February 19, 2019
ရခိုင်ပြည်နယ်အတွင်း ကုန်းလမ်းပို့ဆောင်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်လိုင်းတွေ၊ ယာဉ်လိုင်းပိုင်ရှင်တွေနဲ့ ခရီးသွားပြည်သူတွေ လိုက်နာဖို့ဆိုတဲ့ အသိပေးကြေ ညာချက် တစ်စောင်ကို ရခိုင့်တပ်မတော် AA က ထုတ်ပြန်လိုက်ပါတယ်။
RFA သတင်းထောက် မဝေမာထွန်း က စုစည်းတင်ပြထားပါတယ်။ရခိုင်ပြည်နယ် တစ်ခုလုံးက ခရီးသွား ပြည်သူတွေ လုံခြုံမှုသေချာစေဖို့ ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်လိုင်းပိုင်ရှင်တွေအနေနဲ့ နေ့စဉ် သွားလာနေကြတဲ့ ခရီးသည် အဝင်အထွက်စာရင်းတွေကို ရခိုင့်တပ်မတော် AA ရဲ့ အီးမေးလ်လိပ်စာကို မဖြစ်မနေပေးပို့ဖို့ AA က ကြေညာလိုက်ပါတယ်။ဒီကြေညာချက်နဲ့ ပတ်သက်ပြီး တပ်မတော် သတင်း မှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“ပြည်သူလူထုရဲ့ လွတ်လပ်စွာခရီးသွားလာခွင့်နဲ့ လမ်း ပန်းဆက်သွယ်ရေးတွေအတွက် အနှောင့်ယှက်ဖြစ်တာပေါ့။ ဒီဒေသမှာ လက်နက်ကိုင်သောင်းကျန်းမှု ပေါ်လာတာမကြာသေးပါဘူး။
ဘယ်လက်နက်ကိုင်အဖွဲ့မှာ ဒီလိုမျိုး ထုတ်ပြန် လာ တာ ကျနော်တော့ မတွေ့ဘူးဘူးခင်ဗျ။ ”အီးမေးလ် လိပ် စာအပြင် ဆက်သွယ်လို့ရမယ့် Viber ဖုန်းနံ ပါတ်တွေကို နည်းလမ်းရှာပြီး ထပ်မံအသိပေးသွား မှာဖြစ်သလို AA ရဲ့ အကြံပြု ချက်တွေကို လိုက်နာ ဆောင် ရွက်မှုမရှိ ဘူးဆိုရင် နောက်ဆက်တွဲဟာ မော်တော်ယာဉ် လိုင်း ပိုင်ရှင်တို့ရဲ့ တာဝန်ဖြစ်တယ် လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
AA ရဲ့ အခုလိုတောင်းဆိုချက်ကို ယာဉ်လုပ်ငန်းပိုင်ရှင်တွေက လိုက်နာဆောင်ရွက်မယ်ဆိုရင်တည်ဆဲ ဥပဒေအရ မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁) နဲ့ တရားစွဲဆိုခံရနိုင်ခြေရှိပါတယ်။
ဒီထုတ်ပြန်ချက် ဟာ ဒေသခံ ယာဉ်လိုင်းပိုင် ရှင် တွေဆီကို ပျံ့နှံ့ရောက်ရှိမှုတော့ အားနည်းနေပါသေးတယ်။“မရှိပါဘူး။ ကျနော် တို့တော့ မသိပါဘူး။ အဌားရှိရင် ကားသမားမှာတော့ အကုန်လုံးလိုက်မှာပဲ။ လမ်းပန်းဆက်သွယ်ရေးလည်း ကျနော်တို့ အခု သွားနေတာပဲ။ မြောက်ဦး၊ ကျောက်တော်၊ စစ်တွေ၊ ခရီးသည်ပါဖို့လိုတယ်။ ကားပေါ်မှာ ကျန် တာဘာမှ မရှိဘူး။”ဒါကတော့ စစ်တွေကနေ ရခိုင်ပြည်နယ်အတွင်းက တခြားမြို့တွေကို ပြေးဆွဲနေတဲ့ အ မည် မဖော်လိုတဲ့ မှန်လုံယာဉ်မောင်းတစ်ဦးရဲ့ ပြောကြားချက်ကို ကြားခဲ့ရတာပါ။
အစိုးရတပ်မတော်အနေနဲ့ ရခိုင်ပြည် နယ်အတွင်းက တိုက်ပွဲဖြစ်ပွား ရာနေ ရာတွေမှာ တပ်၊ လူ၊ ရိက္ခာနဲ့ လက် နက်အပြောင်းအရွှေ့တွေကို စစ်ကား တွေအသုံးပြုတာမျိုးမဟုတ်ဘဲ အရပ် သားခရီးသည်တင်ကားတွေကို အသုံး ပြုသယ်ဆောင်မှုတွေ လုပ်ဆောင် လာ တာကို ထင်ထင်ရှားရှား တွေ့လာရ တယ်လို့ AA က စွပ်စွဲထားပါတယ်။AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို ဖုန်းနဲ့အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းရာမှာတော့ နောက်မှ ပြန်လည် ဆက်သွယ်ဖို့ ပြောပါတယ်။RFA က စစ်တွေ၊ မြောက်ဦး၊ ရသေ့တောင် စတဲ့မြို့တွေကို ပြေးဆွဲနေတဲ့ ခရီး သည်တင် မှန်လုံယာဉ်မောင်းတချို့ကို ဆက်သွယ်မေးမြန်းကြည့်ရာမှာ တပ်မတော်သားတွေအနေနဲ့ ခရီး သည်တင်လိုက်ကားတွေကို စီးနင်းတာတွေ ရှိပေမယ့် လက်နက်သယ်ယူတာမျိုးတွေမရှိဘူးလို့ ပြောပါ တယ်။RFA က ဆက်သွယ်မေးမြန်းထားမှုဟာ ရခိုင်ပြည်နယ်က မြို့နယ်အားလုံးကို လွှမ်းခြုံနိုင်ခြင်းတော့ မရှိပါဘူး။
AA ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားမျိုးသားပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ ဦးထွန်းအောင် ကျော်ကို မေးမြန်းကြည့်ရမှာ ထုတ်ပြန်ချက်ကို အတိအကျမသိသေးဘူးလို့ပြောသလို ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန် က AA ရဲ့ ထုတ်ပြန်ချက်ကိုဖတ်ရှုပြီး ဖြစ်ပေမယ့် မှတ်ချက်မပေးလိုကြောင်း ပြောပါတယ်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက AA ရဲ့ ထုတ်ပြန်ချက်အပေါ် အခုလို မှတ်ချက်ပေးပါတယ်။“ဘယ်ဘက်က ခြိမ်းခြောက်၊ ခြိမ်းခြောက် လက်နက်ကိုင်က ခြိမ်းခြောက် လို့ ရှိရင်တော့ ကြောက်ကြမှာပဲ။ လက်နက်ရှိတဲ့သူကို လက်နက်မရှိတဲ့သူက။ ပြည်သူကို ဘယ်လိုနည်းနဲ့မှ ထိ ခိုက်အောင်မလုပ်ဖို့က ခေါင်းဆောင်များရဲ့တာဝန်ပဲ။ ကာကွယ်ပေးနိုင်တဲ့ ခေါင်းဆောင်တွေကိုပဲ ရေရှည် မှာ ယုံကြည်အားကိုး ကြပါလိမ့်မယ်”ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေကြောင့် ဖြစ်လာတဲ့ နောက်ဆက် တွဲ အကျိုးဆက်တွေထဲမှာ ဒေသခံတွေ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) နဲ့ တရားစွဲဆိုခံရ မှုတွေလည်း ပါဝင်ပါတယ်။အခုဆိုရင် ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်တွေမှာ ၁၇ (၁) နဲ့ တရားစွဲခံရသူ ၂၅ ဦးကျော်ရှိနေပြီ ဖြစ်ပါတယ်။
RFA သတင်းထောက် မဝေမာထွန်း
Link : Here
ဘယ်လက်နက်ကိုင်အဖွဲ့မှာ ဒီလိုမျိုး ထုတ်ပြန် လာ တာ ကျနော်တော့ မတွေ့ဘူးဘူးခင်ဗျ။ ”အီးမေးလ် လိပ် စာအပြင် ဆက်သွယ်လို့ရမယ့် Viber ဖုန်းနံ ပါတ်တွေကို နည်းလမ်းရှာပြီး ထပ်မံအသိပေးသွား မှာဖြစ်သလို AA ရဲ့ အကြံပြု ချက်တွေကို လိုက်နာ ဆောင် ရွက်မှုမရှိ ဘူးဆိုရင် နောက်ဆက်တွဲဟာ မော်တော်ယာဉ် လိုင်း ပိုင်ရှင်တို့ရဲ့ တာဝန်ဖြစ်တယ် လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
AA ရဲ့ အခုလိုတောင်းဆိုချက်ကို ယာဉ်လုပ်ငန်းပိုင်ရှင်တွေက လိုက်နာဆောင်ရွက်မယ်ဆိုရင်တည်ဆဲ ဥပဒေအရ မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁) နဲ့ တရားစွဲဆိုခံရနိုင်ခြေရှိပါတယ်။
ဒီထုတ်ပြန်ချက် ဟာ ဒေသခံ ယာဉ်လိုင်းပိုင် ရှင် တွေဆီကို ပျံ့နှံ့ရောက်ရှိမှုတော့ အားနည်းနေပါသေးတယ်။“မရှိပါဘူး။ ကျနော် တို့တော့ မသိပါဘူး။ အဌားရှိရင် ကားသမားမှာတော့ အကုန်လုံးလိုက်မှာပဲ။ လမ်းပန်းဆက်သွယ်ရေးလည်း ကျနော်တို့ အခု သွားနေတာပဲ။ မြောက်ဦး၊ ကျောက်တော်၊ စစ်တွေ၊ ခရီးသည်ပါဖို့လိုတယ်။ ကားပေါ်မှာ ကျန် တာဘာမှ မရှိဘူး။”ဒါကတော့ စစ်တွေကနေ ရခိုင်ပြည်နယ်အတွင်းက တခြားမြို့တွေကို ပြေးဆွဲနေတဲ့ အ မည် မဖော်လိုတဲ့ မှန်လုံယာဉ်မောင်းတစ်ဦးရဲ့ ပြောကြားချက်ကို ကြားခဲ့ရတာပါ။
အစိုးရတပ်မတော်အနေနဲ့ ရခိုင်ပြည် နယ်အတွင်းက တိုက်ပွဲဖြစ်ပွား ရာနေ ရာတွေမှာ တပ်၊ လူ၊ ရိက္ခာနဲ့ လက် နက်အပြောင်းအရွှေ့တွေကို စစ်ကား တွေအသုံးပြုတာမျိုးမဟုတ်ဘဲ အရပ် သားခရီးသည်တင်ကားတွေကို အသုံး ပြုသယ်ဆောင်မှုတွေ လုပ်ဆောင် လာ တာကို ထင်ထင်ရှားရှား တွေ့လာရ တယ်လို့ AA က စွပ်စွဲထားပါတယ်။AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို ဖုန်းနဲ့အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းရာမှာတော့ နောက်မှ ပြန်လည် ဆက်သွယ်ဖို့ ပြောပါတယ်။RFA က စစ်တွေ၊ မြောက်ဦး၊ ရသေ့တောင် စတဲ့မြို့တွေကို ပြေးဆွဲနေတဲ့ ခရီး သည်တင် မှန်လုံယာဉ်မောင်းတချို့ကို ဆက်သွယ်မေးမြန်းကြည့်ရာမှာ တပ်မတော်သားတွေအနေနဲ့ ခရီး သည်တင်လိုက်ကားတွေကို စီးနင်းတာတွေ ရှိပေမယ့် လက်နက်သယ်ယူတာမျိုးတွေမရှိဘူးလို့ ပြောပါ တယ်။RFA က ဆက်သွယ်မေးမြန်းထားမှုဟာ ရခိုင်ပြည်နယ်က မြို့နယ်အားလုံးကို လွှမ်းခြုံနိုင်ခြင်းတော့ မရှိပါဘူး။AA ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားမျိုးသားပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ ဦးထွန်းအောင် ကျော်ကို မေးမြန်းကြည့်ရမှာ ထုတ်ပြန်ချက်ကို အတိအကျမသိသေးဘူးလို့ပြောသလို ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန် က AA ရဲ့ ထုတ်ပြန်ချက်ကိုဖတ်ရှုပြီး ဖြစ်ပေမယ့် မှတ်ချက်မပေးလိုကြောင်း ပြောပါတယ်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက AA ရဲ့ ထုတ်ပြန်ချက်အပေါ် အခုလို မှတ်ချက်ပေးပါတယ်။“ဘယ်ဘက်က ခြိမ်းခြောက်၊ ခြိမ်းခြောက် လက်နက်ကိုင်က ခြိမ်းခြောက် လို့ ရှိရင်တော့ ကြောက်ကြမှာပဲ။ လက်နက်ရှိတဲ့သူကို လက်နက်မရှိတဲ့သူက။ ပြည်သူကို ဘယ်လိုနည်းနဲ့မှ ထိ ခိုက်အောင်မလုပ်ဖို့က ခေါင်းဆောင်များရဲ့တာဝန်ပဲ။ ကာကွယ်ပေးနိုင်တဲ့ ခေါင်းဆောင်တွေကိုပဲ ရေရှည် မှာ ယုံကြည်အားကိုး ကြပါလိမ့်မယ်”ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေကြောင့် ဖြစ်လာတဲ့ နောက်ဆက် တွဲ အကျိုးဆက်တွေထဲမှာ ဒေသခံတွေ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) နဲ့ တရားစွဲဆိုခံရ မှုတွေလည်း ပါဝင်ပါတယ်။အခုဆိုရင် ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်တွေမှာ ၁၇ (၁) နဲ့ တရားစွဲခံရသူ ၂၅ ဦးကျော်ရှိနေပြီ ဖြစ်ပါတယ်။
RFA သတင်းထောက် မဝေမာထွန်း
Link : Here


No comments:
Post a Comment