" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မောင်တော. Show all posts
Showing posts with label မောင်တော. Show all posts

Monday, February 18, 2019

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ တိုက်ပွဲ ပြင်းထန်

VOA
ဗွီအိုအေ (မြန်မာဌာန)
နိုင်ကွန်းအိန်၊ 18 ဖေဖော်ဝါရီ၊ 2019

ရခိုင်လက်နက်ကိုင်အဖွဲ့  (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

ရခိုင်ပြည်နယ်မှာ ဒီရက်ပိုင်းတွေအတွင်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြား နှစ်ဖက် တိုက်ပွဲနဲ့ ဗုံးခွဲ တိုက်ခိုက်မှုတွေ ပိုပြီး အဖြစ်များလာနေပါတယ်။ မနေ့က ရသေ့တောင်မြို့နယ်ထဲမှာပဲ တိုက် ပွဲ(၃)ကြိမ် ဖြစ်ပွား ခဲ့သလို ပုဏ္ဏားကျွန်းမြို့နယ် ဖက်မှာလဲ တပ်မတော်သားတွေ စီးနင်းလာတဲ့ အရပ်သား ကားတစီးကိုလဲ AA ဖက်က ဗုံးခွဲတိုက်ခိုက်ခဲ့ တယ်လို့ နှစ်ဖက်တာဝန်ရှိသူတွေက ပြောပါတယ်။

Sunday, February 17, 2019

ဒိုင်းနက်လူမျိုး ၃ ဦး အသတ်ခံရ


RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-02-17




ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း သင်္ဘောလှကျေးရွာမှာ ဂဏန်းရှာထွက်တဲ့ ဒိုင်းနက်လူမျိုး ၃ ဦး မနေ့က သတ်ဖြတ်ခံခဲ့ရပြီး ဒါဟာ အာဆာနဲ့ တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံက ခိုးဝင်လာသူတွေရဲ့ လက်ချက်ဖြစ်တယ်လို့ သုံးသပ်ထားကြောင်း မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က RFA ကို ဒီနေ့ ပြောပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်း သင်္ဘောလှကျေးရွာမှ ကျေးရွာသား ၃ ဦး အသတ်ခံရ

DVB
17 February 2019


ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း သင်္ဘောလှကျေးရွာမှာ ကျေးရွာသား ၃ ဦး အသတ်ခံခဲ့ရ တယ်လို့ သင်္ဘောလှကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၅ နေ့ မနက်ပိုင်းက ငါး၊ ဂဏန်းများရှာဖွေဖို့ သွားကြတဲ့ မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြိုလက်ဝဲမြို့ သဲချောင်းကျေးရွာအုပ်စု၊ သင်္ဘောလှကျေးရွာမှ ကျေးရွာသား ၃ ဦးပျောက်ဆုံးခဲ့ပြီး ဖေဖော်ဝါရီ ၁၆ ရက်နေ့ မနက်ပိုင်းအထိ ပြန်မရောက်လာတဲ့အတွက် သင်္ဘောလှကျေးရွာ၊ မီးတိုက်ကျေး ရွာ၊ သာယာကုန်းကျေးရွာသားတွေ လိုက်လံရှာဖွေခဲ့ကြရာမှ ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ခဲ့ ကြရတာပါ။

Saturday, February 16, 2019

မောင်တောတွင် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင် မှုဖြစ်ပြီး နေအိမ်နှစ်လုံးဆုံးရှုံး


Nrefrmwdkif;rf
ကျော်ကြီး 16 Feb 2019 | မြန်မာတိုင်းမ်နေ့စဉ်၊

မောင်တောမြို့နယ် နယ်မြေ(၆) စေတီပြင်ကျေးရွာရှိနေအိမ် မီးလောင်ကျွမ်းနေစဉ်။ဓာတ်ပုံ - 

ပြည်ထဲရေးဝန်ကြီးဌာနရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဖေဖော်ဝါရီ ၁၅ ရက်၊ ည ၉ နာရီခန့်က မီးဖိုဆောင်မီးကြွင်းမီးကျန်မှတစ်ဆင့်မီးလောင်မှု ဖြစ်ပွားခဲ့ပြီးနေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။နယ်မြေ(၆) စေတီပြင်ကျေးရွာရှိ အသက် ၇၆ နှစ်ခန့်အရွယ် ဦးဘော် ရှော(ခ)အဘူဘော်ရှော၏ နေအိမ်မီးဖိုဆောင်ရှိ မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုစတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ပျောက်ဆုံးနေသူ မောင်တောမြို့နယ် သင်္ဘောလှ ကျေးရွာသား ၃ ဦးအလောင်း ကျင်းတစ်ခုတည်းတွင် မြုပ်နှံတွေ့ရှိ

နိရဉ္စရာ
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၆

မြန်မာ-ဘင်္ဂလာဒေ့ရှ် နယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်း၊ အထက်သင်္ဘောလှ ကျေးရွာမှ ပျောက်ဆုံး နေသူ ဒိုင်းနက်လူမျိုး ၃ ဦး၏ အလောင်းကို ကျင်းတစ်ခုတည်းတွင် မြုပ်နှံ၍ ယနေ့ နံနက်က ၉ နာရီကျော် က ရှာဖွေ တွေ့ရှိခဲ့သည်ဟု သတင်းရရှိသည်။

Friday, February 15, 2019

မောင်တောရဲကင်းတိုက်ခိုက်မှု ARSA အဖွဲ့လက်ချက် ဖြစ်နိုင်ခြေများဟု တပ်မတော်သုံးသပ်

VOA
15 ဖေဖော်ဝါရီ၊ 2019, ကိုနိုင်ကွန်းအိန်

                             ရခိုင်ပြည်နယ်၊ မောင်တောခရိုင် နယ်မြေ (၅) ရဲကင်းစခန်း တိုက်ခိုက်ခံရသည့် ကာလာဒေးဗတ်တံတား နေရာ။ (ဓာတ်ပုံ-MOI)

မနေ့က ရခိုင်ပြည်နယ်မောင်တောမြို့နယ်က အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ရဲကင်း အဖွဲ့ကို တိုက်
ခိုက် တာဟာ ရခိုင့်တပ်မတော် AAနဲ့ ARSA အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်တယ် လို့ တပ်မတော်ပိုင်သ
တင်း စာကနေ ထုတ်ပြန်တဲ့အပေါ် ရခိုင်လက်နက်ကိုင် AA ဘက်က ငြင်းဆိုခဲ့ပါတယ်။ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူတွေကတော့ ARSA အဖွဲ့ ဖြစ်နိုင်ခြေများတယ်လို့လည်း ပြောဆိုပါတယ်။

Thursday, February 14, 2019

မောင်တော နယ်ခြားစောင့်ရဲကင်း တိုက်ခိုက်ခံရ

VOA
,နိုင်ကွန်းအိန်
 

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဘင်္ဂလားနယ်စပ်အနီး အောင်သပြေကျေးရွာ နယ်ခြားစောင့်ရဲကင်း စခမ်းတခုကို အမည်မသိအဖွဲ့ ကနေ မနေ့ညကနေ ဒီမနက်ပိုင်းအထိ ၀င်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ ပါတယ်။

မောင်ေ​တာမြို့နယ်​​တွင် အာဆာအဖွဲ့နှင့် တိုက်​ပွဲဖြစ်​၊ ဒုရဲအုပ်​ ၁ ​ဦးကျဆုံး

DVB
14 February 2019

( ARSA ဟုမမှန်မကန် သတင်းတွင်ဖေါ်ပြ )
ရခိုင်ပြည်နယ်၊ မောင်ေ​တာမြို့နယ်​​မြောက်​ပိုင်း သုပဏ္ဏကကျေးရွာအနီး နယ်ခြားစောင့် ရဲတပ်ဖွဲ့နဲ့ အာဆာ အကြမ်းဖက်အဖွဲ့တို့ တိုက်​ပွဲဖြစ်​ပွားခဲ့ပြီး ဒုရဲအုပ်​ တဦးကျဆုံးခဲ့တယ်လို့ သုပဏ္ဏက ကျေးရွာသားတွေက ပြောပါတယ်။

Monday, February 11, 2019

မောင်တောမြို့နယ်အတွင်း ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ နောက်ထပ် ၂ လတိုး

နိရဉ္စရာ၊
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၁
 
ရခိုင်ပြည်နယ်အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တွင် ညမထွက်ရ အမိန့်ပုဒ်မ ၁၄၄ ကို နောက် ထပ် ၂ လ တိုးမြင့် ထုတ်ပြန်လိုက်သည်ဟု သတင်းရရှိသည်။

Friday, February 8, 2019

ရခိုင်ပြည်နယ်မှာ ကြက်ခြေနီလုပ်ငန်းတချို့ရပ်နား ထားရ

ICRC အဖွဲ့ အမှတ်အသား

ရခိုင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထိခိုက်ခံစားနေရသူ ငါးထောင် ကျော်ကို အရေးပေါ် အကူအညီတွေပေးနေပေမယ့်၊ မြို့နယ်ငါးမြို့နယ်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေ တွေကြောင့် ကြက်ခြေနီလုပ်ငန်းတချို့ကို ရပ်နားထားရတယ်လို့ ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အဖွဲ့က ဖေဖော်ဝါရီလ ၇ ရက်နေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

Sunday, February 3, 2019

ရခိုင်မြောက်ပိုင်း မြို့နယ်များတွင် AA ဝင်ရောက်မှု စစ်ဆေးရန် ညွှန်ကြားစာ ပြည်နယ်အစိုးရငြင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ် ခုနစ်မြို့နယ်တွင် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က ပြည်သူများနှင့် ရောနှောနေ သည်ဟု သတင်းရသဖြင့် တပ်မတော်အပါအဝင် သက်ဆိုင်ရာက ဝင်ရောက်စစ်ဆေးရန် ညွှန်ကြားထားခြင်းမရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးကျော်အေးသိန်းက ပြောကြားသည်။

ဝန်ကြီးချုပ်ကိုယ်စား ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း လက်မှတ်ရေး ထိုးကာ ဇန်နဝါရီလ ၂၅ ရက်နေ့ရက်စွဲဖြင့် ယင်းသို့ ညွှန်ကြားထားသည့်စာမှာ Facebook စာမျက်နှာတွင် ပျံ့နှံ့နေသည်။

Wednesday, January 30, 2019

ရခိုင်တိုက်ပွဲ အရပ်သားထိခိုက်မှု တိုးလာ

ဘူးသီးတောင်မြို့နယ် အနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တိမ်းရှောင်ထွက်ပြေးလာခဲ့ကြသော စစ်ရှောင်များ (photo-Rakhine Ethnics Congress)

မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြား တိုက်ပွဲတွေဖြစ်ပွားတဲ့ နှစ်လ တာကာလ အတွင်း အရပ်သား ၄ ဦး ထက်မနည်း သေဆုံးရပြီးဖြစ်သလို ထိခိုက် ဒဏ်ရာရသူ ၁၄ ဦးထိရှိပြီလို့ စစ်
တမ်း ကာက်ယူထားတဲ့ ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေး အရပ်ဘက်အဖွဲ့အစည်းတွေကပြောပါတယ်။ ဒါ့အပြင် ရခိုင့် တပ်မတော်နဲ့ ဆက်နွယ်တယ်ဆိုပြီး မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေပုဒ်မနဲ့ ဖမ်း ဆီး တရားစွဲဆိုခံရသူ အရေအတွက်လည်း တိုးလာနေတာပါ။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

မြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေရှ့် နိုင်ငံခြား ရေးဌာန ဆင့်ခေါ်

                                                              မြန်မာသံအမတ်ကြီး ဦးလွင်ဦး ( ဖေဖေါ်ဝါရီလ ၂၅၊ ၂၀၁၈) 

ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ၀န်ကြီးဌာနက ဘင်္ဂလားဒေရှ့်ဆိုင်ရာ မြန်မာ သံအမတ်ကြီးကို ဆင့်ခေါ် ခဲ့ပါတယ်။ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ အရှေ့တောင်အာရှ ဆိုင်ရာ ဌာနက ညွှန်ကြားရေး မှူးချုပ် Md Delwar Hossain က အင်္ဂါနေ့ နေ့ခင်းပိုင်းမှာ ဘင်္ဂလားဒေရှ့် ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးလွင်ဦးနဲ့ တွေ့ဆုံကြောင်း ဒါကာထရီဗျူးမှာ ဖော်ပြပါတယ်။

Friday, January 25, 2019

စစ်တွေရောက်ဟိန္ဒူတွေ မောင်တောပြန်ပို့ခံရမှာ စိုးရိမ်နေ



                                 ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတစ်ခုမှာ နေထိုင်တဲ့ ဟိန္ဒူဘာသာဝင်တချို့ကို တွေ့ရစဉ်



ရခိုင်ပြည်နယ် မောင်တောမြို့နယ်ကနေ စစ်တွေမြို့မှာ လာရောက်ခိုလှုံနေတဲ့ ဟိန္ဒူတွေဟာ သူတို့ကို မူရင်းဒေသ အဓမ္မပြန်ပို့မယ်ဆိုရင် မွတ်စလင်အကြမ်းဖက်တွေက သတ်ဖြတ်မှာကို စိုးရိမ်နေကြပါတယ်။ RFA အဖွဲ့သား ဦးခင်မောင်စိုးက တင်ပြထားပါတယ်။

Thursday, January 24, 2019

ရခိုင်လုံခြုံရေးရဲကင်း လက်နက်ကြီးပစ်ခတ်ခံရ

24 ဇန်နဝါရီ၊ 2019 



မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်က မြန်မာ နယ်ခြားစောင့် ရဲကင်းစခန်းတခုကို ဒီကနေ့မနက်ပိုင်းမှာ လက် နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခံရတယ်လို့ တပ်မတော် ပြောရေးဆိုခွင့်ရှိသူတဦးက ဗွီအိုအေကို အတည် ပြုပြောဆိုပါတယ်။ အဲဒါဟာ ARSA အဖွဲ့ရဲ့ လက်ချက်လို့ တပ်မတော်က ယူဆထားပြီး ထိခိုက်ဒဏ်ရာရ တာတော့ မရှိဘူးလို့ပြောပါတယ်။ ဒီအတောအတွင်း ချင်းပြည်နယ် ဘက်မှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့် တပ်မတော် AA တို့အကြား တိုက်ပွဲ ထပ်ဖြစ်ပြီး ကျေးရွာတွေအပေါ် လက်နက်ကြီးကျည်တွေ ကျတာကြောင့် ဒေသခံရွာသားတွေ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက်သတင်း ထောက် နိုင်ကွန်းအိမ်က သတင်းပေးပို့ထားပါတယ်။

နယ်ခြားစောင့်လုံခြုံရေးစခန်း ပစ်ခတ်ခံရ ရဲနှစ်ဦး နဲ့ အလုပ်သမားတစ်ဦး ဒဏ်ရာရ

                                                  ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်းကနေ မြန်မာနယ်ခြားစောင့်လုံခြုံရေးစခန်းကို ပစ်ခတ်တိုက်ခိုက်သည့် နေရာပြမြေပုံ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးက နယ်ခြားစောင့် လုံခြုံရေး စခန်းတစ်ခုကို ဒီနေ့မနက်က ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာရှိတဲ့ အမည်မသိလက်နက်ကိုင်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင် နှစ်ဦးနဲ့ အင်ဂျင်နီယာတပ်က အလုပ်သမားတစ်ဦး ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ သိရပါတယ်။

Tuesday, January 22, 2019

ချင်းပြည်နယ်တွင်း၊ တပ်မတော်နဲ့ AA တိုက်ပွဲဖြစ်

                                                     AA Army (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့အကြား ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဘက်မှာ ဒီကနေ့ တိုက်ပွဲဖြစ်ပြီး တပ်မတော် ဘက်က လေကြောင်းကနေပါ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီအခြေအနေကြောင့် ဒေသခံ ကျေးရွာသား တွေ အိုးအိမ်စွန့်ခွာပြီး ထွက်ပြေး တိမ်းရှောင်နေကြရ တယ်လို့လည်း ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက်သတင်း ထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

Monday, January 21, 2019

ဘင်္ဂလားဒေ့ရှ်ဘက်က စက်လှေ ၃ စီးနဲ့ လူ ၁၂ ယောက်ကို ဖမ်းမိ

ဘင်္ဂလားပင်လယ်အော် မြန်မာ့ရေပိုင်နက်ထဲကို ဝင်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက စက်လှေ ၃ စီးနဲ့ လူ ၁၂ ယောက်ကို မနေ့ညက ရေတပ်က ဖမ်းဆီးမိခဲ့တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဗိုလ်မှူး ကြီး ဝင်းဇော်ဦးက RFA ကို အတည်ပြုပြောပါတယ်။ ရေတပ်က ကင်းလှည့်သွားစဉ်မှာ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်နဲ့ မောင်တောမြို့နယ်အစပ် ကိုးတန် ကောက်ကျေးရွာရဲ့ အနောက်ဘက် ရေမိုင် ၂.၆ မှာ ဖမ်းမိခဲ့တာလို့ ပြောပါတယ်။ ဖမ်းဆီးမိတဲ့ စက်လှေတွေဟာ အလျား ၁၈ ပေ၊ အနံ ၁၀ ပေကျယ်တဲ့ ငါးဖမ်းစက်လှေတွေ ဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။


https://www.rfa.org/burmese/news/bangladesh-boat-people-in-rakhine-01212019070343.html

ရခိုင်ပြည်နယ်တွင်း AA နဲ့တိုက်ပွဲများ ဆက်ဖြစ် ပွား

ရက္ခိုင့်တပ်မတော် စစ်ရေးလေ့ကျင့်နေစဉ် (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

မြန်မာ့တပ်မတော်နဲ့ ရခိုင်လူမျိုးစုလက်နက်ကိုင်အဖွဲ့ AA တို့အကြား ဒီကနေ့ တနင်္လာနေ့ ကျောက်တောမြို့ နယ်ဘက်မှာ တိုက်ပွဲ ဖြစ်နေသလို ဘူးသီးတောင်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေဘက်မှာလည်း တိုက်ပွဲဖြစ်ခဲ့ တယ်လို့ ဒေသခံတွေကပြောပါတယ်။ တိုက်ပွဲ ဖြစ်တဲ့နားကျေးရွာက အုပ်ချုပ်ရေးမှူးတဦးကို ဘယ်သူဘယ် ဝါမှန်းမသိတဲ့ လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဖြစ်ရပ်လည်း ဖြစ်ထားပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */