" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, December 20, 2022

မြန်မာအရေး ဆုံးဖြတ်ချက်မူကြမ်းအားလုံခြုံရေးကောင် စီ မဲပေးမည်

CDMM
ချစ်သဲညှာ
Dec 20, 2022 

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး တောင်းဆိုပြီး ဖြုတ်ချခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ရန် စစ်အာဏာသိမ်းအုပ်စုကို တိုက်တွန်းသော ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက လာမည့်ရက် ဒီဇင်ဘာ ၂၁ ရက်တွင် မဲပေးဖွယ်ရှိ ကြောင်း သံတမန်များက ပြောသည်။

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော တာဝန်ရှိသူများကို ဖမ်းဆီးပြီး ရွေး ကောက် ခံအစိုးရထံမှ စစ်တပ်က အာဏာသိမ်းလိုက်ရာ ဒီမိုကရေစီ လိုလားသော ဆန္ဒပြမှုများနှင့် လက်နက်တော် လှန်မှုများ ဖြစ်ပွားပေါ်ပေါက်ပြီး မြန်မာနိုင်ငံတွင် ပဋိပက္ခအကျပ်အတည်း ဆိုက်လျက်ရှိသည်။

စစ်အာဏာသိမ်းအုပ်စုကို ပြင်းပြင်းထန်ထန် အရေးယူခြင်းအား တရုတ်နှင့် ရုရှတို့က ကားဆီးထားဖွယ်ရှိကြောင်း သံတမန်များ၏ ပြောဆိုမှုနှင့်အတူ အဖွဲ့ဝင် ၁၅ နိုင်ငံပါ လုံခြုံရေးကောင်စီတွင် မြန်မာအရေးက ကာလရှည် သ ဘော ထားကွဲလွဲလျက် ရှိသည်။ ၂၀၁၇ ခုနှစ်က စစ်တပ်ဦးဆောင်သော ရိုဟင်ဂျာမွတ်စလင်များကို ဖြိုခွင်းမှု ကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ၇၀၀,၀၀၀ ကျော် ထွက်ပြေးခိုလှုံရသည့် မြန်မာ့အရေးတွင် လုံခြုံရေးကောင်စီသည် လက် ရှိအထိ သမရိုးကျ ထုတ်ပြန်ချက်များသာ သဘောတူညီမှု ရှိသည်။

ဗြိတိန်က မူကြမ်းရေးဆွဲသော ဆုံးဖြတ်ချက်မူကြမ်းအပေါ် စေ့စပ်ညှိနှိုင်းမှုများသည် စက်တင်ဘာလအတွင်းက စတင်သည်။ ရိုက်တာက မြင်တွေ့ခဲ့ရသည့် ကနဦး မူကြမ်းပါ စာသားတွင် မြန်မာနိုင်ငံဆီ စစ်လက်နက်ပစ္စည်းများ ပေးပို့ခြင်း ချက်ချင်း ရပ်တန့်ရန် တိုက်တွန်းထားကာ ကုလသမဂ္ဂ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်မည်ဟု ခြိမ်းခြောက် ထားသော်လည်း ယင်း စာသားများကို ထိုအချိန်ကပင် ဖယ်ရှားခဲ့သည်။

ဆုံးဖြတ်ချက် အတည်ဖြစ်ရန်မှာ လုံခြုံရေးကောင်စီတွင် အနည်းဆုံး ကိုးနိုင်ငံက မဲပေးထောက်ခံရပြီး ရုရှ၊ တရုတ်၊ အမေရိကန်၊ ပြင်သစ်နှင့် ဗြိတိန်တို့က ဗီတိုအာဏာသုံး ပယ်ချခြင်း မပြုမှ အတည်ဖြစ်နိုင်သည်။

“ဒီကိစ္စကို ကျွန်တော်တို့ လုပ်ကိုင်ဆောင်ရွက်နေတုန်းပဲ ဖြစ်တယ်”ဟု ကုလသမဂ္ဂဆိုင်ရာ ရုရှသံအမတ်ကြီး ဗာ ဆေးလီ နီဘန်ဇီယာက တန င်္လာနေ့တွင် ပြောပြီး “လက်သင့်မခံနိုင်စရာ တစ်ခုခုကို အတည်ပြုမိခြင်းဖြင့် မြန်မာ အာဏာပိုင်များက ပူးပေါင်းဆောင်ရွက်လာခြင်း မရှိရာမှ မြန်မာနိုင်ငံက ဖြစ်စဉ်ဖြစ်ရပ်များအပေါ် ရိုက်ခတ်လာနိုင် မှု”ကို ရုရှအနေဖြင့် စိုးရိမ်ပူပန်လျက်ရှိသည်ဟု ဖြည့်စွက်ပြောသည်။

ကုလသမဂ္ဂဆိုင်ရာ တရုတ်မစ်ရှင်က မူကြမ်းပါ စာသားနှင့် ပတ်သက်ပြီး ထင်မြင်ချက်ပေးရန် တောင်းခံမှုကို ချက် ချင်း တုံ့ပြန်လာခြင်း မရှိပေ။

ရိုက်တာက မြင်တွေ့ခွင့်ရသည့် ဆုံးဖြတ်ချက် မူကြမ်းတွင် အာဏာသိမ်းချိန်၌ စစ်တပ်က ပြဋ္ဌာန်းသော ရှိနေဆဲ အ ရေးပေါ် အခြေအနေနှင့် မြန်မာပြည်သူများအပေါ် “စိုးရိမ်ဖွယ် ရိုက်ခတ်မှု” ကို “လွန်စွာ စိုးရိမ်ပူပန်ကြောင်း” ဖော် ပြထားသည်။

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံနှင့် သဘောတူထားသော ငြိမ်းချမ်းရေး အစီအစဉ်ကို “လက်တွေ့ ဖြစ်ပြီး ချက်ချင်းဆောင်ရွက်မှုများ” ဖြင့် အကောင်အထည်ဖော်ရန် ယင်းမူကြမ်းတွင် တိုက်တွန်းထားသည်။ ထိုပြင် “မြန်မာပြည်သူများ၏ သဘောထားများနှင့် အကျိုးစီးပွားတို့အရ အပြုသဘောဆောင်သော ဆွေးနွေးပွဲများနှင့် ပြန်လည်သင့်မြတ်ရေးတို့ကို ဖော်ဆောင်ရန်နှင့် ဒီမိုကရေစီ လုပ်ငန်းစဉ်များကို ထိန်း သိမ်း ရန်” တောင်းဆိုထား ချက်လည်း ပါရှိသည်။ mizzima

 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */