Tuesday, July 16, 2019

မြန်မာစစ်ဗိုလ်ချုပ်တွေကို အမေရိကန် အစိုးရ အရေး ယူပြီ။

B B C
ဘီဘီစီ မြန်မာပိုင်း
၂၀၁၉ ခု ဇူလိုင်လ ၁၇ ရက်။ 
မြန်မာ့ တပ်မတော်က ထိပ်ပိုင်း အရာရှိ ဗိုလ်ချုပ်ကြီး လေးယောက်ကို အမေရိကန် ပြည်ထောင်စုက ပိတ်ဆို့ အရေးယူလိုက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ရိုဟင်ဂျာ မွတ်ဆလင်တွေ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စွပ်စွဲပြီး အရေးယူလိုက်တာ ဖြစ်ပါ တယ်။.

အမေရိကန် အစိုးရရဲ့ ပစ်မှတ်ထား အရေးယူတဲ့ အထဲမှာ တပ်မတော် ကာကွယ်ရေး ဉီးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင် လည်း ပါဝင်ပါတယ်။
အခုလုပ်ရပ်ဟာ မြန်မာ့တပ်မတော်က ထိပ်တန်းအရာရှိကြီးတွေအပေါ် နိုင်ငံတစ်နိငိငံက အရေးယူပြ လိုက်တဲ့ ပထမဆုံး နမူနာလုပ်ရပ်ပဲလို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ခ် ပွန်ပေယို က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တရားလက်လွတ် သတ်ဖြတ်မှုတွေ အပါအဝင် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေ အတွက် အခု အရေးယူခံရတဲ့ ဗိုလ်ချုပ်ကြီးတွေမှာ တာဝန်ရှိတယ်လို့ သူက ဆိုပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ရိုဟင်ဂျာ မွတ်ဆလင်တွေကို တပ်မတော်က အကြမ်းဖက် နှိမ်နင်းမှုတွေ ဖြစ်ခဲ့ပြီး နောက် မြန်မာ့ တပ်မတော်မှာ လူမျိုးတုန်းသတ်ဖြတ်မှု မျိုး ကျူးလွန်တာတွေ ရှိခဲ့နိုင်တယ်လို့ ကုလသမဂ္ဂရဲ့ ကော်မရှင်တရပ်က အစီရင်ခံစာ ထုတ်ပြန်ထားဖူးပါတယ်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */