" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, October 27, 2019

အရှေ့အာရှ ထိပ်သီးအစည်းအဝေး ထုတ်ပြန်ချက်မူကြမ်း တွင် ဘင်္ဂါလီအရေး ထည့်သွင်းထားခြင်း မရှိဟုဆို

အကုန်သိ
 27 October 2019
        နောက်လ အစောပိုင်းမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြုလုပ်မယ့် အရှေ့အာရှထိပ်သီးအစည်း အ ဝေးအပြီး ထုတ်ပြန်မယ့် အစည်းဝေးထုတ်ပြန်ချက် မူကြမ်းမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ် ဘက် ထွက်ပြေးခဲ့ရတဲ့ ဘင်္ဂါလီ(မူရင်းအသုံး ရိုဟင်ဂျာ) မွတ်ဆလင်အရေးနဲ့ပတ်သက်ပြီး ဖော်ပြထားခြင်း မရှိကြောင်း ကျိုဒိုသတင်းဌာနက တနင်္ဂနွေနေ့မှာ မြင်တွေ့ခဲ့ရတဲ့ ထုတ်ပြန်ချက်မူကြမ်းမိတ္ထု့တစ်ခုအရ သိ ရတယ်လို့ ဘန်ကောက်ပို့စ်က ရေးသားပါတယ်။ 



ထိုင်းနိုင်ငံက ရေးဆွဲရတဲ့ ယင်း ထုတ်ပြန်ချက်မှာ ဘင်္ဂါလီအရေး ထည့်သွင်းဖော်ပြခြင်းမလုပ်ဖို့ မြန်မာက ပြင်းပြင်းထန်ထန် ဖိအားပေးခဲ့ကြောင်း အာဆီယံအဖွဲ့ရဲ့ သံတမန်သတင်းရင်းမြစ်တွေက ပြောဆိုခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ အစည်းအဝေးထုတ်ပြန်ချက်ကို နိုဝင်ဘာ ၄ ရက် ထိပ်သီးအပြီးမှာ ထုတ်ပြန်မှာ ဖြစ် ပါတယ်။ ယင်း ထိပ်သီးမှာ အရှေ့တောင်အာရှနိုင်ငံတွေနဲ့အတူ အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ တ ရုတ် နဲ့ ဂျပန်နိုင်ငံတို့လို နိုင်ငံကြီးတွေလည်း ပါဝင်တက်ရောက်ကြမှာဖြစ်ပါတယ်။ 

နောက်သီတင်းပတ် အဆုံးပိုင်းရဲ့ အာဆီယံထိပ်သီးအပြီး ထုတ်ပြန်မယ့် အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံရဲ့ ထုတ်ပြန် ချက်မူကြမ်းမှာတော့ ပြဿနာဖြစ်ပွားရတဲ့ အရင်းအမြစ်ကို လေ့လာကာ ကျယ်ပြန့်ပြည့်စုံပြီး တာရှည်ခံတဲ့ ဖြေရှင်းချက်တစ်ခု ပေါ်ထွက်လာအောင်လုပ်ဆောင်ကြဖို့လိုကြောင်း ခေါင်းဆောင်တွေက ထပ်လောင်း သဘောထားပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံဟာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က စင်ကာပူနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အရှေ့အာရှ ထိပ်သီး ထုတ်ပြန်ချက်မှာတော့ လူသားချင်းစာနာ မှုဆိုင်ရာ အခြေအနေအပေါ် စိုးရိမ်ပူပန်ကြောင်းနဲ့ ထောက်ပံ့ကူညီရေးနဲ့ နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်အ တွက် အသင့်ရှိနေဖို့ ၁၈ နိုင်ငံခေါင်းဆောင်တွေက သဘောထားဖော်ပြခဲ့ကြပါတယ်။ ယင်း ထိပ်သီးအရင် မနီလာမှာ လုပ်ခဲ့တဲ့ အစည်းအဝေးမှာတော့ လူသားချင်းစာနာမှု အကူအညီတွေ ထောက်ပံ့ကြဖို့ ခေါင်း ဆောင်တူ သဘောညီခဲ့ကြပါတယ်။
Ref : ဘန်ကောက်ပို့စ်

-ကိုလင်း(အကုန်သိ သတင်းဌာန)

လင့်၊https://akonthi.com/ShweMoeNyo-22118

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */