Friday, August 10, 2018

( ) ရိုဟင်ဂျာကိစ္စ ICC စစ်ဆေးရေး မြန်မာပယ်ချ ( )

VOA 
09.08.2018
ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ ရိုဟင်ဂျာမွတ်ဆလင်တွေ အရေအတွက်အမြောက်အများ ထွက်ပြေး သွား ရတဲ့ဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာ ရာဇဝတ် တရားခုံရုံးအဖွဲ့ ICC ရဲ့ ပန်ကြားချက်ဟာ “လုံးဝ ကျိုးကြောင်းခိုင်လုံမှုမရှိ” တာကြောင့် လက်မခံဘဲ ပယ်ချသင့်တယ်လို့ မြန်မာအစိုးရရဲ့ ကြာသပ တေးနေ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ အဲဒီထုတ်ပြန်ချက် မူရင်းထဲမှာ ရိုဟင်ဂျာ မွတ်ဆ လင်ဆိုတဲ့ အသုံးအနှုန်းကိုတော့ ဖော်ပြထားတာ မရှိပါဘူး။

ICC ရှေ့နေချုပ်က တရားရုံးကို တင်ပြလျှောက်ထားချက်အပေါ် စာမျက်နှာ ငါးမျက်နှာနီးပါးရေးသားထားတဲ့ ပြန်လှန်ချေပချက် ၆ ချက်နဲ့ သတင်းထုတ်ပြန်ချက်ကို သြဂုတ်လ ၉ ရက်နေ့စွဲနဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန် ကြီးဌာနက ထုတ်ပြန်ထားတာပါ။

ICC ရဲ့ တရားစီရင်ပိုင်ခွင့်ကို ICC အဖွဲ့ဝင်နိုင်ငံတခုမဟုတ်တဲ့ မြန်မာနိုင်ငံအထိ ချဲ့ထွင်လုပ်ဆောင်နိုင်မ လား ဆိုတာ စဉ်းစားပေးဖို့ ICC ရှေ့နေချုပ် Fatou Bensouda က အရင်က တခါမှ လုပ်ဆောင်တာမျိုး မရှိ ဖူးသေးတဲ့ နည်းလမ်းနဲ့ ပြီးခဲ့တဲ့ဧပြီလက တရားသူ ကြီးတွေကို တင်ပြထားတာပါ။

အဲဒီတင်ပြချက်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ ဇူလိုင်လ ၂၇ ရက်နေ့ နောက်ဆုံးထားပြီး တရားဝင် အကြောင်းပြန်ဖို့ အမှုမစစ်မီ ကြိုတင်ကြားနာတဲ့ ICC တရားသူကြီးအဖွဲ့က ပြောထားတာပါ။အဲဒီ နောက် ဆုံးသတ်မှတ်ရက် ကျော်လွန်သွားပြီးတဲ့နောက် သြဂုတ်လ ၉ ရက်နေ့မှာမှ မြန်မာနိုင်ငံဘက်က သတင်း ထုတ်ပြန်ချက် တခုနဲ့ ဒီကိစ္စကို တုန့်ပြန်တာဖြစ်ပါတယ်။ အရင်ကပြောထားတဲ့အတိုင်းပဲ မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့အတွက် ICC ကို တရားဝင် အကြောင်းပြန်တာမျိုးကို မြန်မာအစိုးရဘက်ကရှောင်ပြီး သတင်းထုတ်ပြန်ချက်နဲ့ပဲ တုန့်ပြန်တာပါ။

ဒီထုတ်ပြန်ချက်ထဲမှာ အရင်က ရပ်တည်ပြောဆိုထားဖူးသလိုပဲ ICC ရှေ့နေချုပ်ဟာ တဘက်တည်းကရတဲ့ ဘက်လိုက်ပြောဆိုတဲ့ သတင်းရင်းမြစ်တွေကို တည်မှီပြီး လုပ်ဆောင်တာဖြစ်တယ်လို့ ထပ်ပြီး ဖော်ပြ ပြောဆိုထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */