" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဒုက္ခသည်. Show all posts
Showing posts with label ဒုက္ခသည်. Show all posts

Sunday, April 28, 2019

ဒုက္ခသည်ကလေးများ အကြမ်းဖက်ဝါဒအတွင်း သိမ်း သွင်းခံရနိုင်ဟု ဘင်္ဂလားဒေ့ရှ် ဆို

ဧရာဝတီ
By Muktadir Rashid  
27 April 2019

ကော့စ်ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်းတခုအတွင်း မြင်ကွင်း / Reuters 

အကယ်၍ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေးက ကာလရှည်စွာ နှောင့်နှေးနေခဲ့ပါက ဒုက္ခသည်ကလေး များ လူငယ် ဖြစ်လာသည့် အချိန်တွင် အကြမ်းဖက်ဝါဒအတွင်းသို့ သိမ်းသွင်းခံရသည့် အန္တရာယ် ရှိလာလိမ့် မည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ အကြမ်းဖက် တိုက်ဖျက်ရေးရဲ အဖွဲ့မှ အဆင့်မြင့်အရာရှိတဦးက ဧပြီလ ၂၃ ရက်နေ့တွင် ပြောကြားလိုက်သည်။

Monday, April 8, 2019

ရိုဟင်ဂျာ ၃၇ ဦး မလေးရှားကမ်းခြေမှာ ဖမ်းဆီးရမိ

VOA
ဗွီအိုအေ (မြန်မာဌာန)

ရိုဟင်ဂျာ ဒုက္ခသည်များ (ဧပြီ၊ ၀၃၊ ၂၀၁၉)

မလေးရှားနိုင်ငံ မြောက်ပိုင်း ကမ်းခြေတခုနားမှာ ရိုဟင်ဂျာ ၃၀ ကျော်ကို တွေ့ရှိခဲ့ပြီးနောက် ပင်လယ်ထဲမှာ သင်္ဘောတွေနဲ့ ရှိနေသေးတဲ့ ရိုဟင်ဂျာ ၂၀၀ လောက်ကို မလေးရှား အာဏာပိုင်တွေ လိုက်လံ ရှာဖွေနေကြ ပါတယ်။

စစ်ဘေးဒုက္ခသည် ၃သောင်းကျော်အထိ ရှိခဲ့

RFA
လွတ်လပ်တဲ့ အာရှအသံ
ကိုမင်းသိန်းအောင်
2019-04-08
 ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တင်းထိန်ကန်ကျေးရွာမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေကို တွေ့ရစဉ်


ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ AA ရက္ခိုင့်တပ်မတော်နဲ့ အစိုးရတပ်မတော်တို့အကြား တိုက်ပွဲတွေ ကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူ လူဦးရေ ၃၁၀၀၀ ကျော်အထိ ရှိခဲ့တယ်လို့ ရခိုင်ပြည်နယ် ဘေးအန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ဦးစီးအရာရှိ ဦးရဲမင်းဦးက RFA ကို ဒီနေ့ပြောပါတယ်။

Wednesday, March 27, 2019

မြောက်ဦးမြို့အနီး လက်နက်ကြီးများပစ်ခတ်

VOA
ဗွီအိုအေ (မြန်မာဌာန)


မြောက်ဦးရှေးဟောင်းအမွေအနှစ်စေတီများ 

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်း အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေဆဲ ဖြစ်သလို တိုက်ပွဲကြောင့် ဒေသခံ ရွာသားတွေကလည်း စစ်ဘေး တိမ်း ရှောင်နေရဆဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နှစ်ဘက်တိုက်ခိုက်မှု အနည်းအကျဉ်းသာ ရှိပေမဲ့ လက်နက်ကြီး တွေနဲ့ ပစ်ခတ်မှု ပိုများတယ်လို့ ဒေသခံတွေနဲ့ ရခိုင်တပ်မတော်ဘက်က ပြောပါတယ်။ ရခိုင်ဒေသအတွင်း စစ်ရေးတင်းမာနေမှု အခြေအနေကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေ သ တင်းပေးပို့ထားပါတယ်။

Friday, March 8, 2019

ရခိုင်ပြည်ဒုက္ခသည် နေရပ်ပြန်ရေး အစီအစဉ် တရုတ် ကြားဝင် ညှိနှိုင်း

VOA
ဗွီအိုအေ (မြန်မာဌာန)
သားညွန့်ဦး ၊07 မတ်၊ 2019



ရခိုင်မြောက်ပိုင်းကနေ ထွက်ပြေးသွားတဲ့ မွတ်ဆလင်ဒုက္ခသည်တွေ ပြန်လည်နေရာ ချထားရေးအတွက် တရုတ်နိုင်ငံအနေနဲ့ သူတို့ တတ်နိုင်တဲ့အနေအထားကနေ အကူအညီတွေပေးနေသလို၊ လက်တွေ့လို အပ် ချက်တွေနဲ့ နှစ်နိုင်ငံသဘောဆန္ဒအတိုင်း တရုတ်နိုင်ငံ အနေနဲ့ အပြုသဘောဆောင်ရပ် တည်သွားမယ် လို့ တရုတ်နိုင်ငံခြားရေးဌာန က ထုတ်ပြန်လိုက် ပါတယ်။ ရခိုင်အကျပ်အတည်းကူညီဖြေရှင်းရေးအတွက် တ ရုတ်နိုင်ငံရဲ့ အာရှရေးရာ အထူးသံတမန် Sun Guoxiang ဟာ မြန်မာရော ဘင်္ဂလားဒေ့ရှ်ပါ နှစ်နိုင်ငံစလုံးကို ပါ ဒီရက်ပိုင်းထဲ သွားရောက်ခဲ့တာပါ။

Wednesday, March 6, 2019

မလေးရှားမှာရိုဟင်ဂျာတွေ အသတ်ခံရမှု အစိုးရကော် မရှင်ဖွဲ့ စုံစမ်း

VOA 
ဗွီအိုအေ (မြန်မာဌာန)
06 မတ်၊ 2019
မလေးရှားနိုင်ငံ အနောက်ပိုင်းက Perlis ပြည်နယ်

မလေးရှားနိုင်ငံ အနောက်ပိုင်းက Perlis ပြည်နယ်မှာ ၂၀၁၅ ခုနှစ်တုန်းက အလောင်းအများအပြား မြှုပ်နှံ ထား တဲ့နေရာနဲ့ လူကုန်ကူးမှုလုပ်တဲ့  ခြေရာလက်ရာတွေ တွေ့ရှိခဲ့တာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ မလေးအစိုးရက RCI တော်ဝင်စုံစမ်းရေးကော်မရှင်ကို မတ်လ ၅ ရက် အင်္ဂါနေ့မှာ စတင်ဖွဲ့စည်းလိုက် ပါ တယ်။ တွေ့ရှိခဲ့တဲ့ အလောင်းတွေဟာ မြန်မာနိုင်ငံကလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ဖြစ်မယ်လို့ ယုံ ကြည်ကြပါတယ်။

Saturday, March 2, 2019

ရိုဟင်ဂျာ ၃၀ ကျော် မလေးရှားကို ထပ်မံရောက်ရှိ

 VOA
ဗွီအိုအေ (မြန်မာဌာန) 02 မတ်၊ 2019

မလေးရှား UNHCR မှာ ဒုက္ခသည်ဖြစ်ခွင့် စောင့်ဆိုင်းနေကြတဲ့ ရိုဟင်ဂျာလို့ ပြောသူ အမျိုးသမီးများ။ ( သြဂုတ် ၁၁၊ ၂၀၁၅)

မလေးရှားနိုင်ငံက ကမ်းခြေတခုမှာ ရိုဟင်ဂျာမူဆလင် ၃၄ ဦးကို သောကြာနေ့က တွေ့ရှိခဲ့ကြောင်း မလေး ရှားရဲတပ်ဖွဲ့က ပြောတယ်လို့ မတ်လ ၁ ရက်နေ့ AFP သတင်းမှာဖေါ်ပြထားပါတယ်။

တနှစ်နီးပါးအကြာတုန်းကလည်း ပင်လယ်ကိုဖြတ်ပြီး မလေးရှားကိုရောက်လာခဲ့ကြတဲ့ ရိုဟင်ဂျာတွေရှိခဲ့ပါ တယ်။ သောကြာနေ့က တွေ့ရှိတဲ့ ရိုဟင်ဂျာတွေ ကတော့ မလေးရှား နိုင်ငံမြောက်ပိုင်း Perlis ပြည်နယ်က ကမ်းခြေတခုမှာဖြစ်ပြီး သူတို့တွေဟာ ပင်ပမ်းနွမ်းနယ်နေပြီး စာလောင်နေကြတယ်လို့ မလေးရှား ရဲအရာရှိ ကဆိုပါတယ်။

Friday, February 15, 2019

ရိုဟင်ဂျာတွေအတွက် အမေရိကန်က ဒေါ်လာသန်း ၆၀ ထပ်မံကူညီမည်

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-02-15
 ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသက ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခုကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့က တွေ့ရစဉ်
                                                     Photo: Dibyangshu SARKAR / AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန်အစိုးရက နောက်ထပ် ဒေါ်လာ သန်း ၆၀ ထောက်ပံ့ကူညီပေးမယ်လို့ မနေ့က ကြေညာပါတယ်။

Sunday, February 10, 2019

မလေးရှားကိုထွက်ပြေးမယ့် ရိုဟင်ဂျာ ၃၀ ကျော် ဘင်္ဂ လားဒေ့ရှ် ဖမ်းဆီး

၂၀၁၈ ဧပြီလဆန်းက မလေးရှားမှာ ဖမ်းဆီးရမိတဲ့ ဘင်္ဂလားဒေ့ရှ်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာများ။

လူကုန်ကူးသူတွေရဲ့ အစီအစဉ်နဲ့ မလေးရှားနိုင်ငံကို လှေနဲ့ထွက်ပြေးဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာဒုက္ခသည် (၃၀) ကို တားဆီးနိုင်လိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်က သောကြာနေ့မှာပြောပါတယ်။ AFP သတင်းတပုဒ်ကို အခြေခံပြီး ကိုဉာဏ်ဝင်းအောင်က အကြောင်းစုံ တင်ပြပေးထားပါတယ်။

Saturday, February 9, 2019

မလေးရှားနိုင်ငံသို့ စက်လှေဖြင့် ထွက်ခွာနေသည့် ရိုဟင်ဂျာ (၃၀) ဦးကို ဘင်္ဂလားဒေ့ရှ် နယ်ခြား စောင့် တပ်က ရပ်တန့်နိုင်ခဲ့

Rohingya Today
ရှား၊ဖေဖေါ်ဝါရီလ(၉)ရက်၊

မလေးရှားနိုင်ငံသို့ စက်လှေဖြင့် လူကုန်ကူးခံနေရသည့် ရိုဟင်ဂျာ (၃၀) ဦးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ရပ်တန့်ပြီးနောက် ရိုက်ကူးထားသည့်ပုံ (ဓါတ်ပုံ - AFP)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်တွင် ပြည့်နှက်နေသည့် ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာဒုက္ခသည်များ အရှေ့တောင်အာရှနိုင်ငံများသို့ လူကုန်ကူးခံရမည်ကို စိုးရိမ်နေရသည့် အချိန်တွင် မလေးရှားနိုင်ငံသို့ လူကုန် ကူးနေခံရသည့် ရိုဟင်ဂျာ ဒုက္ခသည် (၃၀) ဦးကို ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် နယ်ခြား စောင့်တပ်က ရပ်တန့်နိုင်ခဲ့သည်ဟု AFP သတင်းတွင် ရေးသားသည်။

Friday, February 8, 2019

ရခိုင်ဒေသ စစ်ဘေးဒုက္ခသည်တွေ စားနပ်ရိက္ခာ အခက်ကြုံ

ကျောက်တော်မြို့နယ် ယိုးချောင်းအနောက်ဖက်တောင်မင်းကုလားရွာရောက် စစ်ဘေးဒုက္ခသည်များ ( ဓါတ်ပုံ Wan Lark Foundation)

ရခိုင်ပြည်နယ်တွင်းမှာ စစ်ရေးအခြေအနေ ဆက်ပြီးတင်းမာနေသလို စစ်ရှောင်ထွက်ပြေးနေကြရတဲ့ ဒုက္ခ သည် တွေ စားနပ်ရိက္ခာ အခက်အခဲနဲ့ ပိုပြီး ရင်ဆိုင်နေကြရပါတယ်။ သွားလာရခက်ခဲတဲ့ဒေသတွေဘက်က စစ်ရှောင်တွေဆီ အကူအညီတွေ မရောက်နိုင် ရုံသာမက သွားလာရေးလွယ်ကူတဲ့ စစ်ရှောင်စခန်းတွေမှာပါ အကူအညီတွေ လျော့နည်းလာနေတာပါ။ ဒီအခြေအနေတွေကို စုစည်းပြီး ဗွီအိုအေ ထိုင်းအခြေစိုက်သတင်း ထာက် နိုင်ကွန်းအိမ်က သတင်းပေးပို့ထားပါတယ်။

Wednesday, February 6, 2019

ထွက်ပြေးဒုက္ခသည်တိုးလာမှု မြန်မာကို ဘင်္ဂလား ဒေ့ရှ် ကန့်ကွက်

ရခိုင်ပြည်နယ်မှ ထွက်ပြေးဒုက္ခသည်များ

လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်ကနေ နောက်ထပ် ဒုက္ခသည်တွေ ထပ်မံထွက် ပြေးလာနေတဲ့အပေါ် မြန်မာအစိုးရကို ဘင်္ဂလားဒေ့ရှ်က ကန့်ကွက်လိုက်ပါတယ်။

ဗုဒ္ဓဘာသာဝင် ရခိုင်တွေနဲ့ တခြားတိုင်းရင်းသားတွေပါ ထပ်မံရောက်ရှိလာတဲ့အတွက် မနေ့နှောင်းပိုင်းမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ပြောဆိုခဲ့တာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ ခြားရေး ၀န်ကြီးဌာန တာဝန်ရှိသူတဦးကို ကိုးကားပြီး AFP သတင်းက ဖော်ပြခဲ့တာပါ။

Tuesday, December 4, 2018

ရခိုင် ပဋိပက္ခအတွင်း ရိုဟင်ဂျာတွေအပေါ် ကျုးလွန်ခဲ့ သူတွေကို အိုင်စီစီအမြန်ဆုံးတင်ဖို့ တိုက်တွန်း၊

B B C  
ဘီဘီစီ မြန်မာပိုင်း
4 ဒီဇင်ဘာ 2018



ရခိုင် ပဋိပက္ခအတွင်း ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် လက်သည်တရားခံတွေကို နိုင်ငံတကာရာဇဝတ်မှုခုံရုံးတင် ICCတင်ဖို့ အမြန်လိုအပ်တယ်လို့ အမေရိကန် ဝါရှင်တန်အခြေစိုက် လူထု ဆိုင်ရာ နိုင်ငံတကာဥပဒေနဲ့ မူဝါဒရေးရာ အဖွဲ့ကတိုက်တွန်း လိုက်ပါတယ်။

ရခိုင်အရေးနဲ့ပတ်သက်လို့ အချက်အလက်တွေစုဆောင်းရယူဖို့ ဒီအဖွဲ့ကို အမေရိကန်နိုင်ငံခြားရေးဌာနက ကန်ထရိုက်ပေးစေခိုင်းခဲ့အပ်ခဲ့တာဖြစ်ပါတယ်။

ပြင်းထန်တဲ့ ရာဇဝတ်မှုတွေရှိခဲ့တယ်ဆိုတာကိုအထောက်အထားခိုင်ခိုင်လုံလုံ စုံစမ်းရှာဖွေတွေ့ရှိခဲ့သလို ရာဇဝတ်မှုကို ကျူးလွန်တဲ့သူတွေကို အိုင်စီစီမှာစစ်ဆေးဖို့ အထောက်အထားခိုင်လုံတာကြောင့် နိုင်ငံတ ကာအသိုင်းအဝိုင်းအနေနဲ့ လုပ်ဆောင်ဖို့ ဒီအဖွဲ့ရဲ့ နိုင်ငံတကာဥပဒေရေးရာကျွမ်းကျင်သူက သတင်းစာ ရှင်းလင်းပွဲမှာ အကြံပြုပြောဆိုသွားခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကနေ မြန်မာနိုင်ငံကို ပြန်ပို့မယ့် ရိုဟင်ဂျာ ပထမအသုတ်ထဲက တယောက်မှ ပြန်မလာကြ

လင့်၊ https://www.bbc.com/burmese/burma-46435945
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */