" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label Video. Show all posts
Showing posts with label Video. Show all posts

Friday, March 22, 2024

စစ်တပ်က လူမျိုးရေး အသုံးချဖို့ ကြိုးစားတာ (ရုပ်/သံ)

ဧရာဝတီ
22 Mar 2024

ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော် (AA) ရဲ့ စစ်ဆင်ရေးအောက်မှာ ဆိုးဆိုးဝါးဝါး ရှုံးနိမ့်နေတဲ့ စစ်ကောင်စီတပ်ဟာ ရိုဟင်ဂျာတွေကို အသုံးချနေတယ် လို့ စောင့်ကြည့်လေ့လာနေသူတွေက ပြောကြပါတယ်။ 

အေအေအနေနဲ့ ရိုဟင်ဂျာတွေရဲ့ အသက် အိုးအိမ်းကို ကာကွယ်ပေးဖို့တိုက်တွန်းချင်တယ်

DVN
DVN၊ အင်တာဗျူး။ မတ်လ ၊ ၁၈။


"အေအေကိုကျနော်တိုက်တွန်းချင်တာက ရွာထဲကိုစစ်ကောင်စီက ဝင်လာတယ်ဆိုတာနဲ့ ပစ်သတ်နေတာတွေ ရှိနေတာကြောက့် အေအေအနေနဲ့ ရိုဟင်ဂျာတွေရဲ့ အသက် အိုးအိမ်းကို ကာကွယ်ပေးဖို့တိုက်တွန်းချင်တယ်"

ရခိုင်မှာ လက်ရှိတိုက်ပွဲတွေ အကြားမှာ ရှိနေတဲ့ ရိုဟင်ဂျာတွေ ရဲ့ သေဆုံးမှု ဖမ်းဆီးခံရမှု အခြေအနေတွေ အပါအ ဝင် ရခိုင်ပြည်တွင်းက တိုက်ပွဲ အခြေအနေတွေ အပေါ် အမြင်သဘောထားတွေကို အပေါ် ရိုဟင်ဂျာလွတ် မြောက်ရေး ညွန့်ပေါင်းအဖွဲ့ ဦးနေဆန်းလွင် (ပူးတွဲတည်ထောင်သူ) ကို DVN ကဆက်သွယ်မေးမြန်းထားပါတယ်။ 

Link : Here

ရခိုင်မှာ နေထိုင်နေတဲ့ ရိုဟင်ဂျာတွေ ရဲ့ အခြေအနေတွေ နဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းမှု (အပိုင်း - ၂)

DVN
DVN၊အင်တာဗျူး။ မတ်လ ၂၁ ။ 

ရခိုင်ပြည်တွင်းက ရိုဟင်ဂျာတွေ ရဲ့ အခြေအနေတွေ နဲ့ ပတ်သက်ပြီး ရိုဟင်ဂျာလွတ် မြောက်ရေး ညွန့်ပေါင်းအဖွဲ့ ဦးနေဆန်းလွင် (ပူးတွဲတည်ထောင်သူ) ကို DVN ကဆက်သွယ်မေးမြန်းထားပါတယ်။ ရိုဟင်ဂျာလွတ် မြောက်ရေး ညွန့်ပေါင်းအဖွဲ့ ဦးနေဆန်းလွင် (ပူးတွဲတည်ထောင်သူ) က “ကျနော်တို့ ရိုဟင်ဂျာတွေ နဲ့ ရခိုင်တွေ အတူယှဉ်တွဲနေထိုင်လာတာ အခုမှ မဟုတ်ဘူး။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း ဧရာဝတီသတင်းဌာနတို့ တခြားသတင်းဌာနတွေရဲ့ အင်တာဗျူးတွေမှာတောင် ရိုဟင်ဂျာနဲ့ ရခိုင်တွေ အတူယှဉ်တွဲနေထိုင်လာတာဟာ မြောက်ဦးခောတ်ကတည်းက အတူနေထိုင်လာတာလို့ပြောထားတယ်။နောက်ပြီးတော့ ရိုဟင်ဂျာတွေ ရဲ့ လူ့အခွင့်အရေးတွေကို လေ့စာမယ်ဆိုပြီးတော့ ပြောဆိုထားတာတွေလည်း ရှိတယ်။ဒါတွေက အခြေခံ လူ့အခွင့်အရေး တစ်ခုလည်း ဖြစ်တယ် သမိုင်းအားဖြင့်လည်း လိမ်လို့ မရဘူးပေါ့” 

Link : Here

Monday, March 18, 2024

အေအေကိုတိုက်တွန်း - ရိုနေဆန်းလွင်နဲ့ အင်တာဗျူး

Daily Voice News
DVN၊ အင်တာဗျူး။
မတ်လ ၊ ၁၈။

"အေအေကိုကျနော်တိုက်တွန်းချင်တာက ရွာထဲကိုစစ်ကောင်စီက ဝင်လာတယ်ဆိုတာနဲ့ ပစ်သတ်နေတာတွေ ရှိနေတာကြောင့် အေအေအနေနဲ့ ရိုဟင်ဂျာတွေရဲ့ အသက် အိုးအိမ်ကို ကာကွယ်ပေးဖို့တိုက် တွန်းချင်တယ်"

ရခိုင်မှာ လက်ရှိတိုက်ပွဲတွေ အကြားမှာ ရှိနေတဲ့ ရိုဟင်ဂျာတွေ ရဲ့ သေဆုံးမှု ဖမ်းဆီးခံရမှု အခြေအနေတွေ အပါအဝင် ရခိုင်ပြည်တွင်းက တိုက်ပွဲ အခြေအနေတွေ အပေါ် အမြင်သဘောထားတွေကို အ ပေါ် ရိုဟင်ဂျာလွတ် မြောက်ရေး ညွန့်ပေါင်းအဖွဲ့ ဦးနေဆန်းလွင် (ပူးတွဲတည်ထောင်သူ) ကို DVN က ဆက်သွယ်မေးမြန်းထားပါတယ်။

 

Link : Here

မင်းပြားမှာ ရွာထဲ လေကြောင်းဗုံးကြဲခံရမှုကြောင့် ရိုဟင်ဂျာ ၂၃ ဦးသေ၊ ၃၃ ဦးဒဏ်ရာရ

RFA
RFA Burmese
2024.03.17

လေကြောင်းမှ ဗုံးကြဲခံရသည့် မင်းပြားမြို့နယ် သာဒါကျေးရွာကို ၂၀၂၄ ခုနှစ် မတ်လ ၁၈ ရက်က တွေ့ရစဉ်။
Telegram/ Arakan Princess Media

 
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် သာဒါ ရိုဟင်ဂျာရွာထဲကို မတ်လ ၁၈ ရက် ဒီနေ့ မနက်တစ်နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာကြောင့် ရိုဟင်ဂျာ ၂၃ ဦး ပွဲချင်းပြီးသေဆုံးပြီး ၃၃ ဦး ဒဏ်ရာ ပြင်းပြင်းထန်ထန်ရသွားတယ်လို့ ရွာသားတွေက RFA ကိုပြောပါတယ်။

Saturday, March 16, 2024

စစ်မှုထမ်းဖို့ ရိုဟင်ဂျာတွေကို မက်လုံးပေး စည်းရုံး

BBC
March 15'2024

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည် စခန်းက လူတွေကို စစ်မှုထမ်းဖို့ အတွက် ငွေကြေး အပြင် နိုင်ငံသား ဖြစ်ခွင့် စတာတွေနဲ့ မက်လုံးပေးပြီး စစ်ကောင်စီက စည်းရုံးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒုက္ခသည် စခန်းမှာနေထိုင်သူတွေက ဘီဘီစီကို ပြောပါတယ်။

နောက်ပြီး ရိုဟင်ဂျာ ဒုက္ခသည်တွေကို စခန်းသွင်းပြီး စစ်သင်တန်း ပေးနေတဲ့ ဗီဒီယို ဖိုင်တွေလည်း လူမှုကွန်ရက်မှာ ထွက်ပေါ်နေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီ ဘက်က ဘယ်လို တုံ့ပြန်ပါသလဲ။ ကိုဘိုဘိုက ပြောပြပေးထားပါတယ်။

Video Link : Here

Link : Here

Thursday, March 14, 2024

Video Shows Rohingya Forcibly Recruited Into Myanmar Military

March 14, 2024
 Dozens of young Rohingya men ride a military truck on March 9, 2024. (UGC courtesy video) 


VOA has recently obtained video footage depicting Rohingya from Internally Displaced Persons (IDP) camps being trained as soldiers in Rakhine state, the scene of heavy fighting between Myanmar’s military junta and ethnic armed groups.

Wednesday, March 13, 2024

ရိုဟင်ဂျာတွေကူညီဖို့ ရံပုံငွေကန်ဒေါ်လာသန်း၈၅၀ကျော် ကုလပန်ကြား

VOA
သားညွန့်ဦး

၁၄ မတ်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တသန်းကျော်နဲ့ သူတို့ကိုလက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်လူမှုအသိုက် အဝန်းတွေကို ကူညီထောက်ပံ့ဖို့အတွက် အခု ၂၀၂၄ခုနှစ်အတွင်း ရံပုံငွေ အမေရိကန်ဒေါ်လာ သန်း ၈၅၀ ကျော် ရရှိဖို့ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ လူသားချင်းစာနာကူညီမှုအဖွဲ့အေစည်းတွေ မေတ္တာရပ်ခံခဲ့ပါတယ်။

Link : Here

Monday, March 11, 2024

မလေးရှားရောက်ရိုဟင်ဂျာတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရ

VOA
ဆုမွန်
၁၁ မတ်၊ ၂၀၂၄

မလေးရှားရောက်ရိုဟင်ဂျာတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရ
 
နေထိုင်ခွင့် အလုပ်လုပ်ကိုင်ခွင့် ကျန်းမာရေးစောင့်ရှောက်မှုစတဲ့ အခက်အခဲ စိန်ခေါ်မှုမျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့ မလေးရှားနိုင်ငံရောက် ရိုဟင်ဂျာတွေကို တရားဝင်အသိအမှတ်ပြုပေးဖို့နဲ့ ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ပဋိညာဉ်ကြေညာစာတမ်းနဲ့အညီ ရိုဟင်ဂျာတွေကို လူ့အခွင့်အရေးတွေဖော်ဆောင်ပေးဖို့ မလေးရှားလူငယ်ကွန်ရက် Rohingya Youth Network in Malaysia (RYNM) ဥက္ကဋ္ဌ ကိုမေယုအီစံ Mayyu Ahsan က တောင်းဆိုလိုက်ပါတယ်။ မလေးရှားရောက်ရိုဟင်ဂျာတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့အခြေအနေ VOA Rohingya Lifeline အစီအစဉ်ကနေ Hamid Hussain စီစဉ်တင်ဆက်ထားတဲ့သတင်းကို အခြေခံပြီး ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က စုစည်းတင်ဆက်ပေးထားပါတယ်။

Sunday, March 10, 2024

စစ်တွေမြို့ပေါ်မှာ လက်နက်ကြီးကြောင့် ရိုဟင်ဂျာခုနစ်ဦး သေဆုံးပြီး ငါးဦးဒဏ်ရာရ

RFA
RFA Burmese
2024.03.10

စစ်တွေမြို့ပေါ် ကသည်းရပ်ကွက်နှင့် အောင်မင်္ဂလာရပ်ကွက်အကြား လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည့်နေရာအား ၂၀၂၄ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့က တွေ့ရစဥ်။ရခိုင်ပြည်လွတ်မြောက်ရေးပါတီ- စည်းရုံးရေးနှင့်ပြန်ကြားရေးဌာန

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်က ကသည်းရပ်ကွက်နဲ့ အောင်မင်္ဂလာရပ်ကွက်အကြားကို မတ်လ ၉ ရက်နေ့ည ၁၁ နာရီကျော်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ရိုဟင်ဂျာခုနစ်ဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Thursday, March 7, 2024

ကရင်နီ စစ်မျက်နှာသစ်

VOA
သတင်းသုံးသပ်ချက်
ဦးအောင်ခင်ဉာဏ်ဝင်းအောင်
၂၉ ဖေဖေါ်ဝါရီ၊ ၂၀၂၄ 

ကရင်နီပြည်နယ်မှာ တော်လှန်ရေးအင်အားစုတွေ အားလုံး ၊ ပူးပေါင်းဆောင်ရွက် နိုင်တာကြောင့် ကြားကာလ အစိုး ရ ဖွဲ့စည်းနိုင်တဲ့အခြေအနေ ရောက်ရှိလာပြီး စစ်ဆင်ရေး တိုးမြှင့်နိုင်ပုံကို ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။

Link : Here

မွန်နဲ့ ပအိုဝ်း တပ်ဖွဲ့သစ်များ

VOA
သတင်းသုံးသပ်ချက်
ဦးအောင်ခင်ဉာဏ်ဝင်းအောင်
၀၇ မတ်၊ ၂၀၂၄

ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက် - ပအိုဝ်းနဲ့ မွန်လက်နက်ကိုင် အဖွဲ့အစည်းဟောင်းတွေဟာ စစ်တပ်နဲ့ လိုက်လျောညီထွေ ဆက်ဆံနေတဲ့အတွက် စစ်တပ်ဆန့်ကျင်ရေး အင်အားစုသစ်တွေ ပအိုဝ်းနဲ့ မွန်ဒေသမှာ ပေါ်ထွက်လာပုံကို ဦးအောင်ခင်ကရေးပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။

Link : Here

Wednesday, February 21, 2024

ရိုဟင်ဂျာတွေကို စစ်သင်တန်းပေးဖို့ ဖမ်းဆီးတာနဲ့ စာရင်းကောက်တာတွေ လုပ်နေ

RFA
လွတ်လပ်တဲ့အာရှအသံ
RFA Burmese
2024.02.21
 

စစ်တွေမြို့နယ်၊ ဘုမေအုပ်စု၊ သဲချောင်းအုန်းတောရွာမှ ရိုဟင်ဂျာများအား ၂၀၂၃ ခုနှစ် မေလ ၂၀ ရက်နေ့က တွေ့ရစဉ်။ RFA

ရခိုင်ပြည်နယ် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောနဲ့ ကျောက်ဖြူမြို့နယ်က ရိုဟင်ဂျာတွေကို စစ်ကောင်စီတပ်က ပြည်သူ့စစ်သင်တန်း တက်ခိုင်းဖို့ ဖမ်းဆီးနေသလို သင်တန်းအတွက် စာရင်းပါကောက်နေတယ်လို့ အဲဒီရိုဟင်ဂျာတွေက ပြောပါတယ်။

ရခိုင်မှာ ရိုဟင်ဂျာတွေ စစ်မှုထမ်းဖို့ ဖိအားပေးခံနေရ

RFA
လွတ်လပ်တဲ့အာရှအသံ
21.02.2024

ရခိုင်မှာ ရိုဟင်ဂျာတွေ စစ်မှုထမ်းဖို့ ဖိအားပေးခံနေရ ■ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနဲ့ စစ်တွေမြို့နယ်တွေက ဒုက္ခသည်စခန်းတွေ၊ ကျေးရွာတွေနဲ့ ရပ်ကွက်တွေမှာ စစ်ကောင်စီက ရိုဟင်ဂျာတွေကို စစ်မှုထမ်းဖို့ ဖိအားပေးနေတယ်လို့ ဒေသခံတွေနဲ့ ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ရိုဟင်ဂျာ လူဦးရေ နှစ်သိန်းနီးပါးရှိပြီး ရက္ခိုင့်တပ်တော် (AA) နဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဘူးသီးတောင်မြို့နယ်မှာ ပိုမိုဖိအားပေးခံနေရတာဖြစ်ပြီး ဒေသခံ ရိုဟင်ဂျာတွေအနေနဲ့ ရှောင်လွှဲလို့မရဘဲ လူမျိုးရေးပဋိပက္ခအသွင်ဆောင်သွားမှာ စိုးရိမ်နေကြပါတယ်။ ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ ကိုရိုနေဆန်းလွင်ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။

 

Link : Here

Friday, February 16, 2024

300 Myanmar junta troops who fled attack return from Bangladesh

RFA
By RFA Burmese
2024.02.16

The troops had been stationed at a border post that the rebel Arakan Army captured earlier this month.

Myanmar citizens and Border Guard Police who crossed the Bangladesh-Myanmar border to seek shelter in Bangladesh are escorted back into Myanmar after arriving by ship at Cox’s Bazar on Feb. 15, 2024. (AFP
Some 300 members of a junta military unit and a border police force who fled to Bangladesh during an attack by the rebel Arakan Army have been repatriated to Myanmar, according to several Rohingya refugees in Bangladesh.

Wednesday, February 14, 2024

How Rohingya refugees are digitally reclaiming their culture

TRT WORLD
Tarushi Aswani
Feb 13, 2024,

An Istanbul-based youth or a refugee at a Bangladesh camp…Many people are striving to preserve the Rohingya way of life, which is under threat of being wiped out amid persecution in their ancestral land in Myanmar.


Others ,For nearly 3 million Rohingya in exile, creative initiatives give them hope and solace as they dream of returning to their homeland one day and living in peace as a community. / Photo: Zita Tv

Sufaira Begum, 15, is among an estimated one million Rohingya Muslims who call the world's largest refugee camp in Bangladesh’s Cox's Bazar their home.

Saturday, February 10, 2024

စစ်ကောင်စီ တပ်သားတွေ လက်နက်ရောင်းချခဲ့တယ်လို့ အေအေပြော

BBC 

၉ ဖေဖော်ဝါရီ ၂၀၂၄

  မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မြန်မာနိုင်ငံဘက်ခြမ်းက စစ်ကောင်စီရဲ့ တောင်ပြိုလက်ယာ၊ တောင်ပြိုလက်ဝဲ စခန်းတွေကို ဖေဖော်ဝါရီ ၆ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့တယ်လို့ ရခိုင့်တပ်တော် အေအေဘက်က သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီတိုက်ပွဲကနေ ထွက်ပြေးတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ သူတို့ရဲ့ လက်နက်တွေကို နယ်စပ်မှာ ရှိနေတဲ့ လက်နက်ကိုင် အဖွဲ့တွေဆီကို ရောင်းချဖို့ ညှိနှိုင်းထားခဲ့ကြတယ်ဆိုပြီးတော့လည်း ပြောဆိုနေပါတယ်။ ကိုနန္ဒက ပြောပြပေးမှာပါ။

 

Link: Here

Wednesday, February 7, 2024

ရခိုင်မှာ AA သိမ်းပိုက်တဲ့ မြို့နှစ်မြို့နဲ့ စစ်ကောင်စီတပ်ရင်း ကိုးရင်းအထိရှိလာ

RFA
RFA Burmese
2024.02.07
 

စစ်ကောင်စီ၏ ခမရ (၅၄၀) တပ်ရင်းတစ်ရင်းလုံးအား သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်နေ့က ရက္ခိုင့်တပ်တော် AA မှ ထုတ်ပြန်ထားစဥ်။ AA Info Desk 
 
ရခိုင်ပြည်နယ်၊ မင်းပြားမြို့က စစ်ကောင်စီတပ်ရဲ့ အခြေစိုက်တပ်ရင်း ခမရ (၃၇၉)၊ (၃၈၀)နဲ့ (၅၄၁) စတဲ့ တပ်ရင်းသုံးရင်းလုံးကို ဖေဖော်ဝါရီလ ၆ ရက် မနေ့မနက်ပိုင်းက ရက္ခိုင့်တပ်တော် (AA) က အပြီးသတ်သိမ်းပိုက်လိုက်ကြောင်း AA ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့က မနေ့ညကထုတ်ပြန်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */