Wednesday, February 20, 2019

မြောက်ဦးမှာ အစိုးရတပ်နဲ့ AA တိုက်ပွဲ နှစ်ဖက်အထိ ခိုက် အကျအဆုံးရှိ

RFA 
လွတ်လပ်တဲ့ အာရှအသံ
                                                                   AA ရက္ခိုင့်တပ်မတော်နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာပြမြေပုံကို တွေ့ရစဉ်


ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပြိုင်းချကျေးရွာရဲ့အရှေ့ဘက် တောင်တန်းတွေမှာရှိနေတဲ့ AA ရက္ခိုင့် တပ်မတော်ကို အစိုးရတပ်မတော်က ဒီနေ့နေ့လယ်က ရဟတ်ယာဉ်နှစ်စီးသုံးပြီး တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံမျက်မြင်တွေက ပြောပါတယ်။

မနေ့ကလည်း မြောက်ဦးမြို့နယ် မြောက်ဘက်ပိုင်းမှာရှိတဲ့ ရန်အောင်ပြင်၊ ပေါက်ပင်ကွင်းနဲ့ ကျောက် ကျပ် aကျး ရွာတွေအနီးမှာ နှစ်ဘက်တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ပစ်ခတ်သံတွေကို ည ၁၂ နာရီအချိန်လောက် အထိ ကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ထုတ် အစိုးရပိုင်သတင်းစာတွေမှာတော့ ရန်အောင်ပြင်နဲ့ ပေါက်ပင်ကွင်းကျေးရွာတွေအနီးမှာ ထိတွေ့ မှုနှစ် ကြိမ်ဖြစ်ပွားခဲ့ပြီးတော့ AA အဖွဲ့က အလောင်း ၉ လောင်းနဲ့ အာရ်ပီဂျီတစ်လက် သိမ်းဆည်းရမိခဲ့တယ် လို့ ဖော်ပြပါတယ်။

ရက္ခိုင့်တပ်မတော် AA ကတော့ မနေ့ကတိုက်ပွဲတွေမှာ AA ဘက်က စစ်သည် ၃ ဦးနဲ့ အာရ်ပီဂျီတစ်လက် ဆုံးရှုံးခဲ့ပြီး အစိုးရတပ်ဘက်က အရာရှိနဲ့စစ်သည် ၃၀ ထက်မနည်း ကျဆုံးခဲ့တယ်လို့ RFA ကိုပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့လိုက်တာပါ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */