" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, December 21, 2022

လှည်းကူးမှာ ရိုဟင်ဂျာအလောင်းတွေကို အစုလိုက်စွန့်ပစ်တဲ့ အဖွဲ့ကို ဖမ်းမိပြီလို့ဆို

B B C

ဘီဘီစီမြန်မာပိုင်း

2022-12-21

ဖမ်းမိသူတွေနဲ့ သိမ်းဆည်းမိတယ်ဆိုတဲ့ကားတွေ

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က တပင်ရွှေထီးလမ်းပေါ်မှာ ရိုဟင်ဂျာအလောင်းတွေကို လာရောက်စွန့်ပစ်သွားတဲ့ လူ ၁၃ ဦးပါ လူမှောင်ခိုအဖွဲ့ကို ဖမ်းမိပြီလို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန် လာပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ ရိုဟင်ဂျာတွေကို မှောင်ခိုကူးတဲ့အမျိုးသားတွေဟာ လူတစ်ဦးကို ၇ သိန်းနှုန်းရယူခဲ့ သူတွေ ဖြစ်ပြီး ဒီရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းကနေ ရခိုင်ပြည်နယ်ထဲကိုဝင် အဲဒီကမှ တ ဆင့် မလေးရှားနိုင်ငံကို အလုပ်လုပ်ဖို့ သွားကြမယ့်သူတွေလို့ ဆိုပါတယ်။

စစ်တွေကနေ ဝင်လာတဲ့ဒီရိုဟင်ဂျာတွေကို မကွေးတိုင်း၊ ပဒါန်းမြို့ကနေ ပုသိမ်-မုံရွာလမ်းအတိုင်း ဆီဘောက်ဆာ ကားနဲ့ ခေါ်ဆောင်လာချိန် လမ်းမှာ စစ်ဆေးရေးဂိတ်တွေကြောင့် ကားအမိုးအဖုံးပိတ်ပြီးခေါ်လာရာကနေ ကားထဲ မှာ ပါလာတဲ့အမျိုးသား ၁၃ ဦး သေဆုံးခဲ့တာလို့ လည်း ဆိုပါတယ်။

သေဆုံးခဲ့သူတွေဟာ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းကနေ စက်လှေစီးကာ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ထဲကို ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၄ ရက်နေ့ကတည်းက ဝင်လာတဲ့ လူပေါင်း ၇၀ ကျော်အဖွဲ့ထဲက ဖြစ်ပြီး အဲဒီထဲက ရိုဟင်ဂျာ ၁၄ ဦးကိုလည်း မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ ရွှေနံ့သာကျေးရွာမှာ ဖမ်းမိခဲ့တယ်လို့လည်း ဆိုပါ တယ်။

လူမှောင်ခိုကူးတဲ့အမျိုးသားတွေဟာ အရင်ကလည်း ရိုဟင်ဂျာတွေကို အခုလို သယ်ယူပို့ဆောင်တာ ၄ ကြိမ်လုပ်ခဲ့ ဖူးပြီး ရိုဟင်ဂျာ ၂၅၀ ကျော်ကို သယ်ယူပို့ဆောင်ပေးထားဖူးတယ်လို့ ဆိုပါတယ်။

အခုတော့ လူမှောင်ခိုကူးမှာပါဝင်တဲ့သူ ၁၂ ထဲက အချို့ကို ဖမ်းမိထားပြီး သူတို့နဲ့အတူ ရိုဟင်ဂျာတွေကို ပို့ဆောင် ရာမှာ သုံးခဲ့တဲ့ ဆီဘောက်ဆာကားနဲ့အတူ ကား ၆ စီးကိုလည်း သိမ်းဆည်းမိတယ်လို့ စစ်ကောင်စီဘက်က ထုတ် ပြန်ထားပါတယ်။

Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */