ဗွီအိုအေ (မြန်မာပိုင်း)
14 ဇန်နဝါရီ၊ 2021
ကုတုပလောင်စခန်းက ရိုဟင်ဂျာ ဒုက္ခသည်များ
ရိုဟင်ဂျာတွေ ပြန်လည်နေရာချထားရေး ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ တရုတ် သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို ဘင်္ဂလား ဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမှာ ဇန်နဝါရီလ ၁၉ ရက်နေ့ပြုလုပ်ဖို့ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီး Dr. AK Abdul Momen က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။ ဒါအပြင် အကျိုးဖြစ်ထွန်းတဲ့ အစည်းအဝေးဖြစ်မယ်လို့ မျှော်လင့် ကြောင်းလည်း သူက သတင်းထောက်တွေကို ပြောပါတယ်။ ဒီသုံးပွင့်ဆိုင် အစည်းအဝေးကို ၂၀၂၀ ဇန်နဝါရီ လမှာ ပြုလုပ်ခဲ့ပြီးနောက် တနှစ်အကြာမှာ ထပ်မံပြုလုပ်တာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်အနေနဲ့ ရိုဟင်ဂျာ ၈.၄ သိန်းအမည်စာရင်းကို မြန်မာနိုင်ငံကို စိစစ်အတည်ပြုဖို့ လွှဲပြောင်းပေးခဲ့ တယ်လို့ ဝန်ကြီး Momen ကဆိုပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံဘက်က လူပေါင်း ၄၂,၀၀၀ လောက်ကိုပဲ အတည်ပြုခဲ့ပြီး လုပ်ဆောင်တဲ့နေရာမှာ အလွန်နှေး ကွေးကြောင်း ဒေါက်တာ Momen ကပြောပါတယ်။ ရိုဟင်ဂျာတွေ နေရပ်ရင်းပြန်နိုင်ရေး ဘင်္ဂလားဒေ့ရှ် ဘက်က အလုပ်လုပ်နေတယ်ဆိုပေမဲ့ မြန်မာဘက်က အလားတူ တုန့်ပြန်လုပ်ဆောင်တာမျိုးမရှိခဲ့ဘူးလို့လည်း သူဆိုပါတယ်။ မြန်မာအနေနဲ့ ၁၉၇၈ နဲ့၁၉၉၂ခုနှစ်တွေတုန်းက သူတို့နိုင်ငံသားတွေပြန်ပြီးခေါ်ယူခဲ့တဲ့ ကိစ္စတုန်း ကလို အခုတခေါက်မှာလည်း အဲဒီလိုမျိုး ဆောင်ရွက်မယ်လို့ အမြဲတမ်းမျှော်လင့်ကြောင်း ဝန်ကြီးက ပြောကြား ခဲ့ပါတယ်။
COVID-19 ကပ်ရောဂါဖြစ်ပွားမှုနဲ့ မြန်မာနိုင်ငံမှာ အထွေထွေးရွေးကောက်ပွဲတွေကြောင့် ၂၀၂၀ ပြည့်နှစ်မှာ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စ အကောင်အထည်မဖေါ်နိုင်ခဲ့ပေမဲ့ အခုဒီနှစ် ဇန်နဝါရီလမှာ စတင်မယ်လို့ တော့ ဘင်္ဂလားဒေ့ရှ်အစိုးရက အရွက်အမြွက်ပြောကြားခဲ့ပါတယ်။
ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရဘက်ကတော့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်တွေကို စိ စစ်ပြီး ပြန်လည်လက်ခံမယ်လို့ သဘောတူခဲ့ပေမယ့် အခုချိန်ထိ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ခြင်းမရှိသေး ပါ ဘူး။
Link: Here
No comments:
Post a Comment