Thursday, November 8, 2012

ရခိုင်အရေးဖြေရှင်းမှု ပွင့်လင်းမြင်သာဖို့ လွှတ်တော်ကော်မ တီ တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန) 
08.11.2012
မြောက်ဦးမြို့က ရခိုင်ဒုက္ခသည်များ
08.11.2012 
ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ ဟာ ပြည်နယ်အရေး သပ်သပ်မဟုတ် ဘဲ ပြည်ထောင်စု အရေး ဖြစ်တာကြောင့် အစိုးရအနေနဲ့ ထင်သာမြင်သာရှိရှိ ကိုင်တွယ်ဆောင်ရွက် သွားဖို့ ပြည်သူ့လွှတ်တော် ရဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်ရေးကော်မတီက တိုက်တွန်းထားပါတယ်။ လိုအပ်သလို လုံခြုံရေးအခြေအ နေတွေကိုလည်း ဆောင်ရွက်သွားဖို့ လိုမယ်လို့ ဆိုထားပါတယ်။ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ် ရေးကော်မတီ အတွင်းရေး မှူး ပြည်သူ့လွှတ်တော် ပုသိမ်မဲဆန္ဒနယ်ကိုယ်စားလှယ် ဦးဝင်းမြင့်ကို ကိုသား ညွန့်ဦး က ဆက် သွယ်မေးမြန်းထားပါတယ်။  
မေး။ ။ ရခိုင်ကိစ္စနဲ့ ပတ်သက်လို့ တရားဥပဒေ စိုးမိုးရေးကော်မတီကနေပြီးတော့ ကြေညာချက်တရပ် ထုတ်ပြန် ရာမှာ ဘာများထူးခြားမှု ရှိပါသလဲခင်ဗျာ။

ဖြေ။ ။ အဓိက ဘာအချက်လည်းဆိုတော့ ရခိုင်ပြည်နယ်အရေးပဋိပက္ခကိစ္စက ရခိုင်ပြည်နယ် အရေးသပ် သပ် မဟုတ်ဘူး။ ပြည်ထောင်စုအရေးဖြစ်တယ်ဆိုတာ နောက်ကွယ်ကနေ ကြိုးကိုင်လူပ် ရှားနေသူတွေ၊အားပေးနေ တဲ့သူတွေ၊ အကြမ်းဖက်တဲ့သူတွေ၊ ဥပဒေချိုးဖောက်သူတို့ လူ့အခွင့်အရေး ချိုးဖောက်သူတို့ ကိုလည်း တရားဥ ပေဒေနဲ့အညီ ထိထိရောက်ရောက် မှန်မှန်ကန်ကန်နဲ့ စစ်ဆေးပြီးတော့ အရေးယူပြီး စီရင် ဆုံးဖြတ်တာကို ပြည် သူလူထု ကို ပွင့်လင်းမြင်သာစွာ အသိပေးရမှာပေါ့။

နောက်တခုက ၁၉၈၂ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် ၊ ရခိုင်ပြည်နယ် အရေးနဲ့ပတ် သက် လို့ပဲဖြစ်ဖြစ်၊ နိုင်ငံတော်အစိုးရရဲ့ တိကျပြတ်သားတဲ့ မူဝါဒကို ထင်သာမြင်သာရှိအောင် ပြည်သူလူထုနဲ့ ချပြဖို့လို အပ်တယ်ပေါ့နော်။

အဲ့ကိစ္စတွေနဲ့ပတ်သက်လို့ နိုင်ငံတော်အစိုးရက မည်သို့မည်ပုံ ကိုင်တွယ်နေတယ်ဆိုတာ ကို ပြည်သူလူထု ကို လည်း ရှင်းလင်းအသိပေးသင့်တယ်ပေါ့။

ပြီးတဲ့အခါကျတော့ လူသားချင်းထောက်ထားတဲ့ စာနာမှု အကူအညီတွေကို လိုအပ်သူအားလုံးအ တွက် နှစ် ဦးနှစ်ဘက် လက်ခံနိုင်တဲ့ နည်းလမ်းများနဲ့ အမြန်ဆုံးရအောင် စီစဉ်ပေးဖို့ပေါ့။

နောက်တချက်က နယ်စပ်လုံခြုံရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ကိစ္စတွေမှာ နှစ်နိုင်ငံစလုံးရဲ့ အစိုးရတွေမှာ တာ ဝန်ရှိတယ်ပေါ့နော်။ ဒါတနိုင်ငံတည်းအပေါ်မှာပဲ ပုံချလို့မရဘူးပေါ့။ နယ်စပ်ထိစပ်နေတဲ့ နှစ်နိုင်ငံစလုံးက ဥပ ဒေနဲ့အညီ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမယ်ပေါ့။

နယ်စပ်ဖြတ်ကျော်မှုတွေကိုလည်း စနစ်တကျနဲ့ လုံလုံခြုံခြုံရှိအောင် နှစ်ဘက်စလုံးကနေ အထူးလိုအပ် တယ် ပေါ့။

မေး။ ။ လက်တွေ့ကျကျနဲ့ လျှင်လျှင်မြန်မြန်ဆောင်ရွက်ဖို့ဆိုတာက လုံခြုံရေးတိုးမြှင့်ဖို့ လိုအပ်ပါသလား။

ဖြေ။ ။ လုံခြုံရေးက အရေးကြီးတယ်ဆိုတဲ့အဆိုကို ၂၆ရက်နေ့ တင်ကတည်းက ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ လုံခြုံရေးတိုးမြှင့်ဖို့ဆိုတာက လုံခြုံရေးတပ်ဖွဲ့ဝင်အင်အားတိုးမြှင့်တာ။ လုံခြုံရေးအခြေအနေ တိုးမြှင့် တာ ဒါပဲ။

မေး။ ။ အခုလက်ရှိ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ အခြေအနေနဲ့ပတ်သက်လို့ရော ကော်မတီအနေနဲ့ ဘယ်လို များသုံးသပ်မိသလဲ။ အဓိကကတော့ တရားဥပဒေစိုးမိုးမှုထောင့်ကနေ ဘယ်လိုများ သုံးသပ်မိပါသလဲ။

ဖြေ။ ။ တရားဥပဒေနဲ့အညီ ဥပဒေရှိတဲ့အတိုင်း ဆောင်ရွက်ခဲ့မယ်ဆိုရင် ဒါက ဒီလောက်အထိ ဖြစ်မလာ ဘူး လေ။ တရားဥပဒေစိုးမိုးမှုမရှိလို့ ဒီလိုဖြစ်သွားတာကိုး။

မေး။ ။ အဲ့တာက အာဏာပိုင်ပေါ်မှာပဲ တာဝန်ရှိသလား၊ တခြားဘယ်သူတွေမှာ တာဝန်ရှိတယ်လို့ ယူဆ လဲ ခင်ဗျ။

ဖြေ။ ။ တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်လို့ကတော့ အဓိကကတော့ နိုင်ငံတော်အစိုးရက တာဝန်ယူ ထား တာပေါ့။ အုပ်ချုပ်ရေးအပိုင်းကတော့ သို့သော်လည်း တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်ရင်တော့ အားလုံးမှာ တာဝန်ရှိတာပေါ့။ တဘက်နိုင်ငံမှာ တာဝန်ရှိတာပဲ။ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေအားလုံးမှာလည်း တာဝန်ရှိတာပဲ။

မေး။ ။ နယ်ခြားလုံခြုံရေးကိစ္စနဲ့ပတ်သက်လို့ နိုင်ငံနှစ်ဘက်အနေနဲ့ ဆောင်ရွက်မယ့်ကိစ္စမျိုးတွေနဲ့ ပတ်သက် လို့ အသေးစိတ် ကော်မတီထဲမှာ စကားပြောဖြစ်တာ၊ ဆွေးနွေးဖြစ်တာရော ရှိပါသလားခင်ဗျာ။

ဖြေ။ ။ တဘက်နယ်စပ် လုံခြုံရေးကိစ္စနဲ့ ပတ်သက်လို့ ကျနော်တို့က ဒီကော်မတီ ထဲမှာတော့ မဟုတ် ဘူးပေါ့ နော်။ ကော်မတီရော၊ သဘောထားထုတ်ပြန်မှုမှာပါတဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေး ဖြစ်တာရှိပါတယ်။
ကိုသားညွန့်ဦးတင်ပြပေးခဲ့တာပါ။ 

Link: Here


No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */