" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အမေရိကန်. Show all posts
Showing posts with label အမေရိကန်. Show all posts

Tuesday, July 30, 2019

ရိုဟင်ဂျာဘာသာ အစီအစဉ် ဗွီအိုအေ စတင် ထုတ် လွှင့်

VOA
အမေရိကန် ပြည်ထောင်စု ၀ါရှင်တန် ဒီစီ ဗွီအိုအေ ဘင်္ဂါလီ ဘာသာ ဌာန လက်အောက်ကနေ ရိုဟင်ဂျာ အသံလွှင့် အစီအစဉ်ကို ဇူလိုင် ၂၉ ရက်နေ့ တနလာင်္နေ့က စတင် ထုတ်လွှင့်ပါတယ်။

ဘင်္ဂလားဒေရှ့် နိုင်ငံ ကောဇ့်ဘဇားရှိ ကူတူးပလောင် ရိုဟင်ဂျာ ဒုက္ခသည် စခန်းက ပေးပို့တဲ့ သတင်းတွေ အပြင် အထူးသဖြင့် ဘင်္ဂလားဒေရှ့် အပါအ၀င် နိုင်ငံတကာ သတင်းတွေကို တနေ့ကိုနာရီဝက် တနလာင်္ နေ့ကနေ သောကြာနေ့ အထိ တပတ် ၅ ရက် ၀ါရှင်တန် စံတော်ချိန် မနက် ၇ နာရီခွဲ၊ ဘင်္ဂလားဒေရှ့် စံ တော်ချိန် ညနေ ၅ နာရီခွဲမှာ ရိုဟင်ဂျာ ဘာသာစကားနဲ့ ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

ရိုဟင်ဂျာဘာသာ အစီအစဉ် VOA ထုတ်လွှင့်တဲ့

B B C
ဘီဘီစီ မြန်မာပိုင်း
30 ဇူလိုင် 2019
ရိုဟင်ဂျာဘာသာ အစီအစဉ် VOA ထုတ်လွှင့်

မွတ်စလင်ဒုက္ခသည်တွေအတွက်ရည်ရွယ်တဲ့ ရိုဟင်ဂျာဘာသာ အစီအစဉ်ကို အမေရိကန်ပြည်ထောင်စု VOA ဌာနကနေ ဇူလိုင်လ ၂၉ ရက်နေ့ကစလို့ ထုတ်လွှင့်ပေးနေပြီ ဖြစ်ပါတယ်။

Lifeline လို့ အမည်ပေးထားတဲ့ မိနစ် ၃၀ စာ ရေဒီယိုအစီအစဉ်ကို ဝါရှင်တန်ဒီစီ VOA ဘင်္ဂါလီ ဘာသာဌာ နကနေ တနင်္လာနေ့ကနေ သောကြာနေ့အထိ သီတင်းတစ်ပတ်ကို ၅ ရက် ထုတ်လွှင်ပေးမှာပါ။

Tuesday, July 23, 2019

ရခိုင် သိမ်းပိုက်ရေး အကြံပြုသည့် အမေရိကန် အမတ် ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ

ဧရာဝတီ
By Muktadir Rashid
22 July 2019
 ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးသည် အမေရိကန် ကွန်ဂရက်အမတ် ဘရက်ဒလေ ရှားမင်းကို ဝါရှင်တန်တွင် တွေ့ဆုံ ဆွေးနွေးခဲ့သည် / Bradley Sherman / Twitter

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အေကေအမ် အဗဒူ မိုမန်သည် အမေရိကန် ကွန်ဂရက်အမတ် ဘရက် ဒလေ ရှားမင်းကို ဝါရှင်တန်တွင် ဇူလိုင်လ ၁၈ ရက်နေ့ကတွေ့ဆုံပြီး ဒုက္ခသည်များ နေရပ်ပြန်ပို့ရေးကို ဆွေး နွေးခဲ့သည်။

ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အစိတ်အပိုင်းအဖြစ် သတ်မှတ်လိုက်ပါက ဒုက္ခသည် အကျပ်အ တည်း ဖြေရှင်းနိုင်မည်ဟု ပြောကြားခဲ့သောကြောင့် ရှားမင်းသည် မကြာသေးမီက သတင်းခေါင်းစဉ်များတွင် နေရာ ရလာသူဖြစ်သည်။

Saturday, July 20, 2019

မြန်မာနိုင်ငံအပေါ် ပိုမို ပိတ်ဆို့ဖို့ အမေရိကန်ကို ရိုဟင် ဂျာအဖွဲ့တွေ တိုက်တွန်း

RFA 
လွတ်လပ်တဲ့ အာရှအသံ
၁၉ ဇူလိုင် ၂၀၁၉


■ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာတပ်မတော် ထိပ်တန်းခေါင်း ဆောင် ၄ ဦး ကို အမေရိကန်ပြည်ထောင်စုက ပြည်ဝင်ခွင့်ပိတ်ဆို့ အရေးယူခဲ့တာဟာ လုံလောက်ခြင်း မရှိ ဘူး လို့ ဗြိတိန်အခြေစိုက်ပြီး ရိုဟင်ဂျာအရေးလှုပ်ရှားနေတဲ့ အဖွဲ့နှစ်ဖွဲ့က ဒီကနေ့ ပြောကြားလိုက်ပါတယ်။


ရိုဟင်ဂျာလွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့က မြန်မာအစိုးရကို စီးပွားရေး၊ နိုင်ငံရေးနဲ့ သံတမန်ရေးအရပါ ပိတ်ဆို့ဖို့ တိုက်တွန်းခဲ့သလို မြန်မာလူ့အခွင့်အရေးကွန်ရက်ကလည်း အမေရိကန်ပြည်ထောင်စုက အခုလို အရေးယူခဲ့တာကို ကြိုဆိုပါတယ်။ ဒါပေမယ့် မြန်မာ့တပ်မတော်ပိုင် ကုမ္ပဏီတွေ လုပ်ငန်းတွေကိုပါ ပိတ်ဆို့ အရေးယူသင့်တယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ရန်ဟီးလီက အမေရိကန်ပြည်ထောင် စု အနေနဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေ ပိုမိုဆောင်ရွက်ဖို့ တိုက်တွန်းပြောကြားခဲ့ပြီးနောက်တေ န့မှာ ရိုဟင်ဂျာအရေးလှုပ်ရှားမှုအဖွဲ့ ၂ ဖွဲ့ရဲ့ ပြောကြားချက်တွေ အခုလို ပေါ်ထွက်လာတာဖြစ်ပါတယ်။

Photo: AFP

Thursday, July 18, 2019

အ​မေရိကန်​သမ္မတနှင့်​​တွေ့ဆုံ မြန်မာ (၄)ဦးနှင့်တွေ့ဆုံ

အိမ်ဖြူတော်
အမေရိကန်သမ္မတရုံး
ဝါရှင်တန်



Rev.Dr.Hkalam Sam Son US President Donald Trump hte Sa du hkrum zup jahta lu sai

သိက္ခာ​တော်​ရ​ဆရာ​တော်​ ​ဒေါက်​တာခလမ်​ဆမ်​ဆွန်​ အ​မေရိကန်​သမ္မတနှင့်​​တွေ့ဆုံ

ကချင်ပြည်နယ်ကဒုက္ခသည် ​တွေအရေး ​ဆောင်ရွက်နေတဲ့ KBC  ကချင်နှစ်ချင်းအဖွဲ့ချုပ်ရဲ့  ဥက္ကဌ
Rev.Dr. Samson Hkalam က  ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်နေပြီး၊မြန်မာစစ်တပ်ကနေခရစ်ယာန်
ေ  တွကို နှိပ်ကွက်မှုတွေ ရှိနေတဲ့အကြောင်း အခုလိုပြောပါတယ်။

“ကျနော်က မြန်မာနိုင်ငံ မြောက်ပိုင်းက Kachin Baptist Convention မှဥက္ကဌပါ မြန်မာနိုင်ငံမှာကျနော်တို့
ခရစ်ယာန်တွေကို မြန်မာစစ်တပ်က ရက်ရက်စက်စက် နှိပ်ကွပ်နေပါတယ်။

Wednesday, July 17, 2019

မြန်မာစစ်ဗိုလ်ချုပ်တွေကို အမေရိကန် အစိုးရ အရေး ယူပြီ။

B B C
ဘီဘီစီ မြန်မာပိုင်း
၂၀၁၉ ခု ဇူလိုင်လ ၁၇ ရက်။ 


မြန်မာ့ တပ်မတော်က ထိပ်ပိုင်း အရာရှိ ဗိုလ်ချုပ်ကြီး လေးယောက်ကို အမေရိကန် ပြည်ထောင်စုက ပိတ်ဆို့ အရေးယူလိုက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ရိုဟင်ဂျာ မွတ်ဆလင်တွေ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စွပ်စွဲပြီး အရေးယူလိုက်တာ ဖြစ်ပါ တယ်။.

အမေရိကန် အစိုးရရဲ့ ပစ်မှတ်ထား အရေးယူတဲ့ အထဲမှာ တပ်မတော် ကာကွယ်ရေး ဉီးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင် လည်း ပါဝင်ပါတယ်။

Friday, July 12, 2019

အမေရိကန် ဘာသာရေးလွတ်လပ်ခွင့် ညီလာခံ ရိုဟင်ဂျာတွေ ဖိတ်ကြား

VOA
နိုင်ငံတကာ
ဗွီအိုအေ (မြန်မာပိုင်း)
12 ဇူလိုင်၊ 2019
အမေရိကန် ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ သံအမတ်ကြီး Sam Brownback (မတ်၊ ၁၁၊ ၂၀၁၉)


ကမ္ဘာတ၀ှမ်း ဘာသာရေးဖိနှိပ်မှုတွေ ဖြစ်ပေါ်နေတာတွေကို မီးမောင်းထိုးပြဖို့ ရည်ရွယ်တဲ့ ညီလာခံတခု ရှေ့ သီတင်းပတ်အတွင်း ၀ါရှင်တန် ဒီစီမြို့မှာ ကျင်းပမယ့်အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ပြော ပါတယ်။ အခု ကျင်းပမယ့် ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ညီလာခံကို ရိုဟင်ဂျာတွေ အပါအ၀င် နိုင်ငံ
ပေါင်း တဒါဇင်ကျော်က ကိုယ်စားလှယ်တွေ တက်ရောက်ကြမှာဖြစ်ကြောင်း အမေရိကန် ဘာသာရေး လွတ် လပ်ခွင့်ဆိုင်ရာ သံအမတ်ကြီး Sam Brownback က ပြောပါတယ်။

Friday, June 21, 2019

မြန်မာတပ်မတော်ကို ပိုမို ပိတ်ဆို့ဖို့ ကန် အောက်လွှတ် တော်ကော်မတီ သဘောတူ

RFA 
လွတ်လပ်တဲ့ အာရှအသံ 
2019-06-21

အမေရိကန်လွှတ်တော် အဆောက်အဦးပုံ
.
တိုင်းရင်းသားလူနည်းစုတွေကို ရက်စက်စွာဖိနှိပ်မှုအတွက် မြန်မာ့တပ်မတော်ကို ပိတ်ဆို့မှုအသစ်တွေ ချ မှတ် ဖို့ အဆိုပြုချက်ကို ပါတီ နှစ်ရပ်လုံးက အမတ်တွေပါဝင်တဲ့ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြား ရေး ရာ ကော်မတီက ကြာသပတေးနေ့မှာ ထောက်ခံ လိုက်ပါတယ်။ နယူးယောက်ပြည်နယ် ဒီမိုကရက်တစ် အမတ် Eliot Engel အယ်လီယော့ အန်ဂယ်လ် နဲ့ အိုဟိုင်းယိုးပြည်နယ် အမတ် Steve Chabot စတိဗ် ရှား ဘတ်တို့ ကမကထပြုတဲ့ ဒီအဆိုပြုချက်မှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေအပေါ် တပ်မတော်က ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ၊ နေရပ်က မောင်းထုတ်ခဲ့တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့ ခေါင်း ဆောင် တွေကို ကုန်သွယ်ရေး၊ ခရီးသွားလာရေးနဲ့ ငွေကြေးဆိုင်ရာ ပိတ်ဆို့မှုတွေ ပြဌာန်းဖို့ တောင်းဆိုထား ပါတယ်။

Wednesday, June 12, 2019

ရိုဟင်ဂျာအရေး ဘင်္ဂလားဒေ့ရှ်နဲ့ အမေရိကန်အကြား ဆွေးနွေး

VOA
နိုင်ငံတကာ
ဗွီအိုအေ (မြန်မာပိုင်း)
12 ဇွန်၊ 2019
ရိုဟင်ဂျာ ဒုက္ခသည်များ

ရိုဟင်ဂျာ ဒုက္ခသည်အရေး ဖြေရှင်းရာမှာ မြန်မာနိုင်ငံကို တွန်းအားပေးဖို့ ဒုက္ခသည်တွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံကြား လက်ခံ သဘောတူခဲ့ကြကြောင်း တာဝန်ရှိသူတွေက ပြောဆို လိုက်ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */