဲ့အတွက်ကြောင့် အစိုးရအဖွဲ့ သစ် တက်တက်ချင်း ပြည်သူ့အစိုးရဖြစ်တဲ့အတွက်ကြောင့် ပြည်သူမှာအရေးကြီးတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကို ဆောင်ရွက်မယ်ဆိုပြီးတော့ သန္နိဌာန်ချပြီးတော့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

တိုင်းရင်းသားအရေးတောင်မှ ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးဆိုတဲ့ တိုင်းရင်းသားများရှိနေတဲ့ ပြည်နယ်များကို အဓိက ထား ဆောင်ရွက်တဲ့နေရာမှာ ရခိုင်ပြည်နယ်ပါလာပါတယ်။ ရခိုင်ပြည်နယ်အထူးအနေနဲ့ ပါလာ တာက ပဋိပက္ခဖြစ်တဲ့နေရာဖြစ်တဲ့အတွက်ကြောင့် သူကပိုပြီးတော့ အထူးအာရုံစိုက် ဆောင်ရွက်နေတာ ဖြစ်ပါ တယ်။ အစိုးရအဖွဲ့ တက်ကတည်းက ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ လုပ်ငန်း ကော်မတီတွေကို ဆောင်ရွက်နေတဲ့အတွက်ကြောင့် ဆက်လက်ပြီးတော့လည်း ဒီကိစ္စကို ကျွန်တော်တို့ဆောင်ရွက်နေတယ်။ အခုလို ပြဿနာတွေဖြစ်တယ်။ အခြေအနေတွေ ပြောင်းလဲသွားတယ် ဆိုတာက အပြောင်းအလဲပေါ်မူတည်ပြီးတော့ လက်ရှိမြေပြင် အခြေအနေအပေါ် သုံးသပ်ပြီးတော့ အကျိုးရှိတာတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောလိုပါတယ်။

မေး။ အကြမ်းဖက်မှုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ဖော်ပြခဲ့ကြတဲ့၊ ဖော်ပြနေကြတဲ့ နိုင်ငံတကာက ရုပ်သံမီဒီ ယာတွေကိုရော ပြည်ထောင်စုဝန်ကြီးအနေနဲ့ ဘာများပြောချင်ပါသလဲ ခင်ဗျ။

ဖြေ။ အရေးအကြီးဆုံးက ဒီမီဒီယာကဏ္ဍဖြစ်ပါတယ်။ မီဒီယာကလည်း သေချာအဖြစ်မှန်၊ သတင်းမှန်တွေကို သိရှိဖို့ ကြိုးစားဖို့လိုပါတယ်။ သတင်းဦး၊ သတင်းထူးအနေနဲ့ တင်ပြရင်းကနေ သတင်းအမှားတွေ ပြန့်နှံ့ သွား တဲ့ကိစ္စကလည်း အရေးကြီးတဲ့ကိစ္စတစ်ခု ဖြစ်ပါတယ်။ သတင်းအမှန်ကိုရဖို့ ကျွန်တော်တို့ အစိုးရပိုင်း က ကြိုးစားပေမယ့် မီဒီယာပိုင်းကလည်း သတင်းမှန်တွေရရှိအောင် တကယ့်ကို ဖော်ထုတ်ပြီးတော့ ဆောင် ရွက်ပေးစေချင်ပါတယ်။ သတင်းမှန်တွေကိုလည်း တကယ့်ကို ကျယ်ကျယ် ပြန့်ပြန့် ဖြစ်အောင် ကြိုးစားပေး စေ ချင်ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း ကမ္ဘာမှာ ကျွန်တော်တို့ မြန်မာနိုင်ငံက သတင်းတွေကို ထိုး ဖောက်နိုင်အောင်လို့ ကြိုးစားနေတယ်လို့ ပြောချင်ပါတယ်။

မေး။ အခုဆိုရင်မောင်တောဒေသမှာ နေထိုင်ခဲ့ကြတဲ့ ဒေသခံပြည်သူတွေကို မိမိရဲ့မူလနေရာမှာ ပြန်နေ ထိုင် ခွင့်ပေးကြဖို့ ပို့ဆောင်ပေးနေကြပြီလို့ သိရပါတယ်။ အဲဒီမှာတချို့ကလည်း မပြန်ရဲကြ သေးဘူးလို့လည်း သိရပါတယ်။ တချို့မူဆလင်လူမျိုးတွေလည်း ဘင်္ဂလားဒေ့ရှ်ဘက်ကို သွားနေကြတယ်လို့ ကြားရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးလည်း သိချင်ပါတယ်။

ဖြေ။ အဓိကတော့ လုံခြုံရေးပါပဲ။ လုံခြုံမှလည်း တည်ငြိမ်အေးချမ်းမယ်။ ဒါကို ဦးစားပေး ဆောင်ရွက် နေပါ တယ်။ မိမိနေရပ်ဒေသကို ပြန်မရတဲ့သူတွေရှိတယ်။ အဲဒီမှာလည်း လုံခြုံရေးကို အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်ပေးနေတဲ့အတွက်ကြောင့် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် နေဖို့ လိုပါတယ်။ ဒါက တိုင်းရင်း သားပြည်သူတွေအတွက်ပေါ့။ တစ်ဖက်က မူဆလင်များအနေနဲ့ကလည်း တဖြည်းဖြည်းနဲ့ တစ်ဖက်နိုင်ငံကို ထွက်ခွာနေကြတယ်။ အကြောင်းအမျိုးမျိုးနဲ့ ထွက်သွားနေတယ်။ အမှန်တကယ်တော့ တည်ငြိမ်အေးချမ်း တဲ့နေရာတွေမှာ နေတဲ့သူတွေက ဆက်နေလို့ရပါတယ်။ ဒါပေမဲ့ တစ်ချို့ကလည်း တရွေ့ရွေ့နဲ့ သွားနေတာ တွေဟာ အကြောင်းအမျိုးမျိုးရှိတယ်။ ဒီဘက်ကနေ ကျွန်တော်တို့က မနေနိုင်အောင် လုပ်နေတာမျိုးမရှိဘူး။ အေးအေးဆေးဆေးနေနိုင်ရဲ့သားနဲ့ တရွေ့ရွေ့နဲ့ ရွေ့နေကြ တယ်လို့ သတင်းတွေကြားနေရတယ်။ ဒီလို ရွှေ့ပြောင်းနေတဲ့သူတွေက တကယ်တမ်းဆိုရင် ရည် ရွယ်ချက်တွေ အမျိုးမျိုး ရှိလိမ့်မယ်။ တစ်ဖက်နိုင်ငံမှာလည်း ပုံစံ အမျိုးမျိုးနဲ့ရှိမယ်လို့ ကျွန်တော်တို့ ယူဆတယ်။ ဒါကြောင့်မို့ ဒီဒေသမှာနေတဲ့ အေး ချမ်းနေတဲ့ဒေသမှာ အေးအေးချမ်းချမ်းနေကြရင် ကျွန်တော်တို့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မယ့် အစိုးရက လည်း ပံ့ပိုးကူညီမှာဖြစ်တဲ့အတွက် အားလုံးစုစု စည်းစည်း၊ ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းဆောင်ရွက်ကြရင်း နေထိုင်ကြဖို့ ပြောချင်ပါတယ်။

မေး။ ဒီဖြစ်စဉ်ကြောင့် အခက်အခဲဖြစ်နေကြရတဲ့ ပြည်သူတွေအပေါ် ကယ်ဆယ်ရေးနဲ့ ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးတို့အနေနဲ့ ဘယ်လိုဆောင်ရွက်နေကြပါသလဲ။

ဖြေ။ ကယ်ဆယ်ရေးနဲ့ ပတ်သက်လို့ အစကတည်းက ကိုယ့်အင်ကိုယ်အားနဲ့ချက်ချင်းထောက်ပံ့မှုတွေ ဆောင်ရွက်ပါတယ်။ ပျံံ့ပျံ့နှံ့နှံ့ ဆောင်ရွက်ပါတယ်။ ဒေသတစ်ခုလုံးပိုပြီးတော့ လွှမ်းခြုံနိုင်အောင်ဆိုပြီး တော့ အစိုးရဦး ဆောင်တဲ့ ကြက်ခြေနီလှုပ်ရှားမှုအနေနဲ့ ဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံကြက်ခြေနီ အသင်းပါတယ်။ အပြည်ပြည်ဆိုင်ရာကြက်ခြေနီအသင်းတွေပါတယ်။ အဖွဲ့သုံးဖွဲ့က ကြက်ခြေနီလှုပ်ရှားမှု အနေနဲ့ ဆောင်ရွက်နေပါတယ်။ ဒါကိုပျံ့နှံ့မှုဖြစ်အောင် စည်းမျဉ်းဥပဒေတွေအတိုင်းလိုက်နာဆောင်ရွက် အောင် အစိုးရရဲ့ ဦးဆောင်မှုနဲ့ဆောင်ရွက်နေတဲ့ ကိစ္စတွေရှိပါတယ်။ ကျန်တာတွေလည်း အလှူရှင် နိုင်ငံ တွေကနေ အများကြီး ကူညီထောက်ပံ့တာတွေရော ကူညီတာတွေလည်း တကယ့်ကို အကျိုးရှိရှိနဲ့ ဒုက္ခ ရောက်တဲ့ပြည်သူတွေဆီရောက်အောင် ကျွန်တော်တို့ဆောင် ရွက်ပေးနေတယ်။ ပြည်တွင်း အလှူ ရှင်တွေ ကိုလည်း ဒေသခံတိုင်းရင်းသားများဆီကို တိုက်ရိုက်ရောက်ရှိအောင် ကျွန်တော်တို့ ဆောင်ရွက် နေတယ်။ ပြည်ပအလှူရှင်တွေ လှူတဲ့ သူတွေကိုလည်း အားလုံးလွှမ်းခြုံပြီးတော့ ပျံ့ပျံ့နှံ့နှံ့ အကုန်လုံး ရောက်ရှိ အောင် ကျွန်တော်တို့ဆောင်ရွက်နေတယ်လို့ ကျွန်တော် ပြောလိုပါတယ်။

မေး။ ပြည်ထောင်စုဝန်ကြီးတို့အနေနဲ့ လက်ရှိလှူဒါန်းနေမှုတွေ အပါအဝင် စုစုပေါင်း ဘယ်လောက်အထိ လှူဒါန်းထားပြီးပါသလဲ။

ဖြေ။ စာရင်းအတိအကျကတော့ ကျွန်တော်တို့ချုပ်ပြီးတော့ Report တက်လာမှ သိရမှာဖြစ်ပါတယ်။ အတိ အကျ ပြောနိုင်ဖို့ကတော့ အချိန်တစ်ခုလောက်စောင့်ရပါဦးမယ်။ နည်းနည်း တည်ငြိမ်အေးချမ်း သွားပြီးတော့ စာရင်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

မေး။ ကျေးဇူးတင်ပါတယ်။ ပြည်ထောင်စုဝန်ကြီးခင်ဗျား။ ပြည်ထောင်စုဝန်ကြီးအနေနဲ့ ဒီမိုကရေစီတူဒေး သတင်းစားကနေ တခြားဖြည့်စွက်ပြောကြားချင်တာမျိုးများရှိရင်လည်း ပြောကြားပေးစေချင်ပါတယ်။

ဖြေ။ ကျွန်တော်အနေနဲ့ ဖြည့်စွက်ပြောချင်တာကတော့ ယခုဆိုရင်လည်း ဒီဒေသမှာ လုံခြုံရေးနဲ့ ပတ်သက် ပြီးတော့ အစွမ်းကုန်ဆောင်ရွက်နေပါတယ်။ အားလုံးပြည်သူတွေကလည်း တည်ငြိမ်အောင် ပူးပေါင်း ဆောင်ရွက်ဖို့ လိုပါတယ်။ တည်ငြိမ်မှုပျက်ပြားအောင် မလုပ်ရင်ပိုပြီးတော့ တည်ငြိမ်အေးချမ်းသွား မှာ ဖြစ်ပါတယ်။ ကာလအားဖြင့်တော့ တစ်လနေရင်တော့ အေးချမ်းသွားမယ်။ နှစ်လနေရင်တော့ အေးချမ်း သွားမယ် စသည်ဖြင့် ပြောရတာခက်ပါတယ်။ ဒါပေမဲ့ တည်ငြိမ်တဲ့အခိုက်မှာရရှိတဲ့ တည်ငြိမ်မှု အပေါ်မှာ အခြေခံပြီးတော့ ဆောင်ရွက်သမျှတွေကို တိုးတက်မှုရှိအောင်ဆောင်ရွက်မယ်ဆိုရင် ဒီထက်ပိုပြီး တည်ငြိမ်လာမယ်လို့ပြောချင်ပါတယ်။

မေး။ ဟုတ်ကဲ့ပါ။ အခုလိုမအားလပ်တဲ့ကြားကနေ သိချင်တဲ့အကြောင်းအရာကို စိတ်ရှည်လက်ရှည်ဖြေ ကြားပေးခဲ့တဲ့အတွက် ပြည်ထောင်စုဝန်ကြီးကို ဒီမိုကရေစီတူဒေးသတင်းစာက ကျေးဇူးအထူး တင်ရှိပါတယ်။

ဖြေ။ ဟုတ်ကဲ့ပါ။ ကျွန်တော်လည်း ကျေးဇူးတင်ပါတယ်။



No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */