VOA
ဗွီအိုအေ (မြန်မာဌာန)
စပါးကွင်းတွေဖြတ်ပြီး မြန်မာပြည်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကူးသွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များ။ (အောက်တိုဘာ ၁၉၊ ၂၀၁၇)
ရခိုင်ပဋိပက္ခအပေါ် ပထမအဆင့်အနေနဲ့ စုံစမ်းစစ်ဆေးမယ့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ် ခုံရုံး ICC အဖွဲ့ ကို လိုအပ်တဲ့ အကူအညီတွေ အပြည့်အဝ ပေးအပ်သွားမယ်လို့ ဘင်္ဂလား ဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာက သော ကြာနေ့က ကတိပေးပြောကြားခဲ့တယ်လို့ thedailystar.net မှာဖော်ပြထားပါတယ်။
ICC အဖွဲ့ လာမယ့်လမှာ ဘင်္ဂလားဒေ့ရှ်လာရောက်ဖို့စီစဉ်ထားတယ်လို့နိုင်ငံခြားရေးဌာန၊ အတွင်းဝန် Md Shahidul Haque က ပြောပါတယ်။ ICC ရှေ့နေချုပ် Fatou Bensouda နဲ့ဝန်ကြီးချုပ် ရှိတ်ဟာစီနာတို့ တွေ့ဆုံဆွေး နွေးခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီလို ပြောဆိုတာပါ။
ရိုဟင်ဂျာအရေးကို ICC ရဲ့ တရားစီရင်ရေးအောက်ကို ထည့်သွင်းထားပြီဖြစ်သလို ပြစ်မှုကျူးလွန်ထား သူတွေကို စစ်ဆေးစီရင်ဖို့ တရားရုံးတခုကိုလည်း စီစဉ်ထားပြီလို့ ရှေ့နေချုပ် Bensouda ကပြောပါတယ်။ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး အမှုတည်ဆောက်နိုင်ရေးအတွက် ပဏာမ စုံစမ်းစစ်ဆေးဖို့ ဘင်္ဂလားဒေ့ရှ်ကို ICC အဖွဲ့ သွားရောက်ကြမှာဖြစ်တယ်လို့လည်း Bensouda ကပြောကြောင်း အဲဒီသတင်းမှာ ဖော်ပြထား တာပါ။
၂ဝ၁၇ ခုနှစ် သြဂုတ်လက ရခိုင်ပြည်နယ်မြောက်ပိုင်းက လုံခြုံရေးကင်းစခန်းတွေကို ARSA လက်နက်ကိုင် အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ မြန်မာစစ်တပ် ဒေသတွင်း နယ်မြေရှင်းလင်းရေးတွေ လုပ် ဆောင်ရာမှာ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့်ရှ်ဘက်ကို ထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။
ရိုဟင်ဂျာဆိုတဲ့အသုံးကို လက်မခံတဲ့ မြန်မာအစိုးရဘက်ကတော့ ICC ရဲ့ ဝင်ရောက် စွက်ဖက်မှုကို လက်ခံမှာ မဟုတ်ပေမယ့် ရခိုင်ပြည်နယ်မှာ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ခိုင်လုံတဲ့ သက်သေ အထောက်အထား ရှိမယ်ဆိုရင် တာဝန်ခံမှု ရှိစေဖို့အတွက် အပြည့်အဝ ကတိပြုပါတယ်လို့ ၇၃ ကြိမ်မြောက် ကုလညီလာခံမှာ မြန်မာကိုယ်စားလှယ်က ပြောကြားထားပါတယ်။
Link : Here
No comments:
Post a Comment