Friday, June 21, 2019

မြန်မာတပ်မတော်ကို ပိုမို ပိတ်ဆို့ဖို့ ကန် အောက်လွှတ် တော်ကော်မတီ သဘောတူ

RFA 
လွတ်လပ်တဲ့ အာရှအသံ 
2019-06-21
အမေရိကန်လွှတ်တော် အဆောက်အဦးပုံ 

တိုင်းရင်းသားလူနည်းစုတွေကို ရက်စက်စွာဖိနှိပ်မှုအတွက် မြန်မာ့တပ်မတော်ကို ပိတ်ဆို့မှုအသစ်တွေ ချ မှတ် ဖို့ အဆိုပြုချက်ကို ပါတီ နှစ်ရပ်လုံးက အမတ်တွေပါဝင်တဲ့ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော် မတီက ကြာသပတေးနေ့မှာ ထောက်ခံ လိုက်ပါတယ်။ နယူးယောက်ပြည်နယ် ဒီမိုကရက်တစ် အမတ် Eliot Engel အယ်လီယော့ အန်ဂယ်လ် နဲ့ အိုဟိုင်းယိုးပြည်နယ် အမတ် Steve Chabot စတိဗ် ရှား ဘတ်တို့ ကမကထပြုတဲ့ ဒီအဆိုပြုချက်မှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေအပေါ် တပ်မတော်က ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ၊ နေရပ်က မောင်းထုတ်ခဲ့တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့ ခေါင်း ဆောင် တွေကို ကုန်သွယ်ရေး၊ ခရီးသွားလာရေးနဲ့ ငွေကြေးဆိုင်ရာ ပိတ်ဆို့မှုတွေ ပြဌာန်းဖို့ တောင်းဆိုထား ပါတယ်။

အမတ် အယ်လီယော့ အန်ဂယ်လ် က ရိုဟင်ဂျာတွေအပေါ် ၂ဝ၁၇ ခုနှစ်တုန်းက ကြောက်ရွံ့ဖွယ်ကောင်းလှတဲ့မြန်မာ စစ်တပ်ရဲ့ ရက်စက်မှုတွေကို တာဝန်ခံမှုရှိစွာ ဥပဒေအရ အရေးယူဖို့ အချိန်တန်ပါပြီ။ ရိုဟင်ဂျာ တွေတင် မကပါဘူး။ မြန်မာပြည်မှာ တခြားတိုင်းရင်းသားလူနည်းစုတွေလည်း ကြောက်မက်ဖွယ် ဖိနှိပ်ချေ မှုန်း မှုတွေကို ဆက်လက်ခံစားနေရပါတယ်လို့ ပြောပါတယ်။

အလားတူအဆိုပြုချက်ကို ပြီးခဲ့တဲ့ အမေရိကန်လွှတ်တော်မှာ အတည်ပြုခဲ့ပေမယ့် ဥပဒေအဖြစ်ပြဌာန်းဖို့ တင်ပြတဲ့အခါ အဲဒီ ဥပဒေမူကြမ်းကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်မတန် ရင်း နှီးတဲ့ အမေရိကန် အထက်လွှတ်တော် လူများစုခေါင်းဆောင် အမတ် မစ်ချ် မက်ကောနယ်လ် က ပယ်ချ ခဲ့ပါတယ်။

အခုအဆိုပြုချက်အသစ်မှာ မြန်မာခေါင်းဆောင်တွေအပေါ် ပိတ်ဆို့ချက်တွေသာမက အမေရိကန်စစ်တပ်ရဲ့မြန်မာ ပြည်ဆိုင်ရာ ဆောင်ရွက်မှုတွေကို ထပ်မံတိုးချဲ့ခြင်းမပြုဖို့နဲ့ မြန်မာစစ်တပ်ကျူးလွန်ခဲ့တဲ့ လူမဆန် ရက် စက်မှုတွေ ဖော်ထုတ်ရေးအတွက် ကူညီဖု့ိအချက်တွေ ပါဝင်ပါတယ်။ အမတ် အယ်လီယော့ အန်ဂယ်လ်က အခု သူတို့ကော် မတီက တင်ပြတဲ့ အဆိုပြုချက်ကို အောက်လွှတ်တော်က အလွယ်တကူ အတည်ပြုမှာ ဖြစ် ပြီး အထက်လွှတ် တော်ကို ရောက်ရှိတဲ့အခါမှာလည်း သက်ဆိုင်ရာခေါင်းဆောင်တွေအနေနဲ့ ဒီဥပဒေကို ပြ ဌာန်းဖို့ အင်မတန် အရေး ကြီးတယ်ဆိုတာကို နားလည်သဘောပေါက်ကြမယ်လို့ သူမျှော်လင့်ကြောင်း ပြော ပါတယ်။

ဒီအတောအတွင်း ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ အထက်လွှတ်တော်ကြားနာပွဲမှာ မြန်မာ့တပ်မတော်က ရခိုင်ပြည် နယ် စစ်ဆင်ရေးတွေမှာ ရိုဟင်ဂျာတွေ ကိုရက်စက်ကြမ်းကြုတ်စွာ ပြုကျင့်ခဲ့မှုတွေနဲ့ ပတ်သက်ပြီး သမ္မတ ထရမ့် အစိုးရက Genocide လူမျိုးတုံး သတ်ဖြတ်မှုဆိုတဲ့ စကားလုံးကို ဘာကြောင့် ခေါ်ဝေါ်သုံး စွဲခြင်းမပြု တာလဲလို့ အထက် လွှတ်တော်အမတ် Jeff Merkley ဂျက် မာကလီ ကမေးမြန်းခဲ့ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် သမ္မတ ထရမ့်က ခန့်အပ်ပြီးဖြစ်တဲ့အတွက် မကြာခင် စတင်တာဝန်ယူတော့မယ့် Kelly Knight Craft ကယ်လီ နိုက် ကရက်ဖ် က အထက်လွှတ်တော် အမတ် မင်းရှင့် အဲဒီ အခေါ်အဝေါ်ကို ကျမ ဆုံးဖြတ်ခွင့် မရှိပါဘူး။ ဒါဟာ နိုင်ငံခြားရေးဌာနရဲ့ ဆုံးဖြတ်ချက်ဖြစ်ပါ တယ်။ ကျမ ကတိပေးနိုင်တာကတော့ ကျမဟာ ရိုဟင်ဂျာတွေဘက်က ခိုင်ခိုင်မာမာ ရပ်တည်မယ့်သူဖြစ် တယ်ဆိုတာပါပဲလို့ ပြန်လည် ဖြေကြားသွားခဲ့ပါတယ်။
 

Link :Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */