" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, March 25, 2019

တိမ်ညိုစခန်းမှူး လုပ်ကြံခံရ

RFA
လွတ်လပ်တဲ့ အာရှအသံ
မြန်မာဌာန | သတင်းများ
2019-03-24


ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တိမ်ညိုတိုက်နယ်ကျေးရွာရဲစခန်းမှူး ရဲအုပ် ကျော်ကျော်လှဟာ မနေ့ညက ပစ်ခတ်လုပ်ကြံခံလိုက်ရပါတယ်။

ရခိုင်တိုင်းရင်းသားတစ်ဦးဖြစ်တဲ့ ရဲအုပ် ကျော်ကျော်လှဟာ မြောက်ဦးမြို့ဇာတိဖြစ်ပါတယ်။ သူ့ကို AA ရက္ခိုင့် တပ်မတော်က ဇန်နဝါရီလပိုင်းလောက်က ခြိမ်းခြောက်စာနဲ့ ကျည်ဆံတစ်တောင့် ပေးပို့ထားခြင်းခံရသူ တစ် ဦး လည်းဖြစ်ပါတယ်။

ပစ်ခတ်ခဲ့တဲ့ ကျည်ဒဏ်ရာတွေဟာ နားထင်နဲ့ ဝမ်းဗိုက်မှာ တေ့ွရပြီး မြောက်ဦးဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး နောက် ဒဏ်ရာက ပြင်းထန်တာကြောင့် ည ၉ နာရီခွဲအချိန်လောက်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။တရား ခံ ဘယ်သူလဲဆိုတာကို ဖမ်းမမိသေးဘူးလို့ မြောက်ဦးခရိုင် ရဲတပ်ဖွဲ့က ဒု-ရဲမှူး တင်မင်းဦးက ပြော ပါတယ်။

"သေနတ်နဲ့ အပစ်ခံရတာဗျ နှစ်ချက် အဲဒီနေရာကနေ မြောက်ဦးဆေးရုံကို သယ်လာတယ်၊ မြောက်ဦး ဆေးရုံမှာ ဆေးကုသခံယူရင်းကနေ ကျဆုံးတာဗျ ၉ နာရီခွဲပေါ့ ၊ လက်ပူးလက်ကြပ်မမိသေးတော့ လက် နက်ကိုင်အဖွဲ့အစည်းလို့ ပြောရမှာပေါ့၊ အရင်ကတည်းက သူ့ကိုသတိပေးနေတာ ဘာမှန်းမသိတဲ့ အညှိုး အတေးတွေ ထားနေတာကို"

တိမ်ညိုကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးဝေလအောင် က အခုလို ပြောပါတယ်။

"ည ၇ နာရီခွဲဝန်းကျင်လောက်မှာ သေနတ်သံနှစ်ချက်ကြားလိုက်တယ်၊ ရဲစခန်းဖက်ကနေ ကြားလိုက် တာ လေ့လာကြည့်လိုက်တော့ စခန်းမှူး အရက်ဆိုင်မှာ အရက်သောက်နေတုန်း ပစ်သတ်ခံရတယ်လို့ပဲ သိရတယ်လေ၊ အဲလိုပဲ ပြောသံကြားတယ်"

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဒီပစ်ခတ်မှုဟာ AA ရဲ့ လက်ချက်လို့ အခုလို ပြောပါတယ်။

"အဲဒီနား ၅၄၀ လည်းမရှိဘူး၊ ၅၄၀ က မြောက်ဦးမှာ အဲဒီနားမှာ ဘာတပ်မှလည်းမရှိဘူး၊ တိမ်ညိုနားမှာ ကျွန် တော်တို့တပ်လည်း မရှိဘူး၊ ကျွန်တော်တို့တပ်လည်း မရှိဘူး၊ ဖေ့ဘွတ်မှာပွနေတာပဲ ၅၄၀ က၊ တိမ် ညိုရဲစခန်းက ကိုကျော်ကျော်လှဆိုတာ လွန်ခဲ့တဲ့ ဇန်နဝါရီလလောက်က ရက်တော့မမှတ်မိပါဘူး၊ သူက AA ကိုမထောက်ခံတာမို့ မင်းအလုပ်ကိုမင်းလုပ်ဆိုပြီး သတိပေးရင်းနဲ့ စာနဲ့ ကျည်တစ်တောင့် ပို့ထား တဲ့သူပဲဗျာ၊ အဲဒီမှာလုပ်ကြံခံရတာပဲ ရှင်းရှင်းလေးပါဗျာ"

ခြိမ်းခြောက်စာနဲ့အတူ ကျည်ဆံပါ ပူးတွဲပေးပို့ခံရပြီးနောက်ပိုင်းမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသူတွေ ရှိခဲ့ပါ တယ်။

AA ရဲ့ သတိပေးစာ ပေးပို့ခံထားရတာကြောင့် AA ရဲ့ လက်ချက်လို့ စွပ်စွဲပြောဆိုနေကြတာကို AA ပြန်ကြား ရေးတာဝန်ခံ ခိုင်သုခကတော့ အခုလို ငြင်းဆိုပါတယ်။

"ရဲအုပ် ကျော်ကျော်လှ လုပ်ကြံသတ်ဖြတ်ခံရတာက တခြား ဗမာစစ်တပ်ကသော်လည်းကောင်း၊ သူတို့နဲ့ ပဋိပက္ခရှိတဲ့သူတွေကဖြစ်နိုင်တယ်၊ ဘာဖြစ်လို့လဲဆိုရင် အခြေအနေကအဲဒီဒေသမှာ ရှုပ်ထွေးနေတာ လေ၊ သူအသတ်ခံရတာက ဗမာစစ်တပ်တွေ အဲဒီမှာ ထူထူထပ်ထပ် ကင်းလှည့်နေတဲ့နေရာကြားထဲမှာ အသတ်ခံရတာ၊ သူ့ရဲစခန်းနဲ့ ပြောမယ်ဆိုရင် ကိုက် ၂၀၀ လောက်ပဲဝေးမယ်၊ အဲဒီမှာလည်း စစ် တပ်တွေ အများကြီးပဲ၊ ထမင်းဆိုင်နားမှာ စစ်သားတွေလည်းရှိနေတယ်၊ အရင်တုန်းက ကျွန်တော်တို့ သတိပေး စာတွေ ပေးခဲ့တာတော့ရှိခဲ့ဖူးတယ်၊ သူ့ကို တစ်စုံတစ်ရာမဖြစ်စေချင်လို့ သတိပေးခဲ့တာ"

တစ်ချိန်တည်းမှာပဲ မတ်လ ၂၂ ရက်နေ့က မြောက်ဦးမြို့နယ် ဆင်ချဆိပ်ကျေးရွာက ရွာသား ၄ ဦးဟာ နွား ၅ ကောင် ပျောက်သွားတာကို လိုက်ရှာရင်း မြောက်ဦးမြို့ ခမရ ၃၇၇ တပ်ထဲ ဝင်ရောက်သွားရာကနေ သူတို့ကို AA အဖွဲ့နဲ့ ဆက်နွယ်တယ်ဆိုပြီး  ဖမ်းဆီးထိန်းသိမ်း ခံထားရပါတယ်။

အဲဒီရွာသား ၃ ဦးကို ဒီကနေ့ မြောက်ဦးမြို့နယ် ရဲစခန်းကို လွှဲပြာင်းပေးလိုက်ပြီလို့ အနောက်ပိုင်းတိုင်း စစ် ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး က ပြောပါတယ်။

"ကျွန်တော်တို့က ဖမ်းတာလည်း မဟုတ်ပါဘူး၊ ၃၇၇ တပ်ရင်းဌာနချုပ်ထဲကို သူတို့နွားတွေ ပျောက်လို့ဆို ပြီး လိုက်ရှာတယ်၊ တပ်ရင်းဌာနချုပ်ကို ဝင်လာတဲ့အတွက်ကြောင့်မို့လို့ ဘာမှလည်းထိန်းသိမ်းမထားဘူး၊ သူတို့ကို လိုအပ်တဲ့စစ်ဆေးမှုတွေလုပ်ရအောင် မြန်မာနိုင်ငံရဲကို လွှဲပေးလိုက်ပါဆိုလို့ သွားပြီးလွှဲပေး လိုက်တာ၊ ဖမ်းတာလည်းမလုပ်ဘူး ဘာမှကိုမလုပ်တာ၊ သူတို့ကို စစ်လိုက်တယ်ဗျာ၊ AA နဲ့ စပ်ဆက် တယ်ဆိုရင် အမှုဖွင့်မှာပေါ့၊ AA နဲ့ မစပ်ဆက်ဘူး၊ သာမန်ပြည်သူဆိုရင် မဖွင့်ဘူးပေါ့ဗျာ၊ ရှင်းရှင်းလေး ပါပဲ၊ AA နဲ့ စပ်ဆက်မှုရှိရင်တော့ ဥပဒေလမ်းကြောင်းအရ ဖွင့်မှာပေါ့၊ AA နဲ့ မစပ်ဆက်ရင် အမှုမဖွင့်ပါ ဘူး ပြန်လွှတ်မှာပါ"

အဲဒီရွာသားတွေဟာ AA နဲ့ ပတ်သက်တာမရှိဘဲ သာမန်ပြည်သူတွေဆိုရင် ပြန်လွှတ်ပေးမှာလို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦး က ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ မြောက်ဦးခရိုင် ရဲတပ်ဖွဲ့ ဒု-ရဲမှူး တင်မင်းဦး ကို အတည်ပြုမေးမြန်းရာမှာတော့ ရွာသား ၄ ဦးကို တပ်မတော်က လာရောက်အပ်နှံသွားတယ်လို့ ပြောပါတယ်။

"တပ်က လာအပ်ထားတာတော့ ရှိတယ်ဗျ၊ နွားပျောက်တာကလည်း ဆင်ချဆိပ်ဆိုတာ အဝေးကြီးပဲလေ၊ နွားက တပ်ထဲ ဘယ်လိုလုပ်ရောက်မှာလဲ၊ တပ်ထဲ မိုးချုပ်တဲ့အချိန်ထိ ရောက်နေတယ်ဆိုတော့လည်း သူ တို့လည်း မသ င်္ကာလို့ ဖမ်းတာနေမှာပေါ့၊ တပ်က တိုင်စာရေးမှာပေါ့၊ တရားလိုနဲ့ လာမှာပဲ"

ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့အကြား တိုက်ပွဲတွေအတွင်း အရပ် သား သေဆုံးသူ အနည်းဆုံး ၁၀ ဦးလောက်ရှိနေပြီး ပျောက်ဆုံးသူ ၇ ဦးခန့် ရှိနေပါတယ်။ရဲကင်းစခန်းတွေ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးတဲ့ ရဲတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်းလည်း ရှိနေပါတယ်။ဒါ့အပြင် AA နဲ့ ဆက် နွယ် တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူ ၂၅ ဦးထက်မနည်း ရှိနေပြီဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */