" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, July 23, 2019

ရခိုင် သိမ်းပိုက်ရေး အကြံပြုသည့် အမေရိကန် အမတ် ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ

ဧရာဝတီ
By Muktadir Rashid
22 July 2019
 ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးသည် အမေရိကန် ကွန်ဂရက်အမတ် ဘရက်ဒလေ ရှားမင်းကို ဝါရှင်တန်တွင် တွေ့ဆုံ ဆွေးနွေးခဲ့သည် / Bradley Sherman / Twitter

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အေကေအမ် အဗဒူ မိုမန်သည် အမေရိကန် ကွန်ဂရက်အမတ် ဘရက် ဒလေ ရှားမင်းကို ဝါရှင်တန်တွင် ဇူလိုင်လ ၁၈ ရက်နေ့ကတွေ့ဆုံပြီး ဒုက္ခသည်များ နေရပ်ပြန်ပို့ရေးကို ဆွေး နွေးခဲ့သည်။

ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အစိတ်အပိုင်းအဖြစ် သတ်မှတ်လိုက်ပါက ဒုက္ခသည် အကျပ်အ တည်း ဖြေရှင်းနိုင်မည်ဟု ပြောကြားခဲ့သောကြောင့် ရှားမင်းသည် မကြာသေးမီက သတင်းခေါင်းစဉ်များတွင် နေရာ ရလာသူဖြစ်သည်။



ထိုသို့ တွေ့ဆုံရာတွင် အမေရိကန်နိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ် မိုဟာမက် ဇီယာအူဒင်လည်း တက် ရောက်ခဲ့သည်။

“ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာအေကေ အဗဒူ မိုမန်ကို ဒီနေ့ ကျနော့်ရုံးမှာ လက်ခံတွေ့ဆုံရလို့ ကျနော် ဝမ်းမြောက်တယ်။ ကျနော်တို့တတွေ အမေရိကန်နဲ့ ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေး ခိုင်မာစေမယ့် နည်း လမ်းတွေနဲ့ ရိုဟင်ဂျာတွေ ပြန်လည်ပို့ဆောင်ရေးကို မြန်မာနိုင်ငံက လက်ခံ ကာကွယ်ဖို့လိုကြောင်ကို ဆွေး နွေးကြတယ်” ဟု ရှားမင်းက ဇူလိုင် ၁၈ ရက်နေ့က တွစ်တာတွင် ရေးသားသည်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ် ဟက်စီနာက ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံ အစိတ်အပိုင်းအဖြစ် သတ်မှတ်ရန် ရှားမင်း၏ အဆိုပြုချက်ကို ဇူလိုင်လ ၈ ရက်နေ့တွင် ရှုတ်ချခဲ့သည်။ ရခိုင်ပြည်နယ်မှ ထွက်ပြေး လာခဲ့သော မွတ်စလင်များက ရိုဟင်ဂျာဟူသော အမည်အား တရားဝင် တိုင်းရင်းသားအဖြစ် သတ်မှတ် ပေး ရန် တောင်းဆိုနေပြီး မြန်မာအစိုးရက ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် လက်ရှိ နိုင်ငံသား ဥပဒေအ တိုင်း သာ နိုင်ငံသားဖြစ်ခွင့်ရှိကြောင်း ပယ်ချခြင်းအား တုံ့ပြန်သည့်အနေဖြင့် ရှားမင်းက ထိုအကြံအစည်ကို တင်ပြခဲ့ခြင်းဖြစ်သည်။

“ကျမတို့က ကျမတို့ရဲ့ လက်ရှိပိုင်နက်နဲ့ ကျေနပ်ရောင့်ရဲပြီး သူများမြေကို ဘယ်တော့မှ သိမ်းပိုက်မှာ မဟုတ် ဘူး” ဟု သက်တမ်းရှည် ဝန်ကြီးချုပ် ဟက်စီနာက ၎င်း၏ နေအိမ်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင် သတင်းထောက်များအား ပြောသည်။

ကွန်ဂရက်၏ ကြားနာမှုတွင် ရှားမင်းက ထိုအဆိုပြုချက်ကို တင်ပြစဉ်ကလည်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိတဦးက ပယ်ချခဲ့ပြီး အမေရိကန်နိုင်ငံ၏ အစဉ်အလာ သဘောထားမှာ နိုင်ငံများ၏ ပိုင်နက်ကို ထောက်ခံ အားပေးရေးသာ ဖြစ်ကြောင်း ရှားမင်းကို ပြောခဲ့သည်။

“မြန်မာနိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံလိုပဲ အချုပ်အခြာအာဏာကို ထိန်းသိမ်းမှာပဲ။ သူတို့က ရခိုင်ပြည်နယ် ကို ဘင်္ဂလားဒေ့ရှ်ထဲ ဘာလို့ ထည့်ချင်လဲမသိဘူး။ ဒီလို အဆိုပြုချက်မျိုးဟာ ကျင့်ဝတ်အရ မှားယွင်းပြီး တ ရား မျှတမှု မရှိဘူးလို့ ကျမယုံကြည်တယ်” ဟု ဟက်စီနာက ရှားမင်း၏ အဆိုပြုချက်နှင့် ပတ်သက်ပြီး ပြောခဲ့ သည်။

“ဒီလောက် ပြဿနာများတဲ့ နေရာကို ကျမတို့ထဲ ဘာလို့ထည့်ရမှာလဲ။ ဘယ်တော့မှ မထည့်ဘူး” ဟုလည်း သူက ဆက်ပြောသည်။

“တဖက်က ကြည့်ရင် မြန်မာဆိုတာ ကျမတို့ရဲ့ အိမ်နီးချင်း၊ မြန်မာနိုင်ငံထဲမှာ ပြဿနာ ရှိရင် သူတို့လူတွေကို လူသားချင်း စာနာမှုအရ ခိုလှုံခွင့်ပေးရမယ်။ ဒါပေမယ့် ဒီလို ခိုလှုံခွင့်ပေးတာ ဒီပြည်နယ် အစိတ်အပိုင်းကို
သိမ်းပိုက်တာ မဟုတ်ဘူး။ ကျမတို့ မလိုချင်ဘူး။ နိုင်ငံတိုင်း အချုပ်အခြာ အာဏာပိုင်တာကို ကျမတို့ လိုချင် တယ်။ ဒီအချက်ကို ကွန်ဂရက် အမတ်အနေနဲ့ သိသင့်တယ်” ဟုလည်း သူက ပြောသည်။

ဟက်စီနာသည် ယခုလ အစောပိုင်းက တရုတ်နိုင်ငံသို့ ၅ ရက်ကြာ တရားဝင် ခရီးစဉ်သွားရောက်ခဲ့ပြီးနာက်
ထို သတင်းစာရှင်းလင်းပွဲကို ကျင်းပခြင်းဖြစ်သည်။ ထိုခရီးစဉ်အတွင် သူသည် ဒါ့လျံ Dalian တွင် ဇူလိုင်လ ၂ ရက် နေ့က ကျင်းပသည့် ကမ္ဘာ့စီးပွားရေး ညီလာခံကို တက်ရောက်ခဲ့သည်။

ဟက်စီနာသည် တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ဝန်ကြီးချုပ် လီကဲရှန်းတို့နှင့် ဘေ့ဂျင်းတွင် ဇူလိုင်လ ၄ ရက်နှင့် ၅ ရက်နေ့များတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး တရုတ် ကွန်မြူနစ်ပါတီ နိုင်ငံတကာရေးရာဝန်ကြီး ဆွန်တောင်နှင့် လည်း သီးခြား တွေ့ဆုံခဲ့သည်။

(ဒါကာရှိ ဧရာဝတီ သတင်းထောက် Muktadir Rashid ၏ Dhaka Minister Meets US Congressman Who Mooted Rakhine Annexation ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

ရခိုင် ဒေသတချို့ ဘင်္ဂလားဒေ့ရှ် လွှဲပေးရေး အမေရိကန် ပြောဆိုမှု ကန့်ကွက်ရန် စဉ်းစားနေဟု ဆို

Topics: ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး, ရခိုင်ပြည်နယ်, အမေရိကန်

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */