" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မေးမြန်းခန်း. Show all posts
Showing posts with label မေးမြန်းခန်း. Show all posts

Wednesday, October 31, 2018

( 31.10.2018 ) မြန်မာအစိုးရတာဝန်ရှိသူများ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တွေ့ဆုံ


ဘင်္ဂလားဒေရှ့်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည် စခန်းကို မြန်မာ ကိုယ်စားလှယ် အဖွဲ့ ဒီကနေ့ သွားရောက်ပြီး ဌာနေပြန်ရေး လုပ်ငန်းစဉ်ကို ရှင်းလင်းပါတယ်။ ဒုက္ခသည်တွေကတော့ သူတို့ကို ရိုဟင်ဂျာ အဖြစ် အသိ အမှတ်ပြုရေးနဲ့ နိုင်ငံသား ဖြစ်ရေး အပါအ၀င် စိုးရိမ်ချက်တွေကို ဆွေးနွေးခဲ့ပါတယ်။ တချိန်တည်းမှာဘဲ ဌာနေပြန်ရေး အတွက် ဒုက္ခသည်တွေကြားမှာ အကြီးအကျယ် စိုးရိမ်ချက် ရှိနေတယ်လို့လည်း ကုလသမဂ္ဂ အကြီးအကဲ တဦးက သတိပေးလိုက်ပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

Sunday, September 23, 2018

( 23.09.2018 ) ICC ဟာ အဖြေမဟုတ်ဟု ရိုဟင်ဂျာခေါင်း ဆောင်တဦး ယူဆ (VOA)

                                    ICC ဟာ အဖြေမဟုတ်ဟု ရိုဟင်ဂျာခေါင်းဆောင်တဦး ယူဆ

ရိုဟင်ဂျာအကြပ်အတည်းမှာ ICC နိုင်ငံတကာရာဇ၀တ်ခုံရုံး အထိ ရောက်ဖို့ မလိုလားပဲ ရိုဟင်ဂျာ ဒုက္ခ သည်တွ နေရပ်ကို လုံလုံခြုံခြုံနဲ့ ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ရေးနဲ့ နိုင်ငံသားဖြစ်ခွင့် ရရှိရေးကိုသာ အဓိက လို လားကြောင်း အမေရိကန်အခြေစိုက် ရိုဟင်ဂျာအရေး ဦးဆောင်လှုပ်ရှားနေသူ ဒေါက်တာ Wakar Uddin က ဗွီအိုအေကိုပြောပါတယ်။

Friday, August 10, 2018

( 09.08.2018 ) ရိုဟင်ဂျာကိစ္စ ICC စစ်ဆေးရေး မြန်မာပယ်ချ ( VOA )


ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ ရိုဟင်ဂျာမွတ်ဆလင်တွေ အရေအတွက်အမြောက်အများ ထွက်ပြေး သွား ရတဲ့ဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာ ရာဇဝတ် တရားခုံရုံးအဖွဲ့ ICC ရဲ့ ပန်ကြားချက်ဟာ “လုံးဝ ကျိုးကြောင်းခိုင်လုံမှုမရှိ” တာကြောင့် လက်မခံဘဲ ပယ်ချသင့်တယ်လို့ မြန်မာအစိုးရရဲ့ ကြာသပ တေးနေ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ အဲဒီထုတ်ပြန်ချက် မူရင်းထဲမှာ ရိုဟင်ဂျာ မွတ်ဆ လင်ဆိုတဲ့ အသုံးအနှုန်းကိုတော့ ဖော်ပြထားတာ မရှိပါဘူး။

Monday, August 6, 2018

သေနင်္ဂ မဟာ ဗျူဟာ လေ့လာရေး အဖွဲ့ တည်ထောင် သူနှင့် အမှုဆောင် ဒါရိုက်တာ ဒေါက် တာနိုင်ဆွေ ဦးနှင့် Amicus Curiae စာတမ်း ဆိုင်ရာ တွေ့ဆုံ မေးမြန်းခြင်း

၂၀၁၈ ခုနှစ် သြဂုတ်လ (၆) ရက်ထုတ် Weekly Eleven ဂျာနယ်ပါ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးနှင့် Amicus Curiae စာတမ်းဆိုင်ရာ တွေ့ဆုံ မေးမြန်းခြင်း။

“သမိုင်းအထောက်အထားတွေအရ ဒီဘင်္ဂါလီတွေဟာ ကျွန်တော်တို့ နိုင်ငံသားတွေ မဟုတ်ဘူးဆိုတာကို ကျွန်တော်တို့ သက်သေထူထားပါတယ်။”



ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ARSA အဖွဲ့၏ အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် လက်ရှိ အ ချိန်တွင် အစိုးရအပေါ် နိုင်ငံတကာဖိအားများ ကျရောက်နေသည်။

Thursday, June 14, 2018

( 14.06.2018 ) ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများနှင့် တွေ့ဆုံမေးမြန်းခြင်း




ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများနှင့် တွေ့ဆုံမေးမြန်းခြင်း

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေး သဘောတူညီချက်ကို ၂၀၁၇ ခုနှစ် ၊ နိုဝင်ဘာလ ၂၃ ရက်တွင် သဘောတူညီချက် လက်မှတ် ရေးထိုးခဲ့ကြ ပါသည်။ ထို့အပြင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးဆိုင်ရာ ၁၉၉၃ ခုနှစ် သဘောတူညီချက်တွင် သဘောတူညီခဲ့သည့်အတိုင်း နေရပ်စွန့်ခွာသူများ ပြန်လည်ရောက်ရှိ လာလျှင် အကြမ်းဖက်မှုများတွင် ပါဝင် ပတ်သတ်ခြင်းမရှိပါက အရေးယူခြင်းပြုမည် မဟုတ်ကြောင်း နှစ်နိုင်ငံ သဘောတူညီခဲ့ကြပါသည်။

Wednesday, April 11, 2018

( 10-04-2018 ) ARSA နဲ့ ပတ်သက်ခြင်းမရှိဘူး ( AA ဗိုလ်မြတ်ထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း )

ဧရာဝတီ
                                                              AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် / ဧရာဝတီ

အစိုးရနဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးရေး ကော်မတီ (FPNCC) အဖွဲ့ဝင်တွေအကြား အပစ်အ ခတ် ရပ် စဲရေး စာချုပ် ချုပ်ဆိုပြီး နိုင်ငံရေး ဆွေးနွေးနိုင်ဖို့ ကြားဝင် ညှိနှိုင်းပေးနေတဲ့ တရုတ်ကိုယ်စားလှယ်က ရက္ခိုင့် တပ်မတော် (AA) အပါအဝင် FPNCC အဖွဲ့ဝင်တွေကို ရခိုင်ပြည်နယ် ထဲက အကြမ်းဖက် ARSA အဖွဲ့နဲ့ မပတ်သတ်ဖို့၊ ပတ်သတ်ရင် ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ပြောဆိုတာတွေ ရှိပါတယ်။ဒါကြောင့် ARSA အဖွဲ့နဲ့ ပတ်သက်မှု ရှိမရှိ အပါအဝင် မကြာသေးခင်က ကျင်းပပြီးသွားတဲ့ FPNCC အစည်းအဝေး ဆွေးနွေးချက်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အခြေအနေတွေနဲ့ ပတ်သက်ပြီး FPNCC အဖွဲ့ဝင်ဖြစ်တဲ့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က ဆက်သွယ် မေးမြန်းထားပါတယ်။

Friday, November 17, 2017

( 17.11.2017 ) မြန်မာ့အရေးကမ္ဘာ့အရေး ဘီဘီစီ ဆွေးနွေးခန်း

မောင်တောဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုံးဝ မလုပ်ခဲ့ဘူးလို့ တဖက်သတ် အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ပေမယ့်လည်း နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့တွေကတော့ ကုလသမ ဂ္ဂ ကတဆင့် နိုင်ငံတကာရာဇ၀တ်ခုံရုံးထိ တင်ဖို့ ကြိုးစားနေပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘီဘီစီမြန်မာပိုင်းက ကမ္ဘာ့အရေး မြန်မာ့အရေး ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံအမျိုးသား လူ့အ ခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်၊ သတင်းစာဆရာ ဦးစည်သူအောင်မြင့်နဲ့ RB News တည်ထောင်သူ ဦးဘစိန် တို့က ၀င်ရောက်ဆွေးနွေးထားပါတယ်။

RB News

မောင်တောဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုံးဝ မလုပ်ခဲ့ဘူးလို့ တဖက်သတ် အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ပေမယ့်လည်း နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့တွေကတော့...

Thursday, September 17, 2015

ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီက တင်သွင်းတဲ့ ကိုယ် စားလှယ်အားလုံးနီးပါကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချ

Myanmar Muslim Media
17 September 2015

ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီက တင်သွင်းတဲ့ ကိုယ်စားလှယ်အားလုံးနီးပါကို ပြည်ထောင်စုရွေး
ကောက်   ပွဲကော်မရှင်က ပယ်ချခဲ့တာကြောင့် ပါတီဖျက်သိမ်းခံရမှာကို စိုးရိမ်နေရပြီလို့ ဒီမိုကရေစီနှင့် လူ့ အခွင့်အရေးပါတီ ဥက္ကဌ ဦးကျော်မင်းက RFA ကို ဒီကနေ့ ပြောလိုက်ပါတယ်။

ဒီမိုကရေစီနဲ့လူ့အခွင့်အရေးပါတီက ကိုယ်စားလှယ်တွေနဲ့ အဖွဲ့ဝင်တွေအများစုဟာ အစ္စလာမ်ဘာသာဝင် တွေဖြစ်ကြပါတယ်။ ပါတီ ဥက္ကဌ ဦးကျော်မင်း ကို RFA သတင်းထောက် ကိုမျိးဇော်ကို က တွေ့ဆုံမေးမြန်း ထားပါတယ်။



လင့်၊https://soundcloud.com/myanmarmuslimmedia/dc4uajrw9s83

Saturday, June 14, 2014

ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပုံစံတူနှီးနှောဖလှယ်ပွဲ ANC ကျင်းပ

2018-06-14,

ရခိုင်ပြည်နယ်အတွင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်မရတဲ့အတွက် ရခိုင်ပြည် အမျိုးသားကောင်စီ ANC က ဦးဆောင်ပြီး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပုံစံတူ နှီးနှောဖလှယ်ပွဲကို ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ကျင်းပခဲ့ပါတယ်။
ရခိုင်ပြည် အမျိုးသားကောင်စီ ANC ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးထွန်းဇော် ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။

ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပုံစံတူနှီးနှောဖလှယ်ပွဲ ANC ကျင်းပ


Friday, March 15, 2013

Thursday, November 8, 2012

ရခိုင်အရေးဖြေရှင်းမှု ပွင့်လင်းမြင်သာဖို့ လွှတ်တော်ကော်မ တီ တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
08.11.2012
မြောက်ဦးမြို့က ရခိုင်ဒုက္ခသည်များ
08.11.2012
ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ ဟာ ပြည်နယ်အရေး သပ်သပ်မဟုတ် ဘဲ ပြည်ထောင်စု အရေး ဖြစ်တာကြောင့် အစိုးရအနေနဲ့ ထင်သာမြင်သာရှိရှိ ကိုင်တွယ်ဆောင်ရွက် သွားဖို့ ပြည်သူ့လွှတ်တော် ရဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်ရေးကော်မတီက တိုက်တွန်းထားပါတယ်။ လိုအပ်သလို လုံခြုံရေးအခြေအ နေတွေကိုလည်း ဆောင်ရွက်သွားဖို့ လိုမယ်လို့ ဆိုထားပါတယ်။ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ် ရေးကော်မ တီ အတွင်းရေးမှူး ပြည်သူ့လွှတ်တော် ပုသိမ်မဲဆန္ဒနယ်ကိုယ်စားလှယ် ဦးဝင်းမြင့်ကို ကိုသား ညွန့်ဦး က ဆက် သွယ်မေးမြန်းထားပါတယ်။

Thursday, September 13, 2012

( 13.09.2012 ) လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီ ကို ကိုကျော်ကျော်အောင် ကတွေ့ဆုံမေး မြန်း ထားတာကို ထုတ်လွှင့်ပေးမှာပါ။

Published on Sep 13, 2012
ရခိုင်ပြည်နယ် အတွင်းကို နိုင်ငံခြားသား ဝင်ရောက်မှု အခြေအနေတွေအပေါ် လူဝင်မှုကြီးကြပ်ရေးဌာနက ကိုင်တွယ်ဖြေရှင်းနေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဦးခင်ရီကို ကိုကျော်ကျော်
အောင် က တွေ့ဆုံမေးမြန်းထားတာကို ထုတ်လွှင့်ပေးမှာပါ။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */