Saturday, February 16, 2019

မောင်တောတွင် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင် မှုဖြစ်ပြီး နေအိမ်နှစ်လုံးဆုံးရှုံး


မြန်မာတိုင်းမ်နေ့စဉ်
ကျော်ကြီး 
16 Feb 2019 
 မောင်တောမြို့နယ် နယ်မြေ(၆) စေတီပြင်ကျေးရွာရှိနေအိမ် မီးလောင်ကျွမ်းနေစဉ်။ဓာတ်ပုံ - 
 
ပြည်ထဲရေးဝန်ကြီးဌာနရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဖေဖော်ဝါရီ ၁၅ ရက်၊ ည ၉ နာရီခန့်က မီးဖိုဆောင်မီးကြွင်းမီးကျန်မှတစ်ဆင့်မီးလောင်မှု ဖြစ်ပွားခဲ့ပြီးနေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။နယ်မြေ(၆) စေတီပြင်ကျေးရွာရှိ အသက် ၇၆ နှစ်ခန့်အရွယ် ဦးဘော် ရှော(ခ)အဘူဘော်ရှော၏ နေအိမ်မီးဖိုဆောင်ရှိ မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုစတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယင်းသို့မီးလောင်ခဲ့ခြင်းကြောင့် ယင်းအိမ်အပါအဝင် သွပ်မိုး၊ ပျဉ်ကာ မြေစိုက်အိမ်နှစ်လုံး မီးလောင်ဆုံးရှုံး ခဲ့ကြောင်း ရဲမှတ်တမ်းများက ဆိုသည်။အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဦးဘော်ရှော(ခ)အဘူ ဘော်ရှောကို ပြင်ဖြူနယ်မြေရဲစခန်းက (ပ) ၅/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */