လွတ်လပ်တဲ့ အာရှအသံ
2019-02-15
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသက ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခုကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့က တွေ့ရစဉ်။Photo: Dibyangshu SARKAR / AFP
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန်အစိုးရက နောက်ထပ် ဒေါ်လာ သန်း ၆၀ ထောက်ပံ့ကူညီပေးမယ်လို့ မနေ့က ကြေညာပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာကျင်းပတဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေကို ကူညီပေးရေး ဆွေးနွေးပွဲမှာ ကြေ ညာလိုက်တာပါ။ ဒီငွေနဲ့ ဒုက္ခသည် ၉ သိန်းကျော်ရဲ့ အရေးပေါ်လိုအပ်ချက်တွေကို ကူညီပေးနိုင်မှာဖြစ် ပြီး အများစုက မြန်မာပြည်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် ဖြစ်တယ် လို့ ဆိုပါတယ်။
မြန်မာနဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီကို အမေရိကန်က အဓိက ကူညီပေး နေပြီး ၂၀၁၇ သြဂုတ်လကစလို့ ခုချိန်ထိ အမေရိကန်ဒေါ်လာ ၄၄၉ သန်း ကူညီပြီးပြီလို့ သိရပါတယ်။ အဲဒီထဲမှာ ဒေါ်လာ ၄၀၆ သန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကူညီပေးခဲ့တာဖြစ်ပါတယ်။

Link : Here

No comments:
Post a Comment