အရှေ့တောင်အာရှဒေသ (ASEAN) မှာ ပိုပြီးတော့ တက်တက်ကြွကြွလုပ်ဆောင်တဲ့ ဒေသတွင်း လူ့အခွင့် အရေးအဖွဲ့တခု ဖွဲ့စည်းဖို့ လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုကြပါတယ်။
လက်ရှိ အာဆီယံလူ့အခွင့်အရေးကော်မရှင် (AICHR) ဟာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ လူ့အခွင့် အရေး ချိုး ဖောက် မှုတွေကို စုံစမ်းစစ်ဆေးနိုင်တဲ့ လုပ်ပိုင်ခွင့် မရှိတာကြောင့် ရယ်စရာဖြစ်နေတယ်လို့ လူ့အခွင့်အရေး စောင့် ကြည့် လ့လာရေးအဖွဲ့ (HRW) ရဲ့ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Phil Robertson က နိုဝင်ဘာလ ၂ ရက်၊ စနေနေ့က ဘန်ကောက်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။