ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများနှင့် တွေ့ဆုံမေးမြန်းခြင်း
ယခုအခါ မိမိသဘောဆန္ဒဖြင့် ပြန်လည်ဝင်ရောက်လာသော နေရပ်စွန့်ခွာသူအချို့မှာ အကြမ်းဖက် မှုတွင် ပါဝင်ခဲ့ခြင်း ရှိ၊ မရှိ စိစစ်မှုခံယူပြီးနောက်မောင်တောမြို့နယ်ရှိ မိမိတို့ နေရပ်အသီးသီးတွင် ပြန်လည်ရောက် ရှိနေထိုင်နေကြပြီဖြစ်ရာ ၎င်းတို့အား သတင်းအဖွဲ့ က သွားရောက်တွေ့ဆုံ မေးမြန်း ထားပါသည်။
အီမာနူရ်ဆောင်း
နေရပ်
ယခင် - ရွှေဇားကျေးရွာအုပ်စု၊ရွှေဇားအလယ်ကျေးရွာ
ယခု - ရွှေဇားအုပ်စု မိမိနေအိမ်
ဒီမြန်မာနိုင်ငံဘက်ကို ဟိုဘက်ကမ်းကနေ ပြန်ရောက်လာခဲ့ပါတယ်။ ကျွန်တော့်မိသားစု ကတော့ ဘင်္ဂလား ဒေ့ရှ်ဘက်ခြမ်းကို သွားနေပါတယ်။ကျွန်တော်ကတော့ မြန်မာနိုင်ငံ ဘက်ခြမ်း ကျွန်တော့် အိမ်ကို ကျွန်တော်ြ ပြန်လာနေထိုင်တာပါ။ ကျွန်တော့် မိသားစု ကိုလည်း ပြန်ခေါ်မှာပါ။ သူတို့က ဒုက္ခသည်စခန်းမှာသွားနေ တာဖြစ်တဲ့အတွက် ဒုက္ခသည် စာရင်းအတိုင်းပြန်လာမှာကိုပဲ ကြိုဆိုနေ မှာပါ။ ဒီမှာနေရတာ အဆင်ပြေ ပါတယ်။ ဒီမြန်မာနိုင်ငံမှာ ပြန်လာတာဖြစ်တဲ့အတွက် NVC ကတ်နဲ့ပတ်သက်ပြီး အစိုးရရဲ့ စည်းမျဉ်းစည်း ကမ်းအတိုင်း ကျွန်တော်နာခံပါမယ်။ ဒီမှာ စားဝတ်နေရေး အတွက် ကိုတော့ အရင်တုန်းကလိုပဲ ငါးဖမ်းလုပ် ငန်းကိုပဲ ဆက်ပြီးတော့ လုပ်ကိုင်မှာပါ။
ဆူဖရာဘီဘီ
နေရပ်
ယခင် - ကညင်တန်းကျေးရွာအုပ်စု၊မောင်နီရွာ
ယခု - ကညင်တန်း(မြို့မ)၊ မိမိနေအိမ်
ဒီကို ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကနေ ပြန်ရောက်လာတာပါ။ ကျွန်မမြန်မာနိုင်ငံကဖြစ်တဲ့ အတွက် မြန်မာနိုင် ငံမှာပဲနေချင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကိုတော့ ဆေးကုဖို့ပဲသွား ခဲ့တာပါ။ ကျွန်မက အခုအစိုးရရဲ့စည်း မျဉ်းစည်းကမ်းအတိုင်း နေပါမယ်။ NVC ကတ် လုပ်ဖို့အတွက် ကတော့ မိသားစုနဲ့ တိုင်ပင်ရပါဦးမယ်။ ဘင်္ဂ လားဒေ့ရှ်ဘက်ခြမ်းမှာ ရှိတဲ့သူ တွေကိုလည်း မြန်မာနိုင်ငံဘက် ကိုပဲပြန်လာ စေချင်ပါတယ်။
ဖေရုဒုစ်
နေရပ်
ယခင် - မြို့မတောင်ရပ်ကွက်၊ ဖေဇီရွာ
ယခု - ကညင်တန်း(မြို့မ)
ကျွန်မလောလောဆယ်တော့မြို့မကညင်တန်းမှာ အဖေနဲ့နေပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက် ကိုသွားခဲ့ တာက ကျွန်မညီမတစ်ယောက်လက်ကျိုးသွားလို့ သူ့ကိုစောင့်ရှောက်ဖို့၊ ဝိုင်းဝန်း ကူညီပေးဖို့အတွက် လိုက်သွား ခဲ့တာပါ။ ဆေးရုံမှာခြောက်ရက်တိတိ နေခဲ့ပါတယ်။ ခြောက်ရက်နေပြီး ဆေးရုံဆင်းတာနဲ့ ဒီမြန်မာနိုင်ငံ ဘက် ကမ်းကို ပြန်လာပါတယ်။ အခုဒီကနေ ထွက်ပြေးတဲ့သူတွေနေတဲ့နေရာနဲ့ ဆေးရုံနဲ့ အဝေးကြီးပါ။ အဲဒီဘက်ကိုတော့ မသွားခဲ့ပါဘူး။ အဲဒီဘက်မှာ လူတွေအများကြီးရောက် နေတယ်ဆို တာတော့ သတင်း ကြားပါတယ်။ သူတို့ တွေကို ဘင်္ဂလားဒေ့ရှ်ဘက်က အထောက်အပံ့တွေ ပေးနေတာကိုလည်းကြား ပါ တယ်။ကျွန်မကမြန်မာနိုင်ငံမှာနေတဲ့အတွက် မြန်မာနိုင်ငံကိုပဲသဘောကျ ပါတယ်။ အခု NVC ကတ် ကတော့ ကျွန်မ တစ်ယောက်တည်းပဲရထားပါတယ်။ ကျွန်မအဖေကတော့ NVC ကတ်ကို မယူပါဘူး။ ကျွန်မက မြန်မာနိုင်ငံမှာနေတဲ့အတွက် မြန်မာနိုင်ငံရဲ့ စည်းမျဉ်း စည်းကမ်း တွေကို လိုက်နာပြီးတော့ နေမှာပါ။
နော်ဂူမူလ္လာ
နေရပ်
ယခင် - ညောင်ချောင်းကျေးရွာအုပ်စု၊ ညောင်ချောင်းကျေးရွာ
ယခု - ညောင်ချောင်းကျေးရွာ
ကျွန်တော် ဘင်္ဂလားဒေ့ရှ်ဘက်ကို ဆေးကုဖို့အတွက် သွားခဲ့တာပါ။ဆေးကုရင်းနဲ့ ဘာလူကာလီ ဒုက္ခ သည် စခန်းကိုတော့ တစ်ရက်နှစ်ရက်သွားနေပြီး အဲဒီက အုပ်ချုပ်ရေး မှူးရုံးမှာ တည်းခိုခဲ့ ပါတယ်။ အခု ကတော့ြ ပန် ပြီးနေကောင်းသွားပါပြီ။ ဘင်္ဂလားဒေ့ရှ် ဘက်ခြမ်းကို လောလောဆယ်တော့ မသွားတော့ပါဘူး။ အဲဒီ ဒုက္ခသည်စခန်းမှာတော့ ကျွန်တော့် ရဲ့ ဆွေမျိုးသားချင်းလည်း မရှိပါဘူး။ သူငယ်ချင်းတွေလည်း မရှိပါ ဘူး။ ကျွန်တော်ဆေးကုဖို့ အချိန်မကျသေးတဲ့အတွက်ကြောင့် အဲဒီဒုက္ခသည်စခန်းမှာ နှစ်ရက် လောက် သွား ပြီးနေတာပါ။ ကျွန်တော့်မိသားစုကလည်း မြန်မာနိုင်ငံ မှာရှိပါတယ်။ မောင်တောမြို့မှာပဲနေကြပါတယ်။ NVC ကတ်ကတော့ ကျွန်တော်တစ်ယောက်တည်း ပဲရထားပါတယ်။ ကျွန်တော့် မိသားစုမှာတော့ မရှိပါဘူး။ မြန်မာနိုင်ငံမှာရှိသရွေ့ NVCကတ်ကို လုပ်ရမယ်လို့ ကျွန်တော် ထင်ပါတယ်။ အသက်မွေးဝမ်း ကျောင်း အနေနဲ့ကတော့ ကျွန်တော်က အရင်က အငှားအလုပ်သမား တစ်ယောက်ပါ။ အခုကတော့ ကျွန်တော် ဆိုင်ခန်းတစ်ခန်းဖွင့်ဖို့ အတွက် စိတ်ကူးနေပါတယ်။ ဟိုဘက်မှာရှိနေတဲ့သူတွေကိုလည်း ပြန်လာဖို့အတွက် အကြံပေးချင်ပါတယ်။
အော်ဒါဟူဆောင်း
နေရပ်
ယခင် - ကျောက်ပြင်ဆိပ်ကျေးရွာအုပ်စု၊ တောင်ရွာ
ယခု - ကျောက်လှေကားကျေးရွာ၊ဦးလေးနေအိမ်
ကျွန်တော် ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာ နှစ်လတိတိနေခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာ ကျွန်တော့် မိသားစုလေးယောက် ရှိပါတယ်။ကျွန်တော်ပြန်လာမယ်ဆိုတော့ သူတို့ကို ခေါ်ပါတယ်။ ဒါပေမယ့် မ လာကြပါဘူး။ ကျွန်တော်ကတော့ NVC ကတ်ရှိတဲ့ အတွက် ဒီဘက်မှာပဲနေမှာပါ။ ဒီဘက်ခြမ်းကို ပြန် လာ ဖို့အတွက်ကိုတော့ဘင်္ဂလားဒေ့ရှ် ဘက်က အာဏာပိုင်တွေ၊ တာဝန်ရှိသူတွေ ပြောလို့မဟုတ်ပါဘူး။ ကျွန်တော့်စိတ်နဲ့ ကျွန်တော် ပြန်လာတာပါ။ ဘဝနေထိုင်မှုအတွက် လုံခြုံတာ ကတော့ ဒီဘက်မှာပဲ ကောင်း ပါတယ်။ ဒီဘက်ကို ပြန်ရောက်တော့ မြန်မာအစိုးရဘက်ကနေ အိုး၊ ခွက်တွေ ထောက်ပံ့ပေး ထားပါတယ်။
မာမတ်အီလီယာ့စ်
နေရပ်
ယခင် - ရွှေဇားကျေးရွာအုပ်စု၊ရွှေဇားမြောက်ကျေးရွာ
ယခု - ရွှေဇားမြောက်ကျေးရွာ
ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာငါးရက်လောက်နေပြီး မြန်မာနိုင်ငံဘက်ခြမ်းကို ပြန်လာတဲ့ အချိန်မှာ အဖမ်းခံခဲ့ ရတာဖြစ်ပါတယ်။ ၂၀၁၈ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်လောက်က သွားခဲ့တာပါ။ ကျွန်တော့်မိသားစုကတော့ မောင်တောမြို့မှာ ရှိပါတယ်။ အခုကတော့ ကျွန်တော့်မှာNVC ကတ်ယူထားပါတယ်။ NVC ကတ်လုပ် ထားရင် ကျွန်တော်တို့ စီးပွားရေးအတွက် အထောက်အကူ ဖြစ်နိုင်မယ်ဆိုပြီးတော့ ယူထားပါတယ်။ ကျွန်တော့် မိသားစုကတော့ NVC ကတ်မယူပါဘူး။ ကျန်တဲ့သူတွေ NVC ကတ် ဘာကြောင့်မလုပ်ဘူး ဆိုတာကိုတော့ ကျွန်တော်မသိပါဘူး။ အသက် မွေးဝမ်းကျောင်း အနေနဲ့ကတော့ ဆိုက်ကားနင်းပါတယ်။ အချုပ်ကနေထွက်ပြီးတဲ့နောက်ပိုင်း ဆန်၊ ဆီ၊ ပဲနီ၊ အိုးခွက်ပန်းကန်တွေ၊ အင်္ကျီနဲ့ ပုဆိုးကို အစိုးရကနေ ထောက်ပံ့ပေးပါတယ်။ အခုလောလောဆယ် ဆိုက်ကားမရှိတော့ တက္ကစီ မောင်းပြီးတော့ ဝင်ငွေရအောင် လုပ်ဖို့ စဉ်းစား နေပါတယ်။ ဖြစ်စဉ်ဖြစ်ပြီးနောက်ပိုင်းမှာ ထွက်ပြေးသွားတဲ့သူတွေကိုလည်း မြန်မာနိုင်ငံကို ပြန်လာကြ မယ်ဆိုရင် ကျွန်တော့်အနေနဲ့ ကြိုဆိုပါတယ်။
မဟာဘေဇူရာမန်
နေရပ်
ယခင် - ငါးခူရကျေးရွာအုပ်စု၊တောင်ရွာ
ယခု - ငါးခူရကျေးရွာအုပ်စု၊မှိုဝင်ကျေးရွာ
ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာတော့ ဘာလူဟာလီဆိုတဲ့ ကျေးရွာဒုက္ခသည် စခန်းမှာနေခဲ့ပါတယ်။ အဲဒီမှာ ကျွန်တော့် မိသားစုနဲ့နေတာပါ။ အခုပြန်လာတာကတော့ အဲဒီမှာမနေချင်တဲ့ အတွက်ကြောင့် မြန်မာနိုင်ငံ ဘက်ကို ပြန်လာတာပါ။ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကိုတော့ ဒီမှာဖြစ်စဉ်တွင် ဖြစ်ပြီး နောက်ပိုင်းမှ မိသားစုနဲ့ ထွက်ပြေးသွားခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းမှာတော့ တူရကီနိုင်ငံက ထောက်ပံ့ပစ္စည်းတွေပေး ပါတယ်။ အခြားနိုင်ငံတွေကလည်း ထောက်ပံ့ပေးတယ် ဆိုတာတော့ သိရတယ်။ ဒါပေမယ့် ဘယ်နိုင်ငံဆို တာတော့ အတိအကျမသိဘူး။ တူရကီနိုင်ငံကိုပဲ သိခဲ့တာပါ။ ဒီမြန်မာနိုင်ငံဘက်ကို ပြန်လာဖို့အတွက်တော့ ကျွန်တော့်ဘာသာ ကျွန်တော်ပဲ ပြန်လာ တာပါ။ အသက်မွေးဝမ်းကျောင်းအနေနဲ့ကတော့ကျွန်တော့်မှာ အရင်ကဆိုင်ရှိပါတယ်။ အဲဒီဆိုင်က လည်း မီးလောင်တဲ့အထဲမှာပါသွားပါပြီ။ အခုလောလောဆယ်တော့ အ လုပ် အကိုင်မရှိသေးပါဘူး။ အခုမြန်မာနိုင်ငံအစိုးရကတော့ အိုးခွက်၊ ဇွန်း ၊ ပန်းကန်၊ ဆန်၊ ဆီ၊ ဆား၊ ပဲနီနဲ့ပု ဆိုး၊ အင်္ကျီတွေ ထောက်ပံ့ပေးထားပါတယ်။ ကျွန်တော်ကတော့ မြန်မာနိုင်ငံ မှာနေဖို့ပဲ ဆန္ဒရှိပါတယ်။ ဒါပေ မယ့် ကျွန်တော့် မိသားစုကတော့ သူတို့ဆန္ဒအတိုင်းပဲ ဖြစ်ပါတယ်။ ကလေးတွေကတော့ ဘင်္ဂလားဒေ့ရှ် ဘက်က အာရ်ဗီကျောင်းမှာလက်ရှိ ကျောင်းတက်နေပါတယ်။ ကျွန်တော် NVC ကတ်လုပ်ထား ပြီးဖြစ် ပါတယ်။
မာမက်အာယာ့စ်

ဘင်္ဂလားဒေ့ရှ်ဘက်မှာ ငါးရက်လောက်နေခဲ့ပါတယ်။ ငါးရက်နေပြီးမြန်မာဘက်ကို ကူးလာတဲ့ အချိန်မှာ ဖမ်းဆီးခံလိုက်ရပါတယ်။ ဘာတစ်ခုမှလုပ်ဖို့သွားတာမဟုတ်ပါဘူး။ အခုနှစ်နှစ်လပိုင်းက သွားတာပါ။ ဟို ဘက်မှာဒီဘက်က သွားတဲ့လူတွေနဲ့ မတွေ့ပါဘူး။ မောင်တောမြို့မှာ ကျွန်တော်တို့ မိသားစု ဓာတ်ပုံလုပ်ငန်း လုပ်ပါတယ်။
မာမက်ဂျူဘာရ်
နေရပ်
ယခင် - အလယ်သံကျော်ကျေးရွာအုပ်စု၊ မော်တူလာကျေးရွာ
ယခု - ကညင်တန်း(မြို့မ)
ဂျော်မိလ်နေအိမ်
ဘင်္ဂလားဒေ့ရှ်ကို သွားခဲ့တာကတော့ နှစ်နှစ်ဝန်းကျင်လောက်ရှိပါပြီ။ ဘင်္ဂလားဒေ့ရှ် ကနေ အခုဒီဘက်ကမ်း ကို ပြန်လာပါတယ်။ပြီးတော့ ကညင်တန်းကျေးရွာမှာနေပါတယ်။ ဒီဘက်မှာ တစ်နှစ်နီးပါးလောက်နေထိုင်ခဲ့ ပါတယ်။
လောလောဆယ်တော့ ဘာအလုပ်မှမလုပ်ရသေးဘူး။ ဘင်္ဂလားဒေ့ရှ်မှာနေရတာထက် မြန်မာနိုင်ငံ မှာနေရ တာက ပိုအဆင်ပြေပါတယ်။ အလယ်သံကျော်မှာ အိမ်ထောင်စုစာရင်း ပယ်ဖျက်ခံရတော့ အုပ်ချုပ်ရေး မှူးတွေပြောပြီး ကညင်တန်းမှာ နေရပါတယ်။ ဘင်္ဂလားဒေ့ရှ် ဘက်မှာလည်း နေထိုင်ခွင့်ကတ်ယူရပါတယ်။ ကတ်မရှိရင် ရဲတွေကဖမ်းပါတယ်။ အခု မြန်မာနိုင်ငံမှာ NVC ကတ် လုပ်ပြီးပြီဆိုတော့ ဘင်္ဂလားဒေ့ရှ်ကို ပြန်မသွားတော့ပါ ဘူး။ မိသား စုကို ဒီဘက်ကိုခေါ်ဖို့တော့ ကြိုးစားနေပါတယ်။ကျွန်တော့်အနေနဲ့ကတော့ ဒီဘက်ကိုလာစေချင်တယ်။ လောလော ဆယ်တော့ ပိုက်ဆံမရှိ၊ အိမ်မရှိဆိုတော့ ဒီမှာ အမျိုးတစ်ယောက် ရှိပါတယ်။ သူ့ဆီမှာ ကားတစ်စီးရှိပါတယ်။ အဲဒီကားနောက်မှာစပယ်ယာလိုက်ပါမယ်။ အခုတော့ ကျွန်တော်က တစ်ကောင်ကြွက်ဖြစ်သွားပြီ။ မိသားစုက ဟိုဘက်မှာရှိတော့ သူတို့လာရင် တအားပျော် ပါ တယ်။
အဒူရော်ဟိန်း
နေရပ်
ယခင် - ဥဒေါင်းကျေးရွာအုပ်စု၊ပါစ်ကိုရီကျေးရွာ
ယခု - အလယ်သံကျော်၊အိုစမော်ဟိုကျေးရွာ
ဒီဘက်မှာ ဖြစ်စဉ်ဖြစ်ပွားတဲ့အချိန်မှာ ဘင်္ဂလားဒေ့ရှ်ကို သွားပါတယ်။ ဘင်္ဂလားဒေ့ရှ် ဘက်မှာတော့ တန်ခါ လီဆိုတဲ့ ဒုက္ခသည်စခန်းမှာနေပါတယ်။ အလုပ်အကိုင်တော့ ဘာအလုပ်မှမလုပ်ပါဘူး။ အဲဒီဘက်မှာ မိ သားစုလိုက်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရ ကတော့ မြန်မာနိုင်ငံကို ပြန်သွားဖို့ မပြောပါဘူး။ ကိုယ့် အစီ အစဉ်နဲ့ကိုယ် ပြန်လာခြင်း ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာနိုင်ငံကို ပြန်ရမယ်ဆိုပြီး တိုက်တွန်း တာ မရှိပါဘူး။ အခု မောင်တောမြို့နယ်မှာ နေရတာကတော့ ပျော်ပါတယ်။ ကျွန်တော့်မိသားစုကို ဘင်္ဂလား ဒေ့ရှ်ကနေ ဒီကိုခေါ်လာပြီးဘဝ တည် ထောင်မယ်ဆိုရင် ကျွန်တော် ပျော်ပါတယ်။ ကျွန်တော့်ရဲ့ စိတ်ဆန္ဒ ကတော့ ဘင်္ဂလားဒေ့ရှ်ဘက်က မိသားစုကိုလာစေချင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်မှာနေရင် သူတို့ရဲ့ စည်းမျဉ်းစည်းကမ်းကို လိုက်နာရသလို မြန်မာနိုင်ငံမှာ နေရင်လည်း မြန်မာနိုင်ငံရဲ့ စည်းမျဉ်းစည်းကမ်းကို လိုက်နာပါမယ်။
ဇာဟိတ်ဟူစိန်
နေရပ်
ယခင်- မြင်းလွတ်မြို့၊ ရှီးဒါးရပ်ကွက်
ယခု - အလယ်သံကျော်၊မော်ဇော်ဖူးတူဆောင်းနေအိမ်
ဖြစ်စဉ်ဖြစ်ပြီးချိန်မှာ ဘင်္ဂလားဒေ့ရှ်ဘက်ကို သွားခဲ့ပြီး တစ်လအကြာမှာ ပြန်လာပါတယ်။ အမျိုးအနွယ် တွေ၊ မောင်နှမတွေ ဒီဘက်ခြမ်းရောက်နေလို့ ပြန်လာပြီး တွေ့တာပါ။ ဘင်္ဂလားဒေ့ရှ်ဘက်မှာတော့ တန်ခါလီ ဒု က္ခသည်စခန်းမှာ နေပါတယ်။ ဘင်္ဂလားဒေ့ရှ် ကနေ ပြန်လာတာမို့ လောလောဆယ် အလုပ်အကိုင်တော့ အဆင်မပြေသေးပါဘူး။ အမျိုးတစ်ယောက် ဆီမှာ ကပ်နေပါတယ်။ မြန်မာနိုင်ငံကို ပြန်လာတာကတော့ တန် ခါလီကျေးရွာကနေ လောင်းနဲ့ကူးပြီး ရောက်လာ ခြင်းဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်မှာနေတုန်းက နေ ရပ်ပြန်ဖို့အတွက် အစိုးရ အချင်းချင်း သဘောတူထားတယ် ဆိုတာ မကြားခဲ့ပါဘူး။ အခုနေရတာကတော့ အဆင်ပြေပါတယ်။ကျွန်တော့်မိသားစုက ဘင်္ဂလားဒေ့ရှ် ဘက်မှာပါ။ ဒီဘက်ခြမ်းကခေါ်ဖို့ အဆင်သင့်ရှိ မယ် ဆိုရင် သူတို့လာမယ်ဆိုရင် ကျွန်တော်ကြိုဆို ပါတယ်။
ဆော်ယူဆလန်
နေရပ်
ယခင် - ဧတာလျာကျေးရွာအုပ်စု၊ဇူလကျေးရွာ
ယခု - ကညင်တန်းကျေးရွာ
ဘင်္ဂလားဒေ့ရှ်ဘက်သွားခဲ့တာကတော့ ခြောက်လ၊ ခုနစ်လလောက်ရှိပြီ။ ဘင်္ဂလားဒေ့ရှ် ဘက်မှာ ကတော့ မူဆိုနီဒုက္ခသည်စခန်းမှာနေခဲ့တာပါ။ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာနိုင်ငံကို ပြန်လာတာ ကတော့ ဒီမှာ သမီးရှိ လို့လာခဲ့တာပါ။ အရင်ကတော့ဆောက်လုပ်ရေးအလုပ် လုပ်ပါတယ်။ ဒီမှာနေရတာလည်း အဆင်ပြေ ပါ တယ်။ ဘင်္ဂလားဒေ့ရှ်ကနေ ပြန်လာတာ လည်းဂေါ်ဒူသာရ ကျေးရွာဘက်က ပြန်လာတာပါ။ ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း မြန်မာ နိုင်ငံကိုပြန်ဖို့ တိုက်တွန်း တာတွေမရှိပါဘူး။ အခု NVC ကတ်လုပ်ထားပြီးပါပြီ။ မြန်မာနိုင်ငံကို လာမယ်ဆိုတော့ဒီနိုင်ငံရဲ့ လုပ်ထုံး လုပ်နည်းတွေကို ဒုက္ခသည်စခန်းမှာနေစဉ် ကတည်း ကသိထားပါတယ်။ မိသားစုကို ခေါ်ဖို့လည်း တင်ပြထားပါတယ်။ မြန်မာနိုင်ငံရဲ့ လုပ်ထုံးလုပ်နည်း ဥပဒေ တွေ ကိုလည်း လိုက်နာမှာပါ။ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည် စခန်းမှာ လည်း သုံးလနေခဲ့ပါတယ်။ အဲဒီစခန်းကနေ မြန်မာနိုင်ငံ ကိုလာချင်တဲ့လူတွေလည်းရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာနေရတာထက် မြန်မာနိုင်ငံ မှာနေ ရတာ ပိုအဆင်ပြေပါတယ်။ ခွင့်ပြုမယ်ဆိုရင် ကျွန်တော့် မိသားစုကို မြန်မာနိုင်ငံကို ခေါ်ချင်ပါတယ်။
နေဆာအူလ္လာ
နေရပ်
ယခင် - သူဦးလာကျေးရွာအုပ်စု၊
ကံပြင်ရွာ
ယခု - သူဦးလာ၊ မိမိနေအိမ်
ကျွန်တော်က ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာနိုင်ငံဘက်ကို ထွက်လာခဲ့တာ မိဘကိုမပြောဘဲ ခိုးထွက် လာခဲ့ တာပါ။ ဘင်္ဂလားဒေ့ရှ်မှာတော့ဇမ်တိုလီ ဒုက္ခသည်စခန်းမှာ နေပါတယ်။ အခုလောလောဆယ် တော့ထောင် က ထွက်လာတာဆိုတော့အလုပ်မရှိသေးပါဘူး။ အရင်ကတော့ လယ်သမား အလုပ်လုပ်ပါတယ်။ နိုင်ငံ တော် က အဆင်ပြေသလိုထားမယ်ဆိုရင် မိသားစု ကိုပြန်ခေါ်ချင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ မြန်မာနိုင်ငံကိုလာတာ ကတော့ ဘယ်သူမှ တိုက်တွန်းလို့လာတာတော့ မဟုတ်ပါဘူး။ကျွန်တော့် ဘာသာ ခိုးထွက်ပြီးလာခဲ့တာပါ။ ဒုက္ခသည်စခန်းတွေမှာလည်း မြန်မာနိုင်ငံကို ပြန်ဖို့ ကြော်ငြာကပ်ထား တာတွေ လည်း မရှိပါဘူး။ မြန်မာနိုင်ငံကို ပြန်လာမယ်ဆိုရင် ဆောင်ရွက်ရမယ့်လုပ်ထုံးလုပ်နည်း တွေကိုလည်း မ သိခဲ့ရပါဘူး။ ကျွန်တော်ကတော့ NVC ကတ်လုပ်ပြီးပါပြီ။ မိသားစု ကိုလည်း NVC ကတ်လုပ်ဖို့ပြောမှာပါ။ လှဖိုးခေါင်စခန်းကနေပြီးတော့ ဆန်တွေ၊ အိုးတွေ ပေးပါတယ်။ အဖြစ်ချင်ဆုံး ဆန္ဒကတော့ ကျွန်တော့် မိ သားစုကို တွေ့မြင်လိုပါ တယ်။ သူတို့ပြန်လာမယ်ဆိုရင် တအားပျော်မှာပါ။
မာမွတ်ဆွေယော့စ်
နေရပ်
ယခင် - သူဦးလာကျေးရွာအုပ်စု၊
ကံပြင်ရွာ
ယခု - သူဦးလာ၊ မိမိနေအိမ်
အကြမ်းဖက်မှု ဖြစ်စဉ်တွေဖြစ်ပွားပြီး နယ်မြေရှင်းလင်းရေးတွေလုပ်တဲ့အချိန်တုန်းက ကျွန်တော်တို့ မိသား စုတွေ ဘင်္ဂလားဒေ့ရှ်ဘက်ကိုကြောက်လို့ထွက်ပြေးသွားခဲ့ပါတယ်။ နောက်ပြီး တဖြည်းဖြည်း အဆင် မပြေ ဘူး။ တစ်ဖက်နိုင်ငံမှာ မနေချင်တဲ့အတွက်ကြောင့် မိဘတွေမသိအောင်ငါးဖမ်းတဲ့ လောင်းနဲ့ ဒီမြန်မာနိုင် ငံဘက်ကို ပြန်လာခဲ့တာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်မှာ ဇမ်တိုလီကမ့်ဆိုတဲ့ ဒုက္ခသည်စခန်း မှာနေပါ တယ်။ ကိုယ့်နိုင်ငံ မဟုတ်တဲ့အတွက် နေရတာအဆင်မပြေပါဘူး။ အသက်မွေးဝမ်းကျောင်း အနေနဲ့ကတော့ လယ်သမားအလုပ်ကိုလုပ်ပါတယ်။အခုကတော့ ကျွန်တော် တစ်ယောက်တည်းပဲ ဝင်လာ တာဖြစ်ပါတယ်။ အခုဒီမှာ နေရတာအဆင်ပြေပါတယ်။ ကျွန်တော့် မိသားစုကိုလည်း ခေါ်ဖို့ဆန္ဒ ရှိပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ဒီဘက်ကို ပြန်လာလို့ရတယ်ဆိုတဲ့ အစီအစဉ်တွေကို ပြောတာ တော့မရှိဘူး။ ကြားလည်းမကြားမိပါဘူး။ ကြော်ငြာတွေကပ်ထားတာ ကိုလည်း မတွေ့မိ ပါဘူး။ ဒုက္ခသည်စခန်းမှာ ခုနစ် လခွဲတိတိနေခဲ့ရပါတယ်။ မြန်မာနိုင်ငံကို ပြန်လာရင် လုပ်ရမယ့် လုပ်ထုံးလုပ်နည်းတွေအတိုင်း ကျွန်တော် ကတော့ လက်ခံပါတယ်။ မိသားစု အတွက်ကိုလည်း NVC ကတ်လုပ်ဖို့အတွက် ဆန္ဒရှိပါတယ်။
မာမတ်ဇာဘေရ်
နေရပ်
ယခင် - သူဦးလာကျေးရွာအုပ်စု၊ကံပြင်ရွာ
ယခု - သူဦးလာ၊ မိမိနေအိမ်
အကြမ်းဖက်မှုဖြစ်စဉ်တွေဖြစ်ပွားတဲ့အချိန်တုန်းက ကျွန်တော်တို့မိသားစုတွေ ဘင်္ဂလားဒေ့ရှ်ဘက် ကိုကြောက်လို့ထွက်ပြေးသွားခဲ့ပါတယ်။ အဲဒီကနေ ကျွန်တော်တို့ ဘင်္ဂလားဒေ့ရှ်ဘက်မှာ မပျော်ဘူး။ ကျွန်တော်မြန်မာနိုင်ငံမှာနေရတာ ပျော်ပါတယ်။ ဘင်္ဂလားဒေ့ရှ် ဘက်မှာတုန်းကတော့ ဇမ်တိုလီကမ့် ဆိုတဲ့ ဒုက္ခသည်စခန်းမှာ နေပါတယ်။
အရင်တုန်းကတော့ ကောက်စိုက်တယ်၊ လယ်ထွန်တယ်၊ အဲဒီအလုပ်တွေလုပ်တယ်။ ဒါပေမယ့် အခုလော လော ဆယ်ကတော့ ဘာအလုပ်မှ မလုပ်ပါဘူး။ ကျွန်တော့် မိသားစုကတော့ ဘင်္ဂလားဒေ့ရှ် ဘက်က ဇမ်တို လီကမ့်မှာကျန်နေခဲ့ပါတယ်။ ကျွန်တော့် မိသားစု တွေကိုတော့ ခွင့်ပြုမယ်ဆိုရင် မြန်မာနိုင်ငံမှာ ပြန်နေဖို့ အ ဆင်သင့်ပါ။ ဘင်္ဂလားဒေ့ရှ်ဘက် ကနေ လမ်ဘာဘီလီ ကျေးရွာကနေ လာပါတယ်။ သွားတာလည်း အဲဒီ ကနေ သွားပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာနိုင်ငံကိုပြန်ဖို့ တိုက်တွန်းတာ မရှိပါဘူး။ ဘင်္ဂလားဒေ့ရှ် ကနေမြန်မာနိုင်ငံကို ပြန်လာရင် လုပ်ရမယ့်စည်းမျဉ်း စည်းကမ်းတွေကိုလည်း ကြိုပြီး မသိထားပါဘူး။ ကျွန်တော့် မိသားစုတွေကိုလည်း NVC ကတ်လုပ် ပေးဖို့အချိန် မရှိခဲ့ပါဘူး။
မာမတ်အီနူစ်
နေရပ်
ယခင် - ငါးခူရတောင်ရွာ
ယခု - ငါးခူရမိမိနေအိမ်
ကျွန်တော်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားတယ်ဆိုပြီးတော့ တရားစွဲဆိုခံခဲ့ရပါတယ်။ ဘင်္ဂလားဒေ့ရှ်ကို အ ရင်က နှစ်ခါ၊ သုံးခါလောက်သွားဖူးပါတယ်။ အဲဒီလိုပဲ သွားပြီးတော့ ပြန်လာခဲ့တယ်။ မိသားစုလိုက် သွား တာတော့ မဟုတ်ပါဘူး။ မိသားစုကတော့ ငါးခူရမှာပဲ ရှိပါတယ်။ အခု ကျွန်တော့်မှာလည်း NVC ကတ်ရပြီး ပါပြီ။ ကျွန်တော့်မိသားစုမှာလည်း NVC ကတ်တွေ ရထားပြီးပါပြီ။ မောင်တောမြို့ဘက် ကိုသွားတဲ့အခါမှာ NVC ကတ်ရှိဖို့ လိုတယ်ဆိုတာကြောင့် ကျွန်တော်ယူထားတာပါ။ အခု အသက်မွေးဝမ်းကျောင်းအတွက် အ လုပ်လုပ်ဖို့ ဘာလုပ်ငန်းမှ မရှိသေးပါဘူး။ အရင်ကတော့ မောင်တောမြို့က ပစ္စည်းတွေကိုယူလာပြီး ဒီမှာပြန် ရောင်းတာမျိုး လုပ်ပါတယ်။ ကျွန်တော် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတဲ့အချိန်မှာ နိုင်ငံတော်အစိုးရ က ဒန်အိုး၊ ဒန်ခွက်နဲ့ စောင်တွေ၊ ခြင်ထောင်တွေပေးပါတယ်။ မိသားစုအတွက် ရိက္ခာတွေကိုလည်း ပေးပါ တယ်။
အဒူဆော်လိမ်
နေရပ်
ယခင် - ငါးခူရကျေးရွာအုပ်စု
တောင်ရွာ
ယခု - ငါးခူရမိမိနေအိမ်
NVC ကတ်ကတော့ ကျွန်တော် တစ်ယောက်တည်းပဲ ရသေးတာပါ။ ကျွန်တော့်မိသားစုကတော့ မရသေး ပါဘူး။ NVC ကတ်ရပြီဆိုပေမယ့် ပုစွန်ကန်ဘက်သွားဖို့နဲ့ ချောင်းထဲမှာ ငါးရှာ၊ ဖားရှာလုပ်ငန်း တွေကို လုပ် ခွင့်မရသေးတဲ့အတွက်တော့ စားဝတ်နေရေး အခက်အခဲရှိပါတယ်။
နူရ်ဇူဆလင်
နေရပ်
ယခင် - ငါးခူရအုပ်စု၊ တောင်ရွာ
ယခု - ငါးခူရမိမိနေအိမ်
ဘင်္ဂလားဒေ့ရှ်ဘက်က ဆွေးမျိုးသားချင်းတွေကိုတော့ ဖြစ်နိုင်ရင် မြန်မာနိုင်ငံကို ပြန်လာဖို့ အခု ချက်ချင်း ခေါ်ချင်ပါတယ်။ ကျွန်တော်ကတော့ မြန်မာနိုင်ငံမှာနေတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ စည်းမျဉ်းစည်း ကမ်းတွေကိုလည်း လိုက်နာပါတယ်။ ဟိုဘက်က မိသားစုတွေ ပြန်လာရင်လည်း မြန်မာနိုင်ငံရဲ့အခု ကျွန် တော့်မှာလည်း NVC ကတ်ရပြီးပါပြီ။ ကျွန်တော့်မိသားစုမှာလည်း NVC ကတ်တွေရထားပြီးပါပြီ။ မောင်တောမြို့ဘက်ကိုသွားတဲ့အခါမှာ NVC ကတ်ရှိဖို့ လိုတယ်ဆိုတာ ကြောင့် ကျွန်တော်ယူထားတာပါ။ အခုအ သက်မွေးဝမ်းကျောင်းအတွက် အလုပ် လုပ်ဖို့ ဘာလုပ်ငန်းမှ မရှိသေး ပါဘူး။အရင်ကတော့ မောင်တောမြို့ က ပစ္စည်းတွေကိုယူလာပြီး ဒီမှာပြန်ရောင်းတာ မျိုးလုပ်ပါတယ်။ ကျွန်တော် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန် လွတ်လာတဲ့အချိန်မှာ နိုင်ငံတော်အစိုးရက ဒန်အိုး၊ ဒန်ခွက်နဲ့ စောင်တွေ၊ ခြင်ထောင်တွေပေးပါတယ်။ မိသားစုအတွက် ရိက္ခာတွေကိုလည်း ပေးပါတယ်။ စည်းမျဉ်းစည်း ကမ်းအတိုင်း လိုက်နာနိုင်ဖို့ ရှင်းပြပါမယ်။ မြန်မာနိုင်ငံမှာနေတာကတော့ ပိုပြီးတော့ ကောင်းပါတယ်။ အခု ကျွန်တော် လည်း NVC ကတ်ရတယ်။ ကျွန်တော့်မိန်းမမှာလည်း NVC ကတ်ရထားပါပြီ။ NVC ကတ်နဲ့ပတ်သက်ပြီးတော့ သေချာတော့မသိပါဘူး။ ဘင်္ဂလားဒေ့ရှ် ဘက်မှာ ရောက်နေတဲ့သူတွေကို ပြန်လာလို့ရတယ်ဆိုတာမျိုး ဟိုဘက်က ပြောတယ်ဆို တာတော့ မကြားမိသေးပါဘူး။ အလုပ်အကိုင်အနေနဲ့ကတော့ အရင်တုန်းက ကျားပိုက်နဲ့ ငါးဖမ်းပါတယ်။ အခုက အဲဒီလို ငါးဖမ်းလုပ်ငန်းတွေမလုပ်ရတော့ ဝင်ငွေမရှိတော့ စားဖို့သောက်ဖို့ အခက်အခဲတော့ ရှိပါတယ်။
အီဒီရိစ်
နေရပ်
ယခင် - ငါးခူရကျေးရွာအုပ်စု
တောင်ရွာ
ယခု - ငါးခူရမိမိနေအိမ်
ကျွန်တော့် ညီအစ်ကိုမောင်နှမတွေကတော့ ဘင်္ဂလားဒေ့ရှ်မှာ ရှိပါတယ်။ NVC ကတ်ကိုင်ရင် ဘာတွေ လုပ်လို့ ရမယ်ဆိုတာလည်းမသိပါဘူး။ နိုင်ငံတစ်နိုင်ငံမှာနေရင် အသိအမှတ်ပြုကတ်တစ်ခု ကိုင်ဆောင် ထားရမယ်ဆိုတာ သိပါတယ်။ NVC ကတ်ကိုကျွန်တော်ရော၊ ကျွန်တော့်မိန်းမပါ ကိုင်ဆောင်ထားပါတယ်။
ဒိလ်ဒါမာမောက်
နေရပ်
ယခင် - ငါးခူရတောင်ရွာ
ယခု - ငါးခူရမိမိနေအိမ်
ကျွန်တော့်မိသားစုက ဖြစ်စဉ်ဖြစ်ပွားနေတဲ့ အချိန်မှာတုန်းကတော့ ဒီမှာရှိနေကြပြီး ကျွန်တော် ထောင် ကျပြီးတဲ့နောက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားကြပါတယ်။ ဖြစ်နိုင်မယ်ဆို ရင်တော့ ဘင်္ဂ လားဒေ့ရှ်ဘက်က ကျွန်တော့်မိသားစုကို ပြန်ခေါ်ချင်ပါတယ်။
ဟာမိတ်တူဆောင်း
နေရပ်
ယခင် - ငါးခူရတောင်ရွာ
ယခု - ငါးခူရမိမိနေအိမ်
ဘင်္ဂလားဒေ့ရှ်ဘက်ကိုတော့ကျွန်တော့်သားအကြီးတစ်ဦး အပါအဝင် မိသားစုဝင် လေးယောက် ထွက်ပြေး သွားကြပါတယ်။ သူတို့တွေက အကြမ်းဖက်မှုဖြစ်စဉ်တွေ ဖြစ်နေချိန်မှာ ထွက်ပြေးကြ တဲ့သူတွေနဲ့ အတူ ပါသွားကြတာပါ။ သူတို့ကိုတော့ ပြန်လာစေချင်ပါတယ်။ NVC ကတ်နှင့် ပတ်သက်ပြီးတော့ အခုထိ ဘာမှ မသိရသေးပါဘူး။ နောက်မှ သိရမယ်လို့ ယူဆပါတယ်။ NVC ကတ် ကိုတော့ ကိုယ့်သဘောနဲ့ကိုယ် ကိုင် တာပါ။ ဘာသာရေးအရ၊ လူမျိုးရေးအရ ဘာမှ အနှောင့်အယှက် ပေးတာတော့ မရှိပါဘူး။ တခြားသူတွေ ကိုင်ဖို့တော့ အသိပေးတာမျိုးမရှိပါဘူး။ ကျွန်တော့်အနေနဲ့ ကတော့ မြန်မာနိုင်ငံမှာနေတာ ပိုကောင်းတယ်လို့ ထင်ပါတယ်။ ဘင်္ဂလားဒေ့ရှ် ဘက်ကို သွားတဲ့သူ တွေကိုလည်း ပြန်ခေါ်စေချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီဘက်ကလူတွေ တော်တော်များများ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။
နူအာလာမ်
နေရပ်
ယခင် - ငါးခူရကျေးရွာအုပ်စု
တောင်ရွာ
ယခု - ငါးခူရမိမိနေအိမ်
NVC ကတ်ကို ကျွန်တော်လည်းကိုင်ထားသလို ကျွန်တော့်မိန်းမလည်း ကိုင်ထားပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ မြန်မာနိုင်ငံကို ပြန်လာဖို့ တိုက်တွန်းတာတွေလည်း မကြားရသေးပါဘူး။
အာဘွာလ်ဟူဆောင်း
နေရပ်
ယခင် - ဒိုးတန်းကျေးရွာအုပ်စု
စဉ်တောင်ကျေးရွာ
ယခု - ငါးခူရဆွေမျိုးအိမ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မြန်မာနိုင်ငံဘက်ကို ကူးလာချိန်မှာ အဖမ်းခံရတာပါ။ ဘင်္ဂလားဒေ့ရှ် ဘက်ကိုတော့ ၂၀၁၆ ခုနှစ် ဖြစ်စဉ်အပြီးမှာ သွားခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ် ကယ်ဆယ်ရေးစခန်းမှာတော့ မြန်မာနိုင်ငံကိုပြန်ဖို့ တိုက်တွန်းတာတွေ ကြော်ငြာကပ်ထားတာတွေ မတွေ့ခဲ့ပါဘူး။ ဒီမှာနေရတာ အဆင်ပြေပါတယ်။ NVC ကတ်ကိုင်ထားတာတော့ ကျွန်တော်တစ်ယောက်တည်းပါ။ မိသားစုတွေ ကတော့ ဘင်္ဂလားဒေ့ရှ် ဘက်မှာပါ။ ဘင်္ဂလားဒေ့ရှ်ဘက်က မိသားစုတွေကို ခေါ်ချင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ နေရာတာထက် ငါးခူရမှာနေရ တာ ပိုအဆင်ပြေပါတယ်။ ဘင်္ဂလားဒေ့ရှ် ကယ်ဆယ်ရေး ခစန်းတွေမှာတော့ ဘာမှ အထောက်အထား မပေးရပါဘူး။ ဝင်ချင်သလိုဝင် ထွက်ချင် သလိုထွက်လို့ ရပါတယ်။ နေခဲ့တဲ့ ကယ်ဆယ်ရေးစခန်းကတော့ ဘာလူဟာလီကယ်ဆယ်ရေးစခန်းပါ။
ဆူနာဘီဘီ
နေရပ်
ယခင် - ကြက်ရိုးပြင်ကျေးရွာအုပ်စု
ကြက်ရိုးပြင်ရွာမ
ယခု - ကြက်ရိုးပြင်ကျေးရွာ
ကြက်ရိုးပြင် ကျေးရွာကနေ ဦးရှည့်ကျသွားတာ ဦးရှည့်ကျမှာဖမ်းထားတာပါ။ မိသားစုတွေလည်း ရွာ မှာနေ ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကို ပါသွားတဲ့ သားသမီးတွေ ရှိပါတယ်။ သားသမီးတွေကိုလည်း ဒီဘက်ကို ပြန်လာဖို့ဆန္ဒရှိပါတယ်။ NVC ကတ်ကတော့ မိသားစုမှာတစ်ယောက်ပဲ လုပ်ထားရပါ သေးတယ်။ ဒီမှာ NVC ကတ်လုပ်ထားတာနဲ့ပတ်သက်ပြီး အခက်အခဲမရှိပါဘူး။ အဲဒီလိုလုပ်ပေး လို့လည်း ကျေးဇူးတင် ပါ တယ်။ ဒန်အိုး၊ ပန်းကန်၊ အဝတ် အထည်တွေ ထောက်ပံ့ပေးထားပါတယ်။ ဒီမှာနေတဲ့အချိန်မှာ ကျပန်းအလုပ် လုပ်တယ်။ လယ်ယာစိုက်ပျိုးတယ်။ အဲဒါတွေပဲ လုပ်ပါတယ်။
ဂျာနေအာလောင်
နေရပ်
ယခင် - ကြက်ရိုးပြင်ကျေးရွာအုပ်စု
ကြက်ရိုးပြင်ရွာမ
ယခု - ကြက်ရိုးပြင်ကျေးရွာ
ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်လာတာတော့ လေး၊ ငါးလရှိပါပြီ။ ဘင်္ဂလားဒေ့ရှ်ဘက်မှာ နေတုန်းကလည်း ကျ ပန်းအလုပ်လုပ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်မှာက ပေးလို့ရှိရင် စားလို့ရပြီး မရရင်တော့ ခက်ခဲပါတယ်။ ကူ တိုဘာလို ဒုက္ခသည်စခန်းမှာ နေခဲ့တာပါ။ ထောက်ပံ့ရေးပစ္စည်းတွေနဲ့ပဲ စားသုံးနေတာပါ။ ဘင်္ဂလားဒေ့ရှ် ဘက်မှာ တစ်လတိတိ နေခဲ့ပါတယ်။ ကိုယ့်ရွာမှာ ပြန်နေချင်လို့ ချောင်းကို လောင်းနဲ့ကူးပြီး ပြန်လာတာပါ။ တခြားဆန္ဒတော့မရှိပါဘူး။ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ မြန်မာနိုင်ငံဘက်ကို ပြန်ကိုပြန်ရမယ်လို့ ပြောတာ တော့မရှိပါဘူး။ ဒီဘက်ကို တစ်ယောက်တည်း လာတာပါ။ မိသားစုကတော့ ဘင်္ဂလားဒေ့ရှ်ဘက်မှာ ကျန် ခဲ့ပါတယ်။ မိသားစုကတော့ လယ်သာစခန်း မှာ ကျန်ခဲ့ပါတယ်။ မိသားစုတွေလည်း လာဖို့ဆန္ဒရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည် စခန်းမှာတော့ ဝင်လို့၊ ထွက်လို့မရဘူး။ ခိုးထွက်လာတာပါ။ အရင်က ထော်လာဂျီမောင်းပြီး ဆိုင်ကယ်ပြင်တယ်။ အခုတော့ ဆိုင်ကယ်ပဲပြင်ပြီး စားဝတ်နေရေး ဖြေရှင်းပါတယ်။

No comments:
Post a Comment