" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label လက်နက်ကြီးကျရောက်. Show all posts
Showing posts with label လက်နက်ကြီးကျရောက်. Show all posts

Saturday, January 25, 2020

ဘူးသီးတောင်မှာ ရွာထဲ လက်နက်ကြီးကျည်ကျ နှစ်ဦးသေ၊ ၇ ဦးဒဏ်ရာရ

B B C

ဘီဘီစီ မြန်မာပိုင်း
2020.01.25  

လက်နက်ကြီးပစ်ခတ်မှုကို တပ်မတော်နဲ့အေအေ နှစ်ဖက်စလုံးက ငြင်းပါတယ်

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသက ဘူးသီးတောင်မြို့နယ် အရှေ့မြောက်ဘက် ကင်းတောင် မွတ်ဆလင် ကျေး ရွာမှာ ဇန်နဝါရီ ၂၅ ရက် မနက် ၁ နာရီလောက်မှာ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲလို့ အမျိုးသမီး နှစ်ဦးသေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဘူးသီးတောင် လက်နက်ကြီးပစ်ခတ်မှုမှာ ဒေသခံ နှစ်ဦး သေ၊ ခုနှစ်ဦး ဒဏ်ရာရ



RFA
လွတ်လပ်တဲ့အာရှအသံ
2020.01.25

■ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကင်းတောင်ကျေးရွာမှာ ဒီနေ့မနက် လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် အမျိုးသမီး နှစ်ဦး သေဆုံး ခဲ့ပြီး ခုနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဘူးသီးတောင် မွတ်ဆလင်ရွာကို လက်နက်ကြီးကျ ၂ ဦးသေ၊ ၇ ဦး ဒဏ်ရာရ

ဧရာဝတီ 
By မင်းအောင်ခိုင်
25 January 2020
 လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ထိခိုက် ဒဏ်ရာ ရရှိသည့် ကင်းတောင်ရွာမှ မွတ်ဆလင် အမျိုးသမီး ၁ ဦး / ဘူးသီးတောင်သတင်းဌာန / Facebook

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကင်းတောင် မွတ်ဆလင်ရွာထဲသို့ ဇန်နဝါရီလ ၂၄ ရက်နေ့ ညအချိန် က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသည့်အတွက် မွတ်ဆလင် အမျိုးသမီး ၂ ဦး သေဆုံးကာ ၇ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။

ဘူးသီးတောင်ရှိ ကျေးရွာသို့ လက်နက်ကြီးကျည်ကျ နှစ်ဦး သေဆုံး ခုနစ်ဦးဒဏ်ရာရ

မြန်မာတိုင်းမ်နေ့စဉ်
25 JAN 2020   |
စိုင်းဝဏ္ဏ
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် ဒဏ်ရာရှိကာ ဆေးရုံ၌ ကုသမှု ခံယူနေသူအား တွေ့ရစဉ်။ ဓာတ်ပုံ- တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး
 
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မွတ်စလင်အများစုနေထိုင်သည့် ကင်းတောင်ကျေးရွာ အတွင်းသို့ဇန်န ဝါရီ၂၅ ရက် ညသန်းခေါင်ကျော် နံနက် ၁နာရီ မိနစ် ၂၀ ဝန်းကျင်က လက်နက်ကြီးကျည် ကျ၍ အရပ်သား နှစ်ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရရှိခဲ့သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */