" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, March 22, 2019

ဘူးသီးတောင်မြို့နယ် စည်တောင်ကြီးရွာမှာလက်နက် ထိမှန်လို့ ရွာသား ၇ ဦး သေဆုံး

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-22
  ဘူးသီးတောင်မြို့နယ် စည်တော်ကြီးရွာမှာ သေနတ်ထိမှန်ပြီး သေဆုံးသူတွေကို တွေ့ရစဉ်

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စည်တောင်ကြီးကျေးရွာမှာ လက်နက်ကြီး ကျရောက်ထိ မှန်ခဲ့တဲ့အ တွက် ဒေသခံ ရွာသား ၇ ဦး သေဆုံးခဲ့ပါတယ်။
မနေ့ကည ၁ဝ နာရီကျော်လောက်မှာ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စည်တောင်ကြီးကျေးရွာမှာ အစိုးရတပ်မတော်နဲ့ AA ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲကြောင့် လက်နက်ကြီးနဲ့ သေနတ်ထိမှန်တဲ့အတွက် သေဆုံးခဲ့တာလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

တိုက်ပွဲဖြစ်ပြီး ဒီကနေ့မနက်မှာ ဒေသအာဏာပိုင်တွေ အဲဒီကျေးရွာကို ရောက်သွားချိန်မှာတော့ ဒေသခံရွာ သားတွေ မရှိတော့ဘဲ ထွက်ပြေးသွားကြတယ်လို့လည်း သိရပါတယ်။

ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း က သူတို့နေရာကို ရောက် ရှိ သွားချိန်မှာ ရွာသားတွေက မရှိကြတော့ဘဲ ရသေ့တောင်ဘက်ကို ထွက်ပြေးသွားကြကြောင်း RFA ကို ပြောပါတယ်။

"ကျေးရွာသားတွေက ရသေ့တောင်မြို့နယ်ထဲကရွာ၊ ဘူးသီးတောင်မြို့နယ်ထဲက ရွာတစ်ရွာကို သူတို့ ပြောင်းရွှေ့သွားကြပြီ ခင်ဗျ"

သေဆုံးခဲ့သူတွေထဲမှာ ရခိုင်တိုင်းရင်းသား ၆ ဦးနဲ့ ရိုဟင်ဂျာ မွတ်စလင်တစ်ဦး ပါဝင်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စည်တောင်ရွာက ဒေသခံတစ်ဦးကို RFA က မေးမြန်းကြည့်ရာမှာ အခုလို ပြောပါတယ်။

"ညက ၈ နာရီ ၉ နာရီလောက်မှာ သူတို့က ရွာထဲကိုဝင်တိုက်တာ၊ ဒီအတိုင်းဆက်နေရင်ပစ်မှာ ပစ်ရင် သေမှာပေါ့၊ အသေမခံနိုင်ရင် ပြေးရတာပေါ့"

ဒေသခံတော်တော်များများကတော့ တပ်မတော်က ပစ်ခတ်လို့ လက်နက်ကြီးနဲ့ပစ်လို့ သေဆုံးတာဖြစ် ကြောင်း ပြောကြပါတယ်။

RFA က တပ်မတော် သတင်းအမှန်ပြန်ကြားရေးက ဗိုလ်မှူးချူပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်း ခဲ့ပါတယ်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မနေ့ညပိုင်းက အဲဒီရွာအနီးမှာ တပ်မတော်နဲ့ AA တိုက်ပွဲဖြစ်ခဲ့ကြောင်းနဲ့ နှစ်ဖက်လုံးက ပစ်ခတ်တာတွေရှိတဲ့အတွက် ဘယ်အဖွဲ့က ပစ်ခတ်လို့ ရွာသားတွေ သေနတ်ထိမှန်ခဲ့တယ် ဆိုတာကို မသိနိုင်ကြောင်း RFA ကို ဒီနေ့ ပြောပါတယ်။

"ပြောနိုင်တာကတော့ နှစ်ဖက်တိုက်ပွဲက ညမှာဖြစ်တယ်ဗျ။ ဟိုဘက်ကလည်း ကျေးရွာ ပတ်ဝန်းကျင်တွ မှာ နေရာယူပြီးတော့ ကျေးရွာဟိုဘက်ထိပ်မှာ နေရာယူပစ်တယ်။ တပ်ဖက်ကလည်း ပြန်ပြီးတော့ AA သောင်းကျန်းသူတွေ နေရာကိုပြန်ပစ်တယ်။ ပြန်ပစ်တယ်ဆိုတဲ့ အတွက်ကြောင့်မို့လို့ ဒီသေဆုံးသွားတဲ့ ဟာနဲ့ ပတ်သက်လို့ကတော့ ပြောရခက်တယ်။ ပြောရခက်တယ်ဆိုတာ ဒါတပ်ဘက်က ပစ်တဲ့ဟာ ကြောင့် လား AA ဘက်ကပစ်တဲ့ဟာကြောင့်လားဆိုတာ ပြောရခက်တယ် ။ AA ကလည်း ဟိုဘက်ကေ နပြီးတော့မှ ရွာကိုကျော်ပြီးတော့ တပ်ကိုပစ်နေတာပဲ။ တပ်ဘက်ကလည်း  AA ကို ပြန်ပြီး ပစ်တဲ့သေ ဘာရှိတယ်"

ဘူးသီးတောင်မြို့မှာ တိုက်ပွဲဖြစ်နေတာ ၉ ရက်ရှိနေပြီဖြစ်ကြောင်းနဲ့ ဒီကနေ့နေ့လယ်မှာ ရသေတောင်မြို့ မှာပါ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသခံ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောကြပါ တယ်။

ရက္ခိုင့်တပ်မတော် AA ဖက်က ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ဘူးသီးတောင်မြို့မှာ မြန်မာတပ်မတော်နဲ့ ထိပ်တိုက်ပစ်ခတ်မှုမရှိခဲ့ကြောင်း RFA ကို ပြောပါတယ်။

"ထိတွေ့မှု ဘာမှမရှိဘူးဗျ။ အဲဒါက သူတို့ကနေပြီးတော့ ပြည်သူကို တိုက်ချင်လို့ သက်သက်လုပ်ကြံပြီး တော့ ပြောနေတာ၊ သူတို့ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့အတွက် မီဒီယာကနေပြီးတော့ ဒါပြည်သူတွေကို လိမ်နေတာ၊ ဒီဟာတွေက တော်တော်ဆိုးရွားတဲ့ စစ်ရာဇဝတ်မှုတွေဖြစ်တယ်။ အဲဒီနေ ရာမှာ ဘာမှတိုက်ပွဲဖြစ်တာ မရှိဘူး"

ပြီးခဲ့တဲ့ ဇန်နဝါရီလကစတင်ပြီး မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ တိုက်ပွဲဖြစ်လာတာေ တွေ ကြာင့် သေဆုံးသူတွေ၊ ထိခိုက်ပျက်စီးကုန်တဲ့ အဆောက်ဦးတွေအများပြားနဲ့ နေရပ်စွန့်ခွာ စစ်ဘေးဒုက္ခ သည် နှစ်သောင်းနီးပါးအထိ ရှိလာတယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုထက်အာကာ ပေးပို့လိုက်တာပါ။

Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */