" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label Audio. Show all posts
Showing posts with label Audio. Show all posts

Sunday, April 7, 2019

Interview with Duchiradan villager & BBC Burmese (Feb 19, 2014)

ရွှေ့ပြောင်းသူတွေရဲ့စက်လှေ ထိုင်းကမ်းလွန်မှာ ဒုက္ခရောက်နေ

Displacement Episode 1: The Rohingya ( Harvard University )

2014 Census & Rohingya Code (BBC Interviewed with Immigration Official) 14.01.2014

Is Myanmar Committing Genocide against the Rohingya? (with Dr Thomas MacManus)

Setting the Stage for Genocide: The Background of the Rohingya Crisis

ရခိုင်နှင့်မွတ်စလင်ခေါင်းဆောင် နှစ်ဦး ( ဦးလှစော၊ ဦးသာအေး )ပြောကြားတဲ့ ရခိုင်ဒေသပြန်လည်ငြိမ်း ရေး

Monday, March 25, 2019

တိမ်ညိုစခန်းမှူး လုပ်ကြံခံရ

RFA
လွတ်လပ်တဲ့ အာရှအသံ
မြန်မာဌာန | သတင်းများ
2019-03-24


ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တိမ်ညိုတိုက်နယ်ကျေးရွာရဲစခန်းမှူး ရဲအုပ် ကျော်ကျော်လှဟာ မနေ့ညက ပစ်ခတ်လုပ်ကြံခံလိုက်ရပါတယ်။

Friday, March 22, 2019

ဘူးသီးတောင်မြို့နယ် စည်တောင်ကြီးရွာမှာလက်နက် ထိမှန်လို့ ရွာသား ၇ ဦး သေဆုံး

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-22
  ဘူးသီးတောင်မြို့နယ် စည်တော်ကြီးရွာမှာ သေနတ်ထိမှန်ပြီး သေဆုံးသူတွေကို တွေ့ရစဉ်

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စည်တောင်ကြီးကျေးရွာမှာ လက်နက်ကြီး ကျရောက်ထိ မှန်ခဲ့တဲ့အ တွက် ဒေသခံ ရွာသား ၇ ဦး သေဆုံးခဲ့ပါတယ်။

Friday, March 8, 2019

ရိုဟင်ဂျာအဖြေအတွက် မတူတဲ့ကုထုံးနှစ်မျိုး

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-08

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ မွတ်စလင် ဒုက္ခသည်တချို့ကို ၂ဝ၁၈ ခုနှစ် ဧပြီလ ၂၅ ရက်နေ့က တွေ့ရစဉ်


ရိုဟင်ဂျာပြဿနာဖြေရှင်းအတွက် တရုတ်အစိုးရရဲ့ အပျော့ဆွဲကုထုံးနဲ့၊ အနောက်နိုင်ငံတွေနဲ့ OIC အဖွဲ့ တွေရဲ့ တရားစွဲမယ်ဆိုတဲ့ မတူညီတဲ့ ကုထုံးနှစ်မျိုးအကြောင်း RFA ဝိုင်းတော်သား ကိုနေရိန်ကျော် သုံးသပ် တင်ပြထားပါတယ်။ 

လင့်၊ https://www.rfa.org/burmese/program_2/rohingya-china-oic-03082019095735.html
 

Sunday, February 17, 2019

ICC အဖွဲ့ ရိုဟင်ဂျာအရေး သွားရောက်စုံစမ်းမည်


VOA

စပါးကွင်းတွေဖြတ်ပြီး မြန်မာပြည်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကူးသွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များ။ (အောက်တိုဘာ ၁၉၊ ၂၀၁၇) 

ရခိုင်ပဋိပက္ခအပေါ် ပထမအဆင့်အနေနဲ့ စုံစမ်းစစ်ဆေးမယ့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ် ခုံရုံး ICC အဖွဲ့ ကို လိုအပ်တဲ့ အကူအညီတွေ အပြည့်အဝ ပေးအပ်သွားမယ်လို့ ဘင်္ဂလား ဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာ စီနာ က သောကြာနေ့က ကတိပေးပြောကြားခဲ့တယ်လို့ thedailystar.net မှာဖော်ပြထားပါတယ်။

Friday, February 15, 2019

ရိုဟင်ဂျာဒုက္ခသည်တွေကိုကူညီဖို့ ကုလသမဂ္ဂက အလှူရှင်နိုင်ငံတွေကို ရန်ပုံငွေ ဒေါ်လာသန်း ၉၂၀ တောင်းခံ

VOA
ဗွီအိုအေ (မြန်မာဌာန)
15 ဖေဖော်ဝါရီ၊ 2019,
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်မိသားစု (ဓာတ်ပုံ-ကုလသမဂ္ဂ)

အခု ၂၀၁၉ ခုနှစ်အတွင်း ရိုဟင်ဂျာဒုက္ခသည်တွေကို အကူအညီပေးနိုင်ဖို့အတွက် ကုလသမဂ္ဂက အလှူရှင် နိုင်ငံတွေကို ရန်ပုံငွေ ဒေါ်လာသန်း ၉၂၀ တောင်းခံလိုက်ပါတယ်။ Bangladesh ဘက်မှာရောက်နေတဲ့ ရိုဟင်ဂျာ ၉ သိန်းကျော်နဲ့ သူတို့ကိုလက်ခံထားရတဲ့အတွက် အကြပ်အတည်းကြုံရတဲ့ ဒေသခံ ၃ သိန်းကျော် အတွက် လူသားချင်းစာနာတဲ့အထောက်အပံ့တွေပေးနိုင်ဖို့ ကုလသမဂ္ဂဒုက္ခသည်များ မဟာမင်းကြီးရုံး UNHCR နဲ့ နိုင်ငံတကာ ရွှေ့ပြောင်းသူများအကူအညီပေးရေးအဖွဲ့ IOM တု့ိပူးပေါင်းတောင်းဆိုလိုက် တာ ဖြစ် ပါတယ်။

မောင်တောရဲကင်းတိုက်ခိုက်မှု ARSA အဖွဲ့လက်ချက် ဖြစ်နိုင်ခြေများဟု တပ်မတော်သုံးသပ်

VOA
15 ဖေဖော်ဝါရီ၊ 2019, ကိုနိုင်ကွန်းအိန်

                             ရခိုင်ပြည်နယ်၊ မောင်တောခရိုင် နယ်မြေ (၅) ရဲကင်းစခန်း တိုက်ခိုက်ခံရသည့် ကာလာဒေးဗတ်တံတား နေရာ။ (ဓာတ်ပုံ-MOI)

မနေ့က ရခိုင်ပြည်နယ်မောင်တောမြို့နယ်က အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ရဲကင်း အဖွဲ့ကို တိုက်
ခိုက် တာဟာ ရခိုင့်တပ်မတော် AAနဲ့ ARSA အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်တယ် လို့ တပ်မတော်ပိုင်သ
တင်း စာကနေ ထုတ်ပြန်တဲ့အပေါ် ရခိုင်လက်နက်ကိုင် AA ဘက်က ငြင်းဆိုခဲ့ပါတယ်။ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူတွေကတော့ ARSA အဖွဲ့ ဖြစ်နိုင်ခြေများတယ်လို့လည်း ပြောဆိုပါတယ်။

Wednesday, January 30, 2019

မြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေရှ့် နိုင်ငံခြား ရေးဌာန ဆင့်ခေါ်

                                                              မြန်မာသံအမတ်ကြီး ဦးလွင်ဦး ( ဖေဖေါ်ဝါရီလ ၂၅၊ ၂၀၁၈) 

ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ၀န်ကြီးဌာနက ဘင်္ဂလားဒေရှ့်ဆိုင်ရာ မြန်မာ သံအမတ်ကြီးကို ဆင့်ခေါ် ခဲ့ပါတယ်။ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ အရှေ့တောင်အာရှ ဆိုင်ရာ ဌာနက ညွှန်ကြားရေး မှူးချုပ် Md Delwar Hossain က အင်္ဂါနေ့ နေ့ခင်းပိုင်းမှာ ဘင်္ဂလားဒေရှ့် ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးလွင်ဦးနဲ့ တွေ့ဆုံကြောင်း ဒါကာထရီဗျူးမှာ ဖော်ပြပါတယ်။

ဖွဲ့စည်းပုံပြင်ရေး NLD ကြိုးပမ်းမှု တိုင်းရင်းသား ပါတီတွေ အမြင်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLD ပါတီက ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြည်ထောင် စု လွှတ်တော်မှာ စတင်ဆောင်ရွက်လာတဲ့အပေါ် တိုင်းရင်းသား ပါတီတချို့ ရဲ့ အမြင်သဘောထားတွေ၊ ဖြစ် ပေါ်လာနိုင်တဲ့ အလားအလာတွေ ဘယ်လိုရှိနေပါသလဲ။ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က အခုလို စုစည်းတင်ပြထားပါတယ်။

Monday, January 28, 2019

ရသေ့တောင်မြို့နယ်က တိုက်ပွဲအခြေအနေ


 

■ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အုန်းချောင်းကျေးရွာအနီးမှာ ဒီနေ့မနက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျေးရွာသားတွေ ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရသေ့တောင်မြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားနေတဲ့ နောက်ဆုံးအခြေအနေတွေနဲ့ပတ်သက်လို့ RFA သတင်းထောက် ကိုမင်းသိန်းအောင် က တင်ပြထားပါတယ်။

Thursday, January 24, 2019

ရခိုင်လုံခြုံရေးရဲကင်း လက်နက်ကြီးပစ်ခတ်ခံရ

24 ဇန်နဝါရီ၊ 2019 



မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်က မြန်မာ နယ်ခြားစောင့် ရဲကင်းစခန်းတခုကို ဒီကနေ့မနက်ပိုင်းမှာ လက် နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခံရတယ်လို့ တပ်မတော် ပြောရေးဆိုခွင့်ရှိသူတဦးက ဗွီအိုအေကို အတည် ပြုပြောဆိုပါတယ်။ အဲဒါဟာ ARSA အဖွဲ့ရဲ့ လက်ချက်လို့ တပ်မတော်က ယူဆထားပြီး ထိခိုက်ဒဏ်ရာရ တာတော့ မရှိဘူးလို့ပြောပါတယ်။ ဒီအတောအတွင်း ချင်းပြည်နယ် ဘက်မှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့် တပ်မတော် AA တို့အကြား တိုက်ပွဲ ထပ်ဖြစ်ပြီး ကျေးရွာတွေအပေါ် လက်နက်ကြီးကျည်တွေ ကျတာကြောင့် ဒေသခံရွာသားတွေ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက်သတင်း ထောက် နိုင်ကွန်းအိမ်က သတင်းပေးပို့ထားပါတယ်။

နယ်ခြားစောင့်လုံခြုံရေးစခန်း ပစ်ခတ်ခံရ ရဲနှစ်ဦး နဲ့ အလုပ်သမားတစ်ဦး ဒဏ်ရာရ

                                                  ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်းကနေ မြန်မာနယ်ခြားစောင့်လုံခြုံရေးစခန်းကို ပစ်ခတ်တိုက်ခိုက်သည့် နေရာပြမြေပုံ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးက နယ်ခြားစောင့် လုံခြုံရေး စခန်းတစ်ခုကို ဒီနေ့မနက်က ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာရှိတဲ့ အမည်မသိလက်နက်ကိုင်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင် နှစ်ဦးနဲ့ အင်ဂျင်နီယာတပ်က အလုပ်သမားတစ်ဦး ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ သိရပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */