" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label တရုတ်. Show all posts
Showing posts with label တရုတ်. Show all posts

Thursday, January 14, 2021

ရိုဟင်ဂျာတွေ ပြန်ပို့ရေး ဘင်္ဂလားဒေ့ရှ် မြန်မာ တရုတ် ၃ ပွင့်ဆိုင် ဆွေးနွေးမည်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
14 ဇန်နဝါရီ၊ 2021



ကုတုပလောင်စခန်းက ရိုဟင်ဂျာ ဒုက္ခသည်များ


ရိုဟင်ဂျာတွေ ပြန်လည်နေရာချထားရေး ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ တရုတ် သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို ဘင်္ဂလား ဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမှာ ဇန်နဝါရီလ ၁၉ ရက်နေ့ပြုလုပ်ဖို့ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီး Dr. AK Abdul Momen က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။ ဒါအပြင် အကျိုးဖြစ်ထွန်းတဲ့ အစည်းအဝေးဖြစ်မယ်လို့ မျှော်လင့် ကြောင်းလည်း သူက သတင်းထောက်တွေကို ပြောပါတယ်။ ဒီသုံးပွင့်ဆိုင် အစည်းအဝေးကို ၂၀၂၀ ဇန်နဝါရီ လမှာ ပြုလုပ်ခဲ့ပြီးနောက် တနှစ်အကြာမှာ ထပ်မံပြုလုပ်တာဖြစ်ပါတယ်။

Tuesday, January 12, 2021

ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ရိုဟင်ဂျာအရေးဆွေးနွေး

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
အောင်သိင်္ခ
2021-01-12

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နေပြည်တော်မှာ ၂၀၂၁ ဇန်နဝါရီ ၁၂ ရက်နေ့က တွေ့ဆုံစဉ်
ဓာတ်ပုံ - တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့


ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် နေရပ်စွန့်ခွာ ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ အရေး ကိစ္စကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ် ယိတို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံစဉ်မှာ ဆွေးနွေးခဲ့ကြပါတယ်။

Sunday, November 29, 2020

၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံခြားရေး – ပိုနေမြဲကျားနေမြဲမူဝါဒ အလုပ်ဖြစ်နိုင်မည်လား

ISP China Desk
Khin Khin Kyaw Kyee
November 29, 2020

နိဒါန်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ တခဲနက် အနိုင် ရခဲ့ တာကြောင့် နောက်ထပ်ငါးနှစ်စာ အစိုးရသက်တမ်းကို ထပ်မံ တာဝန်ယူမှာဖြစ်သလို မြန်မာနိုင်ငံရဲ့ နိုင်ငံ ခြား ဆက်ဆံရေးကို ဆက်လက်ဦးဆောင် မောင်းနှင်ရမှာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ရွေးကောက်ပွဲ NLD ပါတီ အနိုင် ရခဲ့တုန်းက မြန်မာ့ နိုင်ငံခြားဆက်ဆံရေးအခင်းအကျင်း ပိုမိုအားကောင်းနိုင်တယ် ဆိုတဲ့ ခန့်မှန်း မျှော် လင့်ခဲ့ချက် တွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် အစိုးရအဖြစ် တာဝန်ယူပြီး မကြာခင်မှာပဲ ရိုဟင်ဂျာအရေး ဖြစ်ပွား ခဲ့ တာကြောင့် မြန်မာနိုင်ငံရဲ့ နိုင်ငံခြားဆက်ဆံရေးဟာ ပြီးခဲ့တဲ့ ငါးနှစ်တာကာလုံး ရုန်းကန်နေခဲ့ရပါတယ်။ ဒါ့အ ပြင် အတိုက်အ ခံ ပါတီဘဝတုန်းက ဆက်ဆံရေးကောင်းမွန်ခဲ့တဲ့ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးဟာလည်း လူ့အခွင့် အရေး ဝေဖန်မှုတွေကြောင့် ပြန်လည်အေးစက်လာခဲ့ပြီး တရုတ်နဲ့ ဒေသတွင်းနိုင်ငံတွေကို ပိုမို အား ကိုးခဲ့တာ တွေ့ရ ပါတယ်။

Sunday, November 1, 2020

ကုလားတန်စီမံကိန်းကို ပစ်မှတ်ထားတဲ့ နောက်ကွယ်မှာ တရုတ်လက်ပါနေဟု အိန္ဒိယ သတင်းစာဖော်ပြ

ဧရာဝတီ
31 October 2020
ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲတွင် လှုပ်ရှားနေသည့် AA တပ်ဖွဲ့ဝင် တချို့ / အောင်ကျော်ထက် / ဧရာဝတီ

ရခိုင်ပြည်နယ်မှာ ဆောက်လုပ်နေဆဲဖြစ်တဲ့ ကုလားတန်မြစ်စီမံကိန်းကို ရက္ခိုင်စစ်တပ် (AA) က တိုက်ခိုက်နေ တာဟာ ထိခိုက်မှုတွေရှိနေပြီး စီမံကိန်းပြီးစီးဖို့ အခက်အခဲတွေ ကြုံနေရကြောင်း အိန္ဒိယ အခြေစိုက် Hindustan Times သတင်းစာမှာ အောက်တိုဘာ ၂၆ ရက်နေ့က သတင်းအဖြစ် ဖော်ပြပါရှိခဲ့ပါတယ်။

ဒီလိုတိုက်ခိုက်မှုတွေမှာ တရုတ်နိုင်ငံထုတ်လက်နက်ပစ္စည်းတွေကို AA အဖွဲ့ဆီကနေ ရရှိခဲ့ကြောင်းလည်းသတင်း စာမှာ ဖော်ပြထားပါတယ်။ AA အနေနဲ့ ကုလားတန်မြစ် စီမံကိန်းကို ၄ ကြိမ်ထက် မနည်း တိုက်ခိုက် ခဲ့ကြောင်း ဒါ့အပြင် လုံခြုံရေး ယူထားတဲ့ တပ်တွေကိုလည်း တိုက်ခိုက်ခဲ့ကြောင်း သတင်းက ဖော်ပြခဲ့ပါတယ်။

အိန္ဒိယနဲ့ မြန်မာဟာ စစ်တွေဆိပ်ကမ်းကိုလည်း နောက်နှစ်မှာ အပြီး ပြီးစီးအောင် ဆောက်လုပ်ဖို့စီစဉ်နေပြီး Kolkata ဆိပ်ကမ်းကပို့တဲ့ ကုန်ပစ္စည်းတွေကို ကုလားတန်မြစ်ကိုအသုံပြုကာကုန်းတွင်းပိုင်းဖြစ်တဲ့အရှေ့မြောက် ဒေသကို တင်ပို့ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့တွင် ဖမ်းမိခဲ့သည့် မြန်မာပြည်ပို့မည့် လက်နက်များ

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့တွင် ဖမ်းမိခဲ့သည့် မြန်မာပြည်ပို့မည့် လက်နက်မျာအဲဒီသတင်းစာကြီး မှာ ဘဲ ဇွန်လ ၂၃ ရက်နေ့က ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှာ ဖမ်းဆီးမိခဲ့တဲ့ လက်နက်ခဲယမ်းမီးကျောက် တွေက လည်း ဒေါ်လာ တသန်းဖိုးခန့် တန်ဖိုးရှိပြီး ဒီလက်နက်တွေက ရခိုင်က AA နဲ့ အာရကန်ရိုဟင်ဂျာကယ် တင်ရေး တပ် (ARSA) ဆီကို ပို့ဖို့ရည်ရွယ်ခဲ့တာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဒီလက်နက်တွေဟာ တရုတ်က ထုတ်တဲ့ လက်နက်တွေဖြစ်ပြီး ဒီလိုလက်နက်မှောင်ခိုသယ်ယူမှုတွေကြောင့် ဒေ သ တွင်း တည်ငြိမ်မှုကို အန္တရာယ်ရှိတဲ့ အပြင် ကုလားတန်စီမံကိန်းအပေါ်မှာလည်း ထိခိုက်သက်ရောက်မှု တွေ ရှိတယ်လို့ အိန္ဒိယနိုင်ငံက လုံခြုံရေးဆိုင်ရာ အရာရှိရဲ့ ပြောဆိုချက်ကို သတင်းစာမှာ ကိုးကား ဖော်ပြ ထားပါ တယ်။

တရုတ်ရဲ့ လက်တွေခြေတွေပါနေတယ်ဆိုရင်တော့ ကုလားတန် စီမံကိန်းဟာ တရုတ်ရဲ့ စီမံကိန်းဖြစ်တဲ့ တရုတ် -မြန်မာ စီးပွားရေး စင်္ကြန် (CMEC) ရဲ့ ကျောက်ဖြူစီမံကိန်းအတွက် ယှဉ်ပြိုင်ဘက်ဖြစ်နေလို့ပဲလို့ သတင်းမှာ သုံး သပ်သွားပါတယ်။
ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့တွင် ဖမ်းမိခဲ့သည့် မြန်မာပြည်ပို့မည့် လက်နက်များ

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့တွင် ဖမ်းမိခဲ့သည့် မြန်မာပြည်ပို့မည့် လက်နက်မျာတကယ်တော့ တရုတ် ဟာ ဒီလိုပဲ အိန္ဒိယကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေကို ၁၉၆၀ နဲ့ ၁၉၇၀ မှာ ပြုလုပ်ခဲ့ပြီး အိန္ဒိယနယ် အေ့ရှ မြောက်ဒေသ က လက်နက်ကိုင်သူပုန်တွေကို လက်နက်တွေပေးခဲ့တာ၊ သင်တန်းတွေပေးခဲ့တာတွေကို အရင် ကလည်း လုပ်ခဲ့ ဖူးကြောင်း ဖော်ပြခဲ့ပါတယ်။

တရုတ်အနေနဲ့ သူ့ရဲ့ CMEC စီမံကိန်းတွေကို အမြန်အကောင်အထည်ဖော်ပြီး ကုလားတန် စီမံကိန်းကို နောက် ကျအောင်၊ အလုပ်မဖြစ်အောင် ကပျက်ကရက် လုပ်နေတာဖြစ်ပြီး မြန်မာကိုလည်း ကုလားတန် စီမံကိန်းဟာ အ လုပ်မဖြစ်ကြောင်းပြပြီး ဒီဒေသမှာ လုံခြုံရေး အရခက်ခဲအောင် လုပ်နေတာဖြစ်တယ်လို့ နိုင်ငံတကာ လုံခြုံ ရေး ကို လေ့လာတဲ့ Gateway House ကလေ့လာသူ Sameer Patil က Hindustan Times သတင်းစာကို ပြောကြား ထားပါတယ်။

You may also like these stories:

Tuesday, July 28, 2020

အမေရိကန်-တရုတ် စစ်အေးသစ်က မြန်မာအတွက် အခက် လား အချက်လား

ဧရာဝတီ
နန်းလွင်
28 July 2020
၂၀၁၂ နိုဝင်ဘာလ ဘားရက်အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှု (ဝဲ) နှင့် ၂၀၂၀ ဇန်နဝါရီ ရှီကျင့်ဖျင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှု (ယာ) / နိုင်ငံတော်အတိုင်ပင်ခံရုံ

မကြာသေးမီက မြန်မာနိုင်ငံရှိ အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံ သံရုံးများအကြား လူမှုကွန်ရက်တွင် အ ငြင်းပွားမှုသည် မြန်မာနိုင်ငံကို အင်အားကြီး နှစ်နိုင်ငံအကြား သံတမန်ရေးရာ အငြင်းပွားမှုအတွင်း သို့ ရောက် ရှိ စေသည်။ အမေရိကန် သံတမန်တဦး၏ အတွေ့အမြင်ဆောင်းပါးတွင် တောင်တရုတ်ပင်လယ်တွင် တရုတ်နိုင် ငံ၏ လုပ်ဆောင်မှုများနှင့် ဟောင်ကောင်ကို အပြင်းအထန် ဖြိုခွဲခြင်းသည် မြန်မာနိုင်ငံအပါ အဝင် အိမ်နီးချင်း နိုင်ငံများ၏ အချုပ်အခြာ အာဏာပိုင်မှုကို ထိပါးကြောင်း စွပ်စွဲသည်။

Friday, March 27, 2020

တရုတ်၊ ရခိုင်တပ်တော် နှင့် မြန်မာအစိုးရ၏ အဖြေ

Frontier 
MYANMAR
Friday, March 27, 2020
ယွန်ဆန် ရေးသားသည်
အေအေတပ်သားသစ်များအား တရုတ်နယ်စပ်အနီးမှ ကချင်ပြည်နယ်အတွင်းရှိ လိုင်ဇာ ဌာနချုပ်၌ စစ်သင်တန်းပေးသည်။ ဓာတ်ပုံ - ခွန်လတ်
 
အေအေသည် ရခိုင်ပြည်နယ်၌ လူထုထောက်ခံမှုရရှိခြင်းကြောင့် တိုက်ပွဲရလဒ်ကိုပြောင်းလဲ သွားနိုင် စွမ်းရှိ လာရာ တရုတ်နိုင်ငံ၏ဩဇာကို နာခံလိုမှုတဖြည်းဖြည်းကျဆင်းလာခြင်းဖြစ်သည်။

Thursday, February 6, 2020

လုံခြုံရေးကောင်စီမှာ မြန်မာဘက်ကရပ်ခဲ့တဲ့ တရုတ်နဲ့ ဗီယက်နမ်

RFA
လွတ်လပ်တဲ့အာရှအသံ
မြန်မာဌာန | သတင်းများ
2020.02.05

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေး။
Photo: AFP

မြန်မာနိုင်ငံအပေါ် ICJ အပြည်ပြည်ဆိုင်ရာတရားရုံးက ချမှတ်ခဲ့တဲ့ ကြားဖြတ်အစီအမံတွေ ဆောင်ရွက်ဖို့ အမိန့်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မနေ့က ဆွေးနွေးခဲ့ကြပေမယ့် သဘောတူညီချက် မရခဲ့ပါဘူး။

Sunday, January 19, 2020

ရခိုင်အရေး အကူအညီဆက်ပေးမယ်လို့ တရုတ်ကတိပြု

VOA
ဗွီအိုအေ (မြန်မာဌာန)

နယ်စပ်ဖြတ်ကျော်ပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (နိုဝင်ဘာလ ၂၊ ၂၀၁၇)

ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံရေး၊ ပြန်လည် နေရာချထားရေးအတွက် တတ် နိုင် သလောက် ဆက်လက် ကူညီသွားမယ်လို့ တရုတ်ဘက်က ကတိပြုလိုက်သလို ဘင်္ဂလားဒေရှ့်ဘက် ရောက်နေတဲ့ မြန်မာနိုင်ငံက လူတွေကို ပြန်လည်လက်ခံမယ်လို့ မြန်မာဘက်က ထပ်ပြီး ကတိပြုလိုက်ပါ တယ်။
                                                                             

Sunday, March 10, 2019

ပြန်လာမယ့်ဒုက္ခသည်တွေကို ငွေအလုံးအရင်း ထောက်ပံ့ဖို့ အစီအစဉ်မရှိ

RFA
လြတ္လပ္တဲ့ အာရွအသံ
2019-03-09
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင်ဒုက္ခသည်စခန်းကို တွေ့ရစဉ်

မြန်မာအစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်ကနေ ပြန်လာမယ့် မွတ်စလင် ဒုက္ခသည်တွေရဲ့ လက်ထဲကို ငွေအလုံး အရင်းလိုက် ထောက်ပံ့ပေးသွားဖို့ မရှိဘဲ သူတို့ နေထိုင်ဖို့ အိမ်စီစဉ်ပေးတာ၊ စားသောက်စရာ၊ ကျန်းမာရေး၊ ပညာရေး ထောက်ပံ့ပေးတာတွေသာ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာမင်းသိန်းက ပြောပါတယ်။

Sunday, November 19, 2017

ရိုဟင်ဂျာပြဿနာ နိုင်ငံတကာဝင်မပါဖို့ တရုတ်တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
၁၉ နိုဝင်ဘာ၊ ၂၀၁၇
မနီလာမြို့တွင်ကျင်းပသည့် ARF အစည်းအဝေးတွင် တွေ့ရသည့် တရုတ်ဝန်ကြီးချုပ် Wang Yi။ သြဂုတ် ၈၊ ၂၀၁၇။

ရိုဟင်ဂျာပြဿနာကို နိုင်ငံတကာက ပါဝင်ဆောင်ရွက်မယ့်အစား ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံကြား ညှိနှိုင်းမှုတွေနဲ့ဖြေရှင်းဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က စနေနေ့မှာ တိုက် တွန်းလိုက်ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */