RFA
14.09.2018
The Red အနီ
မှတ်ပုံတင်မှာ ရိုဟင်ဂျာလို့ ရေးသင့်ဟု ဦးရဲထွဋ် ပြော
ဝှိုက်ကဒ်ကိုင်ဆောင်သူများကို စိစစ်၍ မှတ်ပုံတင်တွင် ရိုဟင်ဂျာဟု ထည့်သွင်းရေးသားပြီး နိုင်ငံသားဖြစ်မှုကို...
ဝှိုက်ကဒ်ကိုင်ဆောင်သူများကို စိစစ်၍ မှတ်ပုံတင်တွင် ရိုဟင်ဂျာဟု ထည့်သွင်းရေးသားပြီး နိုင်ငံသားဖြစ်မှုကို ဆောင်ရွက်သင့်ကြောင်း ပြောကြားပါသည်။
ပြောကြားချက် အပြည့်အစုံမှာ -
" ပြဿနာက ဟိုဘက်မှာ ရောက်နေတဲ့ ဒုက္ခသည်တွေပေါ့နော် ။
ရိုဟင်ဂျာပဲ ခေါ်ခေါ် .. ဘင်္ဂလီပဲခေါ်ခေါ် .. သူတို့အနေနဲ့ ဒီတခါ ပြန်လာဖို့ ဆိုရင် .. နိုင်ငံသား ဖြစ်ရေးနဲ့ ပက်သက်လို့ တိကျတဲ့ အချိန်ဇယား မရှိဘဲနဲ့ လုပ်ငန်းစဉ်ကို သူတို့ကို မပြောပြဘဲနဲ့ .. သူတို့ လာမှာ မဟုတ်တော့ဘူး
ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ တကယ်တမ်း ပွင့်ပွင့်လင်းလင်းပြောရရင် .. ဝှိုက်ကဒ် ထုတ်ပေးလိုက်တဲ့ အထဲမှာ အရင်က သုံးခေါက်ချိုး ကိုင်ခဲ့တဲ့လူတွေ အများကြီး ရှိတယ်။
နောက် .. သုံးခေါက်ချိုးကိုင်တဲ့ မိဘတွေက ပေါက်ဖွားလာပေမယ့်လည်း ကျနော်တို့ အဲဒီအချိန်မှာ ပြန်လည်စိစစ်ဦးမယ် ဆိုပြီး ကျနော်တို့က ယာယီသက်သေခံ လက်မှတ် ထုတ်ပေးထားခဲ့တာတွေ ရှိတယ်။
နောက် .. ကျနော်တို့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဦးခင်ရီ ပြောခဲ့တာ ရှိတယ်။ တကယ်သာ တိတိကျကျ မှန်မှန်ကန်ကန် စစ်မယ်ဆိုရင် ၃ ပုံ ၂ ပုံ လောက်က နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ဧည့်နိုင်ငံသား တခုခုနဲ့ ရနိုင်တဲ့ အခြေအနေမှာ ရှိတယ်လို့ ပြောခဲ့တယ်။ ဒါက နိုင်ငံသား ဖြစ်မှုပေါ့။
ဒီမှာ အတားအဆီးက ဘာလဲ ဆိုတော့ နာမည်ပေါ့ .. ဘင်္ဂလီ လုပ်မလား .. ရိုဟင်ဂျာ လုပ်မလား ဆိုတဲ့ဟာ ဖြစ်လာတယ်။
အရင်တုန်းက ကျနော်တို့လည်း ရိုဟင်ဂျာ ဆိုတဲ့စကားလုံးကို လက်မခံပါဘူး။
ဒါပေမယ့် အခြေအနေက မတူတော့ဘူးပေါ့နော်။ ပြောင်းလဲသွားပြီဆိုတော့ ကျနော်တို့ ပြန်စဉ်စားရမယ့် အခြေအနေမှာ ရှိတယ်။
ကျနော့် ကိုယ်ပိုင် အယူအဆပြောရရင်တော့ ရိုဟင်ဂျာတွေကို တိုင်းရင်းသားအဖြစ်ကတော့ မပေးနိုင်ဘူး။ တိုင်းရင်းသားလည်း မဟုတ်ခဲ့ဘူး။
သို့သော် လူမျိုးစုတခုဟာ သူ့ လူမျိုးစုနာမည်ကို သူကြိုက်သလို ခေါ်နိုင်တယ် ခေါ်ခွင့်ရှိတယ် ဆိုတဲ့ နိုင်ငံတကာ အယူအဆကိုလည်း ကျနော်တို့ လက်ခံမယ် ဆိုရင်တော့ ကျနော်တို့က သူ့ကို လူမျိုးစု တခုရဲ့ နာမည် အနေနဲ့ပေါ့ .. မှတ်ပုံတင်ထဲမှာ .. ကျနော်တို့က တမီးလ်ကို တမီးလ်လို့ ရေးတယ် .. တရုတ်ကို တရုတ်လို့ရေးသလိုမျိုး .. ရိုဟင်ဂျာကို ရိုဟင်ဂျာလူမျိုးလို့ ရေးမလား။ ဒီအဖြေတခုတော့ ရှိတာပေါ့နော်။
အဲဒါလုပ်လိုက်မယ် ဆိုရင်တော့ .. ခုနက နိုင်ငံသားစိစစ်ရေးဟာ လွယ်သွားတယ်။ ဒီလိုလုပ်မယ်ဆိုရင်တော့ အစိုးရအနေနဲ့ အရေးကြီးတာ ရခိုင်တိုင်းရင်းသားတွေရဲ့ ထောက်ခံမှု ရဖို့လိုတယ်။
အစိုးရတခုအနေနဲ့ သတ္တိရှိရှိလုပ်မယ် ဆိုရင်တော့ ... ကောင်းတဲ့ အဖြေလမ်းစပေါ်ရောက်မယ့် လမ်းစလို့ ကျနော် မြင်တယ် ။
ဘာဖြစ်လို့လဲ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က သူစပြီးတော့ အာဏာရတဲ့ အချိန်မှာ သူသည် သြဇာရော အာဏာရော ရှိတဲ့ ခေါင်းဆောင်ပေါ့။ ဒါက ကျနော်တို့ မြန်မာနိုင်ငံသမိုင်းမှာ သူနဲ့ သူ့အဖေ ဗိုလ်ချုပ်အောင်ဆန်း ပဲ ရခဲ့တဲ့ အနေအထားပေါ့။
အဲဒါကို သူ့သြဇာကို ဘယ်လောက်အထိ ထိထိရောက်ရောက် အသုံးချမလဲ။ သတ္တိရှိရှိ အသုံးချမလဲဆိုတဲ့ အပေါ်မှာ မူတည်တယ်။
ပြီးခဲ့တဲ့ နှစ်နှစ်မှာ သူသည် ဒီဟာကို အသုံးချတဲ့ အခါမှာ ပြဿနာ ဖြေရှင်းရေးထက် ပြဿနာကို ပိုပြီးတော့ ရှုပ်ထွေးအောင် လုပ်တဲ့ဘက်ကို ရောက်သွားတယ်။
သို့သော် ဘာပဲပြောပြော သူ့မှာ အရှိန်အဝါနဲ့ သြဇာရှိနေသေးတဲ့ အကြောင်းကြောင့်မို့လို့ .. တကယ်သာ နှစ်ဘက်လုံးကို တိုင်ပင်ပြီးတော့မှ ဖြစ်သင့် ဖြစ်ထိုက်တဲ့ လမ်းကြောင်းတခုကို .. သူကပဲ ဦးဆောင်ပြောမယ်ဆိုရင်တော့ ရ နိုင်တယ်။
အခုလို ရိုဟင်ဂျာလည်း မခေါ်နဲ့ .. ဘင်္ဂလီလည်း မခေါ်နဲ့ .. ရခိုင်ပြည်နယ်က မူဆလင်များ လို့ ပြောတဲ့ ဖြေရှင်းနည်းနဲ့ကတော့ မရနိုင်ဘူး။
နောက်ပြီးတော့ အဓိက ပြဿနာ ဖြစ်နေတဲ့ လုံခြုံရေးကိစ္စ ၊ နိုင်ငံသားဖြစ်ရေး ကိစ္စတွေကို မကိုင် တွယ်ဘဲနဲ့၊ ရေတို လူမြင်လို့ကောင်းတဲ့ လမ်းတွေ ဖောက်တာ ၊ အိမ်ဆောက်ပြတာ၊ စက်မှုဇုံတွေ လုပ်တာနဲ့တော့ .. ဒီပြဿနာ မပြေလည်သွားဘူး။ အိမ်ဆောက်ပေးလို့လည်း ဒီဒုက္ခသည်တွေက ပြန်လာမှာ မဟုတ်ဘူး။ "
No comments:
Post a Comment