" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, December 21, 2022

ကပ္ပလီကျွန်းစုနား ရိုဟင်ဂျာလှေတစင်း သောင်တင်

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၁ ဒီဇင်ဘာ၊ ၂၀၂၂
ဇွန်လ (၄) ရက်နေ့ ကကော့လိုင်ပီကျွန်းမှာ ဖမ်းမိတဲ့ လှေစီးပြေးရိုဟင်ဂျာ ဒုက္ခသည်များ (ထိုင်းရေတပ်/ယခင်မှတ်တမ်းဓာတ်ပုံ )

အိန္ဒိယနိုင်ငံ ကပ္ပလီကျွန်းစုတွေနားမှာ ရိုဟင်ဂျာအယောက် ၁၀၀ လောက် အနည်းဆုံးပါတဲ့ လှေတစင်း သောင် တင် နေပြီး လှေပေါ်မှာပါလာသူ ၁၆ ယောက်ကနေ အယောက် ၂၀ လောက်ဟာ ရေနဲ့ အစားအစာငတ်ပြတ်လို့၊ ရေနစ်လို့ သေဆုံးသွားနိုင်တဲ့အခြေအနေ ကြုံနေကြတယ်လို့ ရိုဟင်ဂျာအရေး လှုပ်ရှားတဲ့အဖွဲ့ ၂ ခုက ပြောပါ တယ်။

 သောင်တင်နေတဲ့လှေဆီကို အိန္ဒိယသင်္ဘော ၅ စင်း ဒီဇင်ဘာ ၂၀ ရက်၊ အင်္ဂါနေ့နှောင်းပိုင်းတုန်းက ချဉ်းကပ်ခဲ့ ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ အိန္ဒိယယရေတပ်နဲ့ ကမ်းခြေစောင့်တပ်တွေဘက်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ်တုံ့ပြန်ဖြေကြားခြင်း မရှိသေးပါဘူး။

တချိန်တည်းမှာပဲ ရိုဟင်ဂျာ ၁၃ ယောက်သေဆုံးမှုနဲ့ဆက်စပ်တဲ့ လူကုန်ကူးဂိုဏ်းဝင် သံသယရှိသူ ၁၂ ယောက်ကို ရဲတပ်ဖွဲ့ကဖမ်းဆီးထားကြောင်း မြန်မာစစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ ၅ ရက်နေ့မှာ လှည်းကူးနားက ခြံဝင်းတခုတည်းကို ရဲကဝင်စီးခဲ့ပြီး လူကုန်ကူးရာမှာသုံးခဲ့တဲ့ ယာဉ် ၅ စင်းနဲ့ ဆီတင်ကားတစီးကိုဖမ်းမိကြောင်း စစ်ကောင်စီက အင်္ဂါနေ့က ထုတ်ပြန်ထားပါတယ်။ ရခိုင်ပြည်နယ် အ နောက်ပိုင်းက မွတ်ဆလင်၂၅၅ ယောက်ကို အဲဒီဂိုဏ်းက လူကုန်ကူးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။

ရိုဟင်ဂျာမူဆလင်တွေဟာ မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့ဖိနှိပ်မှုတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေ ကနေ အသက်စွန့်ပြီး နှစ်စဉ် ထွက်ပြေးနေကြတာမှာ အများစုက မလေးရှားနိုင်ငံကို သွားကြလေ့ရှိပါတယ်။

 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */