Sunday, February 17, 2019

မောင်တောမြို့နယ်မြောက်ပိုင်း သင်္ဘောလှကျေးရွာမှ ကျေးရွာသား ၃ ဦး အသတ်ခံရ

DVB
17 February 2019
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း သင်္ဘောလှကျေးရွာမှာ ကျေးရွာသား ၃ ဦး အသတ်ခံခဲ့ရ တယ်လို့ သင်္ဘောလှကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၅ နေ့ မနက်ပိုင်းက ငါး၊ ဂဏန်းများရှာဖွေဖို့ သွားကြတဲ့ မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြိုလက်ဝဲမြို့ သဲချောင်းကျေးရွာအုပ်စု၊ သင်္ဘောလှကျေးရွာမှ ကျေးရွာသား ၃ ဦးပျောက်ဆုံးခဲ့ပြီး ဖေဖော်ဝါရီ ၁၆ ရက်နေ့ မနက်ပိုင်းအထိ ပြန်မရောက်လာတဲ့အတွက် သင်္ဘောလှကျေးရွာ၊ မီးတိုက်ကျေး ရွာ၊ သာယာကုန်းကျေးရွာသားတွေ လိုက်လံရှာဖွေခဲ့ကြရာမှ ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ခဲ့ ကြရတာပါ။

ကွမ်းသီးပင်ကျေးရွာအုပ်စု၊ လက်ဖွဲ့ကျ အထက် တောင်ကုန်းရှိ လျှိုမြောင်အတွင်း ဖို့မြေတခု နဲ့ သွေးစွန့်နေ တဲ့ ပုဆိုးတထည်၊ ခိုက်ရန်ဖြစ်ပွားကြောင်း ယူဆရတဲ့ နေရာတွေကို တွေ့ရှိတဲ့အတွက် သင်္ဘောလှကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်စိန်ထွန်းက နယ်ခြားစောင့်ရဲစခန်းနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့အတူ စစ်ဆေး ရာ လည်ပင်းနဲ့ နားထင်တွေမှာ ပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ဦးလှထွန်းမောင်၊ ဦးဂေါင်ဇူကီ၊ ဦးမောင် ထွန်းစိန်တို့ရဲ့ ရုပ်အလောင်းတွေကို တူးဖော်တွေ့ရှိခဲ့ပါတယ်။

ရုပ်အလောင်းတွေကို ဆေးစစ်ချက်တွေနဲ့အတူ ရဲလုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ပြီး သင်္ဘောလှကျေး ရွာမှာ မြေမြုပ်သင်္ဂြိုဟ်လိုက်တယ်လို့ သဘောၤလှ ကျေးရွာအုပ်ချုပ်ရေးမှူး မောင်စိန်ထွန်းက ပြောပါတယ်။

“ARSA အကြမ်းဖက်အဖွဲ့က သတ်သွားတာလို့ ပြောနိုင်ပါတယ်။ ဘာအတွက်လဲဆိုတော့ ကွမ်းသီးပင်ကျေး ရွာအုပ်စု၊ လက်ဖွဲ့ကျကျေးရွာဟာ ဘင်္ဂါလီတွေနေခဲ့တဲ့ရွာဖြစ်တယ်။ သူတို့ ဝင်ရောက်ပြီး ချုံခိုတိုက်ခိုက် ဖို့ပြင်ဆင်နေတဲ့ အနေအထားရှိနေပါတယ်။ အခုသေသွားတဲ့ သူတွေက တကယ့်ကို မရှိဆင်းရဲ တနေ့စာ တနေ့ ရှာစားနေကြတွေဖြစ်ပါတယ်။ အခုကျန်ခဲ့တဲ့ မိသားစုတွေ အလွန်ဒုက္ခရောက်မှာပါ။”

မောင်တောခရိုင်ဒုအုပ်ချုပ်ရေးမှူး ဦးရဲထူးက “အကြမ်းဖက်အဖွဲ့တွေ လှုပ်ရှားနေ ကြတယ်ဆိုတဲ့ သင်္ကေတ တ ခုပါပဲ။ သူတို့အင်အားနဲ့မမျှလို့ အခုလို အသတ်ခံရတာပေါ့လေ။ ယောကျ်ားသား သုံးယောက်ပဲ၊ အင်အား ချင်းမျှရင် ခုခံနိုင်တဲ့ အနေအထားရှိတာပဲလေ။ နယ်မြေလုံခြုံရေးအတွက်ကတော့ ရှင်းလင်းမှုတွေ လုပ် ဆောင်နေပါတယ်” လို့ ပြောကြားပါတယ်။

ပြည်နယ်လွှတ်တော်အမတ် ဦးထွန်းလှစိန်က မောင်တောမြောက်ပိုင်းက နယ်မြေ ကျယ်ပြန်တာကြောင့် ပြည်သူကို လုံခြုံမှုပေးနိုင်ရေး လုံခြုံရေးအင်အား တိုးမြင့်ပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

“မောင်တောမြောက်ပိုင်းက နယ်မြေကလည်း ကျယ်ပြန့်တယ်။ ပထဝီအနေအထားအရလည်း အလွယ်တ ကူ ချုံခိုတိုက်ခိုက်နိုင်တဲ့အနေအထားမှာ ရှိနေတယ်။ ပြည်သူတွေကလည်း တနေ့ လုပ်စာတနေ့ ရှာစားနေ ရတော့ နောက်ပိုင်းမှာလည်း ဒီလိုအသတ်ခံရမှုတွေ ဆက်ဖြစ်လာနေမှာပဲ။ ပြည်သူတွေအနေနဲ့ကလည်း အန္တရာယ်ရှိနိုင်တဲ့နေရာတွေကို မသွားဖို့လိုတယ်။ နယ်ခြားစောင့် ကင်းစခန်းတွေကလည်း သူတို့စခန်း တွလောက်သာ ကာကွယ်နေတဲ့ အနေအထားမှာ ရှိနေတယ်။ ပြည်သူတိုင်းကိုလည်း လုံခြုံမူမပေးနိုင်ဘူး အင်အားလိုအပ်တယ်။ ကင်းစခန်းတခုမှာ အင်အား ၁၀ ဦးလောက်နဲ့ ဘယ်လိုမှ မလုံလောက်ဘူး။

သူတို့ကိုယ်တိုင်က စိုးရိမ်နေတဲ့ အနေအထားမှာ ရှိနေတယ်။ အင်အားနည်းနေတယ်။ နောက်ဒီလိုသာ ဆိုရင် တိုင်းရင်းသားကျေးရွာတွေနေရာ ရွှေ့ပြောင်းလာနိုင်ပါတယ်။ အခုအခြေအနေကို ကြည့်မယ်ဆိုရင် အသတ်ခံရတဲ့ ၃ ဦးရဲ့ အသက်အရွယ်တွေနဲ့ အင်အားများတဲ့ ARSA အဖွဲ့နဲ့ ဆုံတွေ့ပြီး အသတ်ခံရတာလို့ ယူဆမိတယ်”လို့ ပြောပါတယ်။

၂၀၁၈ ခု ဒီဇင်ဘာလ ၁၇ ရက်နေ့ကလည်း အထက်ပြူးမကျေးရွာက ရွာသား ၂ ဦး အသတ်ခံခဲ့ရပါတယ်။
ရြာက ရြာသား ၂ ဦး အသတ္ခံခဲ့ရပါတယ္။
 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */