" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ရခိုင် တပ်မတော်. Show all posts
Showing posts with label ရခိုင် တပ်မတော်. Show all posts

Friday, February 22, 2019

တိုက်ပွဲတွေကို ရပ်ဆိုင်းပေးဖို့ ပြည်နယ်အစိုးရက တဆင့် ပြည်ထောင်စုအစိုးရကိုတိုက်တွန်း

မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် အေအေ တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ရပ်ဆိုင်းပေးဖို့ ပြည်နယ်အစိုးရကတဆင့် ပြည်ထောင်စုအစိုးရကိုတိုက်တွန်းကြောင်း အဆိုကို ရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ ဒီသတင်းကို ဝဏ္ဏခွာညို ပေးပို့ထားပါတယ်။
------------

လင့်၊https://www.youtube.com/watch?v=RYK-nOveU04&feature=share

ရသေ့တောင်မြို့နယ် မင်းဖူးကျေးရွာမှာ အစိုးရတပ် ကပစ်လို့ ရွာသားတစ်ဦးသေဆုံး


VOA
လွတ်လပ်တဲ့ အာရှအသံ
ရသေ့တောင်မြို့နယ် မင်းဖူးကျေးရွာတွင် ၂ဝ၁၉ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က အစိုးရတပ်မတော်က ပစ် ခတ်သည့်                   သေနတ်ကျည်ထိမှန်ပြီး သေဆုံးခဲ့သူ မရီရီစိုး။Citizen Journalist

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မင်းဖူးကျေးရွာအတွင်းကို အစိုးရတပ်ဘက်က မနေ့မနက်ပိုင်းက ပစ် ခတ်ခဲ့တဲ့အတွက် အသက် ၁၈ နှစ်အရွယ် မရီရီစိုး သေနတ်ကျည်ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ ရွာသားတွေ က ပြောပါတယ်။

Thursday, February 21, 2019

ရခိုင်တိုက်ပွဲ အရပ်သား ထိခိုက်သေကြေမှု ပိုများလာ


VOA
ဗွီအိုအေ (မြန်မာဌာန)
ရခိုင်တိုက်ပွဲ အရပ်သား ထိခိုက်သေကြေမှု ပိုများလာ

ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့AA တို့အကြား တိုက်ပွဲတွေ ပိုပြင်း ထန် လာသလို အရပ်သား ထိခိုက်သေကြေမှုတွေလည်း ပိုဖြစ်လာနေပါတယ်။ မနေ့က ရသေ့တောင် မြို့ နယ်အတွင်းမှာ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း ကျေးရွာသားအမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ထိခိုက်သေ ဆုံးဒဏ်ရာ ရရှိခဲ့တယ်လို ဒေသခံတွေကပြောပါတယ်။ ရခိုင် တိုက်ပွဲ နောက်ဆုံး အခြေအနေကိုတော့ ဗွီအိုေ အထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

Wednesday, February 20, 2019

မြောက်ဦးမှာ အစိုးရတပ်နဲ့ AA တိုက်ပွဲ နှစ်ဖက်အထိ ခိုက် အကျအဆုံးရှိ

RFA 
လွတ်လပ်တဲ့ အာရှအသံ
                                                                   AA ရက္ခိုင့်တပ်မတော်နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာပြမြေပုံကို တွေ့ရစဉ်


ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပြိုင်းချကျေးရွာရဲ့အရှေ့ဘက် တောင်တန်းတွေမှာရှိနေတဲ့ AA ရက္ခိုင့် တပ်မတော်ကို အစိုးရတပ်မတော်က ဒီနေ့နေ့လယ်က ရဟတ်ယာဉ်နှစ်စီးသုံးပြီး တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံမျက်မြင်တွေက ပြောပါတယ်။

တပ်မတော် ဆောင်ရွက်ချက်တွေကို ရခိုင်ဒေသခံတွေ ပူးပေါင်းကူညီဖို့ အဆို ပြည်နယ်လွှတ်တော် ပယ်ချ

RFA
လွတ်လပ်တဲ့ အာရှအသံ

ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေး ကျင်းပစဉ်

ရခိုင်ပြည်နယ်ထဲက ဒေသခံတိုင်းရင်းသား ပြည်သူတွေအနေနဲ့ တပ်မတော်ရဲ့လုပ်ဆောင်ချက်တွေကို ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ကြဖို့ ပြည်နယ်အစိုးရကို တိုက်တွန်းကြောင်း အဆိုကို တပ်မတော်က တင်သွင်းခဲ့ပေမယ့် ရခိုင်ပြည်နယ်လွှတ်တော်က ဒီနေ့မှာ ပယ်ချလိုက်ပါတယ်။

ရန်ကုန်-စစ်တွေ ကားလမ်းပေါ်အထိ တိုက်ပွဲတွေဖြစ်


VOA
ဗွီအိုအေ (မြန်မာဌာန)


ရခိုင်ဒေသအတွင်း မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့အကြား တိုက်ပွဲတွေ ဒီရက်ပိုင်း ပိုပြီးအရှိန် တက်လာနေပြီး မြို့နဲ့နီးစပ်လာတဲ့ နေရာတွေထိပါ တိုက်ပွဲတွေ ကူးစက်လာတာကြောင့် ဒေသခံတွေကြား စိုးရိမ်မှုတွေ တိုးလာနေပါတယ်။ တပ်မတော်ဘက်က ရဟတ်ယာဉ်သုံး တိုက်ခိုက်တာရှိပြီး ထိခိုက်သေ ဆုံးတာလည်း ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် သီးခြား အတည်ပြုနိုင်တာတော့ မရှိသေး ပါဘူး။ ရခိုင်ပြည်နယ်ဘက်က နောက်ဆုံး အခြေအနေကို ဗွီအိုအေသတင်းထောက် မေခကပေးပို့ထား ပါတယ်။

အစိုးရတပ်များကို မပို့ရန် ကားလိုင်းများအား AA သတိပေး

ဧရာဝတီ
By, မိုးမြင့်၊ 20 February 2019





                                                          အမ်းမြို့ စစ်ဆေးရေးဂိတ်တွင် တွေ့ရသော ခရီးသည်တင်ကားများ / မင်းအောင်ခိုင် / ဧရာဝတီ



အစိုးရတပ်များသည် ပဋိပက္ခ ဒေသတွင် တပ်ဖွဲ့များကို သယ်ယူပို့ဆောင်ရာတွင် စစ်ကားများကိုသာမက ပုဂ္ဂလိက ကားများကိုပါ အသုံးပြုနေသောကြောင့် ရခိုင်ပြည်နယ်မှ ပုဂ္ဂလိက ကားလိုင်းများအား ထိုသို့ မလုပ်ရန် ရက္ခိုင့်တပ်မတော် (AA) က ပြီးခဲ့သည့် တနင်္လာနေ့က သတိပေးလိုက်သည်။

Tuesday, February 19, 2019

စစ်ရှောင်ရွာသား ၁၃ ဦး မတရားအသင်းဆက်နွယ်မှုနဲ့ တရားစွဲခံရ


VOA
ဗွီအိုအေ (မြန်မာဌာန)
မေခ ၊19 ဖေဖော်ဝါရီ၊ 2019

ရခိုင် စစ်ရှောင်ရွာသားများ

ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ဘေးတိမ်းရှောင်လာတဲ့ ရှင်း လက်ဝရွာသား အယောက် ၂၀ ကျော်ထဲက (၁၃) ဦးကို မတရားအသင်းနဲ့ ဆက်နွယ်မှု ပုဒ်မ ၁၇ (၁) (၂) တို့နဲ့ တရားစွဲဆိုလိုက်ပြီး ကျန်လူတွေကိုတော့ ခံဝန်က တိနဲ့ ပြန် လွှတ်ပေးလိုက်ပါတယ်။ ဒီအတောအတွင်း ရခိုင်ပြည်နယ်မြောက်ဦးဒေသ အနီးတဝိုက်မှာ မြန်မာ စစ်တပ်နဲ့ AA ရက္ခိုင်လက်နက်ကိုင် တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကဆို ပါတယ်။ ရခိုင်နောက်ဆုံးရ သတင်းတွေကို ဗွီအိုအေသတင်းထောက် မေခကစုစည်းတင်ပြထားပါတယ်။

မြန်မာနယ်စပ် မှာ အိန္ဒိယလုံခြုံရေးတိုးမြှင့်

VOA
ဗွီအိုအေ (မြန်မာဌာန)

မြန်မာ-အိန္ဒိယ နယ်စပ်

မြန်မာစစ်တပ်နဲ့ ရခိုင်တပ်ဖွဲ့တွေ အကြားတိုက်ခိုက်မှုတွေဖြစ်ပွားနေတာကြောင့် အိန္ဒိယ နဲ့မြန်မာနိုင်ငံ နယ်စပ်ကို အိန္ဒိယ တပ်ဖွဲ့ ၂ခု ထပ်ပြီးစေလွှတ်ထားကြောင်း ဖေဖေါ်ဝါရီလ ၁၇ရက်နေ့ ထုတ် Assam Tribune သတင်းစာမှာဖော် ပြထားပါ တယ်။ မီဇိုရမ်ပြည်နယ်တောင်ပိုင်း Lawngtlai ခရိုင်ကိုစေလွှတ် ထားတာပါ။

မော်တော်ယာဉ်လိုင်းပိုင်ရှင်တွေကို AA သတိပေးစာ ထုတ်ပြန်

MEDIALANN

ရခိုင်ပြည်နယ်အတွင်း ကုန်းလမ်းပို့ဆောင်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်လိုင်းတွေ၊ ယာဉ်လိုင်းပိုင်ရှင်တွေနဲ့ ခရီးသွားပြည်သူတွေ လိုက်နာဖို့ဆိုတဲ့ အသိပေးကြေ ညာချက် တစ်စောင်ကို ရခိုင့်တပ်မတော် AA က ထုတ်ပြန်လိုက်ပါတယ်။

AA စွပ်စွဲချက်ကို တပ်မတော် တုံ့ပြန်

RFA 
လွတ်လပ်တဲ့ အာရှအသံ

အုပ်ချုပ်မှုပိုင်းဆိုင်ရာ၊ ပုဂ္ဂလိကပိုင်းဆိုင်ရာနဲ့ ယာယီတာဝန်ကိစ္စတွေကလွဲပြီး စစ်ဘက်ဆိုင်ရာကိစ္စတွေမှာ အရပ် သား ခရီးသည်တင်ယာဉ်တွေကို တပ်မတော်သားတွေ အသုံးပြုတာ မရှိဘူးလို့ တပ်မတော် သတင်း မှန် ပြန်ကြားရေး အဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က RFA ကို ပြောပါတယ်။
.
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားရာနေရာတွေမှာ တပ်၊ လူ၊ ရိက္ခာ၊ လက်နက် အပြောင်းအရွှေ့တွေ အတွက် အစိုးရတပ်မတော်က စစ်ကားတွေကို အသုံးမပြုဘဲ အရပ်သားခရီးသည်တင်ကားတွေကို အသုံး ပြုပြီးရွှေ့နေ တာတွေ လုပ်ဆောင်နေတယ်ဆိုပြီး ရခိုင့်တပ်မတော်AA က မနေ့က ထုတ်ပြန်တဲ့ ကြေညာ ချက်အပေါ် တပ်မတော် ဘက်က တုန့်ပြန်ပြောကြားလိုက်တာပါ။

Monday, February 18, 2019

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ တိုက်ပွဲ ပြင်းထန်

VOA
ဗွီအိုအေ (မြန်မာဌာန)
နိုင်ကွန်းအိန်၊ 18 ဖေဖော်ဝါရီ၊ 2019

ရခိုင်လက်နက်ကိုင်အဖွဲ့  (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

ရခိုင်ပြည်နယ်မှာ ဒီရက်ပိုင်းတွေအတွင်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြား နှစ်ဖက် တိုက်ပွဲနဲ့ ဗုံးခွဲ တိုက်ခိုက်မှုတွေ ပိုပြီး အဖြစ်များလာနေပါတယ်။ မနေ့က ရသေ့တောင်မြို့နယ်ထဲမှာပဲ တိုက် ပွဲ(၃)ကြိမ် ဖြစ်ပွား ခဲ့သလို ပုဏ္ဏားကျွန်းမြို့နယ် ဖက်မှာလဲ တပ်မတော်သားတွေ စီးနင်းလာတဲ့ အရပ်သား ကားတစီးကိုလဲ AA ဖက်က ဗုံးခွဲတိုက်ခိုက်ခဲ့ တယ်လို့ နှစ်ဖက်တာဝန်ရှိသူတွေက ပြောပါတယ်။

Sunday, February 17, 2019

ဒိုင်းနက်လူမျိုး ၃ ဦး အသတ်ခံရ


RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-02-17




ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း သင်္ဘောလှကျေးရွာမှာ ဂဏန်းရှာထွက်တဲ့ ဒိုင်းနက်လူမျိုး ၃ ဦး မနေ့က သတ်ဖြတ်ခံခဲ့ရပြီး ဒါဟာ အာဆာနဲ့ တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံက ခိုးဝင်လာသူတွေရဲ့ လက်ချက်ဖြစ်တယ်လို့ သုံးသပ်ထားကြောင်း မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က RFA ကို ဒီနေ့ ပြောပါတယ်။

ရသေ့တောင်မြို့နယ် နွားတင်းကုတ်ကျေးရွာအနီး တိုက်ပွဲဖြစ်

နိရဉ္စရာ 

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၇

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ နွားတင်းကုတ်ကျေးရွာအနီးတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ် မတော် (AA) တို့အကြား ယနေ့နံနက်က မိနစ် ၂၀ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

Friday, February 15, 2019

မောင်တောရဲကင်းတိုက်ခိုက်မှု ARSA အဖွဲ့လက်ချက် ဖြစ်နိုင်ခြေများဟု တပ်မတော်သုံးသပ်

VOA
15 ဖေဖော်ဝါရီ၊ 2019, ကိုနိုင်ကွန်းအိန်

                             ရခိုင်ပြည်နယ်၊ မောင်တောခရိုင် နယ်မြေ (၅) ရဲကင်းစခန်း တိုက်ခိုက်ခံရသည့် ကာလာဒေးဗတ်တံတား နေရာ။ (ဓာတ်ပုံ-MOI)

မနေ့က ရခိုင်ပြည်နယ်မောင်တောမြို့နယ်က အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ရဲကင်း အဖွဲ့ကို တိုက်
ခိုက် တာဟာ ရခိုင့်တပ်မတော် AAနဲ့ ARSA အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်တယ် လို့ တပ်မတော်ပိုင်သ
တင်း စာကနေ ထုတ်ပြန်တဲ့အပေါ် ရခိုင်လက်နက်ကိုင် AA ဘက်က ငြင်းဆိုခဲ့ပါတယ်။ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူတွေကတော့ ARSA အဖွဲ့ ဖြစ်နိုင်ခြေများတယ်လို့လည်း ပြောဆိုပါတယ်။

ရခိုင်မြောက်ပိုင်း နယ်ခြားရဲကင်းတစ်ခု တိုက်ခိုက်ခံခဲ့ ရပြီး ဒုရဲအုပ်တစ်ဦး သေဆုံး

ဘီဘီစီ မြန်မာပိုင်း
ရက်စွဲ့၊ ဖေဖေါ်ဝါရိလ(၁၄)၂၀၁၉၊


မောင်တောမြို့နယ်ထဲက နယ်ခြားစောင့် ကင်းတစ်ခု ဖေဖေါ်ရီလ ၁၄ ရက် မနက်အစောပိုင်းက တိုက် ခိုက် ခံခဲ့ရတဲ့ အတွက် ဒုရဲအုပ်တစ်ယောက် ကျဆုံး ခဲ့ပါတယ်။

သေဆုံးသူ ဒုရဲအုပ်ရဲ့ နာမည်ဟာ စောမောင်မောင် ဖြစ်တယ်လို့ သိရပေမယ့် ဘယ်လက်နက်ကိုင်အဖွဲ့က တိုက်ခိုက်တာလဲ ဆိုတာတော့ အတည် မပြုနိုင်သေးပါဘူး။

Thursday, February 14, 2019

မောင်တော နယ်ခြားစောင့်ရဲကင်း တိုက်ခိုက်ခံရ

VOA
,နိုင်ကွန်းအိန်
 

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဘင်္ဂလားနယ်စပ်အနီး အောင်သပြေကျေးရွာ နယ်ခြားစောင့်ရဲကင်း စခမ်းတခုကို အမည်မသိအဖွဲ့ ကနေ မနေ့ညကနေ ဒီမနက်ပိုင်းအထိ ၀င်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ ပါတယ်။

စားပွဲဝိုင်းဆွေးနွေးပွဲ ကျင်းပရေးအဆို ရခိုင်ပြည်နယ် လွှတ်တော်မှာ ဆွေးနွေးမည်

RFA လွတ်လပ်တဲ့ အာရှ အသံ
2019-02-14
 ၂၀၁၉ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးကို တွေ့ရစဉ်

  

ရခိုင်ပြည်နယ်ထဲမှာ အစိုးရတပ်မတော်နဲ့ AA ရက္ခိုင့်တပ်မတော်တို့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့် နိုင်ရေး စားပွဲဝိုင်းမှာဆွေးနွေးဖို့ ပြည်နယ်အစိုးရကနေတဆင့် ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အဆိုကို ရခိုင်ပြည်နယ် လွှတ်တော်မှာ ကန့်ကွက်မယ့်သူမရှိတာကြောင့် ဒီနေ့ အတည်ပြုလိုက်ပါတယ်။

Tuesday, February 12, 2019

ချောင်းတူရွာခံ ၂၇၀ ကျော် ထွက်ပြေး

ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေကို တွေ့ရစဉ်

                                 

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ချောင်းတူကျေးရွာအနီးမှာ ရက္ခိုင့်တပ်မတော် (AA) နဲ့ အစိုးရတပ် မတော်တို့ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး ချောင်းတူရွာခံ ၂၇၀ ကျော်ဟာ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်
ကျေး ရွာကို ထွက်ပြေးရောက်ရှိနေကြပါတယ်။

Monday, February 11, 2019

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ တိုက်ပွဲ အရှိန်မြင့်

AA Army (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

စစ်ရေးပဋိပက္ခတွေဖြစ်ပွါးနေဆဲ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့AAတို့အကြား မနေ့က မြောက်ဦးမြို့နဲ့ ကျောက်တော်မြို့နယ်တွေမှာတိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ နှစ်ဖက်အဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။ တိုက်ပွဲဖြစ်ပွါးစဉ် ဒေသခံတွေဘေးလွတ်ရာကိုတိမ်းရှောင်နေရသလို ကျောင်းနေ အရွယ် ကလေးတွေ စာမေးပွဲဖြေဆိုဖို့အခက်တွေ့နေတယ်လို့ဒေသခံတွေကပြောပါတယ်။ ဒီကနေ့မှာ တိုက်
ပွဲ ဖြစ်ပွါးရာဒေသကို တပ်မတော်နဲ့နယ်မြေခံရဲတွေကနေ စစ် ဆေးမှုတွေလုပ်ဆောင်နေတဲ့အခြေ အ
နေမှာ ရှိနေပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */